← Chapters

ဒါက ပြီးသွားပြီ

Vol. 30 Ch. 440

ဒါက ပြီးသွားပြီ

Vol. 30 Ch. 440

#ဘာသာပြန် = စနိုးဝှိုက်

လီဝမ်ဟာ..ကျန်းကျောင်ရှန်းရဲ့ လုံခြုံရေး အရာရှိဖြစ်ပြီး အရင်က ဒိီလိုအဖြစ်အပျက်တွေကို အများကြီး ကြုံခဲ့ဖူးပြီးသားပါ..။သူ သီးသန့် အခန်းထဲက..အသံတွေ ကြားတဲ့ အချိန်မှာ..မာစတာလင်း ဘာတွေ လုပ်နေတာလဲ သူသိချင်သွားခဲ့ပါတယ်..။မာစတာ လင်း..လို အနုပညာ သမားက..ကြမ်းကြမ်းတမ်းတမ်း တွေ ဘယ်လို လုပ်နေလဲ သူတကယ် ကြည့်ချင်မိပါတယ်..။

[လင်းဖန်က သခင်လေး ကျောင်းကို အခန်းတစ်ခု ထဲ ခေါ်သွားပြီး ရိုက်နှက်နေတာ။ကျန်တဲ့ လူတွေက အပြင်မှာ..]

အခန်းထဲက..သခင်လေး ကျောင်း ငယ်သံပါအောင် အော်တဲ့ အသံတွေ ထွက်လာတဲ့ အချိန်မှာ ကျန်တဲ့ လူတွေ ကြောင်အနေခဲ့ပါတယ်..။အထူး သဖြင့်..သခင်လေး ကျောင်းရဲ့ အပေါင်းအသင်း သခင်လေး သုံးယောက်ပါ..။သူတို့ ဒီလို ဖြစ်လာလိမ့်မယ် လို့ မထင်ထားခဲ့ကြပါဘူး..။အခုတော့ သခင်လေး ကျောင်းကို ဘယ်ကမှန်း မသိတဲ့ လူက ရိုက်နှက်နေခဲ့ပါပြီ.။

တကယ်လို့ တစ်ခြား လူတွေကို သာပြန်ပြောရင် ဘယ်သူမှ ယုံကြည်ကြမှာမဟုတ်ပေ..။

ဝမ်မင်ယန်က အန်လို့ ပြီးခါနီးနေပါပြီ..။သူဟာ အသိစိတ် အနည်းငယ် ပြန်ဝင်လာခဲ့ပြီး..စိတ်ရှုပ်ထွေး နေခဲ့တယ်...

"ငါဘာလို့ ဒီမှာ ရှိနေတာလဲ..။ယန်ဂန်..ငါ့ညီအစ်ကိုကို ငါတွေ့လိုက်သလိုပဲနော်...။သူအခု ဘယ်မှာလဲ.."

ဝုယန်ဂန် ဝမ်မင်ယန်ကို အကူညီမဲ့စွာ တွဲလိုက်တယ်..။တစ်ချိန်တည်းမှာပဲ..မာစတာ လင်း သခင်လေး ကျောင်းကို ရိုက်နှက်နေတာကို အံ့ဩနေခဲ့ပါတယ်..။

"မာစတာ လင်းက..ဟိုကောင်ကို အထဲမှာ သင်ခန်းစာပေး နေတယ်..။ဒီတစ်ခါတော့...ငါတို့ အဆုံးသတ်ပြီ.."

ဒါက ဝုယန်ဂန် ပြောနိုင်တာ အကုန်ပါပဲ..။

ဝမ်မင်ယန် ..တံခါးဝနား လျောက်သွားလိုက်တဲ့ အချိန်မှာလီဝမ်ရဲ့ တားဆီးမူကို ခံလိုက်ရပါတယ်..။ယင်းနောက် သူ ဒူးထောက်လိုက်ပြီး...

"ညီအစ်ကို..ကျေးဇူးပြုပြီး ဝင်ခွင့်ပေးပါ..။ငါ့ သူငယ်ချင်းက အထဲမှာ..။မင်းက လမ်းပိတ်နေတယ် လေ..."

လီဝမ် ..ဝမ်မင်ယန်ကို တစ်ချက်ကြည့်ကာ..ဘာမှ ထပ်မပြောပဲ ..လမ်းဖယ်ပေးလိုက်ပါတယ်..။ဝမ်မင်ယန် တံခါးနားကို လျောက်သွားပြီး ချောင်းကြည့်လိုက်တယ်..။

"ညီအစ်ကို ဘာလုပ်နေတာလဲ..။သခင်လေး ကျောင်း..ကျွန်တော် သူငယ်ချင်း ရှေ့မှာ ဘာလို့ ဒူးထောကိနေတာလဲ..။ညီအစ်ကို ..မင်း သခင်လေး ကျောင်းကို ဘာလို့ ဒူးထောက်ခိုင်းထားတာလဲ..။ရှန်ဟိုင်းက..အဆင့်မြင့် ခေါင်းဆောင်ကြီးတွေတောင် သခင်လေး ကျောင်းကို တွေ့ရင် အရိုအသေ ပေးရတာနော်..။မင်းက အဆင့်မြင့် ခေါင်းဆောင်ကြီးတွေ ထက်ပိုမြင့်တာလား..."

လင်းဖန် ဝမ်မင်ယန်ကို ကြည့်ိလိုက်ပြီး..

"ပါးစပ်ပိတ်ထား..။မင်း မူးနေပြီ..။မင်း အခြေခံ တွက်ချက်မူ လေးတွေတောင် မသိတော့ဘူးလား..."

"ဟုတ်တယ်.."

ဝမ်မင်ယန် ခေါင်းမော့ပြီး ပြုံးလိုက်ကာ..

"ဒါက ရိုးရှင်းတဲ့ မေးခွန်းပဲ..။ငါ မသိပဲ ဘယ်နေမှာလဲ.. ။ 1+1 = 3 လေ..ဒါကို ကလေးလေး တွေ သွားမေးရင်တောင် သိတယ်..။မင်း ငါ့ကို အရူးများထင်နေလား.."

"မင်းက တကယ်စောက်ရူးပဲ.."

လင်းဖန် ဝမ်မင်ယန် ဒီအခြေအနေ ဖြစ်နေတာကို ကြည့်ပြီး ဒေါသထွကိသွားခဲ့ပါတယ်..။ဝမ်မင်ယန်က စီးပွားရေးလုပ်လာတာ ကြာပြီ ဖြစ်ပေမယ့် သူ့ကိုသူ ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို သိပုံမရပါဘူး..။သူ အရက်တွေ.အတင်းတိုက်ခံ ရတာ..ထိုက်တန် ပါတယ်..။

"ငါ မရူးဘူး.."

ဝမ်မင်ယန် ပြန်ငြင်း လိုက်တယ်..။ယင်းနောက် ဝုယန်ဂန်ဟာ ဝမ်မင်ယန် အနားကို ရောက်လာခဲ့ပြီး..

"မင်ယန်..ဟိုဘက်ကို လာပြီး နားပါဦး..။အရမ်း မလှုပ်ရှား နဲ့.."

အခန်းထဲတွင်..။

သခင်လေး ကျောင်း ဝမ်မင်ယန် ပြောတာကို ကြားတဲ့ အချိန်မှာ..ရှက်ရွံ့ပြီး ဒေါသထွက်သွားခဲ့ပါတယ်..။

"မင်း ဘယ်သူလဲ...။ငါ ဒီနေ့ အရှုံးကို ဝန်ခံတယ် ဒါပေမဲ့ ငါ ဒါကို မှတ်ထားမှာနော်..။ငါမင်းကို ဘေးဂျင်းရဲ့မြေအောက်ကို ရောက်သွားအောင် လုပ်လို့ရတယိ..."

သခင်လေး ကျောင်း ခြိမ်းခြောက်လိုက်တာပါ..။သူ့ရဲ့ လေသံက လည်း ဒေါသတွေ ပါဝင်နေခဲ့ပါတယ်..။သူ ကြည့်ရတာ တစ်စုံတစ်ယောက်ကို အစိမ်းလိုက် ဝါးစားတော့မယ့် ပုံပါပဲ..။

လင်းဖန် သခင်းလေး ကျောင်းကို ကြည့်လိုက်တယ်..။သာမန်လူတစ်ယောက်သာ..ဒီငနဲကို သွားအပြစ်ပြုမိရင် အသက်ပါပေးစပ်ရမှာပါ..။ဒါပေမဲ့ သူက သာမန်လူ မဟုတ္ပါဘူး.။သူ လံူးဝ မကြောက်ရွံ့သလို ဒီငနဲရဲ့ နောက်ခံကို လည်း ဂရုမ

စိုက်ပေ..။သူ့သူငယ်ချင်းကို အနိုင်ကျင့်ရဲ့တယ် ဆိုတော့..ဒီငနဲ ကျိန်းသေ ပြန်ပေးဆပ်ရမှာပါ..။

ဝမ်မင်ယန် ဒီလို အခြေအနေ ဖြစ်နေတာ မြင်တော့ သူပိုပြီး ဒေါသထွက်လာခဲ့ပါတယ်..။

"ဒီမှာ ထပ်သောက်စမ်း.."

လင်းဖန် သခင်လေး ကျောင်းရဲ့ ပါးစပ်ထဲကို အရက်တွေ ထပိလောင်းလိုက်ပါတယ်..။

ပူလောင်တဲ့ အရက်ဒဏ်ကြောင့် သခင်လေး​ကျောင်းရဲ့ မျက်နှာဟာ နီရဲနေခဲ့ပါပြီ..။သူ အတင်းရုံးနေပေမယ့် လည်း အဆုံးမှာတော့..လင်းဖန် တိုက်တဲ့ အရက်ကို သောက်ရတာပါပဲ..။

သခင်လေး ကျိုး ကြောင်အနေခဲ့တယ်..။

"အစ်မယန်...ကျေးဇူးပြုပြီး အထဲဝင်ပြီး သခင်လေး ကျောင်းကို ကယ်ပါဦး.."

အစ်မယန် ကြောင်အနေခဲ့တယ်..။သူမမတ်တတ်သာရပ်နေပြီးဘာပြော ရမလဲ မသိတော့ပါဘူး..။အထဲက အခြေအနေက သူမကိုယ်တွယ်နိုင်တဲ့ အရာမဟုတ်တော့ပေ..။

.

"သခင်လေး ကျိူး..ကျွန်မလည်း မတတ်နိုင်ဘူးလေ.။ကျွန်မ ခဲအို ရောက်လာတာကိုပဲ စောင်ရမယ် ထင်တယ်.."

အစ်မယန် ပြောလိုက်တာပါ.။

သခင်လေး မာ စိတ်ပူစွာ ပြောလိုက်တယ်..။

"သူရောက်လာတဲ့ အချိနိဆို လက်လွန်နေလောက် ပြီပေါ့..."

သခင်လေး ဟွန် အကူညီမဲ့စွာ ပြောလိုက်ပါတယ်.။

"အစ်မယန် ..သခင်လေး ကျောင်းသာ တစ်ခုခုဖြစ်ရင် ခင်ဗျားနောက်ဆက်တွဲတွေကို သိသင့်တယ်နော်..။ထျန်ယွန် ဗီလာက ဒီထဲက ရှောင်နိုင်မယ် ထင်လို့လား..."

အား....

ယင်းနောက် အခန်းထဲက သခင်လေး ကျောင်းရဲ့ အော်သံကြီးကို ကြားလိုက်ကြရပါတယ်..။

အပြင်က လူတွေဟာ အထဲမှာ ဘာတွေ ဖြစ်နေလဲ မသိပေမယ့်..သခင်လေး ကျောင်းရဲ့ တစ်ချက်တစ်ချက် အော်သံကတင်..အတော်ကြောက်ရွံ့ဖို့ ​ကောင်းပါတယ်..။သူတို့ အထဲဝင်ဖို့ကလည်း အဝမှာ တစ်ယောက်က ပိတ်ထားပြီး..သူတို့ရဲ့ လုံခြုံရေးအရာရှိတွေဟာ.ဒီလူကြောင့် မှောက်နေခဲ့ကြတာပါ..။

သခင်လေးကျောင်း ခေါင်းခါယမ်း လိုက်ပြီး.

"ငါ မသောက်နိုင်တော့ဘူး..ငါမသောက်နိုင်တော့ဘူး..။ရပ်လိုက်ပါတော့..."

"မင်းမသောက်နိုင်တော့ဘူးလား."

လင်းဖန် ပြုံးလိုက်တယ်..။

"မင်းမသောက်နိုင်တော့ဘူး ဆိုရင်တောင် ထပ်ျသာက်ရဦးမှာပဲ..။ဝမ်မင်ယန် နဲ့ငါ ဘယ်လို ဆက်ဆံရေးလဲ မင်းသိလား..."

သခင်လေးကျောင်းလင်းဖန်ကို လံူးဝ..အဆန့်ကျင်နိုင်ခဲ့ပါဘူး.။ဝိုင်တွေဟာ..သူ ဗိုက်ထဲကို ဆက်တိုက်ဝင်ရောက်နေပြီး သူသေတော့မယ့် အတိုင်းပါပဲ..။

"မင်းရဲ့ သူငယ်ချင်း..။သူနဲ့ မင်းနဲ့က သူငယ်ချင်းကောင်းတွေပဲ..."

သခင်လေး ကျောင်း အလျင်အမြန် ပြောလိုက်တာပါ. ။သူက..ထျန်ယွန် ဗီလာမှာ ဒီလို ဖြစ်လိမ့်မယ် လို မမျှော်လင့် ထားခဲ့ပဲ..။သူ လုပ်ခဲ့မိတာကို တော့ နောင်တရတဲ့ ပုံမရှိပါဘူး..။

လင်းဖန် လက်ကို မြောက်ပြီး သခင်လေး ကျောင်းရဲ့ ပါးကို ဖြတ်ရိုက်လိုက်တယ်..။ဝိုင်တွေဟာ.သူ့ပါးစပ်ထဲက ချက်ခြင်း ထွက်ကျလာခဲ့ပါတယ်..။

"ချီးပဲ..မင်းက ငါ့သူငယ်ချင်းမှန်း သိတာတောင်..ခက်ခဲအောင် လုပ်ရဲတယ်လား..။ဒီတိုင်းပဲ လုပ်မယ်..။မင်း ဒီအရက်တွေ ကုန်အောင် မသောက်ရင် ဘုရင်ကြီး ရောက်လာရင်တောင် မင်းသွားခွင့်မရစေရဘူး.."

"မဖြစ်နိုင်တာ ငါသေသွားလိမ့်မယ်.."

သခင်လေး ကျောင်း စားပွဲပေါ်က ဝိုင်တွေကို ကြည့်ပြီး ပြောလိုက်တာပါ..။သူ့ခေါင်းဟာ ခြာခြာလည်နေပြီး သူသာ ဒါကို အကုန်သောက်ရမယ် ဆိုရင် အဆုံးသတ်တော့မှာပါ.။

လင်းဖန် ပြောလိုက်တယ်..။

"ပြသနာမရှိဘူး..မင်းမသေစေရဘူး..။အနည်းဆံူး ဒီအရက် မကုန်ခင် မင်းမသေစေရဘူး..."

လင်းဖန် ဒီပြသနာကို မေ့ထားလို့ မရပါဘူး..။သူက.ရှန်ဟိုင်းကို ပြန်သွားလို့ ရပေမယ့်..ဝုယန်ဂန်က ဒီမှာနေတာဖြစ်ပြီး..ဝမ်မင်ယန်က ဒီီကို မကြာခန လာနေတာပါ..။ဒါကြောင့် သူ သခင်လေး ကျောင်း ဒီနေ့ကို မှတ်သားမိအောင် လုပ်ဖို့ လိုပါတယ်..ဒါမှ သူ လက်စားခြေဖို့ စဥ္းစားရင်..ဒီနေ့ကို ပြန်မှတ်မိပြီး မလုပ်ရဲတော့မှာပါ..။

အပြင်ဘက်တွင်..။

"ဘာတွေ ဖြစ်နေတာလဲ.."

သက်လတ်ပိုင်း အရွယ်လူတစ်ယောက်ဟာ လျောက်လာခဲ့ပြီး ပြောလိုက်တာပါ..။သူ့နောက်မှာတော့..အရပ်ရှည်ပြီး..သန်မာတဲ့ လူအနည်းငယ်လိုက်ပါလာခဲ့ပါတယ်..။

"ခဲအို..."

အစ်မ ယန် သူ့ကို မြင်မှ စိတ်သက်သာရာ ရသွားခဲ့တယ်.။

သခင်လေး ကျိုးနဲ့ ကျန်တဲ့ လူတွေဟာ..ဒီလူကို မြင်တာနဲ့ ကြောက်ရွံ့သွားခဲ့ကြပါတယ်..။ဒီလူက.ထျန်ယွန် ဗီလာရဲ့ သူဌေး ဂျင်ရှန်းဝမ် ပါ..။

သူက စီးပွားရေးကို အရမ်းကြိုးစားပြီး စွမ်းဆောင်နိုင်တဲ့ လူတစ်ယောက်ပါပဲ..။သူက..မြေအောက် ဒုစရိုက် လောက မှာပါ..အင်အားကြီးတဲ့လူတစ်ယောက်ပါ..။

"သခင်လေး ကျိုး..သခင်လေး မာ..သခင်လေး ဟွန်..ဘာဖြစ်နေတာလဲ.."

သူ သခင်လေးတွေကို ဒီလို ခေါ်လိုက်ပေမယ့်..မောက်မာနေဆဲပါ..။သူ ဒီသုံးယောက်ကို ဒီလောက်အထိ စိတ်ထဲမထားပါဘူး..။ဘာပဲဖြစ်ဖြစ် သူက..သူတို့အဖေ တွေနဲ့တောင် အဆင့်အတန်း တူတူလို့ ပြောလို့ရပါတယ်..။

သခင်လေး ကျိူး ရှေ့ကို အမြန်တက်သွားပြီး..

"အစ်ကို ဝမ် နောက်ဆုံးတော့ ရောက်လာပြီပေါ့..။သခင်လေး ကျောင်းက..အခန်းထဲကို ခေါ်သွားပြီး ရိူက်နှက်ခံနေရတယ်..။သူ့ကို အမြန်ကယ်ပေး ပါဦး..။မဟုတ်ရင် ပိုဆိုးကုန်လိမ့်မယ်.."

ဂျင်ရှန်းဝမ် မျက်မှောင်ကျုတ်လိုက်တယ်..။သူ့ နယ်မြေ ထဲမှာ တစ်စုံတစ်ယောက်က ပြသနာ လာရှာလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

"မင်းတို့ ဘာလုပ်နေတာလဲ..အထဲကို သွားပြီး အမြန်သွားကယ်ကြ..။ငါ့နယ်မြေမှာ ဘယ်ကောင်က ပြသနာ လာရှာရဲတာလဲ..ကြည့်ချင်သေးတယ်..။ဒီ​ကောင်က ပြသနာ ရှာရတာ ​ကြိုက်တယ် ထင်တယ်..."

ဝုယန်ဂန် ဟာ ဝမ်မင်ယန်ကို ဂရုစိုက်နေရင်း.ရောက်လာတဲ့ လူကို မြင်လိုက်တဲ့ အချိန်မှာ ​မျက်နှာ အမူအရာ ပြောင်းသွားခဲ့ပါတယ်..။

ဝုယန်ဂန် တစ်ခြား တစ်ယောက်ယောက်ဆိုရင် လျစ်လျူရူလို့ရပေမယ့်..ဒီလူဆိုရင်တော့..

သူတောင် ဒီကို ရောက်နေပြီ ဆိုတော့ ..ငါတို့တော့ အဆုံးသတ်ပြီ.. .

All Chapters