← Chapters

ဗရမ်းဗတာ..

Vol. 30 Ch. 437

ဗရမ်းဗတာ..

Vol. 30 Ch. 437

#ဘာသာပြန် = စနိုးဝှိုက်

ဟိုတယ် တစ်ခုရှိ သီးသန့် အခန်းတွင်...။

"ကောင်းတယ် ကောင်းတယ်.."

ကျန်းကျောင်းရှန်းဟာ စားပွဲပေါ်က ..မပြီးဆုံးသေးတဲ့ အနုပညာ လက်ရာကို ကြည့်ပြီး နီရဲ နေခဲ့ပါတယ်..။သူ စတင်ပြီး လက်ခုပ်တီးကာ..ချီးကျူးနေခဲ့ပါပြီ..။

ယွဲ့ချီဂျုရှီ ပြုံးလိုက်ပြီး..

"ဥက္ကဌ ..အကြီးအကဲ လင်းကို အနှောက်မယှက် မဖြစ်စေနဲ့ဦး..."

လင်းဖန် ရဲ့ စုပ်တံဟာ အဆက်မပြတ် ရွှေ့လျားနေပြီး ပြုံးလိုက်ကာ..

"ဒါက ကျွန်တော်ရဲ့ အနုပညာကို မထိခိုက်စေပါဘူး..။အခု ဆွဲနေတာက..ဒီမှာ ရှိနေတဲ့ ကျွန်တော်တို့ ၁၂ ယောက်လုံးရဲ့ ခံစားချက်ကို အခြေခံပြီး ဆွဲနေတာလေ..။ခင်ဗျားတို့ ခံစားချက်တွေ ကောင်းမနေရင် ကျွန်တော်လည်း ပုံကောင်းကောင်းဆွဲနိုင်မှာ မဟုတ်ဘူး...။အဲတာဆို..ကျွန်တော်ကို အပြစ်မတင်နဲ့နော်..."

ကျန်တဲ့ လူတွေဟာ..ဒါကို ကြားပြီး လေးနက်သွားခံ့ပါတယ်..။

ကျန်းကျောင်းရှန်ဟာ..ခွက်အနည်းငယ် သောက်ထားပြီးးပြီ ဖြစ်တဲ့ အတွက် မူးနေခဲ့ပါပြီ..။သူ့ရဲ့ မျက်နှာဟာ လဲ..နီရဲ နေခဲ့ပါတယ်..။

တစ်ခြား လူတွေဟာ လည်း..ရယ်မောတာတွေ ရပ်လိုက်ပြီး လေးလေးနက်နက် နေကြဖို့ ကြိုးစားလိုက်ကြပါတယ္..။

လင်းဖန် သူတို့ကို..ကြည့်ကာ ပြုံးလိုက်ပြီး...

"ခင်ဗျားတို့က..ပန်ချီထဲ ရောက်နေသလို နေကြရင် ထူးဆန်းနေမယ်လေ..။သာမန်ပဲ နေကြတာ ပိုကောင်းလိမ့်မယ်.."

"ဟုတ်တယ်..သာမန်ပဲ ကောင်းတယ်.."

ကျန်း ကျောင်းရှန်း ပြောပြီး ..နောက်တစ်ခွက် ထပ်သောက်လိုက်တယ်..။

"ဒီနေ့က ပျော်စရာနေ့လေး ဆိုတော့..ငါတို့ အကုန်သောက် သင့်တယ်လေ.."

တာအိုရှီဂန် ပြုံးလိုက်ပြီး..

"အကြီးအကဲ ကျန်း..ကိုယ့်ကိုကိုလည်း ကြည့်ပါဦး..။ခငိဗျား ဒီလို ဆက်သောက်နေရင် ခင်ဗျား မိန်းမက ကျုပ်တို့ကို ဆူလိမ့်မယ်.."

"ဟားဟား.."

ကျန်းကျောင်းရှန်း ရယ်မောလိုက်ပါတယ်..။ယင်းနောက် သူ လင်းဖန်ဆွဲထားတဲ့ ပန်ချီကားကို ကြည့်လိုက်ပြီး..

"အကြီးအကဲ လီ..ကြည့်ပါဦး..ဒါ ခင်ဗျားမဟုတ်ဘူးလား..။လူက တူပေမယ့် အမူအရာတော့ နည်းနည်းလွဲနေတယ်..။အစောက ခင်ဗျား ခြေထောက်မြောက်ထားတာ မဟုတ်ဘူးလား.."

အကြီးအကဲ လီ ကြည့်လိုက်ပြီး ကြောင်အသွားခဲ့တယ်..။

"အကြီးအကဲ လင်း တစ်ခုခု မှားနေပြီနော်..။ကျွန်တော် ခြေထောက်ကို ခနလေးပဲ..မြောက်ထားတာလေ..ဘာလို့ ထည့်ဆွဲလိုက်တာလဲ.."

"ကျွန်တော်ပြောပြီးပြီလေ.. ဒါက ကင်မရာ တစ်ခုလိုပဲလို့..။အခု ဆွဲပြှီး ပြီ ဆိုမှတော့..အပြစ်တင်လို့ မရတော့ဘူးနော်..."

လင်းဖန် တစ်ယောက်ချင်းစီ ရဲ့ ပုံကို လိုက်ဆွဲပေးလိုက်ပါတယ်..။ဒီပန်ချီကားက..အစစ်အမှန်အတိုင်း ထင်ရပြီး..ရုပ်ပုံတွေကလည်း ရှင်းလင်း ပြတ်သားနေခဲ့တာပါ. ။တစ်ခြားလူတွေအတွက် ဒီလို ဆွဲဖို့ မဖြစ်နိုင်ပေမယ့် လင်းဖန် အတွက်ကတော့ လွယ်ကူတဲ့ အရာတစ်ခုပါပဲ...။

"အကြီးအကဲ ယွဲ့..ဒီလူက ခင်ဗျား မဟုတ်လား..။တကယ်တူတယ် နော်..."

"ငါနဲ့ တကယ်တူတယ် ဆိုတာ ဘာပြောတာလဲ..။အဲတာ ငါပဲလေ.."

"အကြီးအကဲ လင်း ဒီပန်ချီကားက..အံ့ဩစရာပဲ..။ဒီလို အနီးကပ် ကြည့်ခွင့်ရတာတင် တန်နေပြီ..."

"ဟားဟား..ဒါအမှန်ပဲ..။သူဆွဲတာ ကြည့်ခွင့် ရတာနဲ့တင် တန်နေပြီ.."

"အကြီးအကဲ တာအို ကျုပ်ကို မပြောနဲ့ဦး ..ဒါခင်ဗျားမလား..ဟားဟား.."

လင်းဖန်..ဒီအဖိုးကြီးတွေ နဲ့ပျော်စရာ အချိန်ဖန်တီးရတာလည်း တကယ်..ကြည်နူးဖို့ကောင်းပါတယ်..။ဘာပဲဖြစ်ဖြစ် အနုပညာ ဆိုတာ အသက်အရွယ်နဲ့ မတိုင်းပဲ အရည်အသွေးနဲ့ တိုင်းတာပါ..။မင်းမှာ..အဆင့်တစ်ခု ရှိနေရင် တစ်ခြား လူတွေနဲ့ ဆက်သွယ်နိုင်မှာပါပဲ..။

တာအိုရှီဂန် ပြောလိုက်တယ်..။

"အကြီးအကဲ လင်းမှာ ကိုယ်ပိုင် တံဆိပ်မရှိသေးဘူးမလား..။မနက်ဖြန်မှ သူ့အတွက် လဲ တစ်ခုလုပ်ပေးရမယ်..။အခုချိန်ကစပြီး ကျုပ်တို့ အဖွဲ့အစည်းရဲ့ ပန်ချီကားတွေကို ဘယ်သူမှ လာမဝေဖန်ရဲတော့ဘူး.."

ယွဲ့ချီဂျုရှီ ပြုံးလိုက်ပြီး..

"အကြီးအကဲ လင်း ရဲ့ ကျွမ်းကျင်မူတွေက အံ့ဩစရာပဲ..။သူက ငါတို့အဖွဲ့အစည်းရဲ့ အဓိကလူဖြစ်လာတော့မှာ..။ဒါပေမဲ့ ဒီပန်ချီကားကို အဖွဲ့အစည်းထဲမှာ ချိတ်ဆွဲထားသင့်တယ်နော်..။ကျုပ်တို့ရဲ့ အနာဂတ်တွေလိုပဲလေ.."

ကျန်းကျောင်းရှန်း အကြံဥာဏ်ပေးလိုက်တယ်..။

"ငါထင်တာတော့..ဒီပန်ချီကားကို ငါ့အိမ်မှာ ထိန်းသိမ်းထားတာ ပိုကောင်းမယ် ထင်တယ်နော်..။အနာဂတ်မှာ မင်းတို့ ကြည့်ချင်ရင် ငါ့ကို လာရှာပေါ့..."

"မဟုတ်တာ.."

"ကျုပ်လည်း လက်မခံဘူး.."

"ငြင်းပယ်တယ်.."

"အကြီးအကဲ ကျန်း..ခင်ဗျားက ဥက္ကဌ ဖြစ်ပေမယ့် ဒီပန်ချီကားကိုတော့ အိမ်ယူသွားလို့မရဘူးနော်..။ဒါကို အဖွဲ့အစည်းမှာပဲ ထားရမယ်.."

"ဟုတ်တယ်.."

ကျန်းကျောင်းရှန် လူတိုင်းကို အကူညီမဲ့ စွာ ကြည့်လိုက်ပါတယ်..။သူ တစ်ခွန်းတည်းပြောရသေးတယ် အကုန်လုံးက ဝိုင်းငြင်းကြတာပါ..။

ယင်းနောက် လင်းဖန် စုပ်တံကို ချပြီး ပြောလိုက်တယ်..။

"ပြီးပြှီ.."

လက်ခုပ်တီးသံများ..

အကုန်လုံးဟာ ပျော်ရွှင်နေကြာတာပါ..။

"ကောင်းပြီ ပြီးသွားပြီ..."

လင်းဖန် ပြုံးလိုက်ပြီး..

"ရှက်ရွံ့စရာ ဖြစ်သွားရင် တောင်းပန်ပါတယ်..။ကျွန်တော်က လွတ်လွတ်လပ်လပ် ပဲ ဆွဲလိုက်တာလေ.။ဥက္ကဌကျန်း ..ဒါကို အဖွဲ့အစည်းမှာ ချိတ်ထား သင့်တယ် နော်..."

"ဥက္ကဌ ကျန်းလား..။ဒီတိုင်း အကြီးအကဲ ကျန်းလို့ပဲ ခေါ်စမ်းပါ.."

ကျန်းကျောင်းရှန်း ရယ်မောပြီးပြောလိုက်တာပါ..။

"ဒါက.."

လင်းဖန် ဒီလိုခေါ်ဖို့ အနည်းငယ် ထူးဆန်းနေတယ်လို့ခံစားလိုက်ရပါတယ်..။

"ဘာဖြစ်လဲ..မင်းတို့လို လူငယ်တွေ ပိုပြီး သင်ယူရဦးမယ် ..။ခုနက ..လက်မှတ်ထိုးထားတာ မေ့နေပြီလား..။အခုက စပြီး မင်းက ငါတို့ထဲက တစ်ယောက်ပဲ..။ဒီတိုင်း အကြီးအကဲ ကျန်းလို့ ပဲ ခေါ်.."

ကျန်းကျောင်းရှန်း ပြောလိုက်တာပါ..။

"ကောင်းပါပြီ ,အကြီးအကဲ...ကျန်း.."

ကျန်းကျောင်းရှန်း လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး .

"ဒီလိုမှပေါ့..."

ကလင် ကလင်..

ယင်းနောက် လင်းဖန်ရဲ့ ဖုန်းဟာ မြည့်လာခဲ့တယ်..။

လင်းဖန် ခေါ်တဲ့ လူကို မြင်တဲ့ အချိန်မှာ ပြုံးလိုက်ပြီး..

"အကြီးအကဲ ဝု..ခင်ဗျား မင်ယန် နဲ့..ကလပ် ရောက်နေတာ မဟုတ်လား..။ဘာလို့ ကျွန်တော်ကို ဖုန်းခေါ်တာလဲ.."

ယင်းနောက် လင်းဖန် ပြန်ဖြေတာကို ကြားပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်..။

"မာစတာ လင်း အခြေအနေ မကောင်းတော့ဘူး.။ကျေးဇူးပြုပြီး လာပါဦး..။မင်ယန် အနိုင်ကျင့် ခံရတော့မယ်..။ငါလည်း ဝင်တားလို့မရဘူး သူ အရက်သောက်ရင်း သေတော့မယ်ထင်တယ်..."

ဝုယန်ဂန် စိတ်ပူစွာ ပြောလိုက်တာပါ..။

လင်းဖန် ကြောင်အသွားခဲ့တယ်..။သူ့မျက်နှာ ပေါ်က အပြုံးကတော့ ကွယ်ပျောက်သွားခဲ့ပါပြီ..

"လာဖြစ်တာလဲ..ခင်ဗျားတို့ အခုဘယ်မှာလဲ..."

ကျန်းကျောင်းရှန် နဲ့ တစ်ခြား လူတွေကတော့..လင်းဖန် ဖုန်းပြောတာကို ငြိမ်ပြီး နားထောင်နေကြပါတယ်..။တစိခုခု ဖြစ်နေတာကတော့ ရှင်းလင်းပါတ်..။ဒါပ ဘေဂျင်းမှာ ဖြစ်တာကြောင့် တစ်ခုခုဆို သူတို့ ကူညီပေးလို့ရပါတယ်..။

လင်းဖန် ဒေါသထွက်စွာဖြင့်..

"သူ့ကို သောက်နေတာကို ရပ်ခိုင်းလိုက်..။တစ်ယောက်ယောက်က သူ့ကို အတင်းတွန်းအားပေးရင်..ပြန်ပေးဆပ်ရလိမ့်မယ်.။ အခြေအနေဆိုးလည်း ဘာမှ မဖြစ်ဘူး ကျုပ်အခုလာခဲ့မယ်..."

ဖုန်းချပြီးနေုာက်...။

"ထျန်ယွန် ဗီလာ..."

လင်းဖန် မေးလိုက်တယ်.။

"အကြအကဲ ကျန်း..ထျန်ယွန်ဗီလာက ဘယ်နားမှာလဲ..."

"ဘာဖြစ်လို့လဲ.."

ကျန်းကျောင်းရှန်း မေးလိုက်တာပါ..။

"ကျွန်တော် သူငယ်ချင်းတစ်ယောက်..အနိုင်ကျင့်ခံနေရလို့..။သူက အဲ့မှာ အရက်အလွန်အကျွံ့ သောက်နေရတာ..။ကျွန်တော် သွားမှ ရမယ် မဟုတ်ရင် ပိုဆိိုးတာတွေ ဖြစ်သွားနိုင်တယ်.."

လင်းဖန် ပြောလိုက်တာပါ..။

ကျန်းကျောင်းရှန်း ပြန်ပြောလိုက်တယ်..။

"ထျန်ယွန် ဗီလာ ဘယ်မှာလဲ ငါသိတယ်..ဒါပေမဲ့ အဲ့့ကို ဝင်နိုင်တဲ့ လူတွေက သာမန်လူတွေ မဟုတ်ကြဘူး..။သူတို့က ပါဝါရှိပြီး ချမ်းသာတဲ့ လူတွေချည်းပဲ..။ငါ့ ဒါရိုက်ဘာကို မင်းကို ခေါ်သွားပေးခိုင်းမယ်..တစ်ခုခုဖြစ်ရင် ငါတို့ကို ခေါ်လိုက်.."

"လီဝမ်.."

တံခါးဟာ ပွင့်သွားခဲ့တယ်..။

အရပ် 1.8 မိီတာ လောက်ရှိတဲ့ လူကြိီးဟာ ဝင်လာခဲ့ပြီး..

"အကြီးအကဲ ကျန်း.."

"မာစတာ လင်းကို ထျန်ယွန် ဗီလာကို အမြန်ပို့ပေးလိုက်..။သူ့ကို ဘာထိခိုက်မူမှ မဖြစ်စေနဲ့..လိုအပ်ရင် မင်း ဘယ်သူလဲ ဆိုတာ ထုတ်ပြောလို့ရတယ်.."

ကျန်းကျောင်းရှန်းဟာ လေးနက်နေခဲ့တယ် ..။လင်းဖန်ရဲ့ စိုးရိမ်နေတဲ့ မျက်နှာကို ကြည့်ရင် ဘယ်လောက် အ​ရေးကြီးလဲ သိနိုင်မှာပါ...။

"အိုကေ.."

လီဝမ် ပြန်ဖြေလိုက်ပါတယ်..။

လင်းဖန် လက်မြောက်လိုက်ပြီး..

"အာားလုံးကို..တောင်းပန်ပါတယ်.ကျွန်တော်သွားရတော့မယ်..။ကျေးဇူးပါ အကြီးအကဲ ကျန်း...နောက်မှ ပြန်လာခဲ့မယ်.."

ကျန်းကျောင်းရှန်း လက်ဝေ့ယမ်းလိုက်တယ်..။

"ဒါက အဆင်ပြေပါတယ် နောက်မကျခင်သွားလိုက်ဦး.."

ယင်းနောက် သူ ထျန်ဟွန် ဗီလာကို အမြန်ထွက်သွားခဲ့တယ်..။

သူ ဒီလိုဖုန်းခေါ်ခံရမယ် လို့ မထင်ထားခဲ့ပါဘူး..။ဝုယန်ဂန် ရဲ့ အသံအရတော့ အတော်ကို အရေးကြီးနေလောက်ပါပြီ..။

သူ ဖုန်းထဲက ဓာတ်ပုံတွေကို ထောက်ပြီး သူတို့ရဲ့..အနာဂတ်တွေကို တွက်ချက်လီုက်တယ်..။

အသက်အန္တာရယ် မရှိပေမယ့်လည်း သူဒေါသထွက်နေပါသေးတယ်..။

လီဝမ် ပြောလိုက်တယ်..။

"မာစတာ လင်း စိတ်မပူပါနဲ့..ကျွန်တော် အမြန်ဆုံးမောင်းပို့ပေးမှာပါ. "

လငိးဖန် ခေါင်းညိမ့်လိုက်တယ်..။

"ကျေးဇူး.."

လီဝမ်...ဟာ အကြီးအကဲ ကျန်းတောင် ရိုရိုသေသေ ဆက်ဆံတဲ့ အတွက် လင်းဖန်ကို လေးစားနေခဲ့တာပါ.။ဒီ လူငယ်လေးက သာမန်မဟုတ်လောက်ပါဘူး..။

ထျန်ယွန် ဗီလာ..။

သီးသန့်ခန်းထဲတွင်..။

အခြေအနေက တော့ အတော်ဆိုးရွားနေပါပြီ.။ဝမ်မင်ယန်ဟာ ခေါင်းကို ငုံ့ထားပြီး မျက်နှာကြီး နီရဲနေခဲ့ပါတယ်..။သူ အရက်ကို အလွန်အကျွံသောက်ထားပြီးပြီ ဆိုတာ ဒီက တဆင့်သိနိုင်မှာပါ..။

ဝုယန်ဂန် ဝမ်မင်ယန်ရဲ့ လက်မောင်းကို ကိုင်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

"မသောက်နဲ့ တော့.."

"အကြီးအကဲ ဝု ဘာပြောချင်တာလဲ..။အကြီးအကဲ ဝမ်က သောက်နိုင်သေးတယ်လေ..ဘာလို့သူ့ကို တားနေတာလဲ..။ခင်ဗျား ကျွန်တော်ကို မျက်နှာသာ မပေးချင်တာလား..."

သခင်လေး ကျောင်း မပျော်မရွှင်ပြောလိုက်တာပါ..။

All Chapters