← Chapters

အင်အားကြီးတဲ့...ဖြစ်တည်မူ

Vol. 30 Ch. 441

အင်အားကြီးတဲ့...ဖြစ်တည်မူ

Vol. 30 Ch. 441

#ဘာသာပြန် = စနိုးဝှိုက်

"အစ်ကို ဝမ်..."

ဝုယန်ဂန် ..ဂျင်ရှန်းဝမ် ရှေ့ကို အမြန်လျောက်သွားလိုက်ပါတယ်..။ဝုယန်ဂန် ကိုယ်တိုင်ကလည်း ဘေဂျင်းမှာ အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ပါ..။ဘာပဲဖြစ်ဖြစ် သူက .ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်း ရှင်တစ်ယောက်ပါပဲ..။သို့ပေမယ့်..သူ ဂျင်ရှန်းဝမ်လို့.. စီးပွားရေးနဲ့ မြေအောက်လောက နယ်ပယ်နှစ်ခုလုံးမှာ အောင်မြင်နေတဲ့..လူတစ်ယောက်ကိုတော့ မယဥ္နိုင်ပါဘူး..။

ဝုယန်ဂန်ဆိုတာက..စည်းမျဥ္းစည်းကမ်းတွေနဲ့ အညီလုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပါ..။သို့ပေမယ့်..ဂျင်ရှန်းဝမ် လို လူမျိုးကို သွား အပြစ်ပြုမိရင်တော့ ပြသနာတွေ အများကြီး တွေရတော့မှာ အမှန်ပါပဲ..။

ဂျင်ရှန်းဝမ် မှာ လှည့်စားပြီး..ဒုက္ခရောက်အောင် ဖန်တီးတဲ့ နည်းတွေ အများကြီး ရှိပြီး သူက ဝုယန်ဂန် ယှဥ္နိုင်တဲ့ လူတစ်ယောက်မဟုတ်ပေ..။

ဂျင်ရှန်းဝမ် သူ့ရှေ့ကို ရောက်လာတဲ့ လူက အနည်းငယ် ရင်းနှီးတယ် လို့တွေးမိလိုက်ပေမယ့်..ဘယ်သူလဲ ဆိုတာတော့ အတိအကျ မမှတ်မိပါဘူး..။

"မင်းက ဘယ်သူလဲ

"ကျွန်တော်က ဝုယန်ဂန်ပါ..။ကျွန်တော်တို့ အရင်က တွေ့ဖူးတယ်လေ.."

ဂျင်ရှန်းဝမ်..​ ' အိူး ' လို့သာ..အသံပြုလိုက်ပြီး

ဝုယန်ဂန် ကို သိပ်ဂရုမစိုက်ပေ..။သူ မေးလိုက်တယ်...

"မင်း ဒီမှာ ဘာလုပ်နေတာလဲ..."

သူ အကန်းတစ်ယောက် မဟုတ်ပါဘူး..ဒီလူက လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်နဲ့..တစ်ခုခု ပတ်သက်နေတယ် ဆိုတာ သူသိထားပြီးသားပါ..။ယင်းနောက် သူ ခေါင်းကို လှည့်ကာ..မျက်မှောင်ကျုတ်လိုက်ပြီး..

"မင်း..ဒီပြသနာကို စတင်လိုက်တာလား..."

ဝုယန်ဂန် တိတ်ဆိတ်သွားပြီး ပြောလိုက်ပါတယ်..။

"အစ်ကို ဝမ်..ဒါက နားလည်မူ လွဲတာပါ..။သခင်လေး ကျောင်း နဲ့.တစ်ခြား လူတွေက..ကျွန်တော်ရဲ့ သူငယ်ချင်းကို အရက်အတင်း သောက်ခိုင်းရင်းက နေ ပြသနာ နည်းနည်း ဖြစ်သွားတာ...။အစ်ကို ဝမ် ..ကျွန်တော့် မျက်နှာထောက်ပြီး..ကျွန်တော်ကို ဖြေရှင်းခွင့်ပေးမယ် လို့မျှော်လင့်ပါတယ်..."

တကယ်လို့..ဂျင်ရှန်းဝမ်..သာ ဒီကိစ္စကို ဖြေရှင်းရင် အခြေအနေက ပိုပြီး ရှုပ်ထွေးသွားတော့မှာပါ.။ဒါက လွယ်လွယ်ကူကူ နဲ့ပြီးတော့မှာ မဟုတ်ပဲ..အရေးကြီးတဲ့ တစ်ခုခု ဖြစ်တော့မှာပါပဲ..။

"ဟားဟား..."

ဂျင်ရှန်းဝမ်..နှာခေါင်းရှုတ်လိုက်တယ်..။ယင်းနောက် သူ မျက်မှောင်ကျုတ်လိုက်ပြီး..

"နားထောင်ကြည့်စမ်း..မင်းက..နားလည်မူလွဲတယ်လို့ ပြောနေတာလား.။မင်းငါ့ကို နားလေးတယ် လို့ထင်နေတယ်ပေါ့..."

ဝုယန်ဂန် ရှက်ရွံ့သွားခဲ့ပါတယ်..။မာစတာ လင်းက သခင်လေး ကျောင်းကို နိပ်စက်နေပြီး..အသံတွေက လည်း အတော်ကို ကျယ်လောင်နေခဲ့တာပါ..။ဒီအသံကို အပြင်က လူတွေ ..အကုန် ကြားနေရပါတယ်..။

သခင်လေး ကျောင်းဟာ ကျယ်လောင်စွာ ငိုနေပြီး..ဒီအသံက..အတော်ကို သနားစရာ ကောင်းနေခဲ့ပါတယ်..။

အစ်မယန် ပြောလိုက်တယ်..။

"ခဲအို..သူတို့က တစ်ဖွဲ့တည်းပဲလေ..။အမြန်..သခင်လေး ကျောင်းကို ကယ်လိုက်ဦး..။တစ်ကယ်လို့ သူတစ်ခုခုဖြစ်သွားရင် ..ညီမတို့.. အဖြေပေးရတာ ခက်နေဦးမယ်.."

ဂျင်ရှန်းဝမ်..ခေါင်းညိမ့်ပြီး..သဘောတူ​ကြောင်း ပြလိုက်တယ်..။တကယ်လို့ တစ်ခုခုဖြစ်မယ် ဆိုရင်..သူ့ကို အများကြီး ကူညီပေးခဲ့တဲ့ သခင်လေး ကျောင်းရဲ့ အဖေနဲ့ မျက်နှာပျက်ရမှာပါ..။အခုက သူ့ပိုင်နက် ထဲမှာ..ဖြစ်နေတာကြောင့်..မသိဘူးလို့လည်း ငြင်းလို့မရပေ..။

"ဒီမှာရပ်နေ..မလှုပ်နဲ့.."

ဂျင်ရှန်းဝမ်..ဝုယန်ဂန်ကို ..ဘေးဘက်တွန်းလိုက်ပြီး အထဲကို ဝင်သွားဖို့ လုပ်လိုက်ပါတယ်..။

ဝုယန်ဂန် ဘေးနားက..​မြေကြီးပေါ် ပြုတ်ကြသွားခဲ့တယ်..။

သူက...စီးပွားရေးသမား တစ်ယောက်ဖြစ်ပြီး.. ဒီဂျင်ရှန်းဝမ် က ဘယ်လိုလူမျိုးလဲ ဆိုတာ သိပြီးသားပါ..။သူက..ညစ်ပတ်တဲ့ အလုပ်တွေကို..ဆံသဆိုင်လေး တစ်ခုက နေစတင် လုပ်ဆောင်ခဲ့တဲ့ လူတစ်ယောက်ပါ..။အခုတော့ သူက..ကလပ် နဲ့ဟိုတယ် ပေါင်းများစွာကို..စီမံပြီး စွမ်းဆောင်ရည်ရှိတဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ..။

သူ့မှာ့..အဆက်အသွယ်တွေ များစွာ ရှိပြီး..ဘေဂျင်းမှာ..လွမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်..။သူ ..အရေးကြီးတဲ့စီးပွားရေး ကိစ္စတွေကို ဒီကလပ်မှာပဲ..လာဆွေးနွေးလေ့ ရှိတာပါ.။ဒီနေ့ရာကို တကယ်လွမ်းမိုး နိုင်စွမ်း ရှိတဲ့ လူတွေပဲ.. လာခွင့်ရှိတယ်လို့ ပြောလို့ရပါတယ်..။

သခင်လေး ကျိုးနဲ့ ကျန်တဲ့ လူတွေဟာ ဒေါသထွက်နေခဲ့ပြီး..

"အစ်ကို ယန် ..ကျွန်တော်တို့ကို ကူညီပါဦး..။ကျွန်တော်တို့က.အစ်ကို့ရဲ့ ပိုင်နက်ထဲမှာ အနိုင်ကျင့်ခံရတာလေ..။ဒီသတင်းသာ...အပြင်ကို ရောက်သွားရင် ကျွန်တော် တို့တင် မကဘူး ..အစ်ကို ယန်ပါ ဟာသ တစ်ခုဖြစ်သွားလိမ့်မယ်..."

ဂျင်ရှန်း ဝမ်..ဒီသခင်လေး တွေကို သိပ်ဂရု မစိုက်ပေမယ့် လည်း ခေါင်းညိမ့်လိုက်ပြီး..

"စိတ်မပူနဲ့..ထျန်ယွန် ဗီလာမှာ တစ်ခုခုဖြစ်လာရင် ဒါက ငါ့ရဲ့ ပြသနာ ပဲ..။ငါမင်းတို့ကို..ကောင်းမွန်တဲ့ ဖြေရှင်းချက် တစ်ခုရအောင် လုပ်ပေးမယ်.."

သခင်လေး ကျိုးနဲ့ ကျန်တဲ့ လူတွေဟာ စိတ်သက်သာ ရာ ရသွားခဲ့ပါတယ်..။ဂျင်ရှန်းဝမ်..သာကိုင်တွယ်နိုင်ရင် ကျိန်းသေ အဆင်ပြေပြေ ပြီးသွားတော့မှာပါ..။တံခါးမှာ ရပ်နေတဲ့ လူက ဂျင်ရှန်းဝမ် ကို လုံးဝ ယှဥ္နိုင်မှာ မဟုတ်ပါဘူး...။

အပေါက်ဝတွင်..။

"ဘေးကိုဖယ်.."

ဂျင်ရှန်းဝမ် လေးနက်စွာ ပြောလိုက်တာပါ..။သူ လီဝမ် အပေါ်မှာ လေးစားမူ လုံးဝ ရှိမနေခဲ့ပါဘူး..။သူ အထဲက ကောင်ကို ပညာပေးဖို့ပဲ စိတ်ရောက်နေခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ...ဘယ်လိုကောင်က သူ့နယ်မြေမှာ ပြသနာရှာ ရဲလဲ ဆိုတာကို သိချင်နေခဲ့တယ်..။

လီ ဝမ် ဟာ မြဲမြံစွာ ရပ်နေပြီး..ဂျင်ရှန်းဝမ်ကိုသာ ခံစားချက်မဲ့ စွာ ကြည့်နေခဲ့ပါတယ်..။

"ဂျင်ရှန်းဝမ်..ကျွန်တော်ကို ကယ်ပါဦး.."

သခင်လေး ကျောင်း..သီးသန့်ခန်းထဲကနေ လှမ်းအော်လိုက်တာပါ..။

သခင်လေး ကျောင်း သေခါနီးနေခဲ့ပါပြီ..။ဒီငနဲက နိပ်စက်တဲ့ နေရာမှာ တကယ်ကို ထိပ်တန်းပါပဲ..။

"သခင်လေး ကျောင်း..ခနစောင့်ဦး.."

ဂျင်ရှန်းဝမ် လှမ်းပြောလိုက်ပြီး..လီဝမ်ကို ကြည့်လိုက်တယ်..။

"ငါမင်းကို စဥ္းစားဖို့ သုံးစက္ကန့် ပေးမယ်..။မင်းနောက်ဆက်တွဲကို တာဝန်ယူနိုင်ရင်တော့. ဆက်နေ့ပေါ့.."

အခန်းထဲတွင်..။

သခင်လေး ကျောင်း အကူညီတောင်းဖို့ ပါးစပ်ဟ တာနဲ့ လင်းဖန် အရက်တွေကို ပါးစပ်ထဲ ဆက်တိုက်လောင်းထည့်နေခဲ့ပါတယ်..။အပြင်မှာ ဖြစ်ပျက်နေတာတွေကို သူ လုံးဝ ဂရုမစိုက်ပါဘူး..။

ဝေါ့..

သခင်လေး ကျောင်းဟာ ခွေးတစ်ကောင် လိုဖြစ်နေခဲ့ပါပြီ..။သူက ဆက်တိုက် ထိုးအန်နေရပြီး..တစ်ခုခုကို အလွန်အကျွံ စားသောက်ထားတဲ့ လူတစ်ယောက်လိုပါပဲ..။

သီးသန့်ခန်းဟာ..ရှုပ်ပွနေပြီး..အယ်လ်ကိုဟော တွေဟာ..နေရာတိုင်းမှာ..ဖိတ်စင်နေခဲ့ပါတယ်..။

သခင်လေး ကျောင်းဟာ ရူးသွပ်နေခဲ့ပါပြီ..။

"ဂျင်ရှန်းဝမ်..မင်းဘာလုပ်နေတာလဲ..။အမြန်လာခဲ့..ငါသေတော့မယ်.."

ဝင်ပေါက်တွင်..။

ဂျင်ရှန်းဝမ် ဒေါသထွက်သွားပြီး မျက်မှောက်ကျုတ်သွားခဲ့တယ်..။ယင်းနောက် ..သူ တံခါးမှာ ရပ်နေတဲ့လီဝမ် ကို ကြည့်လိုက်ပြီး...

"ကောင်းပြီ မင်းဒီလို ဆုံးဖြတ်မှတော့..နောင်တမရနဲ့..."

သူ လက်ဟန် တစ်ချက်ပြလိုက်တဲ့ အချိန်မှာ..အရပ်ရှည်ပြီး သန်မာတဲ့..လူကြီးတွေဟာ..ရှေ့ကို တက်လာခဲ့ကြပါတယ်..။

လီဝမ်ဟာ လုံးဝ မကြောက်ရွံ့ပေ.။အကြီးအကဲ..ကျန်းက လိုအပ်ရင် သူ့ရဲ့ အဆင့်အတန်းကို ဖော်ပြလို့ရတယ် လို့ပြောထားခဲ့ပါတယ်..။

ဂျင်ရှန်းဝမ်ရဲ့ ဗိုက်တာတွေက ရိုးရှင်းတဲ့ လူတွေ မဟုတ်ကြပေ..။လီဝမ် သူတို့တွေ အကုန်လုံးကို အနိုင်တိုက်နိုင်မယ် လို့ ယုံကြည်ချက်ရှိပေမယ့်..သူကိုယ်တိုင်လည်း..သက်သာမှာ မဟုတ်ပါဘူး..။ဒါကြောင့် သူ့ရဲ့ အဆင့်အတန်းကို ထုတ်ဖော်မှ ဖြစ်တော့မှာပါ..။

"ဒါကို သေချာကြည့်.."

ယင်းနောက် လီဝမ်..သူ့အိပ်ကပ်ထဲက..စာအုပ်အသေးလေးကို..ထုတ်ပြီး ဂျင်ရှန်းဝမ်ရဲ့ မျက်နှာရှေ့မှာ ပြလိုက်ပါတယ်..။

အစကတော့ ဂျင်ရှန်းဝမ် သိပ်ဂရုမစိုက်ပေမယ့် အနီးကပ် သေချာ ကြည့်လိုက်တဲ့ အချိန်မှာ ကြောက်ရွံ့သွားခဲ့တယ်..။သူ မြင်နေရတာကို တောင် သူမယုံကြည်နိုင်ခဲ့ပါဘူး.။

တစ်ခြားလူတွေကသာ..ဒီဟာ ကို မမှတ်မိရင် မမှတ်မိမယ်...သူက တော့..မမှတ်မိစရာ အကြောင်းမရှိပေ..။

သူ တိတ်တဆိတ်သာ နေနေပြီးယ..အခြေအနေကို တည်ငြိမ်အောင် လုပ်လိုက်ပါတယ်.. ။

"မင်း မြင်လား..."

လီဝမ် ဂုဏ်ယူစွာ ပြောလိုက်တာပါ..။

ဂျင်ရှန်းဝမ်..တုန်ရီနေခဲ့ပြီး..

"ဒါ ...ဒါက..."

သူ မယုံကြည်နိုင်ခဲ့ပေ..။ယင်းနောက် သူ ခေါင်းမော့ပြီး လီဝမ်ကို သေချာ ကြည့်လိုက်ပါတယ်..။လီဝမ်သူ့ကို လိမ်ညာ နေတာလား သိချင်ခဲ့တာပါ..။သူ ဒါကအစစ်လား ဆိုတာသေချာ မသိပေမယ့် သူ့ရဲ့ နှလုံးသားထဲမှာတော့ အစစ်လို့ ပြောနေခဲ့ပါတယ်..။

"မင်း နားလည်လား လို့ ငါမေးနေတာလေ..။စကားမပြော တတ်တော့ဘူးလား.."

လီဝမ်. လေးနက်စွာ အော်လိုက်တာပါ..။အကြီးအကဲ ကျန်းသူ့ကို အပြည့်အဝ ထောက်ခံပေးမယ် ဆိုတာ သူသိထားပါတယ်..။အကြီးအကဲ ကျန်းရဲ့ဘောဒီဂတ် မဖြစ်ခင် ဒီလို ချဲလန့် တွေ့ အများကြီးကို သူလေ့ကျင့်ခဲ့ရတာပါ..။

ဂျင်ရှန်းဝမ် လည်ချောင်းတွေဟာ..ခြောက်ကပ်နေခဲ့တယ်..။သူ အံ့ဩနေခဲ့ပြီး..

"နား...နားလည်ပါတယ်..."

"မင်းနားလည်တယ် ဆိုရင်..ဘာလုပ်နေတာလဲ..။ဘေးမှာ ရပ်နေလိုက်..။မင်းအဆင့်နဲ့ ဒီကိစ္စမှာ ဝင်ပါချင်နေတာလား..။မင်းရဲ့ ထျန်ယွန် ကလပ်ကို ပိတ်ခိုင်းပြီး မင်းကိုပါ ဘေဂျင်းက ကန်ထုတ်လိုက်ရမလား.."

လီဝမ် ယုံကြည်မူ ရှိစွာ ပြောလိုက်တာပါ..။

ဝုယန်ဂန်ဟာ .. ဂျင်ရှန်းဝမ် အဆူခံနေရတာကို ကြောင် အစွာ ကြည့်နေခဲ့တယ်..။

အရာရာတိုင်းသာ..သရုပ်ဆောင် နေတာမဟုတ်ဘူး ဆိုရင်..ဒီလူရဲ့ နောက်ခံက အတော်ကို..ကြီးမားတဲ့ လူ ဖြစ်မှာပါ..။

All Chapters