မှော်ဆန်တဲ့ ပြောင်းလဲမူ..
Vol. 30 Ch. 449
#ဘာသာပြန် = စနိုးဝှိုက်
အဆောက်အဦး၏ အပြင်ဘက်တွင်..။
လီဝမ်ဟာ..ကားထဲမှာ တစ်ချိန်လုံး ရှိနေခဲ့တာပါ..။အကြီးအကဲ ..ကျန်း လျောက်လာတာမြင်တဲ့ အချိန်မှာ သူ ချက်ချင်း အောက်ကို ဆင်းပြီး ကားတံခါး ဖွင့်ပေးလိုက်တယ်..။ရုတ်တရက် လီဝမ်ဟာ ကြောင်အသွားခဲ့ပါတယ်..။
အကြီးအကဲ ကျန်း က သူ့မြေးရဲ့ လက်ကို ဆွဲပြီး အတူတူ လမ်းလျောက်လာကြတာပါ..။
"ဒါ..ဒါက "
လီဝမ် စိတ်ရှုပ်သွားခဲ့တယ်..။သူက..အကြီးအကဲ ကျန်း ရဲ့ ဘော်ဒီဂတ်ဖြစ်တာကြောင့် ဒီအိမ်မှာ သူတို့ရဲ့မြေးလေး မသန်စွမ်း ဖြစ်နေတယ် ဆိုတာကို သိထားပြီးသားပါ..။သူ..သူတို့ရဲ့ အကူညီမဲ့မူ နဲ့ ဝမ်းနည်းမူကို နားလည်ပါတယ်..။
ဒီနေ့ လီဘောင်က သူ့ဟာ သူ လမ်းလျောက် နေတာမြင်တော့ သူ အံ့ဩလွန်းလို့ ဘာပြောရမလဲ တောင် မသိတော့ပေ..။
အကြီးအကဲ ကျန်း..လီဝမ်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး...
"ဆေးရုံကို သွားကြရ အောင်.."
"ကောင်းပါပြီ.."
လီဝမ် ပြန်ဖြေလိုက်တာပါ..။
ဂျန်ဝု ဆေးရုံတွင်..။
ဒီဆေးရုံရဲ့ ဒါရိုက်တာ ဖြစ်သူတောင် အကြီးအကဲ ကျန်းကို အရိုအသေ လာပြုရပါတယ်..။အကြီးအကဲ ကျန်းက..ပင်စင် ယူထားပြီးပြီ ဖြစ်ပေမယ့်လည်း မရိုမသေ သွားလုပ်လို့ မရပါဘူး..။
ပုံမှန် အချိန်ဆိုရင်..အကြီးအကဲ ကျန်းဟာ အလျင်စလို ပြောလေ့ မရှိပေ..။သို့ပေမယ့် ဒီနေ့က လီဘောင် အတွက် အရေးကြီးတဲ့ အခြေအနေ မှာပါ..။
"ဒါရိုက်တာ ကျောင်း..ကျေးဇူးပြုပြီး ကျုပ်မြေးလေး ..တစ်ခုခု မှားနေလား စစ်ဆေးပေးပါဦး.."
ဒါရိုက်တာ ကျောင်း လီဘောင်ကို မြင်တဲ့ အချိန်မှာ မျက်နှာ..ပြောင်းလဲသွားခဲ့တယ်..။လီဘောင်က မွေးလာကတည်းက မသန့်စွမ်း ဖြစ်နေခဲ့တာပါ..။စပါယ်ရှယ်လစ် အဖွဲ့တွေ ဒီပြသနာကို ဖြေရှင်းဖို့ တိုင်ပင်ကြပေမယ့်..ရလာဒ်က လက်ခံနိုင်ဖွယ် မရှိပါဘူး..။
သူတို့ ခြေထောက်ကို ခွဲစိတ်မယ် ဆိုရင်လည်း အောင်မြင်မယ့် ရာခိုင်နှုန်းက အတော်ကို နည်းပါတယ်..။ဒါကြောင့် သူတိူ့ ဆံူးဖြတ်ချက် မချသေးပဲ ပိုကောင်းတဲ့ နည်းလမ်း တွေ့နိုင်မလား ရှာဖွေနေကြတာပါ..။
သို့ပေမယ့်..အခု လီဘောင်က လမ်းလျောက်လာတော့ ဒါရိုက်တာဘကျောင်း ကို အံ့ဩစေတာ ပုံမှန်ပါပဲ..။
"ကောင်းပါပြီ..အကြှီးအကဲ ကျန်း..ကျွန်တော် စပါယ်ရှယ်လစ် အဖွဲ့ကို စစ်ဆေး ခိုင်းလိုက်မယ်.."
ဒါရိုက်တာ ကျောင်း ပြောလိုက်တာပါ..။လီဘောင်ကို အရင်က ဒီမှာ စစ်ဆေးထားဖူးတော့ ..အခြေအနေ ဘယ်လောက် ထိ ရှုပ်ထွေးလည်း ဆိုတာ သူအတိအကျ သိထားပါတယ်..။
သို့ပေမယ့် အခု သူက လမ်းပြန်လျောက်နေတယ် ဆိုတော့ တစ်ခုခု ထူးခြားတာ အသေအချာပါပဲ..။
မကြာခင်မှာပဲ လီဘောင်ကို စစ်ဆေးတဲ့ အခန်းဆီ ခေါ်သွားလိုက်တယ်..။
အပြင်ဘက်တွင်..။
အကြီးအကဲ ကျန်း စိတ်ရှည်စွာ စောင့်နေခဲ့ပါတယ်.။
ဒါရိုက်တာ..ကျောင်းဟာ..ထိပ်တန်းအဆင့်ကျွမ်းကျင် မူနဲ့ အတွေ့အကြုံရှိတဲ့ ဒေါက်တာ ဖြစ်တာကြောင့် လီဘောင်ကို သေချာ စစ်ဆေးနေခဲ့တယ်..။
"ခန္တာကိုယ် အခြေအနေ ဘယ်လို ရှိလဲ.."
ဒါရိုက်တာ ကျောင်း မေးလိုက်တာပါ..။
ဘေးနားက ဒေါက်တာဟာ ဖြေလိုက်တယ်..။
"ဒါရိုက်တာ..အကုန်လုံးက ပုံမှန်ပဲ..။ဘာပြသနာ မှ မရှိဘူး.."
ဒါရိုက်တာ ကျောင်းဟာ..ဓာတ်မှန် ပုံရိပ်ကို ကြည့်ပြီး ခြေထောက်က ဘာမှ မဖြစ်တာကို တွေ့လိုက်ရတယ်..။အရင်က လီဘောင်ရဲ့ ခြေထောက်က ..အတော်ဆိူးရွားပြီး.မသန်စွမ်းစွာ မွေးလာခဲ့တာပါ..။သူတစ်ခုခု လုပ်လို့ရပေမယ့် အောင်မြင်မူ နှုန်းက အရမ်းနည်းလွန်းပါတယ်..။ထပ်ပြောရရင်..ကျဆုံးသွားရင်..မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာနိုင်လို့ပါ..။
အကြီးအကဲ ကျန်းနဲ့ တစ်ခြား လူတွေဟာ..သဘောမတူခဲ့ကြပေ..။ဒါက မျှော်လင့်ချက် ရှိပေမယ့်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မူ မရှိရင် သူတို့ မစမ်းသပ် ချင်ကြပါဘူး..။
"ဟေး.."
ဒါရိုက်တာ ကျောင်း ကြောင်အသွားခဲ့တယ်..။ဒီ ဓာတ်မှန် ပုံရိပ် မှာ သေးငယ်တဲ့ အစက်အပြောက်လေး ရှိနေတာကို တွေ့လိုက်ရလို့ပါ..။သူသာ သေချာ အနီးကပ် မကြည့်ရင် ဒီ အစက်အပျောက်လေးကို မြင်နိုင်မှာ မဟုတ်ပါဘူး..။
"လာကြည့်ကြစမ်းပါ..ဒီအနက်ရောက် အစက်က ဘာလဲ.."
ဒါရိုက်တာ ကျောင်း အော်လိုက်တာနဲ့ ဆရာဝန်တွေဟာ ဝိုင်းလာခဲ့ကြတယ်..။သူတို့က ဂျန်ဝု ..ဆေးရုံရဲ့ စပါယ်ရှယ်လစ် တွေဖြစ်တာကြောင့် အဖြေကို လျင်လျင်မြန်မြန် ထုတ်နိုင်ကြပါတယ်..။
ယင်းနောက် သူတို့ ဓာတ်မှန် ပုံရိပ်ကို မြင်တဲ့ အချိန်မှာ ကြောင်အသွားကြတယ်..။
"အစက်ကလေး.ပဲ..အရမ်းကြီးတော့ မသေးပါဘူး..။အဲ့နားက..ဒူးခေါင်း ရဲ့ သွေးကြောတွေ အများဆုံး ရှိနေတဲ့ နေရာတစ်ခု မလား..။ကြည့်ရတာ တစ်ခုခုက အရိုးထဲကို ထိုးဖောက်ထားတာ ဖြစ်မယ်..။ကလေးရဲ့ ဒူးခေါင်းမှာ အဲဒီ အစက်ရှိလားလို့ ကြည့်ကြည့်ပါဦး.."
စပါယ်ရှယ်လစ် တွေဟာ လီဘောင်ရဲ့ ဘောင်းဘီကို ချွတ်ဖို့ လုပ်တဲ့အချိန်မှာ လီဘောင်ချက်ချင်း ပြန်ဆွဲ တင်လိုက်တယ်..။
"အန်ကယ်..သားဘောင်ဘီကို ဘာလို့ လာချွတ်နေကြတာလဲ.."
ဒေါက်တာတွေဟာ ပြုံးလိုက်ပြီး..
"လီဘောင်..အန်ကယ်တို့က..တစ်ခုခု စစ်ဆေးစရာ လေးရှိလို့ပါ..နော်.."
"အိုး.."
ဒေါက်တာ တွေဟာ..လီဘောင်ရဲ့..ဘောင်းဘီကို ဖယ်ပြီး..ဒူးခေါင်း ဧရိယာကို ကြည့်ကာ အော်ဟစ်လိုက်တယ်..။
"အကြီးအကဲ ကျောင်း..ဒီကို လာကြည့်ပါဦး..။ဒီမှာ အစက်လေး တွေက အများကြီးပဲ..။ဒါတွေက အတော်သေးငယ်တယ်..။ကျွန်တော်တို့ သေချာ မကြည့်ရင် မြင်မှာတောင် မဟုတ်ဘူး.."
ဒါရိုက်တာ ကျောင်း အမြန်လာပြီး ဂရုတစိုက် ကြည့်လိုက်တယ်..။
"ဒါဘာလဲ.."
စပါယ်ရှယ်လစ် တစ်ယောက်ဟာ ပြောလိုက်ပါတယ်..
"ဒါရိုက်တာ..ဒါက .တရုတ်ဆေးပညာမှာ သုံးတဲ့ အပ်စိုက်ကုထုံး ကြောင့် ဖြစ်လာတာ မဟုတ်ဘူးလား..."
"အပ်စိုက် ကုထုံးလား.."
ဒါရိုက်တာ ကျောင်း အံ့ဩသွားခဲ့တယ်..။ယင်းနောက် ..သူ သူနာပြုမလေး ကို အော်ပြောလိုက်ပါတယ်.။
"တရုတ်သမားတော်ကို ဒီကို အမြန်လာခိုင်းလိုက်.."
"ကောင်းပါပြီ.."
သူ နာပြုမလေး ဟာ ခေါင်းညိမ့်ပြီး ချက်ချင်း ပြေးထွက်သွားခဲ့တယ်..။
အကြီးအကဲ ကျန်း..ဟာ သူနာပြုမလေး အလျင်စလို ထွက်လာတာကို မြင်ပြီး စိတ်ပူစွာ မေူလိုက်ပါတယ်..။
"သူနာပြုလေး..အခြေအနေဘယ်လို ရှိလဲ.."
"အကြီးအကဲကျန်း..ဒါရိုက်တာ နဲ့ ဒေါက်တာတွေက စစ်ဆေးနေတုန်းပဲ..။ကျွန်မက ..တရုတ်သမားတော်ကို ..ဒါရိုက်တာက တစ်ခုခုပြစရာ ရှိလို့ သွားခေါ်မလို့.."
"အိူး..အိူး.."
အကြီးအကဲ ကျန်း အနည်းငယ် ကြောက်ရွံ့သွားခဲ့တယ်..။
"အဖေ ဘာမှ မဖြစ်လောက်ပါဘူး..။ဘုရားက လီဘောင်ကို စောင့်ရှောက်ပေးလိုက်တာပဲ ဖြစ်မှာပါ.."
ကျန်းဟိုင်ဖန်း ပြောလိုက်တာပါ..။
နီယန်ဟွေးချီကတော့ အဆက်မပြတ် ဆုတောင်း နေပြီး..လီဘောင် ..အမှန်တကယ် ပြန်ကောင်းလာဖို့ကို မျှော်လင့်နေခဲ့ပါတယ်..။
သူနာပြုမလေးဟာ တရုတ်သမားတော်ကို ခေါ်လာခဲ့တယ်.။
စစ်ဆေးသည့်အခန်းတွင်..။
တရုတ်သမားတော်ဟာ ဒူးခေါင်းဝန်းကျင်က အစက်တွေကို ကြည့်ပြီး ပြောလိုက်ပါတယ်..။
"ဒါရိုက်တာ ဒါက အမှန်တကယ်ပဲ အပ်စိုက် ကူသထားတာ..။ 0.123 mm အပ်တွေပဲ..ဒီလောက် သေးငယ်တဲ့..အမှတ်တွေ ကျန်ခဲ့လိမ့်မယ်..။ထပ်ပြောရရင် အစက်တွေ တစ်ခုနဲ့ တစ်ခု မတူညီတာက ကွဲပြားတဲ့ အပ်တွေကို အသုံးပြုထားလို့ပဲ.."
"ပြန်ကြည့်ပါဦး..အပ်တွေက အရိုးထဲ မှာ..ဖောက်ဝင်ထားတာနော်..။တရုတ် သမားတော် တွေက ဒီလို လုပ်နိုင်ပါ့မလား.."
ဒါရိုက်တာ ကျောင်းဟာ တရုတ်ဆေးပညာ အကြောင်း မသိတာကြောင့် ..အတွေ့အကြုံရှိသမားတော်ကို သေချာအောင် ထပ်မေးလိုက်တာပါ..။
တရုတ်သမားတော်ကြီးဟာ ဟာ..အချိန်အတော်ကြာအောင် ကြည့်လိုက်ပြီး..
"ကျုပ်လည်း ဒါမျိုးကို ပထမဆုံးမြင်ဖူးတာပဲ..။အပ်ကို အရိုးထဲထိ စိုက်လိုက်တဲ့ အကြောင်းပြချက်ကို တော့ သေချာ မသိဘူး..။ဒါပေမဲ့ ဒီလို အပ်အမျိူးအစားက..အရမ်းသေးငယ်တော့..အရိုးကို ဖောက်ဖို့က မဖြစ်နိုင်သေလာက်ပဲ.."
"အပ်စိုက် ကုထုံး ဆိုတာ သေချာရဲ့လား.."
ဒါရိုက်တာ ကျောင်း မေးလိုက်တာပါ..။
တရုတ်သမားတော်ဟာ ခေါင်းညိမ့်လိုက်ပြီး..
"အင်း..ဒါက သေချာတယ်..။ဒီအခြေအနေကြည့်ရသလောက်တော့..ဒီ အပ်စိုက် ကူသမူကို လူပ်သွားတာ သိပ်မကြာသေးဘူး.."
"သိပ်မကြာသေးဘူး..။ခင်ဗျား သေချာရဲ့လား.."
ဒါရိုက်တာကျောင်း..အံ့ဩစွာ မေးလိုက်တာပါ..။
"အင်း.."
တရုတ်သမားတော်ကြီး ခေါင်းညိမ့်လိုက်တယ်..။တစ်ချိန်တည်းမှာပဲ..သူတကယ်သိချင် နေခဲ့ပါတယ်..။ဒီလို..စွမ်းရည်မျိူး ရှိတဲ့ တရုတ်သမားတော်ကို သူ မမြင်ဖူးသေးပါဘူး..။
အပြင်ဘက်တွင်..။
အကြီးအကဲ ကျန်းနဲ့ ကျန်တဲ့ လူတွေဟာ စိတ်ရှည်စွာ စောင့်နေကြပြီး ဒါရိုက်တာ..ကျောင်း ထွက်လာတာနဲ့ ရှေ့ကို တက်သွားလိုက်ကြတယ်..။
"ဒါရိုက်တာ ကျောင်း အခြေအနေ ဘယ်လိုနေလဲ.."
"အကြီးအပဲ ကျန်း ဟိုဘက်ကို သွားပြောရအောင်.."
ဒီကိစ္စက မယုံကြည်နိုင်စရာ ကောင်းတာကြောင့်..အတိအကျ ဘာဖြစ်ခဲ့တာလဲ ဆိုတာကို သူမေးမှဘ..ရမှာပါ.။
လူရှင်းသည့် နေရာတွင်..။
"ဒါရိုက်တာ ကျောင်း..တည့်တည့်ပဲ ပြောပါ..။ဒါက သတင်းဆိုးလား.."
အကြီးအကဲ ကျန်း ကြောက်ရွံ့နေပေမယ့်လညိး တည်ငြိမ်စွာပဲ မေးလိုက်တာပါ..။ဒါက သူ့မြေးလေး ကိစ္စဖြစ်နေတာကြောင့် သတင်းကောင်းကိုပဲ မျှော်လင့်မိတာ ပုံမှန်ပါပဲ..။
ဒါရိုက်တာကျောင်း ပြန်ဖြေလိုက်တယ်..။
" ဘာမှမပြောခင် အကြီးအကဲ ကျန်း အိမ်မှာ တရုတ်သမားတော် တစ်ယောက် ရှိနေလား ဆိုတာ ကို ကျွန်တော် သိပါရစေ.."
"တရုတ် သမားတော်လား.."
အကြီးအကဲ ကျန်း ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူခေါင်းခါယမ်း လိုက်ပြီး..
"ဟင့်အင် မရှိပါဘူး.."
"ဒါက ထူးဆန်းတယ်..။လီဘောင်ရဲ့ ဒူးမှာက ..အပ်စိုက် ကုထုံးနဲ့ ကုသထားတာ..။ကျုပ်တို့ စမ်းသပ်တော့လည်း ..လီဘောင်ရဲ့ ခြေထောက်က ထူးထူးဆန်းဆန်း ပြနိကောင်းနေတယ်..။အရင်ကျွန်တော် တို့ စစ်ဆေးတုန်းက..လီဘောင် အကြောတွေ ပြောင်းလဲမူကြောင့် လမ်းလျောက်မရပေမယ့် အခု ထူးထူးဆန်းဆန်းပဲ အကုန်ပြန်ကောင်းနေပြီ.."
အကြီးအကဲ ကျန်း မေးလိုက်တယ်..။
"ဒါရိုက်တာ ကျောင်း လီဘောင်က လံူးဝ ပြန်ကောင်းသွားပြီ လို့ ပြောချင်တာလာား.."
"အင်း.."
ဒါရိုက်တာ ကျောင်း ခေါင်းညိမ့်လိုက်တယ်..။
"ဒါပေမဲ့ အကြီးအကဲကျန်း သေချာ တွေးကြည့်ပါဦး..။လီဘောင်ကို ..တစ်ယောက်ယောက် နဲ့ ကုသခိုင်းသေးလား.."
"ဟင့်အင်.."
အကြီးအကဲ ကျန်း ခေါင်းခါယမ်း လိုက်တာပါ..။
နီယန်ဟွေးချီ ဘေးနားမှာ ရပ်နေပြီး ဘာမှ ဝင်မပြောပေ..။
အဲ့အချိန်မှာတော့..လီဝမ်ဟာ တစ်ခုခု ထူးခြားတာကို သတိထားမိပေမယ့်..ဘာမှ မပြောခဲ့ပါဘူး..။