← Chapters

အံ့ဩမူ...

Vol. 31 Ch. 451

အံ့ဩမူ...

Vol. 31 Ch. 451

#ဘာသာပြန် = စနိူးဝှိုက်

လေဆိပ်တွင်..။

လင်းဖန် ရှန်ဟိုင်းကို ပြန်ဖို့ ပြင်ဆင်နေခဲ့ပါတယ်..။အစက တော့ သူ မနက်ဖြန်မှ ပြန်ဖို့ စီစဥ္ထားပေမယ့်..ဒီနေ့ မနက်ပိုင်းက ..အဖြစ်အပျက် ကြောင့် သူ ပြန်ရောက်တာနဲ့..ပြသနာ တွေ မရှုပ်အောင် လေဆိပ်ကို တန်းထွက်လာခဲ့တာပါ..။

အမှန်တကယ်ပဲ..။

အကြီးအကဲ ကျန်း နဲ့ တစ်ခြား လူတွေက အလျင်အမြန်ပဲ ရှာတွေ့သွားကြတာပါ..။သူ တို့ ခန့်မှန်းတာ ဒီလောက် တောင် တိကျလိမ့်မယ် လို့ လင်းဖနိ မထင်ထားခဲ့မိပေ..။

ဒါ တကယ့်ကို ကောင်းမွန်တဲ့ အလုပ်တစ်ခုပါပဲ..။

စွယ်စုံကျမ်း ရဲ့ စွမ်းရည်တွေက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်..။သို့ပေမယ့်..သူ အကုနိလုံးကို ကုသလို့ရ နေတာမဟုတ်ပဲ သူ ကုသလို့ မရတဲ့ ကန့်သတ်ချက် တစ်ချို့လည်း ရှိနေပါသေးတယ်..။

ကလင် ကလင်...

ဖုန်းမြည်လာခဲ့တယ်..။

လင်းဖန် ဝမ်မင်ယန် ဖုန်းခေါ်တာကို တွေ့ပြီး ဖုန်းကိုင်လိုက်ပါတယ်..။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"ချီးပဲ..မင်းဘာလို့ ဒီနေ့ ပြန်ဖို့ လုပ်နေတာလဲ.."

လင်းဖန် ပြန်ဖြေလိုက်ပါတယ်..။

"ဘာဖြစ်လို့လဲ..။ကျုပ် ဒီနေ့ ပြန်လို့ မရဘူးလား..။ကျုပ် ဘေဂျင်းမှာ ဘာမှ လုပ်စရာ မရှိတော့ဘူး...။ဒါကြောင့် အစောပြန်ဖို့ ဆုံးဖြတ်လိုက်တာ...။ရှန်ဟိုင်းမှာလည်း ဆိုင်ရှိသေးတယ်လေ..။မြန်မြန်ပြန်မှ ..မြန်မြန် ဖြေရှင်းလို့ရမှာပေါ့..."

ဝမ်မင်ယန် ပြန်ဖြေလိုက်တယ်..။

"ကောင်းပြီလေ..မင်းငါ့ကို အကြင်နာ မဲ့ပြီး ထားခဲ့လိမ့်မယ် လို့ ငါမထင်ထားဘူး..။ဒါပေမဲ့ ဗီဒီယို ကိုတော့ လျောက်မဖြန့် ပစ်နဲ့တော့..။မဟုတ်ရင် ငါ့ ဂုဏ်သိက္ခာတော့ သွားပြီ.."

"ကောင်းပြီ ကောင်းပြီ ခင်ဗျား ကိစ္စတွေ ပြီးရင်သာ..ရှန်ဟိုင်းကို ပြနိလာခဲ့..။ကျုပ်ဖုန်းချလိုက်တော့မယ်.."

ယင်းနောက်..သူတို့ ခနကြာအောင် ပြောပြှီး ဖုန်းချလိုက်ကြပါတယ်..။

…

ညဘက် ၈ နာရီ အချိန်..။

ရှန်ဟိုင်းတွင်..။

လင်းဖန် လေဆိပ်ကနေ ထွက်လာပြီး လေကို ခပ်ပြင်းပြင်း ရူလိုက်ပါတယ်..။ဒါက ရင်းနှီးနေတဲ့ ပတ်ဝန်းကျင် နဲ့ ရင်းနှီးနေတဲ့ လေထူ တစ်ခုပါ..။

နောက်တစ်ရက်..။

လင်းဖန် တိမ်ဖြူလမ်းကို ရောက်လာတဲ့ အချိန်မှာ ဆိုင်ပိုင်ရှင်တွေဟာ ကြောင်အသွားခဲ့ကြပါတယ်..။

"ချီးပဲ..သူဌေးလေး ပြန်လာပြီဟ.."

"အိူး ငါတို့ရဲ့ သူဌေးလေး ဘေဂျင်းက ပြန်လာပြီ.။ဒါက ပျော်စရာ အခြေအနေပဲ.."

"သူဌေးလေး မရှိရင် တိမ်ဖြူ လမ်း က တိမ်ဖြူလမ်း နဲ့တောင် မတူ တော့ဘူး.."

လင်းဖန် မတ်တတ်ရပ်နေရင်း ဆိုင်ပိူင်ရှင်တွေရဲ့ စကားတွေ ကို ကြားလိုက်ရတဲ့ အချိန်မှာ ကြောင်အသွာခဲ့တယ်..။

ချီးပဲ..သူတို့ ဒီလောက် ဖြစ်စရာ လိုလို့လား....

ရှန်ဟိုင်းကို သူ ပြန်လာတယ် ဆိုတဲ့ ကိစ္စက ပုံမှန်အရာ တစ်ခုပါပဲ..။

"အကြီးအကဲ ကျန်း..ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..။ခင်ဗျားတို့ အမူအရာက နည်းနည်း ပိုနေသလိုပဲနော်.."

လင်းဖန် ​ပြုံးပြီး မေးလိုက်တာပါ..။

အကြီးအကဲ ကျန်း ရယ်မောလိုက်ပြီး..

"ဒါက ပုံမှန်ပဲ..။သူဌေးလေး..က ရက်အနည်းငယ်လောက် ပျောက်သွားတော့ ကျုပ်တို့က..သတိရနေကြတာလေ.."

လင်းဖန် ပြုံးလိုက်တယ်..။

"ကျုပ်ပြန်ရောက်လာပြီပဲ..မပြောပဲ နေကြရအောင်..။ကျွန်တော်ဆိုင် အခြေအနေဘယ်လိုရှိလဲ.."

"ကောင်းပြီ ကောင်းပြီ..ရှေ့ကိုသာ ဆက်သွားလိုက်..။မြို့သားတွေက..သူတို့ရဲ့ သူဌေးလေးကိုပဲ မေးနေကြတာ..။သူလည်း မျှော်နေတာ ကြာလှပြီ..."

လင်းဖန် ပြုံးလိုက်တယ်..။မြို့သား တွေက သူတို့ မျှော်နေတာ် ဆိုတာက..ပန်ကိတ်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်..။

မြို့သားတွေက..ပန်ကိတ်ကို ဒီလောက်တောင် ဆွဲလန်းနေပြီ ဆိုမှတော့..သူ ပန်ကိတ်ရောင်းတာကို ရပ်တန့်လိုက်လို့ရမှာ မဟုတ်ပါဘူး..။

မာစတာ လင်း ဆိုင်တွင်..။

လင်းဖန် ဆိုင်ရှေ့ကို ရောက်လာတဲ့ အချိန်မှာ လူလိမ်ထျန်နဲ့ ကျန်တဲ့ လူတွေဟာ ကြောင်အသွားခဲ့ကြတယ်..။

"ချီးပဲ မင်းနောက်ဆုံးတော့ ပြန်လာပြီ..။မင်း ဘယ်ချိန်က ပြန်လာတာလဲ..။ဘာလို့ ငါတို့ကို ကြိုမပြောတာလဲ.."

လင်းဖန် ပြုံးလိုက်ပြီး..

"ကျုပ် မနေ့က ပြန်လာတာလေ..။ခင်ဗျားက ကျုပ်ကို သတိရနေတာလား..."

လူလိမ်ထျန် သူ့ရဲ့ မုတ်ဆိတ်မွှေးကို ကိုင်ကာ ကြည့်နေခဲ့ပါတယ်..။

"ခင်ဗျား ဒါက ဘာကိုဆိုလိုတာလဲ.."

လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။

လူလိမ် ထျန် လင်းဖန်ကို ​သေချာကြည့်လိုက်ပြီး..

"ဒါက ဘာကို ဆိုလိုတာလဲ နားမလည်ဘူးလာူ..။မင်း အကြာကြီးထွက်သွားတာ ဆိုတော့..အနည်းဆုံး ငါတို့အတွက် တစ်ခုခုတော့ ပါလာသင့်တယ်လေ..ဟုတ်တယ်မလား.."

"စိတ်မကောင်းစရာပဲ..ကျုပ်မယူလာခဲ့မိဘူး.."

လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တာပါ..။

"ဒါဆိုရင် တော့ ရွေးချယ်စရာ မရှိတော့ဘူး..။ငါ မင်းကို သတိမရဘူး..ဒါပေမဲ့ သူက တော့ သတိရချင် ရမှာပေါ့.."

လူလိမ်ထျန် အကြီးအကဲ ခွေး နီကိုးလပ်ကို လက်ိညိုးထိုးပြီး ပြောလိုက်တာပါ..။

အကြီးအကဲ ခွေးဟာ..ခေါင်းမော့ကာ အကြိမ်အနည်းငယ် ဟောင်ပြီး ပြန်အိပ်သွားပါတော့တယိ..။

သူက အသက်ကြီးပြီး ပျင်းရိတဲ့ ခွေးတစ်ကောင်ဖြစ်လာခဲ့ပါပြီ..။အရင်တုန်း..က..လင်းဖန် ပြန်လာပြီ ဆို အကြီးအကဲ ခွေး နီကိုးလပ်က ပြေးလာပြီး ကြိုလေ့ရှိပေမယ့်..အခုတော့..လုံးဝ ဂရုမစိုက်တော့ပေ..။

ဝူယူလန် ..ပြောလိုက်တယ်..။

"အစ်ကိုလင်း..ကျွန်မတို့ အကုန်လံူး သတိရနေကြတာပါ.."

"ဟားဟား.."

လင်းဖန် ရယ်မောလိုက်တယ်..။ယင်းနောက် သူ လူလိမ်ထျန်ကို ကြည့်လိုက်ပြီး..

"ကြည့်..ခင်ဗျားက..ဒီမှာ တစ်ယောက်တည်းသော အကြင်နာ မဲ့တဲ့ လူပဲ. "

လူလိမ် ထျန် ပြုံးလိုက်ပြီး..

"ငါက ..အကြင်နာ မဲ့တာ မဟုတ်ဘူး..။မင်းထွက်သွားပြီး ကတည်းက ငါတို့တွေ တိုင်ပတ်နေကြတာလေ..။မြို့သားတွေကလည်း ဆက်တိုက်မေးနေကြတာ..။ကြည့်နေလိုက်..ခနနေရင် သူတို့ ရောက်လာကြလိမ့်မယ်.."

အမှန်တကယ်ပဲ..ခနကြာပြီးနောက်..။

အပြင်ဘက်မှာ..မြို့သားတွေ..ဟာ ရောက်လာခဲ့ကြပါတော့တယ်..။

…

လူလိမ်ထျန် ..အကူညီမဲ့ စွာဖြင့်..

"ကြည့်ထား ..နေ့တိုင်း အဲ့အတိုင်းပဲ..။မင်းပြန်လာတာ ကောင်းတယ်..။အခုတော့ အဆင်ပြေသွားပြီ..ငါ နံပါတ်တွေ..သွားဝေလိုက်တော့မယ်..."

လင်းဖန် ပြုံးပြီး လှည်းဆီသွားလိုက်ပါတယ်..။

"အားလုံးကို တောင်းပန်ပါတယ်..။ကျွန်တော် ဒီနေ့ အားလံူး အတွက် ပန်ကိတ် အခု ၃၀ လုပ်ပေးပါ့မယ်လို့ ပြောပါရစေ.."

မြို့သားတွေဟာ ဒါကိုကြားတဲ့ အချိန်မှာ ကျေနပ်သွားခဲ့တယ်..။

"ကောင်းပြီလေ..သူဌေးလေးက တကယ်ကို တော်တဲ့ လူတစ်ယောက်ပဲ..."

"အခု ၃၀..အနာဂတ်မှာလည်း...နေ့တိုင်း ဒီလိူပဲ ရောင်းနိုင်ပါစေ.."

လင်းဖန် ပြုံးလိုက်တယ်..။ဒီမြို့သားတွေက တကယ်ကို ချစ်ဖို့ကောင်းတာပါ..။သူတို့ လွယ်လွယ်ကူကူပဲ ကျေနပ်သွားခဲ့ကြပါတယ်..။

မကြာခင်မှာပဲ..ပန်ကိတ် အခုသုံးဆယ် ရောင်းကုန်သွားခဲ့တယ်..။

လင်းဖန် ဆိုင်မှာ ဇိမ်နဲ့ ပြန်ထိုင်ပြီး အနားယူနေခဲ့ပါတယ်..။သူ မနေ့က ရှန်ဟိုင်းကို နောက်ကျမှ ပြန်ရောက်လာခဲ့ပေမယ့်လည်း လုပ်စရာရှိတာတွေက..လုပ်ရဦးမှာပါပဲ..။သူ နန်ရှမ်း ကလေးထိန်း ဂေဟာ ကို သွားကြည့် ရဦးမှာပါ..။

သို့ပေမယ့် လင်းဖန်ကို ..စိတ်ပျက် နေစေတာက..စွယ်စုံကျမ်းရဲ့ မစ်ရှင်ပါ..။သူ ဒါကိုပြီးမြောက် အောင် လုပ်ရပါမယ်..။သို့ပေမယ့်..ကြည့်ရတာ သူ ရှန်ဟိုင်းက နေထွက်ခွာပြီး လုပ်ရမယ့် ပုံပါပဲ..။

လင်းဖန် ကျိူးမင်ချင်းကို ဖုန်းခေါ်လိုက်ပြီး..

"မင်ချင်း ကျုပ်ပြန်ရောက်ပြီ..။တစ်ခုခု ထူးခြားတာ ဖြစ်သေးလား.."

လင်းဖန် မရှိတဲ့ အချိန်မှာ ကျိူးမင်ချင်းက အတော်ကို အလုပ်များနေခဲ့တာပါ..။အဓိက အချက်က ..ဝိတ်ကျရောဂါ ဆေးညွှန်းဖြစ်ပြီး ..ဒါက ..လူတွေ အများကြီးကို အာရုံစိုက်စေနေလို့ပါပဲ..။

တစ်ချို့ ဆေးရုံကြီးတွေက..လေ့လာဖို့ လူတွေ လွှတ်ကြပြီး..တစ်ချို့ ကုမ္ပဏီ ကြီးတွေက..ဆေးညွှန်းကို ဝယ်ဖို့ လူတွေ လွှတ်ခဲ့ကြပါတယ်..။ဒါပေါ့..ကျိူးမင်ချင်းက စောက်ရူး မဟုတ်ပါဘူး..။

ထပ်ပြောရရင် ....ဒီဆေးညွှန်းက သူ့ဆရာကြောင့် ဖြစ်လာတဲ့ အရာပါ..။ဒါက သူ့ကိုယ်ပိုင် အရည်အချင်းနဲ့ ဖြစ်လာတာ မဟုတ်ပေ..။

"ဆရာ..လတ်တလော...လူတွေ အများကြီး ကျွန်တော်ကို လာရှာ နေကြတယ်...။သူတို့က ဝိတ်ကျရောဂါ ရဲ့ ဆေးညွှန်းကို ဝယ်ချင်နေကြတာလေ..။ဒါပေမဲ့ ကျွန်တော် မရောင်းချရသေးဘူး..။ဒီဆေးညွှန်းကို ကျွန်​ေတာ် ဆရာရဲ့ နာမည်နဲ့ပဲ မှတ်ပုံတင်ထားတယ်.."

လင်းဖန် ဒါကို လုံးဝ ဂရုမစိုက်ပေ..။

"ခင်ဗျားပဲ..ဆက်ပြီး ကိုင်တွယ်လိူက်တော့..။ကျုပ် ဝင်ပါမှာ မဟုတ်ဘူး..။ခင်ဗျား. ဒီရက်ပိူင်း အားလား..."

ကျိုးမင်ချငိး ပဟေဠိ ဖြစ်သွားတယ်..။သူ့ဆရာ ဘာကို ဆိုလို မှန်းသူမသိပါဘူး..။သို့ပေမယ့်..သူ ဆရာ မေးလာပြီ ဆိုမှ တော့ ငြင်းပယ်လို့ မရပေ..။

"အားပါတယ်.."

သူ ဒီအဖြေကို တုန့် ဆိုင်းခြင်း မရှိပဲ ပေးလိုက်တာပါ..။

"ကောင််းပြီလေ..ကျုပ် တရုတ်ဆေးပညာ လေ့ကျင့်ဖို့ မြို့ အနည်းငယ်ကို သွားဖို့ လုပ်နေတာ..။တကယ်လို့ ခင်ဗျား..အားတယ် ဆိုရင်..ကျုပ်နဲ့အတူလိုက်ပြီး ..ပုံမှန်မဟုတ်တဲ့ ရောဂါတွေ ကုသတာကို လိုက်လေ့လာလို့ရတယ်.."

လင်းဖန် လက်ရှိ မစ်ရှင်ကို ပြီးမြောက်အောင်လုပ်ချင်နေခဲ့ပါတယ်..။သူ့အတွက် မစ်ရှင်ပြီးမြောက်ဖို့ကလွဲ ပြီး ကျန်တာတွေ အရေး မကြီး ပါဘူး..။

သူ မစ်ရှင်တွေကို တစ်ယောက်ထဲသွား လုပ်လို့ ရပေမယ့် တပည့် တစ်ယောက် ရှိနေပြီ ဆိုမှတော့ ခေါ်သွားပြီး သင်ကြားပေးသင့်ပါတယ်..။

ကျိုးမင်ချင်း..ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။

"ဆရာ..ကောင်းပါပြီ..။ဘယ်အချိန်လဲ..."

လင်းဖန် ကျိုးမင်ချင်း စိတ်လှုပ်ရှားနေတဲ့ အသံကို ကြားပြီး ပြုံးလိုက်တယ်..။

"အချိန်ကျရင် ..ကျုပ်လှမ်းအသိပေးမယ်.."

All Chapters