← Chapters

ငါ့ကို ရှင်းပြကြပါဦး..

Vol. 30 Ch. 445

ငါ့ကို ရှင်းပြကြပါဦး..

Vol. 30 Ch. 445

#ဘာသာပြန် = စနိုးဝှိုက်

ဝမ်မင်ယန် အရင်နေ့ညက အဖြစ်အပျက်တွေကို လုံးဝ မမှတ်မိပါဘူး...။

အခြေအနေတွေက ဘယ်လို တွေဖြစ်ပြီး..ငါ ဒီကို ပြန်ရောက်နေတာလဲ...

ဒီမေးခွန်းတွေဟာ ဝမ်မင်ယန် ရဲ့ စိတ်ထဲမှာ ပြည့်နှက်နေခဲ့ပါတယ်..။သူ ဒီကိစ္စတွေကို သေချာ မသိရရင်..အေးအေးချမ်းချမ်း ရှိနိုင်မှာ မဟုတ်ပါဘူး..။

ဒီမှာ သံသယ ဖြစ်စရာ အချက်တွေလည်း အများကြှီး ရှိနေခဲ့ပါတယ်..။

ငါက ဘာဖြစ်လို့ ကိုယ်တုံးလုံးဖြစ်နေရ တာလဲ...

တစ်ယောက်ယောက်က ငါ့ကို တစ်ခုခု လုပ်ခဲ့တာလား....

သူ တံခါးကို ဖွင့်ခါနီးမှာ..သူ့တင်ပါးကို စမ်းကြည့်လိုက်ပါတယ်..။သိပ်ပြီး မနာကျင်နေပေ..။ဒါဆို ပြသနာ မရှိလောက် ပါဘူး...။

သူ တံခါးကို ဖွင့်လိုက်တယ်..။

ဝမ်မင်ယန် လင်းဖန် ကို မြင်တဲ့ အချိနိမှာ ကြောင်အသွားခဲ့ပါတယ်..။

"ဟေး..ညီအစ်ကို ဘယ်လို ဖြစ်ပြီး ဒီကို ရောက်နေတာလဲ..."

လင်းဖန် ခေါင်းခါယမ်း လိုက်ပြီး..

"ကြည့်ပါဦး..မင်ယန်..။မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ တကယ် မမှတ်မိဘူးလား..."

ဝမ်မင်ယန် ခေါင်းခါယမ်း လိုက်တယ်..။

"ငါလည်း အဲတာ မေးတော့ မလို့ပဲ..။မနေ့ည က ဘယ်လို စောက်ကျိုးနဲတာတွေ ဖြစ်ခဲ့တာလဲ...။ငါဘာလို့ တစ်ခုမှ မမှတ်မိတာလဲ မသိဘူး..."

ဝုယန်ဂန် မတ်တတ်သာရပ်နေခဲ့ပြီး ဘာတစ်ခုမှ ဝင်မပြောပေ..။သူ နောင်တရစွာသာ ခေါင်းခါယမ်းလိုက်ပါတယ်..။

"ခင်ဗျားက ဘာလို့ ခေါင်းခါယမ်း နေတာလဲ.."

ဝမ်မင်ယန် နားမလည်နိုင်ခဲ့ပေ..။ခေါင်းခါယမ်း နေတယ် ဆိုတာက ဘာကို ဆိုလိုတာလဲ...။ငါ အမှန်တကယ် ဘာဖြစ်ခဲ့တာလဲ..။တကယ်ပဲ..တစ်ခုခု ဖြစ်ခဲ့တာလား...။

ဝုယန်ဂန် ကြည့်လိုက်ပြီး..

"မင်း ဒီကိစ္စကို သိချင်ရင် မာစတာ လင်းကို မေးသင့်တယ်..။ငါပြောမှာ မဟုတ်ဘူး..."

ဝမ်မင်ယန် လင်းဖန်ကို သေချာ ကြည့်လိုက်ပါတယ်..။တစ်ခုခုကတော့ မူမမှန်တော့ပါဘူး...။သူဘာမှ မတတ်နိုင်ပေမယ့် လည်း စိုးရိမ်နေခဲ့ပါတယ်..။

လင်းဖန် နောင်တရစွာ ခေါင်းညိမ့်လိုက်ပြီး..

"မင်ယန်...ကျုပ်မပြောချင်ဘူး...။ကျုပ်တကယ် မပြောချင်တော့ဘူး..။ခင်ဗျား အရက်တွေ မူးအောင် သောက်ပြီးတဲ့ နောက်မှာ ကိုယ့်အဝတ်အစားတွေကို ချွတ်ပြီး ကိုယ်တုံးလုံးနဲ့ တစ်ခြားလူတွေ ရှေ့မှာ လျောက်ပြေးနေခဲ့တာလေ..။အဲ့အခြေအနေက အတော်ကို ကြောက်စရာပဲ...။ကျုပ်တို့သာအချိန်မှီမတားနိုင်ရင် ခင်ဗျားက အတွင်းခံတွေပါ ချွတ်တော့မလို့..."

ပထမ ပိုင်းကို နားထောင်တုန်းက ဝမ်မင်ယန် မူမမှန်တာ သတိထားမိပေမယ့်..နောက်ပိုင်းကို နားထောင်လိုက်တဲ့ အချိန်မှာ..​မျက်နှာတစ်ခုလုံး နီရဲသွားခဲ့ ပါတယ်..။

"ဒါ အဖြစ်နိုင်ပါဘူး..ဟုတ်တယ်မလား..."

ဝမ်မင်ယန်..ရဲ့ လည်ချောင်းဟာ ခြောက်ကပ်နေပြီး ကြောက်ရွံ့စွာ မေးလိုက်တာပါ..။

"ဒီမေးခွန်းက ခင်ဗျား ကိုယ့်ကိုကို မေးရမှာ..."

လင်းဖန် နောင်တရ တဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"ဒါသာ အမှန်မဟုတ်ဘူး ဆိုရင်.ခင်ဗျားနိုးလာတဲ့ အခြေအနေက ဒီလိူ ဖြစ်နေပါ့မလား...။ဒါပေမဲ့ စိတ်မပူပါနဲ့..ခင်ဗျား အရှက်မရအောင် ကျုပ်နဲ့ယန်ဂန်က အမြန် ပြန်ခေါ်လာခဲ့တာ..။ကျုပ် ဗီဒီယို တစ်ခု ပို့ထားတယ် ပြီးမှ အေးဆေး ကြည့်ကြည့်ပေါ့..."

ဒါပေါ့..လင်းဖန် သူ့ဖုန်းကို ပေးပြီး ဝမ်မင်ယန်ကို မကြည့်ခိုင်းပါဘူး.။သူက သူကြည့်ပြီးတာနဲ့..မူလဗီဒီယိုကို ဖျက်ပစ်ဖို့ ကြိုးစားမှာပါ...။ဒါဆို မနေ့ညက အတွေ့အကြုံက ဖြုန်းတီးမူ ဖြစ်သွားပါတော့မယ်..။

ဝမ်မင်ယန်..ဖုန်းကို ထုတ်ပြီး ကြည့်လိုက်ပါတယ်..။သူ ဗီဒီယိုကို ဖွင့်လိုက်တဲ့ အချိန်မှာ ဆူညံသံတွေကို ကြားလိုက်ရတယ်..။ဒီအသံက အရမ်းရင်းနှီးနေခဲ့တာပါ..။သူ ပြောနေတဲ့ လူရဲ့ မျက်နှာကို မြင်လိုက်တဲ့ အချိန်မှာတော့ ကြောင်အသွားခဲ့ပါပြီ..။

"ချီးပဲ..ဘယ်လိုဖြစ်နိုင်မှာလဲ..။ငါ ဘယ်လို ဖြစ်သွားတာလဲ.။ဘုရားရေ..ငါ့ ဂုဏ်သိက္ခာက တော့..."

ဝမ်မင်ယန် လုံးဝကို ကြောင်အနေခဲ့ပါပြီ..။ဒီ ဗီဒီယို သာ ပျံ့နှံ့သွားရင် သူ လူရယ်စရာ ဖြစ်သွားတော့မှာပါ..။

သူ့ကို ဘေဂျင်းမှာ..လူတွေ သိပ်မသိကြပေမယ့်..ရှန်ဟိုင်းက လူတွေ အကုန်လုံးနီးပါကတော့ သိကြပါတယ်.။ဒီ ဗီဲီဒိီယို နဲ့တင် သတင်းစာ ခေါင်းကြီးပိုင်းကို ရောက်သွားမှာပါ..။

သူ သတင်းရဲ့ ခေါင်းစဥ္ ဘာဖြစ်မယ် လို့တောင် စိတ်ကူးမယဥ် တတ်တော့ပါဘူး...။

"ဘီလီယံ နာ တစ်ယောက်၏ အရက်မူးပြီး အခြေအနေ..."

…

ဝမ်မင်ယန် ဖုန်းကို ကိုင်ကာ ..နှစ်စက္ကန့်လောက် ကြောင်အပြီးမှ ထအော်လိုက်ပါတယ်..။

"မဟုတ်ဘူး..အမြနိ..ဒီဗီဒီယိုကို ဖျက်ပစ်လိုက်..။ဒါကို မပျံ့နှံ့စေနဲ့.. မဟုတ်ရင် ငါ့ ဂုဏ်သိက္ခာ တော့ သွားပြီ..."

လင်းဖန် သူ့ဖုန်းကို ချက်ချင်းဖွက်ထားပြီး ပြောလိုက်တယ်..။

"မဖြစ်နိုင်တာ..အနာဂတ်မှာ ခင်ဗျား မေ့မေ့ပျောက်ပျောက်ဖြစ်နေရင် ခင်ဗျားကို ပြန်ကြည့်ခိုင်းရမယ်..။ဒီ ဗီဒီယိုကို..ဖျက်ပစ်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး.."

"ချီးပဲ..ငါတို့က ညီအစ်ကိုလေ..။မင်းဘယ်လို လုပ်နိုင်ရတာလဲ..အမြန်ဖျက်ပစ်လိုက်..။ငါတောင်းပန်ပါတယ် ..ဒါက တကယ် အန္တာရယ်များတယ်..."

ဝမ်မင်ယန် စတင်ငိုကြွေးဖို့ လုပ်နေခဲ့ပါပြီ..။မနေ့ညက ဒီအဆင့်အထိ ဖြစ်သွားလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး. ..။

မဟုတ်သေးဘူး .ငါက ဘာလို့ ဒီလောက်တောင် ဖြစ်သွားတာလဲ..

လင်းဖန် ရယ်လိုက်ပြီး..

"အိပ်မက်မက် နေလိုက်..။ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင်.ခင်ဗျား ရူးသွပ်နေတယ် မလား..။ဘာလို့ ဒီလောက်တောင် သောက်ခဲ့တာလဲ..။ဒီကောင်တွေက ခင်ဗျားကို ရည်ရွယ်ချက်ရှိရှိလုပ်နေတာကို မသိဘူးလား.."

ဝမ်မင်ယန် အနည်းငယ် ရှက်ရွံ့သွားခဲ့ပြီး..

"ဒါ ..ဒါ က...ငါလည်း ဒီလိုတွေ ဖြစ်လာမယ် မထင်ထားဘူးလေ..ဒါပေမဲ့ ဒီကောင်တွေမှာက နောက်ခံတောင့်တယ်..။ငါ သာ သူတို့ကို မျက်နှာသာ မပေးရင်..ဝုယန်ဂန် နဲ့ ငါ ပူးပေါင်းလုပ်မယ့် အလုပ်ကခက်ခဲသွားလိမ့်မယ်.."

လင်းဖန် ဝမ်မင်ယန် ရဲ့ ..ပုခုံးကို ပုတ်လိုက်ပြီး..

"ကောင်းပြီ..ဒါက ပြီးသွားခဲ့ပြီပဲ .။လွန်ခဲ့တဲ့ ညက..ယန်ဂန်သာ ကျုပ်ကို ဖုန်းမခေါ်ခဲ့ရင် ..ခင်ဗျားအခုချိန်အလောင်းကောင်ဖြစ်နေလောက်ပြီ..။တော်လောက်ပြီ ဆက်ပြီးနားလိုက်ဦး..။ကျုပ်လည်း အပြင်ခန သွားရဥိီးမယ်..မနက်ဖြန်ကျရင်တော့ ကျုပ် ရှန်ဟိုင်းကို ပြန်တော့မှာ.။ခင်ဗျားက ဘယ်လောက် ဆက်နေဦးမှာလဲ..."

"မင်းက အမြန်ပြန်တော့မှာလား."

ဝမ်မင်ယန် အံ့ဩစွာမေးလိုက်တာပါ..။

"ကျုပ်က ခင်ဗျားလို ထင်နေလား..။ကျုပ်မရှိရင် တိမ်ဖြူလမ်းက .ဒေဝါလီ ခံရတော့မှာ.."

တိမ်ဖြူလမ်းက အခြေအနေကို တွေးမိရင် လင်းဖန် ခေါင်းကိုက်ရပါတယ်..။သူ ဘေဂျင်းကို ရောက်နေတုန်း ဘာပန်ကိတ်မှ မရောင်းရပေ..။နေ့တိုင်းရောက်လာကြတဲ့ မြို့သားတွေက ကြာလာရင် သူ့ကိုသတ်ချင်စိတ်တွေ ဖြစ်လာကြတော့မှာပါ...။

"ကျုပ်အပြင်သွားလိုက်ဦးမယ် ဆက်ပြီးနားလိုက်ဦး..။ဒီ ဗီဒီီယိုကို တော့ ကျုပ်လောလော ဆယ် ထိန်းသိမ်းထားမယ်..။ဖျက်သင့် မဖျက်သင့်ကတော့ ခင်ဗျား အခြေအနေကြည့်ပြီး လုပ်ရမှာပေါ့..."

ဝမ်မင်ယန် မေးလိုက်တယ်..။

"မင်းက ဘယ်ကို သွားမှာလဲ..."

နောက်ပြန်မလှည့်ပဲ လင်းဖန် ပြောလိုက်တယ်..။

"ခင်ဗျားကြောင့် တင်နေတဲ့ အကြွေးကို ပြန်သွားဆပ်မလို့. ။ခငိဗျားကို ဒီလောက် ပြသနာ ရှာတတ်မယ်လို့ မထင်ထားခဲ့ဘူး..။အဲလို မှန်းသိ ဘေဂျင်းကိုလာတာခင်ဗျားကို မပြောပါဘူး..။ဘာပဲဖြစ်ဖြစ် ကျုပ်ညီအစ်ကို ဖြစ်နေတော့..ရွေးချယ်စရာ မရှိဘူးလေ..။ခင်ဗျားက ...ကျုပ်နားမှာ ကပ်နေပြီး ခွာချလို့ မရတဲ့ ပိုးမွှား တစ်ကောင်လိုပဲ..."

ဝမ်မင်ယန် ဒါကိုကြားပြီး ဒေါသထွက်သွားခဲ့တယ်..။

"ချီးပဲ ..ငါက ပိုးကောင် ဟုတ်လား..။ငါက မင်းနောက်လိုက်နေလို့လား..။ဒါပေမဲ့ မင်းပြန်ဆပ်ရမယ် ဆိုတဲ့ လူက ဘယ်သူလဲ..။ငါဘာလို့ ဒီအကြောင်းကို မသိရတာလဲ.. "

"ဟေးဟေး..ငါ ပြောလို့ မပြီးသေးဘူးလေ..။အနည်းဆုံးတော့ အခြေအနေကို ငါနားလည်အောင်ပြောသွားဦး..."

ဝမ်မင်ယန် ကသာ. အော်နေပေမယ့် လင်းဖန်ကတော့ နောက်တောင် လှည့်မကြည့်ပါဘူး..။ယင်းနောက် သူ ဝုယန်ဂန် ဘက်ကို လှည့်လိူက်ပြီး..

"ယန်ဂန် ..ဘာတွေ ဖြစ်ခဲ့တာလဲ.."

"ဒါက.."

ဝုယန်ဂန်လည်း အကူညီမဲ့ သွားခဲ့တယ်..။

ဝမ်မင်ယန်ဟာ ဒါကို မသိရရင် ..စိတ်အေးနိုင်မှာ မဟုတ်ပါဘူး..။

"ဒါက မလုပ်နဲ့ ..ကျုပ်ကို အမြန်ရှင်းပြဦး.."

ဝုယန်ဂန် လင်းဖန်ရဲ့ နောက်ကျောကို လှမ်းကြည့်ပြီး ဲပြောချင်စိတ်ပျောက်သွားခဲ့တယ်..။သူ သက်ပြင်းသာ ချလိုက်ပြီး..

"ဒါက ပြောဖို့ ခက်တယ်..။မင်ယန် ငါပြောတာ နားထောင် ..ထပ်ပြီး မမေးနဲ့တော့.။မင်းမသိတာက..အကောင်းဆံူးပဲ..။မင်း နောက်ဆက်တွဲတွေ လက်ခံနိုင်မှာ မဟုတ်ဘူး..."

"ချီးပဲ.."

ဝုယန်ဂန်က ဒီလိုဖြစ်လေ သူပိုပြီး သိချင်လေလေ..ပါပဲ..။ဘာတွေ ဖြစ်နေတာလဲ...။ဒီအခြေအနေက..ရှက်ဖို့ ကောင်းတယ် ဆိုရင်တောင်..သူကိုတော့အပြည့်အဝ ပြောသင့်ပါသေးတယ်..။

မနေ့က အဖြစ်အပျက်က...ရိုးတော့ မရိုးရှင်းပါဘူး..။

ဒီသခင်လေး သုံးယောက်က သာမန်လူတွေ မဟုတ်ကြပေ..။ဝူယန်ဂန် လင်းဖန်ကို ဖုန်းဆက်ခေါ်ကတည်းက ..သူ ဒီသခင်လေးတွေကို မကိုင်တွယ်နိုင်တာ ထင်ရှားပါတယ်..။

သို့ပေမယ် ..ဒါက သိပ်တော့ မဟုတ်သေးပါဘူး..။

လင်းဖန်က..ဘေဂျင်းမှာ.. ဝုယန်ဂန်ထက်တောင် ပိုပြီး အဆက်အသွယ် ရှိနေတာလား....

All Chapters