ဒီအပြုံးက ကြောက်ဖို့ကောင်းတယ်
Vol. 30 Ch. 444
#ဘာသာပြန် = စနိုးဝှိုက်
ကားထဲတွင်..။
လင်းဖန် နောက်ဘက်မှာ ထိုင်နေတဲ့ ဝမ်မင်ယန်ကို ကြည့်ပြီး အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်ပါတယ်..။ဒီညက..ဝမ်မင်ယန် အတွက်တော့..ဆိုးရွားတဲ့ မတော်တဆမူ တစ်ခုပါပဲ..။သူ ဒီလောက် သောက်နိုင်ခဲ့တာကိုတော့..အမှန်တကယ် ချီးကျူးရမှာပါ..။
သူ နောက်တစ်ရက် နိုးလာတဲ့ အချိန်မှာ.. ဒီနေ့ည ဘာဖြစ်ခဲ့လဲ ဆိုတာကို မမှတ်မိတာလည်း ဖြစ်နိုင်ပါတယ်..။
လင်းဖန် မှာ..ဝမ်မင်ယန် အိပ်ယာကနေ နိုးလာရင်..ခေါင်းမကိုက်အောင် လုပ်ပေးတဲ့ နည်းလမ်း တွေရှိပေမယ့်..မလုပ်ပေးပဲ..ဒီတိုင်း ထားဖို့သာ ဆုံးဖြတ်လိုက်တယ်..။ဝမ်မင်ယန် နောက်တစ်နေ့ မနက်မှာ သေလောက်အောင် ခေါင်းကိုက်ပြီး နိူးလာမှ ..အနာဂတ်မှာ မှတ်လောက် သားလောက် ဖြစ်မှာပါ..။
လီဝမ်ဟာ..ကားမောင်းနေခဲ့တယ်..။
"မာစတာ လင်း..ဘယ်ကိုမောင်းပေးရမလဲ."
အခုဖြစ်ပျက် ခဲ့တာတွေက လီဝမ် အတွက်ကတော့ ဘာမှ မဟုတ်ပါဘူး..။ဒီ ရိုင်းစိုင်းတဲ့ သခင်လေးတွေက သူ့အတွက်တော့ ဘာကောင်တွေမှ မဟုတ်ပေ..။သူ အကြီးအကဲ ကျန်း နဲ့..အတူ နေရာပေါင်းများစွာကို သွားဖူးပြှီး..တကယ်ကို ထူးချွန်ထက်မြက် တဲ့ သခင်လေးတွေကို တွေ့ဖူးပါတယ်..။သို့ပေမယ့် ဒီလို ရိုင်းစိုင်းတဲ့ သခင်လေးတွေကိုတော့ ပထမဆံူး တွေ့ဖူးတာပါ..။
လင်းဖန် အချိန်အတော်ကြာအောင်..တွေးပြီး.ပြန်ဖြေလိုက်တယ်..။
"ဟော်တယ် ဆီပဲ ပြန်သွားရအောင်..။အကြ္ီးအကဲ ဝု..ခင်ဗျားက လမ်းတွေ ကျွမ်းကျင်တယ်ဆိုတော့ ကျွန်တော် တို့ နေတဲ့ ဟော်တယ်ကိုလမ်းပြပေး လိုက်ပါဦး.."
ဝုယန်ဂန်ကတော့..အခုထိ တုန်လှုပ်နေတုန်းပါပဲ..။ခုနက အဖြစ်အပျက်တွေက သူ့အတွက်တော့ တကယ်ကြောက်ဖို့ ကောင်းခဲ့တာပါ..။
အခုချိန်အထိ ..သူ ခုနက အဖြစ်အပျက်တွေကိုပဲ ပြန်တွေးနေခဲ့ဖြစ်ပြီး ..လင်းဖန် မေးတာကို ကြားမှ အသိစိတ်ပြန်ဝင်လာခဲ့တယ်..။
"အဲ့ဟော်တယ်က..ကျွန်တော် ဖွင့်ထားတာလေ..။ဒီကနေ...."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။အခုအခြေအနေက ဝမ်မင်ယန်ကို အိပ်ယာပေါ် အမြန်တင်လိုက်ဖို့ပါပဲ..။ဒါဆို ကျန်တဲ့ လူတွေပါအေးအေးဆေးဆေး နားလို့ရကြပါပြီ..။
ဝုယန်ဂန်ကတော့ ကြောက်နေတုန်းပါ..။ဒါကြောင့် သူအကူညီမဲ့စွာ မေးလိုက်တယ်..။
"မာစတာ လင်း...ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ...အဆင်ပြေပါ့မလား..."
လင်းဖန် လက်ဝေ့ယမ်း လိုက်ပြီး...
"ပြသနာ မရှိဘူး..။စိတ်ထဲထား မနေနဲ့..."
လီဝမ် ရယ်မောလိုက်တယ်..။
"ဒီကိစ္စကို စိတ်မပူနဲ့..အကြီးအကဲ ကျန်းက တာဝန်ယူပေးလိမ့်မယ်.."
"အကြီးအကဲ ကျန်းက ဘယ်သူလဲ.."
ဝုယန်ဂန် မေးလိုက်တာပါ..။
လီဝမ် ရယ်လိုက်ပြီး..
"မေ့လိုက်တော့. ခင်ဗျား မသိတာပိုကောင်းမယ်..။ဒီကိစ္စကို လည်း ခင်ဗျား စိတ်ပူမနေနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..."
ဝုယန်ဂန်ဟာ တစ်ဖက်လူ မပြောချင်တာကို မြင်တော့ ထပ်မမေးတော့ပါဘူး..။သို့ပေမယ့် သူ အကြီးအကဲ ကျန်း ဆိုတဲ့ လူကိုတော့ စိတ်ထဲမှတ်ထား လိုက်ပါတယ်..။ကြည့်ရတာ ဒီအကြီးအကဲ ကျန်းက..ဘေဂျင်းမှာ ပါဝါ ကြီးတဲ့ လူတစ်ယောက် ဖြစ်တဲ့ ပုံပါပဲ..။
လင်းဖန် အကြီးအကဲ ကျန်းကို ဖုန်းခေါ်လိုက်တယ်..။
"အကြီးအကဲ ကျန်း..ဒီနေ့အတွက် ကျေးဇူးပါပဲ.."
လငိးဖန်..အားရစွာ ပြောလိုက်တာပါ..။အကြီးအကဲ ကျန်းကြောင့် သာ မဟုတ်ရင်..ပြသနာ တွေက အခုေလာက် ဖြေရှင်းရလွယ်ကူမှာ မဟုတ်ပဲ..တိုင်ပတ်နေတော့မှာ အသေအချာပါပဲ.။
တစ်ခြား တစ်ဖက်မှာတော့ ကျန်းကျောင်းရှန်းဟာ သဘောကျစွာ ရယ်မောလိုက်တယိ..။
"မပြောပါနဲ့..အကုန်အဆင်ပြေနေတာက အကောင်းဆုံးပဲ..။ဘေဂျင်းမှာ အဆင်မပြေတဲ့ အရာ တစ်ခုခုဖြစ်ရင် ငါ့ကိုသာ ဖုန်းခေါ်လိုက်..။မင်းက ငါတို့ရဲ့ အဖွဲ့ဝင်ဆိုတော့ တစ်ခုခုဆို ကူညီပေးမှ ရမယ်လေ.."
"ဟားဟား.."
လင်းဖန် ရယ်မောလိုက်တယ်..။
"ကောငိးပြီလေ ကျွန်တော် ဖုန်းချ လိုက်တော့မယ်..။ကျွန်တော်ရဲ့ သူငယ်ချင်းက မူးနေတော့..ဂရုစိုက်ရဦးမယ်လေ.။လီဝမ်ကိုတော့ အရင်ပြန်လွှတ်လိုက်မယ်.."
ကျန်းကျောင်းရှန်း ရယ်မောလိုက်ပြီး..
"ပြသနာ မရှိဘူး.။လီဝမ်ကိုမင်းနဲ့ ခေါ်ထားရင် ခေါ်ထားလေ..။တစ်ခုခုဆို သူကူညီပေးလို့ရတာပေါ့.."
"ကျေးဇူးပါ..ဒါပေမဲ့ မခေါ်ထားတော့ပါဘူး.."
လငိးဖန် အကြီးအကဲ ကျန်းကို တကယ်ကျေးဇူးတင်နေခဲ့ပါတယ်..။သူတို့ တစ်ယောက်ကို တစ်ယောက်သိတာ မကြာသေးပေမယ့်လည်း..အကြီးအကဲ ကျန်းက တကယ်ကို စွမ်းဆောင်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ဆိုတာ သိလိုက်ရပါပြီ..။
ယင်းနောက် သူတို့စကား အနည်းငယ်ပြောပြီး ဖုန်းချလိုက်ပါတယ်..။
ခနကြာပြီးနောက်..။
သူတို့ ဟော်တယ်ကို ရောက်လာခဲ့ကြတယ်..။
လီဝမ်ဟာ ကားပါကင် ကို ထိုးလိုက်ပြီး..အမြန်ဆင်းကာ ဝမ်မင်ယန်ကို ဝုယန်ဂန် နဲ့ အတူတူ တွဲပေး လိုက်ပါတယ်..။
အဲ့အချိန်မှာတော့ ဝမ်မင်ယန်ဟာ တတွတ်တွတ်ရွတ်နေပြီး သူဘာတွေ ပြောနေလဲ ဘယ်သူမှ မသိပါဘူး..။
အခန်းတံခါးပွင့်သွားခဲ့တယ်..။
လီဝမ်..ဝမ်မင်ယန်ကို အိပ်ယာပေါ်တင်လိုက်ပြီး..
"မာစတာ လင်း..တစ်ခုခု ဖြစ်ရင်..ကျွန်တော်ကို ဖုန်းဆက်လိုက်လေ..။ကျွန်တော် ဖြစ်နိုင်သမျှအမြန် လာခဲ့မယ်.."
"ကျေးဇူးပါ..ကောင်းကောင်း အနားယူလို်က်ပါဦး..။ကျွန်တော် ဘာပြသနာ မှ မရှိတော့ပါဘူး.."
လီဝမ်က ယဥ်ယဥ္ကျေးကျေး ပြောနေတော့..လင်းဖန်လည်း ပုံမှန်အားဖြင့် ယဥ်းကျေးစွာ ပြန်ပြောနေခဲ့ပါတယ်..။ဒီ လီဝမ်က တကယ်ကို လူကောင်းတစ်ယောက်ပါ..။
လီဝမ်ကို ..ပို့ပြီး နောက်မှာ လင်းဖန် ..ဝမ်မင်ယန် အိပ်နေတဲ့ ကုတင်ဆီပြန်လာပြီး ဝုယန်ဂန်ကို ပြောလိုက်ပါတယ်..။
"အကြီးအကဲ ဝု ဒါက သိပ်တော့ မဟုတ်သေးဘူး ထင်တယိနော်..။သူက အေးအေးဆေးဆေး အိပ်နေတာ."
ဝုယန်ဂန် အနည်းငယ် ပဟေဠိ ဖြစ်သွားခဲ့ပြီး..
"မာစတာ လင်း အကုန်အဆင်ပြေပါတယ်..။ဝမ်မင်ယန်က အခု အမူးလွန်နေတော့ ကောင်းကောင်း အိပ်ပြီး အနားယူသင့်တယ်.လေ."
"မဟုတ်ဘူး ကျွန်တော် ပြောချင်တာ အဲလို မဟုတ်ဘူး..."
ဝမ်မင်ယန် အဆင်ပြေသွားလို့ လင်းဖန် စိတ်သက်သာရာ ရနေခဲ့ပါတယ်.။သို့ပေမယ့်..သူများတွေ ကြိုးစား လုပ်ကို်င်နေကြရတဲ့ အချိန်မှာ သူ ဝမ်မင်ယန်ကို ဒီတိုင်း ဇိမ်နဲ့ မအိပ်ခိုင်းချင်ပါဘူး..။
ဝုယန်ဂန် ကြောင်အသွားခဲ့တယ်..။
မာစတာ လင်း အပြုံးက ဘာလို့..ကြောက်ဖို့ ကောင်းနေရတာလဲ..
"မာစတာ လင်း ဘာကို ဆိုလိုတာလဲ.."
ဝုယန်ဂန် ဂရုတစိုက်မေးလိုက်တာပါ...။
လင်းဖန် ခနကြာအောင် တိတ်ဆိတ်နေပြီးမှ ပြုံးလိုက်ကာ..
"သူ့ကို ကိုယ်တုံးလုံးချွတ်ထားရမယ်.."
"အာ.."
ဝုယန်ဂန် နားကြားလွဲတယ်လို့ ထင်မိလိုက်ပါတယ်...။
မာစတာ လင်းက ဘာပြောနေတာလဲ...။ဝမ်မင်ယန်ကို ကိုယ်တုံးလုံးချွတ်မလို့လား....။ဒါက..ဒါက..."
သူ ဆက်ပြီး မတွေးရဲတော့ပေ...
"သူ့ကို ကိုယ်တုံးလုံး ချွတ်ထားလိုက်..။မနက်ဖြန်မှ ဒီလူကို ကျုပ်စကား ပြောရမယ်.."
လင်းဖန် ဝမ်မင်ယန် ဒီမတော်တဆမူကို..တစ်သက်လုံးမှတ်မိပြီး.. ကြောက်လန့်နေစေချင်တာပါ..။
ဝုယန်ဂန် ဝမ်မင်ယန်ကို ကြည့်လိုက်ပြီး စိတ်မကောင်းဖြစ်မိသွား ခဲ့ပါတယ်..။ထပ်ပြောရရင်..လင်းဖန် မှာ ဒီလိုအကြံ ရှိနေမယ်လို့ သူတောင် မထင်ထားခဲ့ပါဘူး..။
တိုက်ခန်း တစ်ခန်းတွင်..။
လီဝမ်ဟာ..အကြီးအကဲ ကျန်းကိုပြန်လိုက်ပို့ပြီး..ဧည့်ခန်းထဲရောက်တဲ့ အချိန်မှာတော့...
"အကြီးအကဲ ကျန်း..။ဒီကိစ္စက ဖြေရှင်းပြီးသွားပါပြီ..။မာစတာ လင်းက ထုတ်မပြောပေမယ့် သူ့ကြည့်ရတာ..သူရှန်ဟိုင်းကို ပြန်ရင်..ဘေဂျင်းမှာ ကျန်ခဲ့တဲ့ သူ့မိတ်ဆွေ တွေ အတွက် စိတ်ပူနေသလိုပဲ..."
အကြီးအကဲ ကျန်း ဒါကို သိပ်ပြီး ဂရုမစိုက်ပေ..။သူ ခေါင်းညိမ့်လိုက်ပြီး..
"ကောင်းပြီ ..ကျောင်းဟိုင်ကို သွားရှာလိုက်..။ပြီးတော့..အဆိုးထဲက အကောင်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲသိသင့်တယ် လို့ ငါက ပြောတယ် ဆိုပြီး ပြောလိုက်.."
"သိပါပြီ.."
လီဝမ် ပြန်ဖြေလိုက်တာပါ..။
အကြီးအကဲ ကျန်းပြောလာပြီ ဆိုမှတော့..ဘေဂျင်းမှာ သူ့ကို ဆန့်ကျင်နိုင်တဲ့ လူသိပ်ပြီး မရှိပါဘူး..။
အရင်နေ့ညက ...ကလေးတွေဟာ သူတို့ ဘယ်သူ့ကို ဆန့်ကျင်မိကြမှန်းတောင် သိကြမှာ မဟုတ်ပေ..။
နောက်တစ်ရက်..။
မနက်ခင်းတွင်..။
ဝမ်မင်ယန်ဟာ အိပ်နေရင်းကနေ ရုတ်တရက် အအေးဓာတ်ကို ရလိုက်ပါတယ်..။အစကတော့..သူ အသိစိတ်မဝင်သေးပါဘူး..သို့ပေမယ့် မျက်လုံး ပွင့်လာတဲ့ အချိန်မှာတော့ သူကြောင်အသွားခဲ့ပါပြီ..။
"ချီးပဲ..ခေါင်းကိုက်လိုက်တာ.."
ဝမ်မင်ယန်ဟာ သူ့ခေါင်းကို အလျင်အမြန် ကိုင်လိုက်ရတယ်..။သူ့ခေါင်းက အရမ်းလေးလံပြီး ကိုက်ခဲနေခဲ့တာပါ..။
"ဘာတွေ ဖြစ်နေတာလဲ..။ငါဘယ်ရောက်နေတာလဲ..။ငါ ဘာဖြစ်ခဲ့လို့လဲ.."
ဝမ်မင်ယန် ဘာမှ မမှတ်မိပေ..။
ဘယ်ကောင်က ငါ့ကို..ကိုယ်တုံးလုံး လုပ်သွားတာလဲ...
ငါယန်ဂန်နဲ့ အတူ အရက်သောက်နေတာလေ...။ဘာလို့ သူက ငါ့ကို ကိုယ်တုံးလုံး ဖြစ်အောင် လုပ်သွားရတာလဲ....
အခြေအနေက အတော်ကို ရှုပ်ထွေးတာပါ..။
ဒေါက် ဒေါက်..
သူတံခါးခေါက်သံ ကြားလိုက်ရတယ်...။
ဝမ်မင်ယန် ခေါင်းကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး အဝတ်အစား ဝတ်လိုက်ပါတယ်..။
"ခနလေး..ငါလာနေပြီ..."
အပြင်လက်တွင်..။
လင်းဖန် နဲ့ ဝုယန်ဂန် တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်..။သူတို့ မနေ့ညက..ဘေးအခန်းမှာ ရှိနေကြတာပါ..။
အခု ၉ နာရီ ရှိပြီ ဖြစ်တာကြောင့်..ဝမ်မင်ယန် နိုးသင့်ပြီ ထင်ပြီး တံခါးလာခေါက်ကြတာပါ..။
မနေ့ညက ..မတော်တဆမူ အတွက်ကတော့ ဝမ်မင်ယန် ဘယ်လောက်အထိ မှတ်မိမလဲ သူတို့လဲ မပြောတတ်ပါဘူး..။