ဒါက ဘာမှ မဟုတ်ပါဘူး..
Vol. 30 Ch. 450
#ဘာသာပြန် = စနိုးဝှိုက်
လီဘောင် ပြေးလွှားနေတာကို မြင်ရတော့ အကြီးအကဲ ကျန်းနဲ့ တစ်ခြား လူတွေကို ပျှော်ရွှင်စေပါတယ်..။
"အဖိူး ဆီလာပါဦး လီဘောင်.."
အကြီးအကဲ ကျန်း တကယ် ကျေနပ် နေခဲ့တယ်.။ဒီနေ့က အကြီးအကဲကျန်း ရဲ့ အပျော်ရွှင်ဆံူး နေ့လို့ တောင် ပြောလို့ရပါတယ်..။အခုတော့ သူမြေး လေးက တစ်ခြား ကလေးတွေ လို ဖြစ်သွားပြီး..သူ့ဘဝတစ်လျောက် လုံး ပူဆွေး နေရတဲ့..ကိစ္စကြီးလည်း ပျောက်ကွယ် သွား ခံ့ပါပြီ..။
ဒါရိုက်တာ ကျန်းဟာ ပြန်ထွက်သွားလိုက်ပါတယ်..။ဒါရိုက်တာ ကျန်းနဲ့ ကျန်တဲ့ လူတွေ..လည်း ကလေးကို ဘယ်သူကုသ ခဲ့တယ် ဆိုတာ သိပုံမရပါဘူး..။
လီဘောင် တစ်ယောက် ထဲပဲ..ဘာတွေဖြစ်ခဲ့တယ် ဘယ်သူနဲ့ တွေ့ခဲ့တယ် ဆိုတာ သိပါလိ်မ့်မယ်..။
သူတို့ လီဘောင် အကြောင်းကို ကောင်းကောင်းသိထားပြီး..ကုသဖို့ ဘယ်လောက် ခက်ခဲလည်း ဆိုထားကြပါတယ်..။အောင်မြင်ဖို့ ရာခိုင်နှုန်းကလည်း 0 ရာခိုင်နှုန်း ပါပဲ..။သို့ပေမယ့်..လီဘောင် ဘာလို့ ဒီလို ပြန်ကောင်းလာတာ လဲ ဆိုတာ နားမလည်နိုင်တော့ပေ..။
ကျန်းဟိုင်ဖန်း မေးလိုက်တယ်..။
"အဖေ..ခုနက ..ဒေါက်တာကျောင်း ပြောတာက ဘာကို ဆိုလိုတာလဲ..။သူက..လီဘောင်ကို ကုသဖို တရုတ်သမားတော် တစ်ယောက်ကို အလုပ်ခန့်ထားတာလား..."
အကြီးအကဲ ကျန်း ခေါင်းခါယမ်း လိုက်ပြီး..
"ဒါ အဖြစ်နိုင်ဘူး..။ဒီက တရုတ်သမား တော် ကုခဲ့တာ မဟုတ်ဘူးလေ..။သူတို့သာ..လီဘောင် ကို ကုသနိုင်ရင် ဒီအချိန်အထိ ဘာလို့ စောင့်နေဦးမှာလဲ..."
"အဖေ ...ဒါဆို ဘယ်လို ဖြစ်တာလဲ..။ကြည့်..သားတို့လည်း လီဘောင်ရဲ့ အခြေအနေကို သိထားတယ်လေ..။ဒီလို ပြန်ကောင်းလာဖို့ ဆိုတာ လွယ်မှ မလွယ်တာ..."
ဒါက သူတွေးနေတဲ့ အကြောင်းပါ..။သို့ပေမယ့် ..သူ့အဖေ တောင် မသိဘူးဆိုမှတော့..ဘယ်သူမှ သိတော့မှာ မဟုတ်ပါဘူး..။
သူတို့က အမြဲတမ်း အလုပ်ရှုပ်နေတဲ့ အတွက် သူတို့ သားလေး ကို အဖိုးနဲ့ အဘွားရဲ့ စောင့်ရှောက်မူအောက်မှာပဲ ထားခဲ့ကြရပါတယ်...။
သူတို့ အဖေနေတဲ့ နေရာက..ခွင့်ပြုချက် မရှိရင် ဘယ်သူမှ တောင် ဝင်ထွက်လို့ရတဲ့ နေရာ တစ်ခု မဟုတ်ပါဘူး..။
ဒါကြောင့် တစိမ်းတစ်ယောက်က လီဘောင်ကို လာထိဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပေ. ။
အဲ့အချိန်မှာပဲ လီဝမ်ဟာ မနေနိုင်တော့ပဲ..ဝင်ပြောလိုက်ပါတယ်..။
"အကြီးအကဲ ကျန်း..ကျွန်တော် ပြောစရာ ရှိတယ်.."
"အိူး..ဘာများတုန်း လီဝမ်.."
အကြီးအကဲ ကျန်း..မေးလိုက်လာပါ..။
လီဝမ်..အချိန်အတော်ကြာအောင် ရပ်နေလိုက်တယ်..။ပြီးမှ သူ အကြီးအကဲ ကျန်းကို ကြည့်လိုက်ပြီး..
"ကျွန်တော် ထင်တာတော့..လီဘောင် ပြန်ကောင်းအောငိ ..မာစတာ လင်းက ကူညီပေးခဲ့တာဖြစ်မယ်.."
ရုတ်တရက် အကြီးအကဲ ကျန်း ကြောင်အသွားခဲ့တယ်..။ယင်းနောက်..သူ လီဝမ်ကို ကြည့်လိုက်ပြီး..
"မင်းမှာ ဘာသက်သေ ရှိလို့တုန်း.."
"အကြီးအကဲ ကျန်း .ကျွန်တော် နေ့လညိက မာစတာ လင်း နဲ့လီဘောင်ကို အပြင်လိုက်ပို့တာလေ..။အဲ့တာကို မှတ်မိလား...။အဲ့အချိန်မှာ မာစတာ လင်းက ကျွန်တော့်ကို တရုတ်ဆေးခန်းမကို လိုက်ပို့ခိုင်းခဲ့တာ...။ဒါပေမဲ့ မာစတာလင်းက ဘာမှ ဝယ်တာ မတွေ့တော့ ကျွန်တော်လည်း သိပ်ပြီး ခေါင်းထဲ မထည့်ထားတော့ဘူး.."
"အဖေ..မာစတာ လင်းက ဘယ်သူလဲ.."
ကျန်းဟိုင်ဖေး မေးလိုက်တာပါ..။
အကြအကဲ ကျန်း ပြောလိုက်တယ်..
"မာစတာ လင်းဆိုတာ ငါတို့ အဖွဲ့အစည်းရဲ့ မန်ဘာ တစ်ယောက် ပဲ..။ သူက ငယ်ရွယ်ပေမယ့် လည်း ပန်ချီဆွဲတာ တစ်ကယ် တော်တယ်လေ..။နေ့လည်က တောင် ငါတို့နဲ့ နေ့လည်စာ တူတူစားခဲ့ကြသေးတယ်.."
"သူက လီဘောင်ကို ဘာလုပ်ပေးခဲ့တာလဲ.."
ကျန်းဟိုက်ဖန်း ထပ်မေးလိုက်တယ်..။
"ဒါက.."
အကြီးအကဲ ကျန်း ကြောင်အသွားခဲ့ပါတယ်..။
အကြီးအကဲ လင်း က လီဘောင်ကို ဘာလုပ်ပေးခဲ့တာလဲ...။သူက လီဘောင်ကို တကယ်ပဲ ကုသ ပေးခဲ့တာ လား....
ဒါက ပုံမှန်မဟုတ်ဘူး..တကယ်ပုံမှန် မဟုတ်ဘူး...
"လီဝမ် ...မာစတာ လင်း ကို လိုက်ပို့တဲ့ ..တရုတ်ဆေးခန်းမကို လိုက်ပို့..ငါတို့ မေးခွန်းလေးတွေ သွားမေးရအောင်.."
အကြီးအကဲ ..ကျန်း ဒီ ကိစ္စကို သေချာ စစ်ဆေး သင့်တယ် လို့ ခံစားလိုက်ရပါတယ်..။တကယ်လို့ ဒါသာ အမှန်ဆိုရင် သူတို့ မိသားစု လင်းဖန်ကို အကြီးကြီး အကြွေးတင်သွားပါပြီ..။
"အိုကေ..."
…
သီးသန့် ဆေးပညာ ခန်းမ တစ်ခုတွင်...။
လီဝမ် .ဆိုင်ထဲက နေ အမြန်ပြန်ထွက်လာခဲ့ပြီး ကားထဲကို ဝင်လိုက်တယ်...
"အကြအကဲ ကျန်း..ဆိုင်ပိုင်ရှင်ပြောတာက..မာစတာ လင်း..ဒီကနေ..ငွေအပ် ဗူး အနည်းငယ် ဝယ်သွားတယ် တဲ့. "
ရူဖန်း ပြောလိုက်တယ်..။
"ယောက်ျား ဒါအမှန်လို့ ထင်လား..."
အကြီးအကဲ ကျန်း ခနလောက် တွေ ဝေပြီး သက်ပြင်းချ လိုက်ပြီး..
"ကြည့်ရတာ ငါ..အကြီးအကဲ လင်းကို အထင်သေး မိသွားပြီထင်တယ်..."
"အဖေ..ဘာဖြစ်လို့လဲ..."
ကျန်းဟိုင်ဖန်း မေးလိုက်တာပါ..။
အကြီးအကဲ ကျန်း ပြောလိုက်တယ်..။
"ငါ ပြောပြမယ်..။အဲ့တုန်းက အကြီးအကဲ လင်းက ..လီဘောင် ရဲ့ခြေထောက်ကို စိတ်ပူပြီး ကိုင်ကြည့်နေခဲ့တာ..။ပြီးတော့ သူတစ်ခုခု ဝယ်စရာ ရှိတယ် လို့ ပြောတယ်လေ..။ငါထင်တာတော့ သူကုသခဲ့ပြီး ငါတို့ကို ဘာမှ မပြောပြခဲ့တာဖြစ်မယ်..။လီဘောင် သာ..ဒီလိုမျိုး တုန့်ပြန်မူ မြန်တဲ့ ကလေးမဟုတ်ရင်..ငါတို့ အခုထိ သိဦးမှာတောင် မဟုတိသေးဘူး.."
လီဝမ် ပြောလိုက်တယ်.။
"အကြီးအကဲ ကျန်း ဒါက အမှန်တကယ်ပဲ မာစတာ လင်း ကုပေးသွားတာ ဖြစ်ရမယ်..။ဒေါက်တာ ပြောတာက ..လီဘောင်ရဲ့ ဒူးမှာ အပ်စိုက်ရာတွေ အများကြီးလို့ ပြောတယ်လေ..။ဒါက မာစတာ လင်း ဝယ်သွားတဲ့ အပ်တွေကြောင့်ဆိုတာ ထင်ရှား မနေဘူးလား..."
"အမှန်တရားက ပေါ်လာပြီ ဆိုတောါ ငါနားလည်သွားပြီ..။သူ့ကို အခု ဖုန်းခေါ်ကြည့်လိုက်မယ်.."
ဖုန်းထဲတွင်...။
အကြီးအကဲ ကျန်း မေးလိုက်တယ်..။
"အကြီးအကဲ လင်း အခုဘယ်မှာလဲ.."
"ကျွန်တော် အခု လေဆိပ်မှာ..။အိမ်ပြန်တော့မယ်လေ..."
"ဟေး..မင်း မနက်ဖြန်မှ ပြန်မှာဆို..။ဘာလို့ ချက်ချင်းကြီး ထပြန်ရတာလဲ.."
အကြှီးအကဲ ကျန်း ရယ်မောပြီး မေးလိုက်တာပါ. ။
"တစ်ခုခု အရေးကြီးတာ ပေါ်လာလို့ပါ.."
လငိးဖန် အကြီးအကဲ ကျန်း ..သိနေပြီ ဆိုတာ ခံစာမိပေမယ့် ..မသိချင်ယောင် ဆောင်လိုက်ပါတယ်..။
အကြီးအကဲ ကျန်း..ပြောလိုက်တယ်..။
"ကောင်းပြီ..အကြီးအကဲ လင်း..။မင်း လီဘောင်ကို ဘယ်လို လုပ်သွားလဲ ဆိုတာ သိထားပြီးပြီ..။လီဘောင်က အခု ခြေထောက်တွေ နာကျင် နေလို့တဲ့ အဲတာ ဘယ်လို လုပ်မှာလဲ..။မင်းမသိပါဘူးလို့ ပြောချင်သေးလား..."
"အာ...ဘယ်လိုဖြစ်နိုင်မှာလဲ.."
လင်းဖန် ကြောင်အသွားခဲ့ပါတယ်..။ယင်းနောက် သူဆက်ပြောလိုက်တယ်..။
"အကြှီးအကဲ ကျန်း..ခင်ဗျား ကျွန်တော်ကို နောက်နေတာ ပဲ ဖြစ်ရမယိ..."
"ဟားဟား.."
အကြီးအကဲ ကျန်း ရယ်မောလိုက်တယ်..။
"အကြှီးအကဲ လင်း..မပြန်နဲ့ဦး..။ကျုပ်တို့ ဒီကိစ္စကို သိပြီးသွားပြီ..။ကျေးဇူး အရမ်းတင်တယ်..။အခုလည်း ကိုယ်တိုင် ကျေးဇူး တင်ချင်နေတာ..။ဘာလို့ ကျုပ်တို့ကို မပြောခဲ့တာလဲ..အခုလည်း တိတ်တိတ်လေး ထွက်သွားဖို့ လုပ်နေတာမလား..."
လငိးဖန် ပြန်ဖြေလိုက်တယ်..။
"အဆင်ပြေပါတယ် အကြီးအကဲ ကျန်း..ဘာမှ မဟုတိပါဘူး..။ကျုပ်ခင်ဗျားပြောသလို ပဲ ပြန်ပြောရမှာပဲ..။ကျုပ်တို့က ..အဖွဲ့အစည်း တစ်ခု တည်းက ဆိုတော့ တစ်ယောက် ပြသနာ တစ်ယောက် ဖြေရှင်းပေးသင့်တယ်လေ..။လီဘောင်းကို ပဲ သေချာ ဂရုစိုက်ပြှီး လေ့ကျင့် ခန်း မကြာခန လူပ်ခိုင်းပါ...။သူ့ခြေထောက်တွေက..အသုံးထားတာ ကြာပြီ ဆိုတော့..အခက်တွေ့နိုင်တယ်လေ..။ဒါပေမဲ့ အချိန်ကြာလာရင် အဆင်ပြေသွားမှာပါ..။သူ့ကို မကြာခန ရေကူး ခိုင်းဖို့ သတိရဦး..။ပြေးတာက..သူ့ခြေထောက်တွေကို..သက်ရောက်နိုင်တယ်..."
အကြီးအကဲ ကျန်း ဒါကို ကြားလိုက်တဲ့ အချိန်မှာ စိုးရိမ်ပြီး ပြောလိုက်တယ်..။
"အကြီးအကဲ လင်း ဘာမှ မပြောနဲ့တော့..။ငါ ..မင်းရဲ့ စိတ်ဓာတ်ကို သိတယ်..။လီဘောင်က ငါ့ရဲ့ တစ်ဦးတည်းသော မြေးလေ..။အခု မင်းက သူ့ရဲ့ ကယ်တင်ရှင်ပဲ..။တကယ်လို့ အကြီးအကဲ လင်း စိတ်မရှိဘူး ဆိုရင်..လီဘောင်ကို မွေးစားသား အဖြစ်လက်ခံ ပေးပါ..."
လင်းဖန် ကြောင်အသွားခဲ့တယ်..။ယင်းနောက်ဘသူပြုံးလိုက်ပြီး..
"အကြီးအကဲ ကျန်း နောက်နေတာ ပဲ ဖြစ်ရမယ်..။ဒီကိစ္စက အသေးအဖွဲလေးပါ..။စိတ်ထဲမှာ ထည့်မထားပါနဲ့..။ကျွန်တော် လေယာဥ္ လက်မှတ်ဖြတ်ဖို့..ဖုန်းချလိုက်တော့မယ်..။အကြီးအကဲ ကျန်း အားတဲ့ အချိန် ရှန်ဟိုင်း ကို လာခဲ့ပေါ့..."
ယင်းနောက်.. ဖုန်းကျသွားခဲ့ပါတယ်..။
အကြီးအကဲ ကျန်း ပြောစရာ တွေ အများကြီး ရှိနေပေမယ့် ပြောဖို့ အခွင့်အရေး မရလိုက်ပါဘူး..။
"အဖေ..ဒါက.."
ကျန်းဟိုင်ဖန် အကုန်ကြားရပေမယ့် ဘာပြောရမလဲ တောင် မသိတော့ပါဘူး..။သူ မာစတာ လင်းကို အရမ်းကျေးဇူးတင်လို့ ကိုယ်တိုင် တွေ့ချင်နေခဲ့ပါပြီ.။
အကြီးအကဲ ကျန်း သက်ပြင်းချလိုက်ပြီး..
"အကြီးအကဲ လင်းက သာမန်လူမဟုတ်ဘူး..။ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့..။ငါ မကြာခင်ရှန်ဟိုင်းကို သွားရမယ်.."
"အဖေ..ဘာလုပ်မလို့လဲ.."
ကျန်းဟိုင်ဖန်း မေးလိုက်တာပါ..။
"ငါက ဘာလုပ်ရမှာလဲ..။အကြှီးအကဲ လင်းဆီကို သွားမှာ အသိအသာ ကြီးကို.။ဒီကိစ္စက မရိူးရှင်းဘူး..။သူက လီဘောင်ကို ဘဝ အသစ်တစ်ခု ပေခဲ့တာ..။ငါတို့ ဒီကိစ္စကို ဒီတိုင်းမေ့လိုက်လို့ ဘယ်ရမလဲ..။ငါတို့ သူ့ကို အမြဲကျေးဇူး တင်နေရမယ်..."