← Chapters

ငါ့ကို မာစတာ လင်းလို့ခေါ်

Vol. 30 Ch. 443

ငါ့ကို မာစတာ လင်းလို့ခေါ်

Vol. 30 Ch. 443

#ဘာသာပြန် = စနိုးဝှိုက်

သီးသန့်ခန်းထဲတွင်..။

သခင်လေး ..ကျိူးဟာ ငို​ကြွေးတော့မယ့် ပုံစံဖြစ်နေခဲ့ပြီး..

"ငါတို့ လုပ်ရမလဲ...တကယ်သောက်ရတော့မှာလား..."

သခင်လေး ဟွန်လည်း ဒီလိုပဲ ခံစားနေခဲ့ရပါတယ်..။

"ငါတို့ ဘာလုပ်နိုင်မှာ မို့လို့လဲ..။ဘာတွေ ဖြစ်နေလဲ ဆိုတာကို မင်းမမြင်ဘူးလား..။ငါတို့ ဒီလူကို မသိပေမယ့်.ဂျင်ရှန်းဝမ် ရဲ့ ပုံစံကို ကြည့်ရင်..ဒီလူရဲ့ နောက်ခံကို ခန့်မှန်းလို့ရတယ်..."

"တစ်ယောက်ယောက်ကို ရှာရင်ရော..။ဘေဂျင်းမှာ သူ့ကို ရိုက်ချနိုင်တဲ့ လူ မရှိတာတော့ မဖြစ်နိုင်ဘူး..."

သခင်လေး ကျိုးပြောလိုက်တာပါ..။

"ဘယ်သူ့ကိုသွားခေါ်မှာလဲ..။မင်းမိသားစုကို ခေါ်မယ် လို့တော့ မပြောနဲ့နော်..။ကိုယ့်အခြေအနေကို သိသင့်တယ်..။မေ့လိုက်တော့..သောက်ကြရအောင်..."

သခင်လေး ဟွန် ဘာမှ ထပ်မပြောတော့ပါဘူး..။ဒီတစ်ကြိမ်တော့ သူတို့ အရှုံးကို ဝန်ခံကြရမှာပါ..။သူ့လက်ထဲက..ဝိုင်ခွက်ကို ကြည့်နေရင်း အနည်းငယ်တော့ ကြောက်ရွံ့နေမိပါတယ်..။သို့ပေမယ့် သူ အံကို ကြိတ်ပြီး..အရက်ကို တစ်ချိုက်တည်း စောက်လိုက်တယ်..။

အပြင်ဘက်တွင်..။

ဂျင်ရှန်းဝမ ် လင်းဖန်ကို ကြည့်လိုက်တယ်..။သူ့စိတ်ထဲမှာတော့..ဒီငနဲ ဘယ်သူလဲ ဆိုတာ သိချင်နေခဲ့ပါပြီ..။သို့ပေမယ့်..သူ ဒီလူကို သိပ်တော့ မရင်းနှီးပေ..။သူ ဒီလူ ကို မသိတာတော့ အသေအချာပါပဲ..။

ဝမ်မင်ယန်..အရက်မူးကာ..တယိမ်းတယိုင် လျောက်လာပြီး..

"ဟေး..မင်းက ဒီမှာရောက်နေတာပဲ..."

လင်းဖန်..အနည်းငယ် စိတ်ရှုတ်သွားခဲ့ပြီး...

"ကျုပ် ရောက်နေတာ ကြာပြီလေ..။ခင်ဗျား ကိုယ့်ဟာကို သောက်ခဲ့တာလား..."

* ငိုကြွေးမူ*

ရုတ်တရက်ကြီး..ဝမ်မင်ယန်ဟာ..ထငိုပါတော့တယ်..။ဒီလိူ အသက်အရွယ်နဲ့ လူ..ငိုကြွေးတာကိုမြင်ရတာ လင်းဖန်အတွက်တော့ တုန်လှုပ်စရာ ပါပဲ...။

"မင်းလာမယ် ဆိုတာ ငါသိသားပဲ..။သူတို့က ငါ့ကို အရက်အတင်းတိုက်ကြတာ..။ငါလည်း စိတ်ဆိုးပြီး သောက်ခဲ့တာလေ..."

လင်းဖန် စကားမှ မပြောပဲ ..ဖုန်းကို ထုတ်ကာ မှတ်တမ်းတင်လိုက်ပါတယ်..။သူ..က နည်းနည်းမူနေရင် တောင် ဒီလိူ အကြောင်းအရာတွေကို ထုတ်ပြောမယ့် လူမဟုတ်ပါဘူး..။အခုက သူအရမ်းမူးနေတဲ့ အတွက် သူ မ​ကျေနပ် တာတွေကို ငိုကြွေးပြီး ပြောလာခဲ့တာပါ..။

"ကောင်းပြီ ကောင်းပြီ..ဘာမှ ခံစားမနေနဲ့..။ခင်ဗျား မျက်နှာ ပြန်ရအောင် ကျုပ်လိုက်ပေးပြီးပြီလေ..."

လင်းဖန် ဝမ်မင်ယန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်တာပါ..။

ဝမ်မင်ယန်ဟာ..အတော်ကို မူးနေခဲ့တာပါ..။ရုတ်တရက် သူ ထိုင်ချလိုက်ပြီး ..လက်ဝေ့ယမ်း လိုက်ကာ..

"ငါ့ကို မထိနဲ့..ငါ ခနထိုင်ပြီး နားလိုက်ဦးမယ်..."

လင်းဖန် ခေါင်းခါယမ်း လိုက်ပါတယ်..။ဝမ်မင်ယန် သူ့ဟာသူ ထိုင်နေတာကို ကြည့်ပြီး လင်းဖန် ဖုန်းပြန်သိမ်းလိုက်တယ်..။သူ ရိုက်စရာ ရှိတာကို ရိုက်ပြီးသွားပါပြီ..။သူ ဒီ ဗီဒီီယိုကို မနက်ကျရင် ဝမ်မင်ယန်ကို ပြန်ပြရမှာပါ.။သူ ဒါကို မြင်ရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ပါပဲ...။

သူ အရက်တွေကို အချိန်မှီ ပြန်အန်ထုတ်လိုက်တာ ကောင်းသွားတာပါ..။မဟုတ်ရင်..အခု ချိန် သူ ဒီလောက်တောင် လမ်းလျောက် နိုင်မှာ မဟုတ်ပဲ..မြေကြီးပေါ်မှာပဲ..လှဲနေရတော့မှာပါ..။

လီဝမ်ဟာ ..မတ်တတ်ရပ်ပြီး မာစတာ လင်းကို ပြောလာမှာကို စောင့်နေခဲ့ပါတယ်..။တကယ်လို့ မာစတာ လင်းက ဒီကိစ္စပြီးပြီ လို့ပြောရင်..ပြီးပြီ ဖြစ်ပြီး..မပြီးသေးဘူးလို့ ပြောရင် ဒီကိစ္စက မပြီးသေးပါဘူး..။

ဝုယန်ဂန် ...ကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် ကြောင်အနေခဲ့ပါပြီ..။မာစတာ လင်း ဘေဂျင်းမှာ ဒီလောက် အထိ ပါဝါရှိနေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။သူက မာစတာ လင်းကို ဆိုင်လေး ဖွင့်ထားတဲ့ ထူးဆန်တဲ့ လူတစ်ယောက် အဖြစ်ပဲ သိထားတာပါ..။အခုတော့..သူ့ရဲ့ ထင်မြင်ချက်တွေက ပြောင်းလဲ သွားခဲ့ပါပြီ..။

ဒီနေ့ ဝမ်မင်ယန် သာ..အနိုင်ကျင့် မခံရဘူးဆိုရင် သူ မာစတာ လင်းရဲ့ ကြမ်းတမ်းတဲ့ ဘက်ခြမ်းကို မြင်ရမှာဦးမှာ မဟုတ်ပါဘူး..။

ဝမ်မင်ယန် မာစတာ လင်းနဲ့ ဒီလောက်ရင်းနှီးနေတာမြင်တော့ သူတောင် မနာလို ဖြစ်ရပါတယ်..။

မာစတာ လင်းက ဒါတွေ အကုန်လံူးကို ဝမ်မင်ယန် ကြောင် လုပ်ခဲ့တာပါ..။

သို့ပေမယ့် ရှက်ဖို့ကောင်းတာက..ဝမ်မင်ယန်က အမူးလွန်နေပြီး သူ့အတွက်..မာစတာ လင်းဘာတွေ

လုပ်ပေးနေလဲ မသိနိုင်တော့ပေ..။

"မင်း..."

လင်းဖန် အစ်မယန်ကို လက်ညိုးထိုးလိုက်တယ်..။

"ကျွန်မလား.."

အစ်မယန် ကြောင်အသွားခဲ့ပါတယ်..။သူမ အနည်းငယ် ကြောက်ရွံ့ပြီး ထိတ်လန့် နေခဲ့ပါပြီး...။

လင်းဖန်..သူ့လက်ထဲမှာ ဝိုင်တစ်ပုလင်းကိုင်ပြီး ပြောလိုက်တယ်..။

"နင်လည်း ပါတာကို ငါသိတယ်..။နင် က မိန်းကလေး ဖြစ်နေတော့..ငါ ခက်ခဲအောင်မလုပ်တော့ဘူး.။ဒီ တစ်ပုလင်း ကုန်အောင် သောက် အဲတာဆိုရင် အကုန်ပြီးသွားပြီ..."

အစ်မယနိ သူမ ခဲအိုကို ကြည့်လိုက်တယ်..။သူမ ထျန်ယွန် ဗီလာမှာ အခြေအနေတွေ အများကြီး ဖြတ်သန်းလာခဲ့ရပေမယ့်..ဒီလို အဖြစ်အပျက်ကို ကိုယ်တိုင် ကြုံရတော့ ကြောက်ရွံ့မိပါတယ်..။

လင်းဖန် သူမ ကို ကြည့်လိုက်ပြီး...

"ဘာလည်း ပြသနာ ရှိလို့လား..."

အစ်မယန် ခေါင်းကို ငုံ့ထားလိုက်ပြီး..

"ငါ...ငါ..မသောက်နိုင်..."

သူမသာ..ဒါအကုန် သောက်လိုက်ရင်..နောက်ဆက်တွဲတွေကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး..။သူမ ဆေးရုံပေါ်မှာပဲ အဆုံးသတ်ရမှာပါ..။

"နင် မသောက်နိုင်ဘူးဆို ..ဘာလို့ ငါ့သူငယ်ချင်း ကို အတင်းသောက်ခိုင်းတာလဲ..။နင်က ဒါကို ဟာသ တစ်ခုလို့ ထင်နေတာလား...။ပြသနာ မရှိဘူး..ဒီနေ့ ငါ့မှာ အချိန်တွေ အများကြီး ရှိနေတာ..။ငါ နင်နဲ့ အေးဆေး ကစားပေးလို့ရတယ်.."

ဂျင်ရှန်းဝမ် မျက်မှောင်ကျုတ်လိုက်တယ်..။သူက အခြေအနေတွေကို ဒီတိုင်းလွှတ်ထားပေးပြီး သွားပါပြီ..။ဘာပဲဖြစ်ဖြစ်...သူမက သူ့ရဲ့ ခယ်မ တစ်​ေယာက်ဖြစ်နေပါသေးတယ်...။သူမ တစ်ပုလင်းလုံးသောက်ရမှာကို သူ ရပ်ကြည့်မနေနိုင်ပေ..။

"သခင်လေး လင်း..."

ဝုယန်ဂန် ခေါ်ပုံအရ ဒီလူငယ်လေးရဲ့ ..မျိုးရိုးနာမည်က..လင်း ဖြစ်နိုင်ပြီး..သူ့ရဲ့ နောက်ခံအရ..သခင်လေး လင်း လို့ခေါ်ရမှာပါ..။

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ကျွန်တော်ကို သခင်လေး လင်းလို့ မခေါ်နဲ့..။မာစတာ လင်း လို့ပဲခေါ်..။ကျွန်တော်က ဒီတေလေဂျပိုး တွေလို မဟုတ်ဘူး..။ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ.."

ဂျင်ရှန်းဝမ်..လင်းဖန် ဘယ်သူလဲ မသိတာကြောင့် ကြောက်ရွံ့သွားခဲ့ပြီး..

"မာစတာ လင်း..ဒါက ကျွန်တော်ရဲ့ ခယ်မလေးပါ..။သူမှားတာ တွေ ရှိရင်.နောကိဆက်တွဲတွေကို ကျွန်တော် တာဝန်ယူပါရစေ..။သူမ က မိန်းကလေး ဆိုတော့ မသောက်နိုင်ဘူးလေ..။ကျွန််တော်ကပဲ သူမ အစား သောက်ပါရစေ..။ကျွနိတော် စည်းမျဥ်းတွေကို သိပါတယ်..။နှစ်ပုလင်းလေ..."

လင်းဖန် ပြုံးလိုက်ပြီး...

"ခင်ဗျား..ခယ်မလေးကိုယ်စား.. သောက်ပေးချင်တာလား.."

"ဟုတ်ပါတယ်..ကျေးဇူးပြုပြီး..သူမရဲ့ ရိုင်းစိုင်းမူတွေကို ခွင့်လွှတ်ပေးပါ.. "

ဂျင်ရှန်းဝမ် ပြောလိူက်တာပါ..။

"ကောင်းပြီလေ.."

" ခဲအို..."

အစ်မယန် စိတ်ပူနေခဲ့တယ်..။သူ နှစ်ပုလင်း သောက်ရင်..နောက်ဆက်တွဲကို တောင့်ခံ နိုင်ပါ့မလား...။

ဂျင်ရှန်းဝမ် လက်ဝေ့ယမ်းပြီး..လင်းဖန် လက်ထဲက ဝိုင်ပုလင်းကို ယူလိုက်တယ်..။ယင်းနောက် သူ့လူတစ်ယောက်ကို နောက်ထပ် တစ်ပုလင်း..ယူခိုင်လိုက်ပါတယ်..။သူ ပထမ ပုလင်းကို စပြီး မော့လိူက်ပါတယ်..။

ဝိုင်တွေမှာ အယ်ကိုဟော ပါဝင်မူ မြင့်တာကြောင့်.အစာအိပ် ထဲမှာ လောင်ကျွမ်းမူ ဖြစ်စေပြီး..တစ်စုံတစ်ယောက်ကို မှောက်သွားစေနိုင်ပါတယ်..။

သို့ပေမယ့် ဂျင်ရှန်းဝမ်က မျက်နှာကြီး နီရဲပြီး တောင့်ခံ နေခဲ့တာပါ..။အသက်တောင် မရူပဲ..သူ တစ်ပုလင်းလုံးကို ဆက်တိုက်သောက်လိုက်တယ်..။သူ အန်ချင်စိတ်ကို တောင့်ခံပြီး နောက်ထပ် တစ်ပုလင်းကို ထပ်ဖွင့်လိုက်ပါတယ်..။

ခနကြာပြီးနောက်..။

ဂျင်ရှန်းဝမ် အနည်းငယ်..ယိုင်နေပြီး ပြောလိုက်တယ်..

"မာစတာ လင်း ကျွန်တော် သောက်ပြီးသွားပြီ...အဆင်ပြေရဲ့လား..."

လင်းဖန် သူ့ကို ချီးကျူးလိုက်တယ်..။

"ကောင်းတယ်..မဆိုးဘူး.။ခင်ဗျားက လူကောင်းတစ်ယောက်မဟုတ်ပေမယ့် စိတ်ဓာတ်ခိုင်မာ သားပဲ..။လီဝမ် သွားကြမယ်..ဒီကိစ္စက ပြီးသွားပြီ..."

ဝုယန်ဂန်ဟာလည်း ဝမ်မင်ယန်ကိုတွဲကာ လင်းဖန် နောက်က လိုက်သွားခဲ့ပါတယ်..။

လင်းဖန် နဲ့ ကျန်တဲ့ လူတွေ ထွက်သွားပြီးနောက်မှာ ဂျင်ဟွန်မင်ဟာ ဒူးထောက်ကျသွားပြီး အသည်းအသန် ထိုးအန်လိုက်တယ်..။သူ အန်နေတာတွေကတော့..အရက်တွေပါ..။

"ခဲအို အဆင်ပြေရဲ့လား..."

အစ်မယနိ မျက်လုံးတွေ နီရဲပြီး စိုးရိမ်နေခဲ့တယ်..။သူမရဲ့ ခဲအို တစ်ခုခုဖြစ်သွားမှာကို သူမ စိုးရိမ်နေခဲ့တာပါ..။

ဂျင်ရှန်းဝမ် လက်ဝေ့ယမ်းလိုက်ပြီး..

"ငါအဆင်ပြေတယ်..ငါအဆင်ပြေတယ်..။အနာဂတ်မှာ ဘယ်သူ့ကိုမှ အနိုင်မကျင့်နဲ့.။ဒီတစ်ကြိမ်က ညှိနှိုင်းလို့ရတဲ့ လူမို့လိူ့..မဟုတ်ရင်..အခြေအနေတွေ ပြောင်းလဲ ကုန်လိမ့်မယ်..."

အစ်မယန် ခေါငိးညိမ့်လိုက်တယ်..။

"ကျွန်မ နားလည်ပါပြီ ခဲအို..။ကျွန်မ ခဲအို အနားယူဖို့လိုက်တွဲပေးမယ်..."

သူတို့ကို ၂ ပုလင်းပဲ သောက်ခိုင်းလို့ပါ..။ဒီထက်များများ သောက်ဆိုရင်လည်း သူတို့ ငြင်းလို့မ ပါဘူး..။

သီးသန့်ခန်းထဲတွင်..။

သခင်လေး ကျိုးနဲ့ သခင်လေး ဟွန်တို့ဟာ တစ်ပုလင်းတောင် မကုန်သေးပေ..။သူတို့ တစ်နေရာလုံးမှာ ထိုးအန်ပြီးနေပါပြီ..။သူတို့ ဆက်မသောက်နိုင်ကြတော့ပေမယ့်..မာစတာ လင်း ထွက်သွားတာ မသိတော့ ဆက်ပြီး သောက်နေခဲ့ကြပါတယ်..။

ဝိတ်တာတွေဟာ ရောက်လာခဲကြတယ်..။

သူတို့ နှစ်ယောက်ဟာ ဆူလိုက်ကြပါတယ်..။

"မင်းတို့ ဘာကို လာကြည့်နေကြတာလဲ.."

ဝိတ်တာလေးတွေဟာ ကြောက်ရွံ့သွားကြပြီး..

"သခင်လေး ကျိုး..သခင်လေး ဟွန်..ဟိုလူက ပြန်သွားပြီ..."

သူတို့ိနှစ်ယောက်ဟာ ဒါကို ကြားတဲ့ အချိန်မှာ လက်ထဲက ..ဝိုင်ပုလင်းတွေကို လွင့်ပစ်လိုက်ကြပါတယ်..။

"မင်းတို့ ဘာလို့ စောစော မပြောတာလဲ..."

ယင်းနောက် သူတို့ဟာ ကြမ်းပြင်ပေါ် ပုံကျသွားပြီး မလှုပ်ကြတော့ပေ..။

သူတို့ဟာ တကယ်ကို ပင်ပန်းနေခဲ့ကြပါပြီ..။သူ့တို့ အသက်တွေ မရှိတော့ဘူးလို့တောင် သူတို့ ခံစားနေကြရပါတယ်..။

All Chapters