← Chapters

ငါ မင်းတို့အကုန်လုံးကို ပြန်ပေးမယ်

Vol. 30 Ch. ၄၄၂

ငါ မင်းတို့အကုန်လုံးကို ပြန်ပေးမယ်

Vol. 30 Ch. ၄၄၂

#ဘာသာပြန် = စနိုးဝှိုက်

အစ်မယန်ဟာ..ဂျင်ရှန်းဝမ်ရဲ့ ခယ်မတစ်ယောက် အနေနဲ့..သူမမှာ ပါဝါ အနည်းငယ်ရှိပါတယ်..။ဒါကြောင့်လည်း..သူမ ထျန်ဟွန် ဗီလာကအရာရာတိုင်းကို စီစဥ္နိုင်နေခဲ့တာပါ..။ထပ်ပြောရရင်..သူမ နဲ့ သူမ ခယ်အို ကြားထဲမှာ ပြောပြလို့မရတဲ့ ဇာတ်လမ်းလေးတွေ ရှိပါတယ်..။

သူမက..သာမန် လူတစ်ယောက်ကနေ..အင်အားရှိတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါပြီ..။သူမ ဒီအခြေအနေရောက်ဖို့ကို အခက်အခဲ အများကြီး..ကျော်ဖြတ်ခဲ့ရတာပါ..။

သူမ ...အကဲခတ်တဲ့ နေရာမှာလည်း အတော်ကျွမ်းကျင်ပြီး တစ်ချက်ကြည့်လိုက်တာနဲ့..အခြေအနေတွေ ဘယ်လို ရှိနေလဲ ပြောနိုင်တဲ့ လူတစ်ယောက်ပါ..။

သူမ .ခဲအို ရဲ့ မျက်နှာကို ကြည့်လိုက်တာနဲ့..တစ်ခုခု ထူးခြားပြီ ဆိုတာကို သူမ ပြောနိုင်ပါတယ်..။လက်ရှိအချိန်မှာ သူမ ရဲ့ ခဲအို ​ကြောက်ရွံ့နေတာကို မြင်ရမှာပါ..။ဒါက တစ်ဖက်လူက .ချမ်းသာလို့ မဖြစ်နိုင်ပါဘူး..။သူမရဲ့ ခဲအိုက ...ချမ်းသာတဲ့ လူတွေကို မကြောက်ရွံ့ပေ..။တစ်ခုတည်းသော ဖြစ်နိုင်ခြေက.. တစ်ဖက်လူက..အတော်ကို..အင်အား ရှိပြီး လွှမ်းမိုးနေနိုင် လို့ ပဲ ဖြစ်နိုင်ပါတယ်..။

အပေါက်ဝ မှာ..ရပ်နေတဲ့..လူက..စာအုပ်လေးပဲ ထုတ်ပြခဲ့တာပါ..။သူမ ဒီစာအုပ် ဘာလဲ..ဆိုတာ..မသိပေမယ့်..သူမ ခဲအိုက အဲတာကို မြင်ပြီး အတော်ထိတ်လန့်သွားပုံထောက်ရင် ..တစ်ခုခု အရေးပါတဲ့ အရာတစ်ခုဖြစ်မဲ့ပုံပါပဲ..။

လီဝမ်..ဒီလို အရာတွေ ကို အမုန်းဆုံးပါတဲ့...။သူ အကြီးအကဲ ကျန်းနဲ့..အတူနေခဲ့ အပြီးမှာ..အကြီးအကဲ ကျန်းလည်း ဒီလို အရာတွေ ကို မုန်းတယ် ဆိုတာ သူသိထားပါတယ်..။ဒီသခင်လေးတွေက..သူတို့ရဲ့ နောက်ခံ အင်အားတွေကို အသုံးပြုပြီး ထင်ရာစိုင်းနေခဲ့ကြတာပါ..။သူ့တို့ဟာ သူတို့ကတော့..ဘာအရည်အချင်းမှ ရှိတဲ့ ကောင်တွေ မဟုတ်ကြပါဘူး..။

မာစတာ လင်း..က အခု သခင်လေး ကျောင်းကို..သင်ခန်းစာပေးနေတုန်း ဖြစ်ပြီး..ဒါက အတော်ကို..ကောင်းမွန်တဲ့ အရာပါ..။

"ငါ မင်းကို ဘေးနားမှာ ရပ်နေလို့ ပြောလိူက်တယ် နော်..။အဲတာ ဘာကို ပြောတာလဲ..မင်း နားလည် ရဲ့လား..."

လီဝမ်...ဂျင်ရှန်းဝမ် ကို ကြည့်ပြီး ပြောလိူက်တာပါ..။

ဂျင်ရှန်းဝမ်က..ဘေဂျင်းမှာ လွမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး အရင်က သူ့ကို ဘယ်သူမှ..ဒီလို အမိန့်မပေးဖူး ပါဘူး..။သို့ပေမယ့် အခုအချိန်မှာတော့..သူလုပ်နိုင်တာ ဘာမှမရှိပေ..။ဘာလို့လဲ ဆိုတော့ ..သူ့ရှေ့မှာ ရှိနေတဲ့ လူက ..သူ့ထက် အဆ တစ်ရာလောက် အင်အားကြီး နေလို့ပါ..။

ယင်းနောက် ဂျင်ရှန်းဝမ်ဟာ ဘေးနားကို သွားပြီး လေးလေးနက်နက် ရပ်နေလိုက်တယ်..။

သို့ပေမယ့်..အထဲမှာ ရှိနေတဲ့ လူက..ဒီလိူ အင်အားမျိုးရှိတဲ့ လူကို သက်တော်စောင့် ခန့်ထားလောက်အာင် ဘယ်လိုလူလဲ ဆိုတာကို သိချင်နေခဲ့ပါတယ်..။

အဲ့အချိန်မှာတော့..သခင်လေး ကျောင်းနဲ့ သူငယ်ချင်းတွေဟာ..သူတို့ လူငယ်မျိုးဆက်တွေ အနေနဲ့ ဒီလူတွေ ဘယ်လို အဆင့်အတန်းရှိလဲ ဆိုတာကို သိကြမှာ မဟုတ်ပါဘူး...။သို့ပေမယ့်..လက်ရှိအချိန်မှာ အနိုင်ကျင့်ခံနေရတာက..သခင်လေးကျောင်း ဖြစ်နေတဲ့ အတွက်..သူတို့..ဒါတွေကို ဂရုမစိုက်နို်င်တာ ပုံမှန်ပါပဲ..။

"အစ်ကို ဝမ်..အဲ့မှာ ဘာရပ်လုပ်နေတာလဲ..။သခင်လေး ကျောင်းကို အထဲသွား မကယ်တော့ဘူးလား.."

သခင်လေး ကျိုးနဲ့ ကျန်တဲ့ သခင်လေး တေံွဟာ စိတ်ပူနေခဲ့ကြပါတယ်..။အခုက အစ်ကို ဝမ်ရဲ့ ပိုင်နက် ထဲမှာ ဖြစ်ပေမယ့် အစ်ကို ဝမ်က ဘာမှ မလှုပ်ရှားတော့ပါဘူး..။

စောက်ကျိုးနဲ အစ်ကို ဝမ်က ဘာဖြစ်သွားတာလဲ...

အစ်မယန် ဟာ.သခင်လေး ကျိုးနဲ့ တစ်ခြား လူတွေကို လက်တို့ပြီး ခေါင်းခါယမ်း ပြလိုက်ပါတယ်.။သူမ ဒီသခင်လေး တွေကို မေးခွန်းတွေ အများကြီးမမေးဖို့ အချက်ပြလိုက်တာပါ..။သူမ အခြေအနေတွေကိုနားလည် ထားပြီးပါပြီ..။သူမရဲ့ ခဲအို ဒီလိုဖြစ်သွားရတာက ...အထဲက လူရဲ့ အဆင့်အတန်းကို လိုက်မမှီ နိုင်လို့ပါ..။

သခင်လေး ကျိုးနဲ့ တစ်ခြား သခင်လေးတွေက လည်း အရူးတွေ မဟုတ်ကြပါဘူး.။အခြေအနေ ပြောင်းလဲ သွားတာကို သူတို့ ချက်ခြင်းသဘောပေါက်လိုက်ကြပါတယ်..။

သို့ပေမယ့် ဒါက မဖြစ်နိုင်ပေ..။သူတို့ အစောက လူကို တကယ် မမှတ်မိခဲ့တာပါ..။

ဒီလိုက. ဘယ်လိုလုပ် အဆင့်အတန်းမြင့် တဲ့ လူဖြစ်နိုင်မှာလဲ..

သူက လူတိုင်းကို ရပ်တန့်ထားပြီး..အစ်ကို ဝမ်တောင် သူ့ကို ဘာမှ လုပ်လို့ မရပါဘူး..။

သီးသန့်ခန်းထဲတွင်..။

"ဂျင်ရှန်းဝမ်..မအိမ်လံူး..။ ငါက မင်းနယ်မြေထဲမှာဒုက္ခရောက်နေတာလေကွာ..။မင်းက အခု ဘာလုပ်နေတာလဲ..။ဒါကို မှတ်ထားလိုက်..ငါမင်းကို သင်ခန်းစာ ကောင်းကောင်းပေးရမယ်..."

သခင်လေး ကျောင်း...အခန်းထဲက နေလှမ်းအော်နေခဲ့တာပါ..။

သူတကယ်ကို ဒေါသထွက်နေခဲ့ပါပြီ..။ဂျင်ရှန်းဝမ် သူ့ကို..ဒီလိုဆက်ဆံလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

သို့ပေမယ့်..သူ့ရဲ့ အရည်အချင်းနဲ့ ဂျင်ရှန်းဝမ်ကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်ဘူး ဆိုတာကို သူသိထားပါတယ်..။သို့ပေမယ့်..ဒေါသထွက်ပြီး ဂျင်ရှန်းဝမ်ကို ကျိန်ဆဲနေတာက သူလုပ်နိုင်တာ အကုန်ပါပဲ..။

ဂျင်ရှန်းဝမ်ကတော့..ခံစားချက်မဲ့ စွာထိုင်နေခဲ့တယ်..။သူ ဒီကိစ္စမှာ ဝင်မပါတော့ပါဘူး..ပါလည်း မပါဝင်ချင်တော့ပေ..။တစ်ကယ်လို့..ဒီလူပြတဲ့ အဆင့်အတန်းသာ တကယ်စစ်မှန်ခဲ့ရင်...သူ့မှာတွန်းလှန်နိုင်တဲ့ အင်အား မရှိပါဘူး..။

သူသာ..ဒီလို လူတွေကို..ဆန့်ကျင်မိရင်..သူ့ရဲ့ အင်ပါယာ တစ်ခုလုံး တစ်ညအတွင်း ဆုံးရှုံးသွားယုံသာမက.. သူကိုယ်တိုင်ပါ ထောင်နန်းစံ သွားရတော့မှာပါ..။ဒီလိုဆို ကြိုစားခဲ့ရသမျှက..အကုန်အချည်းနှီး ဖြစ်သွားမှာပါ..။

လင်းဖန် ဟာ ဒေါသထွက်နေခဲ့ပြှီး..စိတ်မပြေသေးပေ..။သူ မြေကြီးမှာ လဲနေတဲ့..သခင်လေး ကျောင်းကို နောက်တစ်ချက် စောင့်ကန်လိုက်တယ်..။ယင်းနောက် သူ အခန်းအပြင်ကို ထွက်သွားခဲ့ပါတယ်..။သခင်ကျောင်း..က အဓိက လူဆိုပေမယ့် လည်း တစ်ခြား လူတွေ..ကိုလည်း အလွယ်တကူ လွှတ်ပေးလို့ မရပါဘူး..။

လီဝမ် ဘေးကို ဖယ်ပေးလိုက်ပြီး..

"မာစတာ လင်း..ဖြေရှင်းပြီးသွားပြီလား..."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"မဟုတ်ဘူး.. ခနနေမှ ပြီးမှာ..."

ဝုယန်ဂန်ဟာ မာစတာ လင်းကို မြင်တဲ့ အချိန်မှာ ရှေ့ကို တက်သွားလိုက်တယ်..။သူ မြင်နေရတာတွေကို အတော်အံ့ဩနေခဲ့ပါပြီ..။

တံခါးမှာ ရပ်နေတဲ့ လူက မာစတာ လင်းရဲ့ သက်တော်စောင့် ဖြစ်ပြီး. သူက.ဂျင်ရှန်းဝမ်ကို ခြိမ်း​ခြောက်ဖို့ တစ်ခုခု ထုတ်ပြခဲ့ပါတယ်..။အဲ့အချိန်ကတည်းက. ဂျင်ရှန်းဝမ်..မလှုပ်ပဲ ..ဘေးနားမှာ ရပ်နေတော့တာပါ..။

မာစတာ လင်းက တကယ်ကို အံ့ဩစရာ လူတစ်ယောက်ပါပဲ..။

"မာစတာ လင်း..."

ဝုယန်ဂန် ..တစ်ခုခု ချင်ပေမယ့် လင်းဖန် ရဲ့ ဖြတ်ပြောခြင်းကို ခံလိုက်ရပါတယ်..။

"မင်ယန်ကိုပဲ..ဂရုစိုက်ထား..။ဒါကို ..ကျုပ်နဲ့ လွှဲထားလိုက်.."

ယင်းနောက် သူ..သခင်လေး ကျိန်းနဲ့ ကျန်တဲ့ လူတွေကို ကြည့်လိုက်ပြီး လက်ညိုးထိုးကာ..

"မင်းတို့ အကုန်လုံး..အထဲကို လာခဲ့ကြ.."

သခင်လေး သုံးယောက်ဟာ..တစိယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး..သခင်လေးကျောင်း ဘယ်လို အနိုင်ကျင့် ခံရလည်း..တွေးမိနေခဲ့ကြပါတယ်..။ယင်းနောက် သူတို့..စိတ်ပူနေကြပြီး အထဲကို မဝင်ရဲကြပေ..။

လင်းဖန် သူတို့ထဲက ..နှစ်ယောက်ကို ဂုတ်က ဆွဲပြီး အခန်းထဲ ခေါ်သွားလိုက်ပါတယ်..။သခင်လေး မာဟာ ဒါကို မြင်တဲ့ အချိန်မှာ ထွက်ပြေးဖို့ လုပ်လိုက်တယ်..။

သိုပေမယ့် လင်းဖန်ကတော့ အခန်းထဲကို ဝင်သွားခဲ့ပါပြီ..။

သခင်လေး ကျိုးနဲ့ သခင်လေး ဟွန်ဟာ..အခန်းထဲက သခင်လေး ကျောင်း..ကိုမြင်တဲ့ အချိန်မှာ..ကြောက်ရွံ့လွန်းလို့ တုန်လှုပ်နေခဲ့ကြပါတယ်..။သခင်လေး ဒီလို အခြေအနေ ရောက်ရအောင် ဘယ်လောက်တောင် အနိုင်ကျင့်ခံရလည်း မသိတော့ပါဘူး..။အခန်းကလည်း..အရက်နံ့တွေ..အန်ထားတဲ့ အနံ့တွေနဲ့ ဖုံးလွမ်းနေခဲ့ပါတယ်..။

သူတို့နှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြောက်ရွံ့စွာ ကြည့်လိုက်ကြတယ်..။

"ဒူးထောက်.."

လင်းဖန် ပြောလိုက်တာပါ..။

သခင်လေး ကျိူးနဲ့ သခင်လေးဟွန် ဟာ..တံတွေးကို မြိုချလိုက်ပြီး..ချက်ချင်း ဒူးထောက်ချလိုက်တယ်..။

လင်းဖန် သူတို့ နှစ်ယောက်ရှေ့က စားပွဲမှာ အရက်ခွက် နှစ်ခွက်ချလိုက်ပြီး..ညွှန်ပြလိုက်တယ်...။

"သောက်..ငါမင်းတို့နဲ့ ခွက်ခြင်း တိုက်ပေးမယ်.."

သခင်လေး ကျိုး ခေါင်းမော့ပြီး..အားနည်းစွာ ပြောလိုက်ပါတယ်..။

"ဒါက ကျွန်တော်တို့ကို သတ်လိုက်မယ်..."

"သောက်.."

လင်းဖန် မတ်တတ်ရက်ပြီး ထပ်ပြောလိုက်တာပါ..။

"မင်းတို့ ငါ့သူငယ်ချင်းကို အနိုင်ကျင့်တုန်းက သဘောကျနေခဲ့ကြတယ်မလား..။အခု ..မင်းတို့အလှည့်ပဲ..။သောက်...ပြီတော့ ငါ..လင်းဖန်ရဲ့ ..အရက်ကို ဘယ်သူမှ..ငြင်းပယ်လို့ မရဘူး ဆိုတာကိုတော့ မှတ်ထားကြ..."

သူတို့ နှစ်ယောက်ဟာ တစိယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး အခုထိ မသောက်ကြသေးပါဘူး.။

"မင်းစည်းကျော် မလာနဲ့ ငါတို့က...."

"ကောင်းပြီ..မင်းတို့က မသောက်ချင်ဘူး ဆိုတော့..ငါမင်းတို့ကို တိုက်ပေးမယ်..။ဒါပေမဲ့..မင်းတို့လည်း သူ့အခြေအနေ ရောက်ကြမယ် ထင်တယ်နော်..."

လင်းဖန် ပြောလိုက်တာပါ..။သူ ဝမ်မင်ယန်ကို အနိုင်ကျင့်တဲ့ ကောက်တွေကို ညှာတာ နေမှာ မဟုတ်ပါဘူး..။

သူ ဆယ်ဆ..အဆ တစ်ရာ လောက် ပြန်ပေးဆပ်ရအောင် လုပ်မှာပါ..။

ဒါက.. လင်းဖန် သူ့ သူငယ်ချင်းတွေအတွက်..လက်စားချေ တဲ့ နည်းလမ်းပါပဲ..။

သခင်လေး ကျိူးနဲ့ သခင်လေး ဟွန်ဟာ အကူညီမဲ့ သွားခဲ့တယ်..။သူတို့..က ဘေဂျင်းမှာ..အင်အားကြီးတဲ့ နောက်ခံရှိကြ​ပြီး...ဥပဒေမဲ့ ရမ်းကားနေတဲ့ လူငယ်လေးတွေပါ..။ တကယ်လို့ တစ်စုံတစ်ယောက်ကသာ..ဒီသခင်လေးတွေ အနိုင်ကျင့်ခံနေရပြီလို့ ပြောရင် ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ပါဘူး..။

သူတို့ လုံးဝ ယုံကြည်ကြမှာ မဟုတ်ပေ..။

သို့ပေမယ် ဒီအဖြစ်အပျက်က..ဒီလိုဖြစ်နေမှတော့...သူတို့ ယုံကြည်ကြရတော့မှာပါ..။

လင်းဖန် ဝိုင် နှစ်ပုလင်းကို မြင်ပြီး..လျောက်သွားလိုက်ကြပါတယ်..။

"မှတ်ထားကြ..အကုန်လုံးကို အခု ကုန်အောင်သောက်..။တကယ်လို့ အပြင်ကို..တစ်စက် ဖိတ်သွားတာကို ငါတွေ့ရင်..မင်းတို့အတွက် ငါ နောက်တစ်ပုလင်း ထပ်ယူပေးမယ်.."

သခင်လေး နှစ်ယောက်ဟာ..လင်းဖန်ကို ဆွ့ံအစွာ ကြည့်လိုက်ကြပါတယ်..။

သူတို့ရဲ့ အသံတွေ ဟာ တုန်ရီ နေခဲ့ကြပြီး..

"ကျွန်တော်တို့.. မ..မသောက်...."

All Chapters