← Chapters

မင်းအမေကို သွားတိုက်လိုက်

Vol. 30 Ch. 438

မင်းအမေကို သွားတိုက်လိုက်

Vol. 30 Ch. 438

#ဘာသာပြန် = စနိုးဝှိုက်

ဝမ်မင်ယန်ဟာ ကြောင်အသွားခဲ့တယ်..။သူ..ဝုယန်ဂန်ရဲ့ လက်ကို တွန်းလိုက်ပြီး..

"အစ်ကို ဝု ကျွန်တော် အဆင်ပြေပါတယ်..။ကျွန်တော် သောက်နိုင်ပါသေးတယ်..."

ဝုယန်ဂန် သာ ဒီလက်ကို လွှတ်ပေးလိုက်ရင် သူ အရူးတစ်ယောက် ဖြစ်သွားတော့မှာပါ..။ဘာတွေ ဖြစ်နေလဲ ဆိုတာ သူပြောနိုင်ပါဘူး..။အစကတည်းက..သခင်လေး ကျောင်း ဝိုင်သုံးပုလင်း ချထာာားတာကို ကြည့်ပြီး သူ မှားနေမှန်း သတိထားမိခဲ့တာပါ..။ဘာပဲ ဖြစ်ဖြစ် သူလည်းအရင်က ဒါမျိုးအတွေ့အကြုံရှိပြီး..သူ့တုန်းက သုံးခွက်ပဲ..သောက်ဖို့တွန်းအားပေးခံရတာပါ..။

သိုပေမယ့်..အခုတော့ အခြေအနေက တော်တော်ကြီးလွဲမှားနေပါပြီ.။

သုံးခွက်လောက်သောက်အပြီးမှာတော့ ဝမ်မင်ယန် တော်တော် မူးနေခဲ့ပါပြီ..။တကယ်လု့ိ သူသာ အခုချိန်နားလိုက်ရင် အဆင်ပြေနိုင်ပါသေးတယ်..။

သို့ပေမယ့် သခင်လေး ကျောင်းက အခြေအနေတွေကို ပိုပြီး ခက်ခဲအောင် လုပ်ချင်နေခဲ့တာပါ..။သူက ဝမ်မင်ယန် နဲ့ ခွက်ချင်းတိုက်ပြီး..တစ်ခွက်လုံးသောက်ဖို့တောင် ဖိအားပေးလိုက်ပါသေးတယ်..။

အဓိက အချက်က မျက်နှာသာ ပေးတယ် ဆိုတဲ့ စကားလုံးပါပဲ..။သခင်လေး ကျောင်းကို သူ မျက်နှာသာ မပေးရင်..သခင်လေး ကျောင်းက သူတို့ကို လုံးဝ ဂရုစိုက်မှာ မဟုတ်တော့ပါဘူး..။

အစက တော့ ဝုယန်ဂန်ဟာ ဝမ်မင်ယန်ကို မသောက်ဖို့ တားပေမယ့် ဒါက အသုံးမဝင်ပေ..။

ဝမ်မင်ယန် က သူ့ကို လျစ်လျူရူနေခဲ့ တာပါ..။ထပ်ပြောရရင် ဝမ်မင်ယန်က ..ငယ်ရွယ်ပြီး တဇွတ်ထိုးဆန်တော့..သူက တစ်ခွက် တစ်ခွက်ကို တစ်ခါတည်း မော့သောက်တာပါ..။

"မာစတာလင်းက မင်းကို ဆက်မသောက်ဖု့ိ ပြောနေတယ်.."

ဝုယန်ဂန် လေးနက်တဲ့ အသံနဲ့ ပြောလိုက်တာပါ..။

ဝမ်မင်ယန် လက်ဝေ့ယမ်း လိုက်ပြီး..

"ကျွန်တော် အဆင်ပြေပါတယ်..။ကိုယ့်ခန္တာကိုယ် သိပါတယ်.."

"မင်းဘကြီးကို ကိုယ့်အခြေအနေကိုယ်သိပါလား..။မင်းကိုမင်း သောက်နိုင်သေးတယ် လို့ ထင်နေတာလား..."

ဝုယန်ဂန် ကျိန်ဆဲလိုက်တယ်..။ယင်းနောက် သူ သခင်လေး ကျောင်းကို ကြည့်လိုက်ပြီး...

"သခင်လေး ကျောင်း ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးလိုက်ပါ..။သူ ဆက်မသောက်နိုင်တော့ဘူး..."

သခင်လေး ကျောင်း ရယ်မောလိုက်ပြီး..

"ဒါဆိုလည်း သူ့ကိုယ်စား သောက် လေ.."

"ကောင်းပြီ.."

ဝုယန်ဂန် သဘောတူပြီး တစ်ခွက်မော့သောက်လိုက်တယ်..။သို့ပေမယ့်..သူက ဝမ်မင်ယန် ထက်ပိုပြီး မူးလွယ်ပါတယ်..။

ဝုယန်ဂန် ..ဝိုင်ကို လောင်းထည့်နေတဲ့ အချိန်မှာ သခင်လေး ကျောင်းဟာ..လက်နှစ်ချောင်းထောင်ပြလိုက်တယ်..။

"ခင်ဗျား ၂ ခွက်သောက်ရမယ်..။ကျုပ်က တော်ရုံတန်ရုံ..ဆို ဘယ်သူနဲ့ မှ ခွက်ခြင်းတိုက်တာ မဟုတ်ဘူး..။ဒါပေမဲ့ သူမသောက်လို့ စိတ်မဆိူးပါဘူး..။ခင်ဗျား သူ့ကိုယ်စား သောက်မယ် ဆိုရင် တော့ ၂ ခွက်သောက်ရမယ်.."

ဝုယန်ဂန် ရပ်လိုက်ပါတယ်..။သူသာ တကယ်လိုက်သောက်ရင်..တကယ် မူးသွားတော့မှာပါ..။

နောက်ပိုင်း ဘာဆက်ဖြစ်မလဲ ဆိုတာ ဘယ်သူသိမှာလဲ....

ကျန်တဲ့ လူငယ်လေး သုံးယောက်ဟာလည်း စတင်ပြီး ရယ်မောလိုက်ကြပါတယ်..။

"ခင်ဗျား သခင်လေး ကျောင်းကို မျက်နှာသာ မပေးတော့ဘူးလား.."

သခင်လေး ကျိုး ရယ်မောပြီး ပြောလိုက်တာပါ..။သူက အနည်းငယ် ဝပြီး သူ့ကြည့်ရတာ ရှိုးပွဲတစ်ခုကို ကြည့်နေသလိုပါပဲ..။

"ဟင်အင်.."

ဝုယန်ဂန် ခေါင်းခါယမ်း လိုက်ပါတယ်..။

"ဒါက အယ်လ်ကိုဟော လေးပဲလေ..။ဘာတွေ များ တွေဝေနေတာတုန်း.."

သခင်လေး ဟွန်ကြားဝင် ပြောလိုက်ပါတယ်..။

"သခင်လေး ကျောင်း ဘယ်လိုလူလဲ ခင်ဗျားသိသင့်တယ်နော်..။သူသဘောကျပြီ ဆိုရင်..ခင်ဗျား..ရဲ့ စီးပွားရေးတွေ အဆင်ပြေချောမွေ့သွားလိမ့်မယ်..။သူသဘော မကျရင်တော့..ဘယ်လို ဒုက္ခတွေ ကြုံရမလဲ မတွေးရဲစရာပဲ..။ခင်ဗျား ဒါကို ယုံကြည်ရဲ့လား..."

"ကျွန်တော် ယုံကြည်ပါတယ်.."

ဝုယန်ဂန် ခေါင်းညိမ့်လိုက်တယ်..။သူတကယ်ကို ယုံကြည်တာပါ..။သူက ချမ်းသာပေးမယ့် လည်း သခင်လေး ကျောင်းရဲ့ အဆက်အသွယ်တွေကို မယှဥ္နိုင်ပါဘူး..။

ယင်းနောက် အစ်မယန်ဟာ စတင်ပြီး ပြုံးလိုက်တယ်..။သခင်လေး ကျောင်းက ဒီလူတွေကို အခြေအနေ ခက်ခဲအောင်လုပ်နေတယ် ဆိုတာ..သူမ နားလည်ပါတယ်..။

အရင်တုန်းက..သခင်လေး ကျောင်းဟာ ချမ်းသာတဲ့ လူတွေကို ဒီလိုပဲ ကစားခဲ့ပြီး..သူတို့ကို အသက်အန္တာရယ် ရှိတဲ့ အထိကို သောက်ခိုင်းခဲ့တာပါ..။

သို့ပေမယ့် တစ်ချို့လူတွေဟာ..လေးနက်ပြီး ချက်ချငိး လှည့်ထွက်သွားခဲ့ကြပါတယ်..။သို့ပေမယ့် သူတို့ အေးအေးဆေးဆေး ထွက်သွားရဖို့ ဆိုတာ မဖြစ်နိုင်ပေ..။

သူတို့ တံခါးနားမှာ ဆိုးဆိုးရွားရွား အရိုက်ခံကြရပြီး နောက်ပိုင်းဘာဆက်ဖြစ်သွားလဲ ဘယ်သူမှ မသိကြတော့ပါဘူး..။

ဒီနေရာက ရွှေတွင်းကြီးဖြစ်ပြီး ချမ်းသာတဲ့ လူတွေ ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်..။အခုမှ ဘေဂျင်းကို ရောက်လာတဲ့ လူချမ်းသာတွေဟာ..ဘေးဂျင်းမှာ နဂိုကတည်းက ရှိနေတဲ့ လူတွေကို မယှဥ္နိုင်ကြပါဘူး..။သူတို့ ဒီမှာ ဘယ်လိုယှဥ္သန်ရမလဲ တောင်မသိကြပေ..။

အစ်မယန် ပြောလိုက်တယ်..။

"အကြီးအကဲ ဝု .ဘာလို့ မသောက်တာလဲ..။၂ ခွက်ဆိုတာက မများပါဘူး..။ရှင်က ဒီထက်တောင် သောက်နိုင်ပါသေးတယ်.."

ဝုယန်ဂန် အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်ပါတယ်..။သူ့မှာ ရွေးချယ်စရာ မရှိပဲ မာစတာ လင်းကိုပဲ ခေါ်လိုက်ရပါတယ်..။သို့ပေမယ့် မာစတာ လင်းရောက်လာရင်တောင် ဘာမှ ထူးမှာ မဟုတ်ဘူးဆိုတာ သူ သိနေပြီးသားပါ..။

ဘာပဲဖြစ်ဖြစ် ဒါမျိူး အတွေ့အကြုံရှိတဲ့ သူတောင် အဖြေရှင်းနိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် မာစတာ လင်းလဲ ဘာမှ လုပ်နိုင်မှာ မဟုတ်လောက်ပါဘူး..။

သူ..ရဲဌာနရဲ့ ခေါင်းဆောင် တွေနဲ့ သိပေမယ့်..သူတို.ဒီ သခင်လေးတွေကို ဖမ်းမှာ မဟုတ်ဘူး ဆိုတာကိုလည်း သိထားပါသေးတယ်..။

သခင်လေး ကျောင်း ဝုယန်ဂန်ကို ကြည့်လိုက်ပြီး..ဝမ်မင်ယန် ရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။

"အကြီးအကဲ ဝမ်...ခင်ဗျားက..ရှန်ဟိုင်းက..စီးပွားရေးသမား ဆိုတော့..။ရှန်ဟိုင်းက ခေါင်းဆောင်တွေနဲ့ သိလား..."

ဝမ်မင်ယန်.. ခေါင်းခါယမ်းလိုက်ပြီး..

"သူတို့ကို မသိဘူး..ဒါပေမဲ့ အကြိမ်အနည်းငယ်တော့ တွေ့ဖူးတယ်..."

"ဟားဟား ..အကြိမ်အနည်းငယ် တွေ့ဖူးတယ်လား..။ကျုပ် အဲ့ခေါင်းဆောင်တွေကို အခုဖုန်းခေါ်လိုက်ရင် ကျုပ်ကို သခင်လေးကျောင်းဆိုပြီး ဖားယားကြလိမ့်မယ်..။ခင်ဗျား အဲတာကို ယုံလား.."

ဝမ်မင်ယန် ခန ရပ်တန့်လိုက်တယ်..။သူ..စဥ္းစားနေတာ မဟုတ်ပါဘူး..သူ့ရဲ့ ခန္တာကိုယ်ထဲက..အယ်လ်ကိုဟော တွေကို မထိန်းချုပ်နိုင်ဖြစ်နေခဲ့တာပါ..။

"ငါတော့ မယုံဘူး...။မင်းက သူတို့နဲ့ ဘယ်လို ယှဥ္နိုင်မှာလဲ..။မင်း မယှဥ္နိုင်ဘူး..."

ရုတ်တရက် အကုန်လုံး တိတ်ဆိတ်သွားခဲ့တယ်..။

သခင်လေး ကျောင်း ဝမ်မင်ယန် ရဲ့ ရှေ့ကို..အရက်ခွက် တစ်ခွက် ကြမ်းကြမ်းတမ်းတမ်း စောင့်ချလိုက်ပြီး..

"တကယ်လို့ ခင်ဗျား..ကျုပ်ကို လေးစားတယ် ဆိုရင်.. အခုသောက်လိုက်..."

သခင်လေးကျိုးနဲ့ ကျန်တဲ့ လူတွေဟာ ဝမ်မင်ယန်ကို ပြုံး ပြီး ကြည့်နေခဲ့ကြပါတယ်..။သူတို့က..ဝမ်မင်ယန်ကို ကစားနေကြတာပါ..။

ဝမ်မင်ယန်ဟာ..မူးနေတဲ့ အတွက်ဘာမှ မတွေးခေါ်နိုင်တော့ဘူး...။သူ ဆက်တိုက်ပဲ အလှည့်စားခံနေခဲ့ရပါတယ်..။

"ကောင်းပြီ ငါသောက်မယ်..."

ဝမ်မင်ယန် ပြောလိုက်ပြီး ..ခွက်ကို ကိုင်မြောက်လိုက်ပါတယ်..။ဝုယန်ဂန်ဟာ ဒါကိုမြင်တဲ့ အချိန်မှာ စိတ်ပူသွားခဲ့တယ်..။သူဟာ ဝိုင်ပုလင်းတွေကို အဝေးကို တွန်းလိုက်ပြီး..

"သခင်လေး ကျောင်း..ဘာလိုချင်တာလဲ.။ဒါက ကျွန်တော်သူငယ်ချင်းလေ...။ကျွန်တော်ကို ခက်ခဲအောင် မလုပ်ပါနဲ့.."

သခင်လေး ကျောင်း ဝုယန်ဂန်ကို ကြည့်လိုက်ပြီး..

"အကြီးအကဲ ဝု ဘာကို ဆိုလိူ တာလဲ..။ခင်ဗျားပဲ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးချင်တယ် ဆိုလို့ ကျွန်တော် ခေါ်လိုက်တာလေ..။သူက ဒီအနေအထားလောက်ကို မကိုင်တွယ်နိုင်ရင်..ဘေဂျင်းမှာ စီးပွားရေး လုပ်ပြီး ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မယ် ထင်လို့လဲ..။ကျုပ်စိတ်ကြည်နေတာနဲ့ပဲ ခင်ဗျားတို့..ဒီလို အချိူးတွေ ချိူးလို့ရမယ် ထင်နေတာလား..။ကျုပ် ဒီတိုင်းပဲလုပ်မယ်..ခင်ဗျားတို့ထဲက တစ်ယောက်တော့ သောက်ရလိမ့်မယ်.."

"သခင်လေး ကျောင်း .ကျေးဇူးပြုပြီး .ညှာတာ ပေးပါဦး.။ကျွန်တော် အနာဂတ်မှာ သေချာ ဆက်ဆံပါ့မယ်.."

ဝုယန်ဂန် တောင်းပန်လိုက်တာပါ..။တစ်ချိန်တည်းမှာပဲ သူ လင်းဖန် ဘယ်ချိန်ရောက်မလဲ ဆိုတာကို..စောင့်မျှော်နေခဲ့ပါတယ်..။လူတစ်ယောက်သာအပိုရှိရင် သူ ဝမ်မင်ယန်ကို တွဲပြီး ထပြန်လို့ရမှာပါ..။

ဒီလိုသခင်လေး . တွေက ကိုင်တွယ်ရအတော်ကို ခက်ခဲပါတယ်..။သူတို့ရဲ့ အကျင့် တွေဟာ အတော်ဆိုးရွားပြီး ..မောက်လည်း မောက်မာကြပါသေးတယ်...။

ဒီနေ့ သူတို့က..အနိုင်ကျင့် ဖို့ကြိုးစား နေတာ အသိသာကြီးပါပဲ..။ဒါက စီးပွားရေး လုပ်ငန်းတွေ နဲ့ မှ မဆိုင်ပေ..။

ဝမ်မင်ယန်သာ ဆက်သောက်နေရင်..သူတကယ် သေသွား တော့မှာပါ..။

ဘန်း...

ယင်းနောက် အခန်းတံခါးဟာ ကြမ်းတန်းစွာ ပွင့်သွားခဲ့တယ်..။

ဝုယန်ဂန်ဟာ..တံခါးဝမှာ ရပ်နေတဲ့ လူကို မြင်မှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။

လင်းဖန် တံခါးပွင့်သွားတဲ့ အချိန်မှာ အခန်းထဲက အခြေအနေတွေကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။ယင်းနောက် သူ ဝမ်မင်ယန် ဆီကို ..သွားလိုက်ပြီး..

"မင်ယန် ထစမ်း...."

ဝမ်မင်ယန်ဟာ ကြောင်အသွားခဲ့ပါတယ်..။ယင်းနောက်.သူ မျက်လုံးဖွင့်ကာ ပြုံးလိုက်ပြီး..

"ဟေး ဘရို..ဘယ်လိုလုပ် ဒီရောက်နေတာလဲ.."

လင်းဖန် ဝမ်မင်ယန် မျက်လုံးပွင့်လာတာ မြင်မှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။

"ကျုပ်သာ ရောက်မလာရင် ခင်ဗျား သေနေလောက်ပြီ.."

သခင်လေး ကျိုးဟာ..တစိမ်းတစ်ယောက်..လျောက်ဝင်လာတာကို မြင်ပြီး. မ​ပျော်မရွှင်.မတ်တတ်ရပ်လိုက်ကာ..

"မင်းက ဘယ်သူလဲ..။မင်းကို ဘယ်သူက ဝင်လာခိုင်းလို့လဲ..။သူ ဒီနေ့ ဒီဝိုင်တွေကို ကုန်အောင် သောက်ရမှာ.."

ယင်းနောက် သူ လင်းဖန် ဆီကို လျောက်လာပြီး..ပုခုံးပေါ်ကို လက်တင်လိုက်ပါတယ်..။

"မင်းအမေကိုပဲ..သွားတိုက်လိုက်တော့.."

လင်းဖန် လက်ကို မြောက်ပြီး သခင်လေး ကျိူး. ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တယ်..။သခင်လေးကျိူး ဘေးဘက်ကို ချက်ချင်း လွင့်ထွက်သွားခဲ့ပါတယ်..။

ယင်းနောက် လင်းဖန် ဝမ်မင်ယန်ကို အခန်းထောင့်က..အမှိုက်ပုံး ဆီ ဆွဲခေါ်သွားပြီး..ဗိုက်ကို လက်နဲ့ ထောက်လိုက်တယ်..။

ဝေါ့...

ဝမ်မင်ယန် ရဲ့ ဗိုက်ဟာ ရုတ်တရက် ပြန်ကျုံ့သွားပြီး..ဆိုးရွား တဲ့ အနံ့ဟာ စတင်ထွက်ပေါ်လာခဲ့ပါတယ်..။ယင်းနောက်..သူ စတင်ပြီး အန် ပါတော့တယ်...။

အဆုံးမှာတော့ သူ့ပါးစပ်ထဲက ထွက်လာတဲ့ အဝါရောင် အရည်တွေဟာ..အများကြီးပါပဲ..။

"ကျုပ် ခင်ဗျားကို လုံလုံခြုံခြုံနေဖို့..ပြောတာတောင်..ဒီလို အဆုံးသတ်သေးတယ်..."

လင်းဖန် ခေါင်းခါယမ်းပြီး..ရေရွတ်လိုက်တာပါ..။

All Chapters