ကြီးမားတဲ့ ပျှော်ရွှင်မူတစ်ခု
Vol. 30 Ch. 448
#ဘာသာပြန် = စနိုးဝှိုက်
လှေကားတွင်တော့..လီဘောင်ဟာ..မတ်တတ်ရပ်ပြီး သူ့မျက်လုံးတွေကို ပွတ်ကာ..ဘောင်းဘီကို ဆွဲချနေခဲ့ပါတယ်..။သူ့ကြည့်ရတာ..အိပ်ယာက မနိုးသေးတဲ့ အတိုင်းပါပဲ..။သူ့ကို ..သူ့အဖိုးနဲ့ အဖွားက သန့်စင်ခန်းထဲ ခေါ်သွားပေးတာကို စောင့်နေခဲ့တာပါ..။
လီဘောင်က ငယ်သေးတဲ့..အတွက် သူ့ကိုသူ ဘာပြောင်း လဲနေလဲ ဆိုတာကို သတိမထား မိသေးပါဘူး..။
"အဖိူး..လီဘောင် သေးပေါက်ချင်တယ်.."
"လီဘောင်..."
ရူဖန်း...ကြမ်းပြင်ပေါ် ပြုတ်ကျနေတဲ့ ခွက်တွေ တူတွေကိုတောင် ဂရုမစိုက်တော့ပဲ ရှေ့ကို ပြေးတက်သွားခဲ့ပါတယ်..။သူမ ရဲ့ လက်တွေဟာ တုန်ရီနေပြီး..သူမ မြင်နေရတဲ့ အရာကိုတောင် မယုံကြည်နိုင်တော့ပဲ..အိပ်မက်တစ်ခုလို့သာ ထင်နေခဲ့တာပါ..။
"ရူဖန်း..ငါတို့ အတွေးလွနိပြီး ..အမြင်မှားနေတာ ဖြစ်နိုင်မလား..။ငါတို့ ဂယောင်ချောက်ခြား ဖြစ်နေတာ ထင်တယ်.."
အကြီးအကဲ ကျန်း..မယုံနိုင်စွာ ပြောလိုက်တာပါ..။
ရူဖန်း သူ့မြေးလေးကို ကြည့်လိုက်ပြှီး..
"လီဘောင် ..အဖွား သေချာကြည့်ရအောင် ရှေ့ကို ထပ်လှမ်းကြည့်ပါဦး..."
လီဘောင်ဟာ..သူ့အဖွားက..ဘာလို့..သူ့ကို ရှေ့ကို ထပ်လျောက် ခိုင်းမှန်း နားမလည်ခဲ့ပေ..။သူက အခု သေးပေါက်ချင်နေခဲ့တာပါ..။
သို့ပေမယ့် ..သူ က သူ့အဖွားစကား နားထောင်တဲ့..ဘောင်ဘောင် ဆိုတော့ ဘာမှ မပြောပဲ ရှေ့ကို ထပ်လှမ်းလိုက်တယ်..။
"အဖွား ..လီဘောင် လှမ်းပြီးပြီနော်..။လီဘောင် အရမ်း သေးပေါက်ချင်နေပြီ.."
လီေဘာင် အလျင်စလို ပဲ ပြောလိုက်တာပါ..။
သူ တို့ရဲ့ မြေးလေး မမွေးခင်တုန်းက သူတို့ မိသားစု အကုန်လုံး ..စိတ်လှုပ်ရှားမိကြပေမယ့်..မွေးလာပြီး နောက်မှာ အကုန်စိတ်ဓာတ်ကျ ခဲ့ကြရပါတယ်..။ဘာလို့လဲ ဆိုတော့ ကလေးရဲ့ ခန္တာကိုယ်က တစ်ခုခု မှားယွင်းနေလို့ပါ..။
အကြီးအကဲ ကျန်းဟာ အလျင်အမြန်ပဲ လီဘောင်ရဲ့ လက်မောင်းကို ဆုပ်ကိုင်ပြီး..ခြေထောက်ကို သေချာကြည့်လိုက်တယ်..။သူ က စိတ်လှုပ်ရှား လွန်းလို့ အသံတွေတောင် တုန်ရီနေခဲ့ပါပြီ...
"လီဘောင် အဖိူးကြည့်ရအောင် နောက်တစ်လှမ်းလောက် ထပ်လှမ်းပါဦး..."
လီဘောင် သူ့အဖိုးကို ပဟေဠိဖြစ်စွာ မျက်လုံးပြူး ကြည့်လိုက်ပြှီး..ရှေ့ကို ဖြည်းညှင်းစွာ ထပ်လှမ်းလိုက်ပါတယ်..။
"အဖိုး..လီဘောင်..သေးပေါက်ချင်နေပြီ..."
"လီဘောင်..အဖိုးပြောတာ နားထောင်ဦး...။နောက်တစ်လှမ်းလှမ်းလိုက် ဟုတ်ပြီလား..."
အကြီးအကဲ ကျန်းရဲ့ ..ခံစားချက်က ..မီးတောင်တစ်ခုလို ဖြစ်နေခဲ့ပါပြီ..။သူ ဒီပြသနာကို ဖြေရှင်းဖို့ နေ့ရော ညရော တွေးနေခဲ့တာပါ..။သူ လီဘောင်ကို သာမန်ကလေး တွေလိုပဲ လမ်းလျောက်စေချင်ပါတယ်..။သို့ပေမယ့် မရေမတွက်နိုင်အောင် ကုသပြီးတာတောင် သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး..။
သို့ပေမယ့် အခုတော့..မထင်မှတ်ထားတဲ့ အရာဖြစ်လာပြီး လီဘောင်က အမှန်တကယ်ပဲ လမ်းလျောက်နေခဲ့ပါပြီ..။
လီဘောင် ခေါင်းမော့ပြီး သူ့အဖိူးနဲ့ အဖွားကို ထပ်ေပြာလိုက်တယ်..။
"လီဘောင် သေးပေါက်ချင်နေပြီ.."
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"လီဘောင်..အဖိုးကြည့်ရအောင် နောက်တစ်လှမ်းလောက်လျောက်ပါဦး.."
လီဘောင် တိတ်ဆိတ်သွားခဲ့တယ်..။
".............."
အကြာကြီးနေတာတောင် သူ မတုန့်ပြန်ခဲ့ပေ..။
"ဝါး.."
ရုတ်တရက်..လီဘောင် ထငို ပါတော့တယ်..။
"လီဘောင် သေးပေါက်ချင်တယ်..။အဖိုးက..လီဘောင် သေးပေါက်အောင် မခေါ်သွားဘူး..။လီဘောင် ဘောင်းဘီ ထဲမှာပဲ ပေါက်ချတော့မယ်...."
လီဘောင်ဟာ မတ်တတ်ရပ်ပြီး..လက်သီးကို ကျစ်နေအောင် ဆုပ်ထားခဲ့တယ်..။သူ့ရဲ့ အမူအယာဟာ ရှက်ရွံ့နေပြီး သူ့ဘောင်းဘီဟာလည်း စိုရွှဲနေခဲ့လို့ပါ.။
ရူဖန်း ပြန်အသိဝင်လာခဲ့တယ်..။သူမ က စိတ်လှုပ်ရှားနေပေမယ့် လည်း..သူမ ရဲ့မြေး က ဘောင်းဘီ ထဲမှာ သေးပေါက်ချနေခဲ့ပါပြီ..။သူမ လီဘောင်ကို သန့်စင်ခန်းထဲအမြန် ခေါ်သွားလိုက်ပြီး..
"လူအိုကြီး.. ကလေးတွေကို အမြနိ ခေါ်လိုက်..။သူတို့ကို ဘာတွေ ဖြစ်နေလဲ ဆိုတာ ပြောပြလိုက်ဦး..."
"သိပြီ..."
အကြီးအကဲ ကျန်း အလျင်အမြန်..ခေါင်းညိမ့်လိုက်ပါတယ်..။ သူ ဖုန်းကို ထုတ်ပြီး သူ့သားကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်..။
"အဖေ ..ဘာဖြစ်လို့လဲ.."
နက်ရှိုင်းတဲ့အသံတစ်ခုဟာ .. ဖုန်းထဲက နေ မြည်လာခဲ့တယ်..။ဒါက ..အကြီးအကဲကျန်းရဲ့ သား..ကျန်းဟိုင်ဖန်း ပါ..။
"ဟိုင်ဖန်း..လီဘောင်လေ..သူ...သူ..."
အကြီးအကဲ ကျန်း စိတ်လှုပ်ရှား လွန်းလို့ စကားတွေတောင် ထစ်နေခဲ့ပါတယ်..။
တစ်ခြား တစ်ဖက်မှာ တော့ ကျန်းဟိုင်ဖန်း သူ့အဖေ ရဲ့ အသံ မူမမှန်တာကို သတိထားမိပြီး..စိတ်ပူသွားခဲ့တယ်..။
"အဖေ..လီဘောင် ဘာဖြစ်သွားလို့လဲ.."
လီဘောင်က သူ့ရဲ့ တစ်ဦးတည်းသော သားလေးပါ..။သူ ့သားလေးက..မသန်စွမ်း ပေမယ့်လည်း သူဘယ်တော့မှ လက်မလျော့ ပါဘူး..။တစ်ဘဝလုံး မပျောက်ကင်းနိုင်ဘူး ဆိုရင်တောင် သူအမြဲတမ်း..စောင့်ရှောက်ပေးသွားမှာပါ..။
"မဟုတ်ဘူး..လီဘောင်က အဆင်ပြေတယ်..။အမြန် ဟွေးချီ နဲ့ အတူ ပြန်လာခဲ့..။လီဘောင်ရဲ့ ခြေထောက်က ပြန်ကောင်းသွားပြီ..။ လီဘောင် အခု လမ်းတောင် လျောက်နေတယ်..."
အကြီးအကဲ ကျန်း ပြောလိုက်တာပါ..။
ရုတ်တရက်..။
တစ်ခြား တစ်ဖက်ဟာ တိတ်ဆိတ်သွားခဲ့တယ်..။
အချိန်တစ်ချို့ ကြာပြီးမှ ကျန်းဟိုင်ဖန်းရဲ့ အသံပြန်ထွက်လာခဲ့ပါတယ်..။
"အဖေ..ဘာပြောလိုက်တာ..."
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"လီဘောင် လမ်းလျောက်နိုင်ပြီ..။သူ့ရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားပြီ..."
"အဖေ..သားကို နောက်နေတာလား...လီဘောင်...."
ကျန်းဟိုင်ဖန်း မယုံကြည်နိုင်ခဲ့ပေ..။သူ့အတွက်ကတော့..သူ့အဖေ သူ့ကို နောက်နေသလိုပါပဲ..။သို့ပေမယ့် သူ့အဖေရဲ့ အမူအကျင့်ကို သူသိပါတယ်..။သူ့အဖေက ဘယ်တော့မှ မနောက်ပြောင်တတ်ပါဘူး..။ဒီတော့ ဖြစ်နိုင်ချေ တစ်ခုတည်းက..သူ့သား တကယ်ပြန်ကောင်းသွားတာပါပဲ..။
"ငါနောက်နေတာ မဟုတ်ဘူး..။ဟွေးချီနဲ့..အတူပြန်လာခဲ့..။လီဘောင်ကို..ဆေးရုံဆီ..စစ်ဆေးဖို့ ခေါ်သွားရမယ်.."
အကြီးအကဲ ကျန်းက သူ့သားထက် ပိုစိတ်လှုပ်ရှားနေခဲ့ပါတယ်..။သူ့မြေးနဲ့ သူက နေ့တိုင်း နေနေရတဲ့ အတွကိ အများကြီးပိုပြီး သံယောဇဥ် ရှိပါတယ်..။
"အဖေ. သာ အခုပြန်လာခဲ့မယ်..။အမြန်ပြန်လာခဲ့မယ်.."
ကျန်းဟိုင်ဖန်း..အမြန်ပြောပြီး ဖုန်းချလိုက်တာပါ..။သူ ဟွေးချီကို အမြန် ခေါ်လိုက်ပြီး အိမ်ကို ပြန်လိုက်တယ်..။
သူက စစ်တပ်က..ရာထူးကြီး အရာရှိတစ်ယောက်ဖြစ်ပြီး ဟွေးချီ နဲ့ ယဥ်ကျေးမူး ဌာနမှာ တွေ့ခဲ့ကြတာပါ..။
အိမ်ထဲတွင်..။
အကြီးအကဲ ကျန်း ဧည့်ခန်းထဲမှာ မှီပြီးထိုင်နေခဲ့တယ်..။သူ့ရဲ့ စိတ်ဟာ ရှုပ်ထွေးနေပြီး..အချိန်တွေကြာအောင် တွေးနေခဲ့ပါတယ်..။အမှန်တကယ် ဘာတွေ ဖြစ်နေလည်း ဆိုတာ အဖြေရှာမရတော့ပါဘူး..။
ရူဖန်းဟာ သူ့မြေးကို အဝတ်အစား လဲ ပေးပြီး ပြန်ခေါ်လာခဲ့တယ်..။သူမ ရဲ့ လက်တွေဟာ ..လီဘောင် ရဲ့ခြေထောက်တွေကို သာ တစ်ချိန်လုံး ကိုင်နေခဲ့ပြီး လွှတ်မပေးချင်ခဲ့ပေ..။
"လီဘောင် ရှေ့ကို လမ်းလျောက်ပြပြီး..အဖိုး မြင်အောင် ပြပါဦး..။ပြီးတော့..မြေးလေး ဘာလို့ ရုတ်တရက် ..လမ်းလျောက်နိုင်တာလဲ ပါ ပြောပြပါဦး."
အကြီးအကဲ ကျန်း မေးလိုက်တာပါ..။
လီဘောင်..သူ့အဖိုးကို ကြောင်အပြီး ကြည့်လိုက်တယ်..။
"အဖိုး လီဘောင် လမ်းလျောက်နိုင်တာက ကြီးလာလို့လေ..။အဖိူး အဲလိုပဲ ပြောထားတာ မဟုတ်ဘူးလား..။အခု လီဘောင်က ကြီးလာလို့ လမ်းလျောက်နိုင်ပြီလေ..."
အကြီးအကဲ ကျန်း ဒါကို ကြားရတဲ့ အချိန်မှာ ဘာပြန်ပြောရမှန်း မသိတော့ပါဘူး..။
ဒီ ဖြေရှင်းချက်က သူအရင်က ပြောပြထားတဲ့ အတိုင်းပါပဲ..။အဲ့တုန်းက လီဘောင်က တစ်ခြား ကလေးတွေလိူ ဘာလို လမ်းမလျောက်နိုင်တာလဲ လို့မေးခဲ့တာပါ..။
အကြီးအကဲ ကျန်း ..သူ့မြေးလေး ဝမ်းနည်းသွားမှာကို စိုးရိမ်ခဲ့ပါတယ်..။ဒါကြောင့် သူ ဒီအဖြေကို ပေးခဲ့တာဖြစ်ပြီး .လီဘောင်ကြီးလာပြီ ဆိုရင်လည်း အခြေအနေကို သူ့ဟာသူ သဘောပေါက်သွား တော့မှာပါ..။
သို့ပေမယ့် လီဘောင် ရုတ်တရက်ကြီး..လမ်းထလျောက်နိုင်လိမ့်မယ် လို့ သူမထင်ခဲ့ပေ..။သူ အဖြေကို သိချင်နေပေမယ့်..လီဘောင်ကိုယ်တိုင်လည်း သိတဲ့ ပုံမပေါ်ပါဘူး..။
ခနကြာပြီးနောက်..။
အကြီးအကဲ ကျန်းရဲ့ သားနဲ့ ချွေးမဟာ ပြန်ရောက်လာခဲ့တယ်..။ကျန်းဟိုင်ဖန်း ရဲ့ မိန်းမဟာ သူမသား..ပြန်ကောင်းလာပြီ လို့ ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။ဒါက သူမ နေ့တိုင်း အိပ်မက်မက် နေတဲ့ ကိစ္စတစ်ခုပါ..။အခု သူမ ဒီသတင်းကို ကြားတော့ ယုံတောင် မယုံကြည်ရဲပေ..။
"အဖေ..လီဘောင် ဘယ်မှာလဲ.."
နီယန်ဟွေးချီ ..တံခါးကို ဖွင့်ပြီး ဝင်လာလိုက်တယ်..။လီဘောင် ဧည့်ခန်း ထဲမှာ ပတ်ပြေးပြီး ဆော့နေတာ မြင်တဲ့ အချိန်မှာ သူမ ပါးစပ်ကို အုပ်ထားမိလိုက်ပါတယ်..။ယင်းနောက် သူမရဲ့ မျက်လံူးတွေဟာ နီရဲလာပြီး မျက်ရည်တွေ စီးကျလာခဲ့ပါတော့တယ်..။
"မာမား.."
လီဘောင် ပြေးလာပြီး သူ့အမေ.ရဲ့.. အကျီကို ဆွဲလိုက်တယ်..။
"မာမား ဘာလို့ ငိုနေတာလဲ.."
"လီဘောင်..."
နီယန် ဟွေးချီ သူ့သားကို အလျင်အမြန် ပွေ့ချီလိုက်ပြီး..အချိန်အကြာအောင် ဘာမှ မပြောနိုင်ခဲ့ပါဘူး..။
ကျန်းဟိုင်ဖန်း..ဟာ စိတ်ဓာတ်ခိုင်မာ တဲ့ လူတစ်ယောက် ဖြစ်ပေမယ့်..ဒီမြင်ကွင်းကို မြင်တဲ့ အချိန်မှာ ခံစားလိုက်ရတယ်..။ယင်းနောက် သူ့အဖေ ဆီလျောက်သွားပြီး မေးလိုက်ပါတယ်..။
"အဖေ.. ဘယ်လိုဖြစ်တာလဲ..."
အကြီးအကဲကျန်း ခေါင်းခါယမ်း လိုက်တယ်..။
"အဖေလည်း သေချာ မသိဘူး..။အခု ဒီအကြောင်း မတွေးနဲ့ဦး..။အမြန် လီဘောင်ကို ခေါ်ပြီး ဆေးရုံ မှာ စစ်ဆေးရဦးမယ်..။ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို သိရအောင်..။ငါတို့ အများကြီးတော့ မျှော်လင့်ထားလို့တော့ မရဘူး မဟုတ်ရင် ပိုပြီး စိတ်ပျက်ရလိမ့်မယ်..."