← Chapters

ကြမ်းတမ်းတဲ့ မာစတာ လင်း..

Vol. 30 Ch. 439

ကြမ်းတမ်းတဲ့ မာစတာ လင်း..

Vol. 30 Ch. 439

#ဘာသာပြန် = စနိုးဝှိုက်

"မင်ယန် တစ်ခုခု မှားနေသေးလား..."

ဝုယန်ဂန် ..စိတ်ပူစွာ..မေးလိုက်တာပါ..။

လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..

"သူအဆင်ပြေတယ်..ဘာဖြစ်တာလဲ..။ဘာလို့ သူက အရက်တွေ ဒီလောက် အများကြီး သောက်ထားတာလဲ. "

ဝုယန်ဂန် ပြန်ဖြေလိုက်တယ်..။

"မင်ယန် နဲ့ ငါက ဘေဂျင်းမှာ..ပရောဂျက် အကြီးကြီး တစ်ခု ရင်းနှီးမြုပ် နှံ့တော့မှာလေ..။ငါတို့ ပြသနာ တွေ .အတိုက်အခိုက်တွေ အနည်းနဲ့ အများတော့ ကြုံရမှာပဲ..။ဒါကြောင့် ငါသူ့ကို ပါဝါရှိတဲ့ သခင်လေး တစ်ချို့နဲ့ မိတ်ဆက်ပေးချင်ခဲ့တာ..ဒါပေမဲ့ သူတို့က..ငါ့တို့ကို အရက်တွေ သောက်ဖို့ တွန်းအားပေးတယ်လေ..။ငါတို့ မသောက်ရင် ..သူတို့ကို မျက်နှာသာ မပေးရာ ကြလိမ့်မယ်..။အစက တော့..ငါက နည်းနည်းလောက် ပဲ သောက်ရင် ရပြီထင်တာ..။ဒါပေမဲ့..သူတို့က ဆကိတိုက် သောက်ခိုင်းတာ မပြီးတော့ဘူး.."

"အဲတာ ဘယ်မအိမ်လုံးလဲ..."

ယင်းနောက် လင်းဖန် အခန်းထဲကို ပြန်ဝေ့ကြည့်လိုက်ပါတယ် ။သူ ပထမဆုံး တွေ့ရတာက..သူရိုက်နှက်ထားလို့ လဲလျောင်းနေတဲ့ သခင်လေး ကျိုးဖြစ် ပြီး အခုထိ နှုတ်ခမ်းမှာ သွေးထွက်နေတုန်းပါပဲ..။

"မင်းက ဘာကောင်လဲ.."

လင်းဖန် သခင်လေးကျိုးကို ကြည့်ပြီး ပြောလိုက်တာပါ..။

"တကယ်လို့..မင်းတို့ ရှင်းလင်းအောင် မလုပ်ရင်..ဒီနေရာက နေ ထွက်သွားဖို့..မစဥ္းစားနဲ့..."

သခင်လေး ကျိုး ပြောလိုက်တာပါ..။အစ်မယန်ဟာ လည်း ..လုံခြုံရေး အရာရှိတွေကို လှမ်းခေါ်လိုက်ကာ..လင်းဖန်နဲ့ ကျန်တဲ့ လူတွေကို ဝန်းရံထားခိုင်းခဲ့ပါတယ်..။

လီဝမ်ဟာ ..​လင်းဖန် ရဲ့ ဘေးနားကို ချက်ခြင်းရောက်လာပြီး..သူ့ရဲ့ အဆင့်အတန်းကို ပြောဖို့လုပ်လိုက်ပေမယ့် လင်းဖန် တားဆီးထားလိုက်ပါတယ်..။

"ကောင်းပြီ..ငါက အစက..လွယ်လွယ်ကူကူ ဖြေရှင်း မလို့ပဲ..။ဒါပေမဲ့ အခုတော့ အဲလို လုပ်လို့ မရတော့ဘူးထင်တယ်..။အရက် ကို အတင်း သောက်ခိုင်းတဲ့ ကောင်က ဘယ်သူလဲ.."

သခင်လေး ကျောင်း လင်းဖန်ကို ကြည့်ပြီး ပြုံးလိုက်တယ်။

"ဘယ်သူမှ မဟုတ်ဘူး..။အရက် သောက်ဖို့ ပြောတာ ငါပဲ ။ထပ်ပြောရရင် ..သူက..ဒီလောက်ထိ မသောက်နိုင်ဘူးလေ..။ငါ ကမ်းလှမ်းတဲ့ အရက်ကို မသောက်တာက ငါ့ကို မျက်နှာသာ မပေးနဲ့..."

အစ်မယန် ပြောလိုက်တယ်..။

"သခင်လေး ကျောင်း..ကျွန်မတို့ သူတို့ကို..ကန်မထုတ်ခင်...မှတ်လောက်အောင် ရိုက်နှက်သင့်သေးလား..."

သခင်လေး ကျောင်း ..ခေါင်းခါယမ်း လိုက်ပြီး..

"မလိုပါဘူး..။ဒီကောင်တွေက..ဦးနှောက်မရှိတဲ့ စောက်ရူးတွေပဲ..။သူတို့ကို ရိုက်နှက်တယ် ဆိုတာက အရမ်းရိုးရှင်း လွန်းတယ်..။လီကျိုး..အရိုက်ခံ လိုက်ရတာ မြင်တယ် မလား..။ဒီအတွက် တော့ ဒီကောင်တွေကို သင်ခန်းစာ ကောင်းကောင်း ပြန်ပေးရမယ်.."

လီကျိုး ခေါင်းညိမ့်လို်က်ပြီး..

"ဒါအမှန်ပဲ..ငါလည်း ဒီကိစ္စကို လွယ်လွယ်လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး.."

လငိးဖန် သခင်လေး ကျောင်း ရဲ့ အနားကို သွားပြီး မျက်နှာချင်းဆိုင် ကပ်လျက် ကြည့်လိုက်ပါတယ်..။

သခင်လေး ကျောင်း လငိးဖန်ကို ပြန်ကြည့်လိုက်ပြီး...

"စိတ်ဝင်စားစရာပဲ..။မင်းက ငါ့သူငယ်ချင်းကို ရိုက်ရဲတယ်ပေါ့..။ငါ သောက်ခိုင်းတဲ့ ဝိုင်ကို ဘယ်သူမှ မငြင်းရဲဘူး..."

သူတို့ နှစ်ယောက် ကြားထဲမှာ စင်တီမီတာ အနည်းငယ်လောက်ပဲ ခြားတော့တာပါ..။ရုတ်တရက် ..လင်းဖန် သခင်လေး ကျောင်းရဲ့ ခေါင်းကို လက်နဲ့ ဖမ်းဆုပ်လိုက်တယ်..။သခင်လေး ..ကျောင်းရဲ့ လှလှပပ ပြင်ဆင်ထားတဲ့..ဆံပင်တွေကတော့..လငိးဖန်ရဲ့ လက်ထဲမှာ ရောက်နေခဲ့ပါပြီ..။

ယင်းနောက် လင်းဖန် သခင်လေး ကျိုးကို ဆံပင်ကဆွဲပြီး သီးသန့်ခန်း တစ်ခုထဲကဆီကို ဆွဲခေါ်သွားလိုက်တယ်...။

"မင်းက အရက်သောက်ရတာ ကြိုက်တယ် ပေါ့..ဟုတ်တယ်မလား..။ကောင်းပြီ..ငါမင်းကို အသဲထဲအထိ စွဲအောင်..သောက်ခိုင်းမယ်...."

လင်းဖန် သခင်လေး ကျောင်းကို စားပွဲပေါ် ပစ်ပေါက်လိုက်ပြီး..ဝိုင်ပုလင်းတွေကို လက်ညိုးထိုးပြလိုက်ပါတယ်...။

"ဒီမှာ သောက်စမ်း..။ငါ.လင်းဖန် သောက်ခိုင်းရင် ဘယ်သူမှ မငြင်းရဲဘူး.."

လုံခြုံရေးတွေ အပါအဝင် လူအုပ်ကြီးဟာ..ဒါကို မြင်ပြီး ကြောင်အနေခဲ့ကြပါတယ်..။

ဒီငနဲက ..သခင်လေး ​ကျောင်းကို ဒီလိုဆက်ဆံရဲ လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

ဒီကောင်..ဘေဂျင်းမှာ အသက်ပျောက်ချင် နေတာလား....

သခင်လေး..မာ နဲ့ သခင်လေး ဟွန်တို့လည်း..ဘာမှ မတုန့်ပြန်နိုင်အောင်ပဲ ကြောင်အနေခဲ့ပါတယ်..။

အစ်မယန်.ရဲ့ မျက်နှာ.ဟာ. အံဩသင့် နေခဲ့ပါတယ်..။ယင်းနောက်..သူမ လုံခြုံရေးတွေကို အော်ဟစ်လိုက်တယ်..

"နင်တို့ ဘာရပ်ကြည့်နေတာလဲ..။သခင်လေး ကျောင်းရိုက်နှက်ခံနေရတာ နင်မမြင်ဘူးလား..။အမြန်..အမြနိသွားကြ..."

လုံခြုံရေး အရာရှိတွေဟာ လည်း ကြောင်အနေခဲ့ပါတယ်..။သခင်လေး ကျောင်းက..ဒီက ကာစတန်မာ ဟောင်းတစ်ယောက်ဖြစ်ပြီး..အမြဲတမ်း သူကပဲ တစ်ခြားလူတွေကို အနိုင်ကျင့်ခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် သူတို့..သခင်လေးကျောင်းကို လေးစားပြီး ယဥ္ယဥ္ကျေးကျေး ဆက်ဆံကြပါတယ်..။သူတို့ သခင်လေး ကျောင်းကို..မရှုပ် ရဲကြပါဘူး..။

သို့ပေမယ့်..လက်ရှိအခြေအနေက..အတော်ကို မယုံကြည်နိုင်စရာပါပဲ..။

လီဝမ်ဟာ..လင်းဖန်ဆီကို သွားနေတဲ့ လုံခြုံတွေဆီကို ပြေးသွားပြီး..တိုက်ခိုက်လိုက်တယ်..။သူက တကယ်ကို ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမားကောင်း တစ်ယောက်ပါ..။

ဝုယန်ဂန်ဟာ ဒီအဖြစ်အပျက်တွေကို မြင်ပြီး ​ကျေနပ်နေခဲ့တယ်..။သို့ပေမယ့်..သူ အနည်းငယ်တော့ စိတ်ပူနေခဲ့ပါတယ်..။သခင်လေး ကျောင်းကို..သွားရှုပ်ရင် သူတို့ ကျိန်းသေပြသနာ တက်တော့မှာပါ.။

သို့ပေမယ့် သူ ဝမ်မင် ယန် အနိုင်ကျင့် ခံရတဲ့ အချိန်ကို ပြန်တွေးမိလိုက်တဲ့ အခါမှာတော့...

ဘာတွေကို ကြောက်နေရတာလဲ

အကြီးအကဲ ဝမ် ,ခင်ဗျား ဒီတစ်ခွက်လောက်တောင် မသောက်နိုင်ဘူးလား

လီဝမ် ပြောလိုက်တယိ..။

"မာစတာ လင်း လုပ်စရာ ရှိတာ လုပ်ပါ..။ကျွန်တော် ဒီကောင်တွေကို ထိန်းထားလိုက်မယ်..."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သခင်လေး ကျောင်းကိုကြည့်လိုက်ပြှီး...

"သောက်လေ..."

သခင်လေး ကျောင်း မတ်တတ်ရပ်ချင်နေခဲ့တယ်..။

"မင်းငါဘယ်သူလဲ ဆိုတာကို သိလား..."

လင်းဖန် မတ်တတ်ထရပ်ဖို့ လုပ်နေတဲ့..သခင်လေး..ကျောင်းရဲ့ ဒူးကို ကန်လိုက်ပြီး ပြန်လဲကျသွားအောင်လုပ်လိုက်ပါတယ်..။

"မင်းဘယ်သူလဲ ငါ သောက်ဂရုစိုက်ရမှာလား..။မင်းက ရှင်ဘုရင် ကြီးဆိုရင်တောင်..ဒီနေ့ ဒီဝိုင်ကို ကုန်အောင် သောက်ရမယ်.."

"မအိမ်လုံး..."

သခင်လေး ကျောင်း..ကျိန်ဆဲလိုက်ပါတယ်..။သူ ဒီလောက်ထိ ဘယ်တုနိးကမှ ဒေါသမထွကိဖူးပါဘူး..။သူ လုံးဝ သည်းမခံနိုင်တော့ပေ..။

လငိးဖန် သခင်လေး ကျောင်းရဲ့ မျက်နှာကို အားထည့်ပြီး ဖြတ်ရိုက်လိုက်ပါတယ်.။သခင်လေး ကျောင်းရဲ့ မျက်နှာမှာ လက်ဝါးရာကြီးပေါ်လာခဲ့တယိ..။

"အခု သောက်စမ်း..."

"မသောက်ဘူးကွာ.."

သခင်လေး ကျောင်း ဒေါသထွက်လွန်းလို့ လူတောငိ သတ်ချင် နေခဲ့ပါပြီ..။

"ကောင်းပြီ လေ..မင်းက မသောက်ချင်မှတော့ ငါမင်းကို တိုက်ပေးရမှာပေါ့.."

လင်းဖန် သခင်လေး ကျောင်းရဲ့ ဆံပင်ကို နောက်ကို ဆောင့်ဆွဲပြီး ခေါင်းကို မော့အောင်လုပ်လိုက်ပါတယ်..။ယင်းနောက် သူ သခင်လေး ကျောင်းရဲ့ ပါးကို ဖိပြီး ပါးစပ်ပွင့်အောင်လုပ်ကာ..ဝိုင်တွေကို လောင်းထည့် လိုက်တယ်..။

"သောက်စမ်း...။ငါ့သူငယ်ချင်းကို လာရှုပ်ရဲရအောင် မင်းကိုမင်းဘာထင် နေလို့လဲ..."

ဂလု

ဝိုင်တွေဟာ.သခင်လေး ကျောင်းရဲ့ ပါးစပ်ထဲကို ဝင်သွားပြီး တစ်ချို့ ဝိုင်တွေဟာ..အောက်ကို ဖိတ်ကျသွားခဲ့ပါတယ်..။

သခင်လေး ကျောင်း ဟာ ပါးစပ်ထဲမှာ ဝို်င်တွေ လောင်ကျွမ်းမူကြောင် ပူလောင်နေခဲ့ပါပြီ..။သူ ရုန်းနေပေမယ့် လည်း..လင်းဖန်က သူ့အတွကိတော့ အတော်ကို သန်မာနေခဲ့တာပါ..။

ပုလင်းတစ်ဝက်လောက် သောက်ပြီးသည့် နောက်တွင်..

လင်းဖန် လက်ကို လွှတ်ပေးလိုက်တယ်..။

သခင်လေး ..ကျောင်းရဲ့ မျက်နှာဟာ နီရဲနေပြီး..လက်နှစ်ဖက်ဟာ...ကြမ်းပြင်မှာထောက်ထားခဲ့ပါတယ်..။ယင်းနောကိ.. သူ အဆက်မပြတ် ထိုးအန်ပါတော့တယ်..။

အခန်းအပြင်ဘက်နားတွင်..။

လီဝမ်ရဲ့ ဖုန်း မြည်လာခဲ့ပါတယ်..။

သူ..သူ့ရှေ့က လူတွေကို ကြည့်နေပြီး ဖုန်းကိုလိုက်တယ်..။

"အကြီးအကဲ ကျန်း.."

ကျန်းကျောင်းရှန်း ပြောလိုက်တယ်..။

"အခြေအနေ ဘယ်လိုလဲ..။ပြသနာ ရှိသေးလား.."

လီဝမ်ပြောလိုက်တယ်..။

"ဘာမှ မရှိပါဘူး..။ဒီမှာ သခင်လေး တစ်ချို့က..မာစတာ လင်း ရဲ့ သူငယ်ချင်းကို အနိုင်ကျင့်လို့ မာစတာ လင်းက ပြန်ဆုံးမနေတာ.."

"ကောင်းပြီ..အဲ့ကောင်တွေ အဖေ နာမည်က ဘယ်သူလဲ..."

ကျန်းကျောင်းရှန်း မေးလိုက်တာပါ..။

လီဝမ်သူ့ရှေ့က လူတွေကို ကြည့်ပြီး မေးလိုက်တယ်..။

"သခင်လေးကျောင်း ရဲ့ အဖေက ဘယ်သူလဲ..."

လုံခြုံရေး တွေဟာ လင်းဖန် လုပ်နေတာကို ကြည့်ပြီး ကြောင်အနေကြပါတယ်..။သူတို့.သခင်လေး ကျောင်းကို သွားကူရအောင်လဲ သူတို့ရှေ့က လူကိုဘယ်သူမှ မကျော်ဖြတ်နိုင်ကြပါဘူး..။

အစ်မယန် ဟာ ဒီနေရာက တာဝန်ရှိတဲ့ လူဖြစ်တဲ့ အတွက် အခြေအနေကို ဒီတိုင်းဆက်ပြီး..မထားနိုင်ပေ..။သူမ ချက်ချင်းပြောလိုက်ပါတယ်..။

"သူက သခင်လေး ကျောင်းပဲ..။သူ့အဖေက ကျောင်းဟိုင်..။ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးလိုက်ပါ. မဟုတ်ရင် နောက်ဆက်တွဲတွေက ..တကယ်ကို မတွေးရဲစရာပဲနော်..."

လီဝမ် သူမကို လျစ်လျူ ရူပြီး ပြန်တင်ပြလိုက်ပါတယ်..။

"မျိုးရိုး နာမည် ​ကျောင်း နဲ့..ကျောင်းဟိုင်ပါ.."

ကျန်းကျောင်းရှန်း ပြန်ပြောလိုက်တယ်..။

"ကျောင်းဟိုင်လား..။ငါ ဘယ်သူမှန်းတောင် မသိဘူး..။ကြည့်ရတာ ယင်ကောင် တစ်ကောင် အဆင့်ပဲဖြစ်မယ် ထင်တယ်...။မာစတာ လင်းကို သင်ခန်းစာ ကောင်းကောင်းပေးဖို့ ပြောလိုက်..။နောက်ဆက်တွဲတွေ ငါရှင်းပေးမယ်..ဒါပေမဲ့ လူတော့ မသတ်မိစေနဲ့နော်..."

ကောင်းပါပြီ.."

လီဝမ် အော်ပြောလိုက်ပါတယ်..။

"မာစတာ လင်း..အကြီးအကဲ ကျန်း..က သင်ခန်းစာကော်းကောင်းပေးလို့ရတယ်တဲ့..။သူနောက်ဆက်တွဲတွေ တာဝန်ယူပေးမယ် နိုင်ပေမယ့် လူတော့ မသတ်ပါနဲ့တဲ့.."

"ကောင်းပြီ..ကျေးဇူးတင်ပါတယ် အကြီးအကဲ ကျန်း..။ကျွန်တော် အကြွေးတင်သွားပြီ...နောက်မှပဲ ပြန်ဆပ်တော့မယ်.."

လင်းဖန် ပြောလိုက်တာပါ..။

လီဝမ် မာစတာ လင်းပြောတာကို အကြီးအကဲ ကျန်းကို ပြန်ပြောပြလိုက်ပါတယ်..။အကြီးမကဲ ကျန်း ကျေနပ်သွားပြီး..

"ကောငိးပြီ..မာစတာ လင်းကို သေချာကာကွယ်ပေးလိုက်.."

"ဟုတ်.."

…

အခန်ထဲတွင်..။

ဒီ သခင်လေး ကျောင်းက ကိုယ်တွယ်ရခက်ခဲမယ် ဆိုတာကို လင်းဖန်သိထားပြီးသားပါ..။ဒီသခင်လေးကျောင်းက ဘေဂျင်းမှာ နောက်ခံ ကောင်းကောင်း ရှိလောက်ပါတယ်..။အစကတော့. ဝမ်မင်ယန် ဘေဂျင်မှာ စီးပွားရေး အဆင်မပြေဖြစ်မှာကို သူစိုးရိမ်မိပေမယ့်..အခု ..ကျန်းကျောင်းရှန်းက တာဝန်ယူပေးမယ် ဆိုတော့..အကုန်အဆငိပြေမှာပါ..။

တစ်ခု ရှိတာက ကျန်းကျောင်းရှန်း အပေါ် သူ အကြွေးတင်သွားတာ ကောင်းတဲ့ အရာမဟုတ်ပါဘူး.။

သို့ပေမယ့်.ဒါက.သူ အချိန်နည်းနည်းပေးပြီး ကျန်းကျောင်းရှန်းအတွက် ပန်ချီဆွဲပေးလိုက်ရင်..ပြီးသွားမှာပါ..။

လင်းဖန် အခုတော့..စာချုပ်ရဲ့ တန်ဖိုးကို နားလည်သွားခဲ့ပါပြီ..။သူ့မှာ..နောက်က လိုက်ပြီး ဖြေရှင်ပေးမယ့် အဖွဲ့အစည်းတစ်ခု ရှိပါတယ်..။

သခင်လေး ကျောင်းက..ဒီ သခင်လေးတွေကို သင်ခန်းစာ ပေးဖို့တောင် ..အားတက်သရော ကူညီနေခဲ့တာပါ..။

အစ်မယန်ဟာ..သူ့ရဲ့ ခဲအိုကို အမြန်ဖုန်းဆက်ပြီး လှမ်းခေါ်လိုက်တယ်..။အခြေအနေတွေက ..သူမ ထိန်းချုပ်လို့ မနိုင်တော့ပါဘူး.။

တကယ်လို့ သခင်လေး ကျောင်းသာ ဒီမှာ တစ်ခုခုဖြစ်သွားရင်..သူမတို့ ထျန်ယွန် ဗီလာကတော့ အဆုံးသတ်ပါပြီ..။

အခုချိန်မှာတော့..သခင်လေး ကျောင်းဟာ..အားနည်းပြီး အကူညီမဲ့နေခဲ့ပါပြီ..။သသူ့မျက်လုံးတွေထဲမှာလည်း ကြောက်ရွံမူတွေကို မြင်နေခဲ့ရပါတယ်..။

သူ ဆက်တိုက် အော့အန် နေရပေမယ့်လည်း ဒေါသထွကိစွာ ပြောလိုက်တယ်..။

"ငါ ဒါကို မှတ်ထားမယ်..."

လင်းဖန် နောက်ထပ် ဝိုင်ပုလင်းကို ယူလိုက်ပြီး...

"မှတ်တာ မမှတ်တာက မင်း အလုပ်.။အခု..ဒါကို ထပ်သောက်ဦး..."

ဝုယန်ဂန်ကတော့..မာစတာ လငိးရဲ့ ကြမ်းတမ်းတဲ့ ဘက်ခြမ်းကို..ပထမဆုံးမြင်ရတာကြောင့် အတော်ကို ဆွံ့အနေခဲ့ပါပြီ..။

All Chapters