ငါ ကျေနပ်တယ်...
Vol. 30 Ch. 446
#ဘာသာပြန် = စနိုးဝှိုက်
"အကြီးအကဲ ကျန်းနေတဲ့ နေရာက တကယ်ကို မဆိုးဘူး.."
လငိးဖန် ကားထဲမှာ ထိုင်ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး အပြုံးလေးနဲ့ ပြောလိုက်တာပါ..။
သူ လီဝမ်ကို ဖုန်းခေါ်လိုက်တဲ့ အချိန်မှာ လီဝမ်က.ချက်ချင်း ကားမောင်းပြီး လိုက်ပို့ ပေးခဲ့ပါတယ်.။
သူ အကြီးအကဲ ကျန်း အပေါ် အကြွေးတင်ထားပြီ ဆိုမှတော့..ဆက်ဆွဲမထားပဲနဲ့ ချက်ချင်း ပြန်ပေးဆပ်ရမှာပါ..။
ထပ်ပြောရရင်..သူ ငတုံးတစ်ယောက် မဟုတ်ပါဘူး..။ဒါပေါ့ အကြီးအကဲ ကျန်း..သူရေးဆွဲတဲ့ ပန်ချီကားကို..အရမ်းလိုချင်နေတယ် ဆိုတာကို သူသိထားပါတယ်..။
အခု ဘေးဂျင်းမှာ ရှိနေပြီး...အကြီးအကဲ ကျန်းကိုလည်း ..အကြွေးတင်နေတယ် ဆိုတော့..တစ်ခါတည်း..ရေးဆွဲပေးခဲ့တာ အကောင်းဆုံးပါပဲ..။
ပန်ချီကား တစ်ချပ်တည်းနဲ့တင် အကြီးအကဲ ကျန်းကို တော်တော် ပျော်ရွှင်စေမှာပါ..။ဒါက တကယ်ကို ထိုက်တန်တဲ့ အပေးအယူပါပဲ..။
လီဝမ် ရယ်မောလိုက်တယ်..။သူလည်း ဒီ ပတ်ဝန်းကျင်ကို တကယ်သဘောကျပါတယ်..။တကယ်လို့..သူသာ အကြီးအကဲ ကျန်းရဲ့..လုံခြုံရေး အရာရှိတစ်ယောက် မဟုတ်ရင်..ဒီနေရာကို ..ဝင်ခွင့်ရမှာတောင် မဟုတ်ပါဘူး..။
သိပ်မကြာခင်မှာပဲ. ။
သူတို့ လိုရာခရီးကို ေရာက်လာခဲ့ကြပါတယ်..။
လီဝမ် အမြန်ဆင်းလိုက်ပြီး လင်းဖန်အတွက် တံခါးကို ဖွင့်ပေးလို်က်တယ်..။
"မာစတာ လင်း ကျွန်တော်တို့ ရောက်ပြီ..။ကျေးဇူးပြုပြီး ကားပေါ်က ဆင်းပါဦး..။အကြီးအကဲ ကျန်းက..မာစတာ လင်းရောက်လာမယ် ကြားလို့ တကယ် ဝမ်းသာနေတာ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။အကြီးအကဲ ကျန်းရဲ့ ခံစားချက်က တကယ်ကောင်းမွန် နေလောက်ပါတယ်..။
လင်းဖန် ပန်ချီဆွဲဖို့..လာပြီဆိုမှတော့ အကြီးအကဲ ကျန်း ဝမ်းမသာ စရာ အကြောင်း မရှိပါဘူး....
"အကြီးအကဲ လင်း..."
အဲ့အချိန်မှာတော့..အကြီးအကဲ ကျန်း..တံခါးကနေထွက်လာခဲ့တယ်..။သူ လင်းဖန်ကို မြင်တဲ့
အချိန်မှာတော့ ပျော်ရွှင်စွာ လက်ပြနှုတ်ဆက်လိုက်ပါတယ်..။
လငိးဖန် လက်ပြန်ပြလိုက်တယ်..။ယင်းနောက် သူ လျောက်သွားလိုက်ပြီး..
"မနေ့က အတွကိ ကျေးဇူးပါ..။အကြီးအကဲ ကျန်းကြောင့်သာ မဟုတ်ရင် ဒီလောက်အလွယ်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး.."
"ဟားဟား.."
အကြီးအကဲ ကျန်း..လင်းဖန်ရဲ့..ပုခုံးကို ပုတ်ပြီး..ပြောလိုက်ပါတယ်..။
"အကြီးအကဲ လင်း..ကျုပ်တို့က အချင်းချင်းတွေပဲလေ..။ဒါက ကိစ္စသေးသေး လေးပါ...။ဘာမှ တွေးနေ စရာ မလိုပါဘူး..."
လင်းဖန် အကြီးအကဲ ကျန်းရဲ့...အကြောင်းကို သိနေတော့ ဘာမှ ထပ်မပြောတော့ပေ..။ဝုယန်ဂန် တို့ အတွက်ကြိီးမားတဲ့..ပြသနာကြီးက..အကြီးအကဲ ကျန်း အတွက် ဘာမှ မဟုတ်ပါဘူး..။
ဒါက သူ့အတွက်တော့ အသေးအဖွဲလေးတွေပါ..။ဒါက အကြီးအကဲ ကျန်း အတွက်..ပြသနာ လို့တောင် မဆိုနိုင်ပါဘူး..။
အိမ်ထဲတွင်...။
လင်းဖန် ရောက်လာတာက အကြီးအကဲ ကျန်းကို အတော် ပျော်ရွင်စေပါတယ်..။သူ့မျက်နှာမှာ ကြီးမားတဲ့ အပြုံးကြီး တစ်ခု ရှိနေခဲ့တယ်..။
သူက တရုတ်အနုပညာရှင် အဖွဲ့အစည်းရဲ့ ဥက္ကဌ ဖြစ်တဲ့ အတွက်..တစ်ခြား လူတွေရသလို..မာစတာ လင်းရဲ့ ပန်ချီကား တစ်ချပ်ကို ရရှိသင့်ပါတယ်..။
တာအို ရှီဂန် နဲ့ ယွဲ့ချီဂျုရှီ တို့ဟာ..သူတို့ရဲ့ ပန်ချီကားတွေကို.. ကြွားနေကြတာ .. သည်းမခံ နိုင်လောက်အောင်ပါပဲ..။
လင်းဖန် အိမ်ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။နံရံတွေ မှာ တရုတ် အနုပညာတွေ ပန်ချီကား တွေများစွာကို ချိတ်ဆွဲ ထားခဲ့ပါတယ်..။တစ်ချက်ကြည့်ရုံနဲ့ ဒီပန်ချီကား တွေကို မာစတာ တွေက ဆွဲထားပြှီး..စျေးနှုန်း အရမ်းမြင့်မားတယ် ဆိုတာကို သိနိုင်ပါတယ်..။သို့ပေမယ့် အကြီးအကဲ ကျန်းလို လူမျိုး အတွက်ကတော့..ဒီစျေးနှုန်းတွေက.ဘာမှ မဟုတ်ပါဘူး..။
"အကြီးအကဲ ကျန်း..တစ်ချက်လာကြည့်ပါဦး..။ဒါက ကျွန်တော့်ရဲ့ စုဆောင်းမူတွေလေ..ဒီထဲက တစ်ချို့က သူငယ်ချင်းတွေ လက်ဆောင်ပေးထားကြတာ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။အကြီးအကဲ ကျန်းရဲ့..စုဆောင်းမူက တကယ်ကို အံ့ဩဖို့ ကောင်းတာပါ..။တကယ်လို့ တစ်ခြား စုဆောင်းသူတွေသာ..ဒီကို လာကြည့်ရင်..ပါးစပ်တွေ ဟောင်းလောင်ဖြစ်သွားကြမှာ အသေအချာပါပဲ။
လူငယ်လေး တစ်ယောက်နဲ့ လူအိုကြီး တစ်ယောက်ဟာ..အတူတကွ စကားပြောနေခဲ့ကြပါတယ်..။သူတို့ အများဆုံး ပြောတဲ့ စကားက..တရုတ်အနုပညာ အကြောင်းတွေပါပဲ..။
တစ်စုံတစ်ယောက်က လုံလောက်တဲ့ အသက်တစ်ခုကို ရောက်သွားရင် အာဏာ ပါဝါ တွေ ကို ဂရုမစိုက်ပဲ ကိုယ်ဝါသနာ ပါတာကိုပဲ လုပ်ကိုင်ကြတော့မှာပါ.။
"အိူး ဟုတ်သားပဲ..မနေ့ညက လီဝမ်ကို တဖက်က အကြီးအကဲ တွေ ဆီလွှတ်လိုက်သေးတယ်..။အကြီးအကဲ လင်းရဲ့ သူငယ်ချင်းတွေ ..စိတ်ပူစရာမလိူတော့ဘူး..။သူ တို့ဘေဂျင်းမှာ အေးဆေးနေလို့ရပြီ.."
လင်းဖန် ကျေးဇူးတင်လိုက်ပါတယ်..။
"ကျေးဇူး အများကြီးတင်ပါတယ်.."
အကြီးအကဲ ကျန်း လက်ဝေ့ယမ်းကာ ပြုံးလိုက်ပြီး..
"ဒီလို မပြောနဲ့လို့ ပြောထားတယ်လေ..။ဒီလိူ ကိစ္စမျိူးက သေချာ မရှင်းရင် နောက်ဆက်တွဲတွေ ထပ်ရှုပ်လာနိုင်တယ်.."
"ဒါအမှန်ပဲ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ဒီစကားက တကယ်ကို မှန်ကန်တဲ့ စကားတစ်ခွနိးပါ..။
သူတို့ စာကြည့်ခန်းထဲကို သွားလိုက်ကြပါတယ်..။
အကြီးအကဲ ကျန်းရဲ့ စာကြည့်ခန်းက ရှေးဟောင်း အပြင်အဆင်နဲ့ အတူ ရှေးဟောင်း အငွေ့အသက်ပါရှိနေခဲ့တာပါ..။တစ်စုံတစ်ယောက်ဟာ ဝင်လိုက်တာနဲ့ ငြိမ်းချမ်းမူကို ခံစားလိုက်ရမှာပါ..။ဒီလို ငြိမ်သက်တဲ့ အခြေအနေက ပနိချီဆွဲလို့ အကောင်းဆုံးပါပဲ..။
လငိးဖန် ပန်ချီဆွဲတဲ့ စားပွဲရှေ့ကို လျောက်သွားလိုက်တယ်..။
"အကြီးအကဲ ကျန်းကို ဒီနေ့ ကျွန်တော့်ရဲ့ အရည်အချင်းတွေ ပြသရမယ်.."
အကြီးအကဲ ကျန်း ရယ်မောလိုက်ပြီး..
"အကြီးအကဲ လင်းရဲ့ အရည်အချင်းတွေက အမြဲတမ်း ကောင်းနေတာလေ..။ကိုယ့်ကိုကို နိမ့်ချတယ် ဆိုတာက မမြဲတမ်း မကောင်းဘူးနော်..။မင်းရဲ့ ပနိချီကားတွေက..အဖွဲ့အစည်းထဲမှာ အကောင်းဆုံးပဲ..။လူတိုင်းက ဆွဲပေးကြဖို့ တောင်းဆို ချင်နေကြတာ..ဒါပေမဲ့ ငါတောင် မရသေးဘူးဆိုတော့..သူတို့က မတောင်းရဲသေးကြဘူးလေ.."
လင်းဖန် ပြုံးပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။အကြီးအကဲ ကျန်းတွေးနေတာကို သူမသိပဲ မနေပါဘူး. .။ဒီတစ်ခေါက် သူလာတာကို အကြီးအကဲ ကျန်း စိတ်လှုပ်ရှားနေတာက သူ ပန်ချီကား တစ်ချပ်ရတော့မယ် ဆိုတာကို သိနေလို့ပါ..။
သို့ပေမယ့် လင်းဖန် အများကြီး မပြောတော့ပေ.။အမှန်တကယ်လည်း သူ အကြီးအကဲကျန်း အတွက် ပန်ချီ ရေးဆွဲပေးတော့မလို့ ပါပဲ..။
လင်းဖန် စုပ်တံကို ကိုင်ပြီး ခနရပ်လိုက်တယ်.။သူဘာဆွဲ သင့်လည်း ဆိုတာကို တွေးနေခဲ့တာပါ..။
အဲ့အချိန်မှာတော့ အကြီးအကဲ ကျန်းဟာ ဘေးနားမှာ ရပ်ပြီး အနှောက်အယှက် မပေးပဲ စောင့် နေခဲ့ ပါတယ်..။သူ့ စကားလံူးတွေကြောင့် လင်းဖန်ကို အနှောက်မယှက် မဖြစ်စေချင်ပေ..။
အချိန်တစ်ခုကြာပြီးနောက်..။
လင်းဖန် စုပ်တံကို ပြန်ချလိုက်ပြီး သူ့ရှေ့က အနုပညာကို ကြည့်ကာ ခေါင်းညိမ့်လိုက်ပါတယ်..။
"အကြှီးအကဲ ကျန်း ဘယ်လိုထင်လဲ.."
ဒီတစ်ကြိမ်သူ အချိန် အတော်ကြာအောင်ဆွဲလိုက်ရတာပါ..။အကြီးအကဲ ကျန်း ဒီမှာချထားတဲ့ ပိတ်စက အတော်ကြီးမားတာကြောင့်ပါ..။ဒီလူက ..သူလာမယ် ဆိုတာ သိကတည်းက..ဒီပစ္စည်းတွေကို ပြင်ဆင်ထားတဲ့ ပုံပါပဲ..။ဒီပန်ချီကား ဆွဲတဲ့ ပိတ်စက..သူအရင်က ဆွဲခဲ့တဲ့ ပန်ချီကားတွေရဲ့ နှစ်ဆလောက်ပိုကြီးပါတယ်..။
အသက်ကြီးကြီး မြေခွေးအိုတွေရဲ့ အကြံအစည်က ပိုပြီးကြောက်ဖို့ ကောင်းတာ အခုတော့ သူ သဘောပေါက်လိုက်ပါပြီ.။
"ကောင်းတယ် ..ကောင်းတယ်.."
အကြီးအကဲ ကျန်း ပန်ချီကားကို ကြည့်ပြီးစိတ်လှုပ်ရှားစွာ ရေရွတ်လိုက်တာပါ..။
ယင်းနောက် သူ လျောက်သွားပြီး အနီးကပ်ကြည့်လိုက်တယ်..။သူ ပိုပြီး ကြည့်နေလေလေ ပိုပြီး သဘောကျလေ ပါပဲ..။သူ ပန်ချီကားမှာ နစ်မြောနေပြီး .မျက်နှာလွှဲလို့တောင် မရတော့ပေ..။
"အဖိုး..."
အဲ့အချိန်မှာပဲ ကလေးတစ်ယောက်ရဲ့ အော်ခေါ်သံကို အောက်ထပ်ကနေ ကြားလိုက်ရပါတယ်..။
အကြီးအကဲ ကျန်းဟာ ပန်ချီကားကို သာ ကြည့်နေပြီး ဒီခေါ်သံကို ကြားတဲ့ ပုံမပေါ်ပါဘူး.။သူ ဒီအသံကို ဂရုမစိုက်ပဲ ပန်ချီကားကိုသာ ကြည့်နေခဲ့တယ်..။
လင်းဖန် ဒီအသံကို ကြားတဲ့ အချိန်မှာ ပြောလိုက်တယ်..။
"အကြီးအကဲ ကျန်း..တစ်ယောက်ယောက်က ခေါ်နေတယ်.."
"အာ..."
အကြီးအကဲ ကျန်း အသိစိတ်ပြန်ဝင်လာခဲ့တယ်..။ယင်းနောက် သူဟာ ..သူ့မြေးခေါ်တဲ့ အသံကို ကြားကာ ပြုံးလိုက်ပြီး..
"ငါ့မိန်းမက မြေးလေးကို ခေါ်ပြီးအပြင်ကို သွားကြတာလေ..။ကြည့်ရတာ သူတို့ ပြန်လာပြီ ထင်တယ်.."
အကြီးအကဲ ကျန်း ပန်ချီကားကို သေချာ ပြန်ထားလိုက်ပါတယ်..။မှင်တွေက မခြောက်သေးတဲ့ အတွက်တော့...သူ ချိတ်ထားလို့တော့ မရသေးပါဘူး..။
"ကောင်းပြီ အကြီးအကဲ လင်း..ငါတော့ ဒီပန်ချီကားကို တကယ် ကျေနပ်တယ်.."
အကြီးအကဲ ကျန်း ဘာမှ တောင်းဆိုစရာ မရှိတော့ပါဘူး.။ဒီလို ပန်ချီကားကို ပိုင်ဆိုင်ထားပြီ ဆိုမှတော့ သူဘာမှ မပြောနိုင်တော့ပေ..။
"အောက်ကို ဆင်းကြရအောင် အကြီးအကဲ လင်း..."
"ကောင်းပြီလေ.."
အောက်ဘက်တွင်.။
လင်ဖန် အကြီးအကဲ ကျန်းရဲ့ ဇနီးကို ပထမ ဆုံးအကြိမ် မြင်ဖူးတာပါ..။သူမက တည်ငြိမ်အေးဆေးတဲ့ ...အဘွား တစ်ယောက်လိုပါပဲ..။
အကြီးအကဲ ကျန်းရဲ့ မိန်းမဟာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူမ ယောက်ျား လူငယ်တစ်ယောက်ကို အိမ်ခေါ်လာတာက ဒါ ပထမဆုံး အကြိမ် ဖြစ်လို့ပါပဲ..။
အကြီးအကဲ ကျန်း ရှေ့ကို တက်ကာ ပြောလိုက်တယ်..။
"ရှုဖန်း..ဒါက အကြီးအကဲ လင်း..ငါတို့ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အသစ်ပဲ..။ဒါပေမဲ့ သူ့အသက်အရွယ်ကြောင့် အထင်မသေးလိုက်နဲ့နော်..။ဒီအသက်အရွယ်နဲ့တင် သူက ကျွမ်းကျင် အဆင့် ဖြစ်နေပြီ..။သူက ငါ့ကို ပန်ချီ ဆွဲပေးနေတာလေ..။ခနနေ ငါလိုက်ပြမယ်..ဒါမှ.. မင်းရဲ့ အမြင်တွေ ကျယ်သွားမှာ..."
အကြီးအကဲ ရဲ့ ချီးမွမ်းမူကြောင့် လင်းဖန် အနည်းငယ် ရွက်ရွံ့မိပေမယ့် လက်ခံနိုင်ပါသေးတယ်..။
ဘာပဲဖြစ်ဖြစ် ဒါက အမှန်တရားပါ..။အကြီးအကဲ ကျန်း ပြောနေတာတွေက တစ်ခုမှ မမှားပါဘူး..။
သို့ပေမယ့် လင်းဖန် အကြီးအကဲ ကျန်းရဲ့ မြေးကို မြင်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ အမူအရာ ပြောင်းလဲ သွားခဲ့ပါတယ်..။