← Chapters

အံ့ဩမူ...

Vol. 30 Ch. 447

အံ့ဩမူ...

Vol. 30 Ch. 447

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် အံ့ဩသွားတာက အကြီးအကဲ ကျန်း မြေးလေးရဲ့...အသွင်အပြင်ကြောင့် မဟုတ်ပါဘူး..။ကလေးရဲ့ ခြေထောက်တစ်ဖက်ရဲ့ ခြေချင်းဝတ်က မူမမှန် ဖြစ်နေခဲ့လို့ပါ..။

"အကြီးအကဲ လင်း...ဒါက ကျွန်တော် မြေးလေး.လီဘောင်...။လီဘောင် ..အန်ကယ် လင်းကို နှုတ်ဆက်လိုက်ဦး.."

အကြီးအကဲ ကျန်း..သူ့ မြေးလေးကို..ဝှီးချဲပေါ်က ချီပြီး ပြောလိုက်တာပါ..။

"အန်ကယ်လင်း.."

လီဘောငိ..နှုတ်မဆက်ခင်မှာ..အပြစ်ကင်းစွာ.. အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပါသေးတယ်..။

လင်းဖန် လီဘောင်ရဲ့ ခေါင်းကို ထိကာ ပြုံးလိုက်ပြီး..

"လူကောင်းလေးပဲ.."

"ရူဖန်း..မာစတာ လင်းက..ဒီနေ့ ဒီကို ရောက်နေတာ ဆိုတော့..ဟင်းကောင်းကောင်း ချက်ပေးပါဦး.."

အကြီးအကဲ ကျန်း ပြုံးပြီး ပြောလိုက်တာပါ..။သူ ဒီနေ့ အတော်ကို စိတ်ကြည်နေပါတယ်..။သူ လိုချင်တာကို လည်း သူရပြီးပါပြီး..။လင်းဖန် ဆွဲပေးတဲ့ ပန်ချီကားက သူ့ကို အတော် စိတ်ကျေနပ်စေပါတယ်..။ယွဲ့ချီဂျုရှီ နဲ့ တာအိုရှီဂန် တို့ရဲ့ ပနိချီကားထက်တောင် ပိုကောင်းတယ် လို့ ပြောလို့ရပါတယ်.။

"ကောင်းပါပြီ.."

အကြီးအကဲ ကျန်းရဲ့ မိန်းမဟာ ပြုံးပြီး ပြောလိုက်တာပါ..။သူမ ယောက်ျား သဘောကျတဲ့ လူဆိုတာက သိပ်တော့ မရှိပါဘူး..။အခုလို ..ထမင်းစားဖို့ ဖိတ်တဲ့ လူဆိုတာက ပိုပြီးတောင် ရှားပါးပါသေးတယ်..။

ဒါကြောင့်..ဒီလူငယ် လေး..ဘာတွေ ထူးချွန်မှန်း မသိရင်တောင်..အကြီးအကဲ ကျန်း..ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့အတွကိ သူမ ဒီလူငယ်လေးကို သဘောကျပါတယ်။

လငိးဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"အကြီးအကဲ ကျန်း..ကိုယ့်ကိုကို ပြသနာ မရှာပါနဲ့..။ကျွန်တော် ဒီမှာ မစားတော့ပါဘူး.."

"ဘာပြသနာ ရှိရမှာလဲ..။နေ့လည်စာ စားတာက ဘာပြသနာ မှ မရှိဘူး..။ငါ တို့ စကားအေးအေးဆေးဆေး ပြောလို့လည်း ရသေးတယ်..။နောက်ပိုင်း..သူတို့ကို ဖုန်းခေါ်ပြီး..အဖွဲ့အစည်း လက်မှတ်ကို ဒီကို လာပို့ ခိုင်းရဦးမယ်..လေ..ဟုတ်တယ်မလား..."

အကြီးအကဲ ကျန်း ပြုံးပြီး ပြောလိုက်တာပါ..။

လင်းဖန် ..သိပ်အများကြီး မပြောဖို့..ဆုံးဖြတ်လိုက်ပါတယ်...။သူ ခေါင်းသာ ညိမ့်လိုက်ပြီး..

"ကောင်းပြီလေ..ဒါဆိုလည်း ..ယဥ္ကျေးမနေတော့ဘူး..."

အကြီးအကဲ ကျန်း ရယ်မောလိုက်ပြီး..

"ဒီလိုမှပေါ့..."

အကြီးအကဲ ကျန်းရဲ့ မိန်းမဟာ ဒါကို ကြားတဲ့ အချိန်မှာ ချက်ချင်းသွားပြင်ဆင်လိုက်တယ်..။သူမ လီဘောင်ကို တော့ အကြီးအကဲ ကျန်းကိုပဲ ကြည့်ခိုင်းထားခဲ့ပါတယ်..။

လင်းဖန် လီဘောင်ရဲ့ ခြေထောက်ကို ဆက်တိုက် အကဲခတ်နေခဲ့တယ်..။သူ့ရဲ့ ခြေထောက်တစ်ဖက်က..အတွင်းပိုင်းကို..ကောက်နေခဲ့ပါတယ်..။ဒါက..ခြေမသန်တဲ့လူတွေ နဲ့ အနည်းငယ် ဆင်တူပေမယ့်..ပိုဆိုးတဲ့ အခြေအနေ တစ်ခုပါ..။

အကြီးအကဲ ကျန်းဟာ..သူ့မြေးလေး..ခြေထောက်ကို လင်းဖန် ကြည့်နေတာ မြင်ပြီး ပြောလိုက်တယ်..။

"ကြည့်ပါဦး..ဒီကလေးက မွေးကတည်းက ဒီလို ဖြစ်လာတာ..။ဒေါက်တာ တွေ ပြောတာတော့ သူ့ရဲ့ အတွင်းကြောတွေက ထိခိုက်ကုန်ပြီတဲ့...။သူတို့ ရှင်းပြတာတွေ အကုန်တော့ ငါ မမှတ်မိတော့ဘူး..ဒါပေမဲ့ လက်ရှိ ဆေးပညာ အဆင့်အတန်းနဲ့တော့..ပြန်ကောင်းနိုင်ခြေ အရမ်းနည်းတယ်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ဒီအခြေအနေက..အတော်ကို ဆိုးရွားတာပါ..။အကြီးအကဲကျန်းရဲ့ အဆင့်အတန်းနဲ့ ဆိုရင် အတော်ဆုံး ဆရာ ဝန်တွေ နဲ့ ပြသပြီး လောက်ပါပြီ..။ဒါတောင် သူ့မြေး ဒီအတိုင်းပဲ ရှိနေတာက ကုသဖို့ နည်း့လမ်း မရှိလို့ပဲ ဖြစ်ပါလိမ့်မယ်..။မဟုတ်ရင် ဒီလိူ အခြေအနေ အတိုင်း ဆက်ရှိနေမှာ မဟုတ်ပါဘူး..။

"အကြီးအကဲ ကျန်း..ကျွန်တော် သူ့ခြေထောက်ကိုနည်းနည်း ကြည့်ကြည့်မယ်လေ..."

လင်းဖန် ပြောတာလိုက်တာပါ..။

"ကောင်းပြီ..."

အကြီးအကဲ ကျန်း ..အများကြီး မတွေးတော့ပေ..။ဒီလို အခြေအနေက ပုံမှန်ပါပဲ..။ဥပမာအကြီးအကဲ

ယွဲ့ နဲ့ တာအို ရှီဂန် တို့ လာရင်လည်း.. ဒီလိုပဲ ခွင့်တောင်းကြတာပါ..။

လင်ဖန် ..လီဘောင်ရဲ့ ခြေထောက်ကို ကိုင်ကြည့်ပြီး ဒူးခေါင်း ဝန်းကျင်ကို ထိလိုက်တယ်..။သူ့စိတ်ထဲမှာ...ဒီပုံရိပ်တွေ ချက်ချင်း ပေါ်လာခဲ့ပါတယ်..။ယင်းနောက် သူပြောလိုက်တယ်...

"အကြီးအကဲ ကျန်း...ကျွန်တော် လီဘောင်နဲ့ တစ်ခုခု သွားဝယ်လိုက်ဦးမယ် ခနနေပြန်လာခဲ့မယ်လေ..."

"ဘာလို့လဲ..လီဝမ်ကို သွားဝယ်ခိုင်းလိုက်လို့ရတယ်လေ.."

အကြီးအကဲ ကျန်း..အပြုံးလေးနဲ့ ပြောလိုက်တာပါ..။

"မလိုပါဘူး..။သူ သိမှာမဟုတ်ဘူး..ကျွန်တော်ပဲ သိတာ.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။အများကြီး ထုတ်မပြောတာက အကောင်းဆုံးပါပဲ..။

ဘာပဲဖြစ်ဖြစ် သူပြောလိုက်ရင် အကြီးအကဲ ကျန်း စိတ်ပူရုံပဲ..ရှိပါလိမ့်မယ်..။

အတော်ဆုံး ဒေါက်တာ တွေတောင် ..ဘာမှ မလုပ်နိုင်တာ..ဒီလူငယ်လေး က ဘာလုပိနိုင်ဦးမှာလဲ....

လီဝမ်ကတော့ ခြံထဲမှာ တစ်ချိန်လံူးရှိနေခဲ့တာပါ..။လင်းဖန် တစ်ခုခု သွားဝယ်ဖို့ လုပ်တဲ့အချိန်မှာ သူ ကားပေါ်တက်လိုက်တယ်..။

"အကြီးအကဲ လင်း ..နောက်ကျမှ ပြန်မလာနဲ့နော်..အချိန်အကြာကြီး မနေနဲ့ဦး.."

အကြီးအကဲ ကျန်း အမြန်ပြောလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီ ကျွန်တော် အမြန်ပြနိလာခဲ့မယ်.."

ကားထဲတွင်..။

လီဝမ်း မေးလိုက်တယ်..။

"မာစတာ လင်း ဘယ်ကိုသွားမှာလဲ.."

လင်းဖန်ပြုံး လိုက်ပြီး...

"အနီးဆုံး တရုတ်ဆေးပညာ ခန်းမ ကိုသာသွား..."

လီဝမ် ဘာမှ မမေးပဲ ခေါင်းညိမ့်လိုက်တယ်..။သူ ကားကို ချက်ချင်း စက်နိုးပြီး မောင်းလိုက်ပါတယ်..။မာစတာ လင်းက ငယ်ရွယ်ပေမယ့်လည်း အကြီးအကဲ ကျန်းရဲ့..အထင်ကြီးမူကို ခံရတဲ့ လူငယ်တစ်ယောက်ပါ..။

အသက်အရွယ်ကြောင့် သူ အထင်မသေး ရဲပါဘူး..။သူ လေးလေးစားစား မဆက်ဆံလို့ အကြီးအကဲ ကျန်း ပြန်သိသွားရင်..သူ့ကို စိတ်ပျက်သွားပါလိမ့်မယ်..။

"လူအိုကြီး ကောင်လေး လင်း ဘယ်ရောက်သွားတာလဲ..."

အကြီးအကဲ ကျန်း ​ေ​ပြာလိုက်တယ်..။

"သူ..လီဝမ် နဲ့ တစ်ခုခုသွားဝယ်တယ်..။သူခနနေပြန်လာလိမ့်မယ်..။ငါ အကြီးအကဲ တာအိုနဲ့ ကျန်တဲ့ လူတွေကို ဆက်သွယ်လိုက်ဦးမယ်..မင်းချက်ပြုတ်နှင်းဦးနော်..."

…

မြို့တွင်း..စီရင်စုတစ်ခုတွင်..။

လီဝမ် ကားကို ရပ်လိုက်တယ်..။

"မာစတာ လင်း..ဆိုင်ကိုရောက်ပြီး..ရှေ့က ဆိုင်ပဲ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီ ကျွန်တော်ကို ခနစောင့်..ခနနေပြန်လာခဲ့မယ်.."

"ကိစ္စမရှိဘူး အေးဆေးလုပ်ပါ..။နေ့လည်စာ အချိန်မှီရင် ရပါပြီ.."

လီဝမ်ပြောလိုက်တာပါ..။

မာစတာ လင်း ဆိုင်ထဲကို ဝင်သွားမှ လီဝမ် စပြီးတွေးတောလိုက်ပါတယ်..။မာစတာ လင်း ဒီကို ဘာလာလုပ်တာလဲ သူသိချင်နေခဲ့တာပါ..။သို့ပေမယ့် အချိန်အတော် ကြာအောင် စဥိးစားပြီးတာတောင် ဘာမှ မတွေးနိုင်ခဲ့ပါဘူး..။

တရုတ် ဆေး ခန်းမထဲတွင်..။

လင်းဖန် အထဲက ပစ္စည်းတွေကို ကြည့်နေရင်းနဲ့ လီဘောင်ရဲ့ အခြေအနေကို စဥ္းစားနေခဲ့ပါတယ်..။

ဒီအခြေအနေက တကယ်ကို ရှုပ်ထွေးတာပါ..။ဒါပေါ့..ရှုပ်ထွေးတယ် ဆိုတာကလည်း..စွယ်စုံကျမ်း မရှိမှပါ..။စွယ်စုံကျမ်းရဲ့ အကူညီကို ယူလိုက်ရင်တော့ ဘာပြသနာ မှ ရှိတော့မှာ မဟုတ်ပါဘူး..။

သူ လုပ်ဖို့ လိုအပ်တာတွေ နည်းနည်း ရှုပ်ထွေးတာပဲ ရှိပါလိမ့်မယ်..။

"သူဌေး ကျေးဇူးပြုပြီး ကျွန်တော်ကို ဒါလေးတွေ ပေးပါ.."

လငိးဖန် အတော်ကြာအောင်တွေးပြီးမှ မေးလိုက်တာပါ...။

"ကောင်းပါပြီ.."

…

သိပ်မကြာခင်မှာပဲ..။

လင်းဖန် ဆိုင်ထဲက ထွက်လာခဲ့ပါတယ်..။သူ့လက်ထဲမာတော့ ဘာမှ မရှိပါဘူး..။လီဝမ် ဟာ ကားထဲကို ဝင်လာတဲ့ မာစတာ လင်းကို ကြည့်ပြှီး ဘာတွေ ဝယ်ခဲ့တာလဲ မသိတော့ပေ..။

"မာစတာ လင်း..လိုချင်တာ မရခဲ့ဘူးလား..။ကျွန်တော် တို့ တစ်ခြား တစ်နေရာကို ထပ်ရှာကြမယ်လေ "

လီဝမ် နွေးထွေးစွာ ပြောလိုက်တာပါ..။

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"မလိုတော့ဘူး..လိုချင်တာ ဝယ်ခဲ့ပြီးပြီ..."

လီဝမ် ပိုပြီး အံ့ဩသင့်သွားခဲ့တယ်..။

ဝယ်ပြီးပြီ ဆိုရင် ဘယ်နားမှာ ထားထားတာလဲ...

သို့ပေမယ့် သူဘာမှ ထပ်မမေးတော့ ဖို့သာ ဆုံးဖြတ်လိုက်ပါတယ်..။

လင်းဖန် လက်ထဲကနေ ကိုင်မလာခဲ့ပါဘူး..။အက်ျီအတွင်း ပိုင်းထဲမှာပဲ ဖုံးကွယ်ထားခဲ့တာပါ..။ဒါကိုသာ ရှာတွေ့သွားရင် ဖြေရှင်းရမှာက ရှုပ်ထွေးကုန်မှာ အသေအချာပါပဲ..။

လင်းဖန် လူတွေကို ကုသပေးရတာကို အတော်သဘောကျပါတယ်..။

သူ့ရဲ့ မစ်ရှင်ပြည့်မြောက်ဖို့ အတွက်လည်း အကောင်းဆုံး ကြိုးစား ကြရဦးမှာပါ..။ဒီ မစ်ရှင်က ..အချိန်တောတော်ကြာနေ ခဲ့ပါပြီ..။

နေ့လည်ဘက်..။

နေ့လည်စာစားသည့်အချိန်တွင်..။

တာအိုရှိဂန် ..ယွဲ့ချီဂျုရှီနဲ့ တစ်ခြား မာစတာ တွေဟာ ဒီကို ရောက်လာခဲ့ကြပါတယ်..။သူတို့ စောစော ရောက်လာပြီး..ဘာမှ လုပ်စရာ မရှိတဲ့ အချိန်မှာ အကြီးအကဲကျန်းဟာ စာကြည့်ခန်းထဲကို ရည်ရွယ်ချက်ရှိရှိ ခေါ်သွားခဲ့တယ်..။

သူ လင်းဖန် ဆွဲထားတဲ့ ပန်ချီကားအသစ်ကိုကြွားဝါချင်တာက..ထင်ရှား နေခဲ့တာပါ..။

တာအိုရှီဂန် နဲ့ ယွဲ့ချီဂျုရှီတို့ဟာ ပန်ချီကား အကြီးကြီးကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြတယ်..။ဒီ ပန်ချီကားထဲမှာ..တောင်ကုန်း..စမ်းချောင်း..ပန်းပွင့်..ငှက်နဲ့ လူတွေ အစုံအလင် ပါဝင်နေခဲ့ပါတယ်..။

သူတို့ တောင် ဒီလို ပန်ချီကား မရတဲ့ အချိန်မှာ အကြီးအကဲ ကျန်းရသွားလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး..။

သူတို့ ဘယ်လိုလုပ်ပြီး မနာလို မဖြစ်ပဲ နေနိုင်မှာလဲ...

လင်းဖန်ဟာ သူ့ကို လူတိုင်းဝိုင်းကြည့်နေတာကို သတိထားမိလိုက်ပါတယ်..။

နေ့လည်စာစားချိန်မှာတော့ ..လူတိုင်း..ပျော်ရွှင်စာ စကားပြောရင်း စားသောက်နေခဲ့ကြတယ်..။

လီဘောင်ဟာ လည်း နေ့လည်စာစားပြီး နောက်မှာ..အပေါ်ထပ်ကို အိပ်ဖို့ ခေါ်သွားခံလိုက်ရပါတယ်..။

လင်းဖန် လီဘောင် အိပ်ပျော်လောက်မယ့် အချိန်မှာ ..သန့်စင်ခန်းသွားမယ် ဆိုပြီး..အပေါ်ထပ်ကို တက်သွားလိုက်ပါတယ်..။

သူ မိနစ် နှစ်ဆယ်လောက်ကြာပြီးမှ ပြန်ရောက်လာပေမယ့် စကားပြောနေကြတာကြောင့် ဘယ်သူမှ သတိ မထားမိခဲ့ကြပါဘူး..။အဲ့အချိန်မှာတော့ အကြီးအကဲ ကျန်းရဲ့ မိန်းမဟာ..မီးဖို ခန်းထဲ ရောက်နေပြီး သူမလည်း သတိမထားမိခဲ့ပေ..။

…

စားသောက်ပြီးနောက်..။

"အကြီးအကဲ ကျန်း ကျွန်တော်တို့ ပြန်တော့မယ်.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

အကြီးအကဲ ကျန်း အမြန် ပြောလိုက်တယ်..

"ကောင်းပြီ အကြီးအကဲ လင်း..နောက်တစ်ခါ ဘေဂျင်းရောက်ရင် ကျိန်းသေ ဖုန်းဆက်ရမယ်နော်.."

လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်ပါတယ်..။ဒီ အကြီးအကဲ ကျန်းက ပေါင်းသင်းလို့ ကောင်းတဲ့ လူတစ်ယောက်ပါ..။သူတို့..တစ်ယောက်နဲ့ တစ်ယောက်တွေ့တာ မကြာသေးပေမယ့်..အတော်ရင်းနှီးနေကြပြီလို့တောင် ​ပြောလို့ရပါတယ်..။

လူတိုင်း..​ြ့ပန်သွားကြပြီးနောက်..။

အကြီးအကဲ ကျန်း ဆိုဖာပေါ်မှာ ထိုင်ပြီး ရယ်မောလိုက်တယ်..။

"မိန်းမရေ..ဒီနေ့က..ပျော်စရာ နေ့တစ်နေ့ပဲ.."

သူ့မိန်းမဟာ..စားပွဲကို ရှင်းလင်းနေရာကနေ ပြုံးလိုက်ပြီး..

"ရှင်ပျော်တယ် ဆိုရင် ပြီးတာပါပဲ.."

"အဖိုး..အဖိုး..သားသေးပေါက်ချင်တယ်.."

အဲ့အချိန်မှာပဲ အပေါ်ထပ်က အော်ခေါ်သံကို ကြားလိုက်ရပါတယ်..။

"လီဘောင် ..အဖိုးလာပြီ.."

အကြီးအကဲ ကျန်း ပြန်ဖြေလိုက်တာပါ..။

သို့ပေမယ့် အဲ့အချိန်မှာပဲ..။

မတ်တတ်ရပ်နေပြီ ဖြစ်တဲ့ အကြီးအကဲ ကျန်းဟာ သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး ကြောင်အသွားခဲ့တယ်..။

"အဖိုး..လီဘောင် သေးပေါက်ချင်လို့.."

လီဘောင် အပြစ်ကင်းစွာ ထပ်ပြောလိုက်တာပါ..။

မိန်းမဟာ ပြောလိုက်တယ်..။

"လူအိုကြီး ဘာ ရပ်လုပ် နေတာလဲ..အမြန် .အပေါ်....."

ရုတ်တရက်..။

ရူဖန်း ရဲ့ လက်တွေဟာ လှုပ်ရှားနေရာကနေ ရပ်တန့်သွားခဲ့တယ်..။သူမရဲ့ မျက်လုံးတွေဟာ လှေကားဆီကို ရောက်သွားခဲ့တာပါ..။သူမ ကိုင်ထားတဲ့..ခွက်တွေ တူတွေဟာတော့ ​ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့ပါပြီ.။

All Chapters