← Chapters

ဘယ်သူက ထွက်​သွားဖို့လုပ်နေတာလဲ

Vol. 31 Ch. 452

ဘယ်သူက ထွက်​သွားဖို့လုပ်နေတာလဲ

Vol. 31 Ch. 452

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

တိမ်ဖြူလမ်း...။

လင်းဖန် ဖုန်းကို သုံးပြီး သတင်းခေါင်းစဥ္ တွေကို ဖတ်နေခဲ့ပါတယ်..။

"ဂျင်ဟွန်မင်...ကိုရီးယားကို ဘယ်သူမှ မသိအောင်ပြန်သွားရခြင်း..."

အဓိက..ဓာတ်ပုံက ..ဂျင်ဟွန်မင်ဟာ mask တပ်ထားပြီး အက်ျီအပွကြီး ကိုဝတ်ဆင်ထားတဲ့ ပုံပါ ..။သူက မတော်တဆ မူကြောင့် ဖြစ်ခဲ့ရတဲ့ သူ့ရဲ့ မျက်နှာ အခြေအနေကို လူတွေ မမြင်စေချင်တဲ့ ပုံပါပဲ..။

ခနလောက် ကြည့်ပြီးနောက်မှာ လင်းဖန် ထပ်ပြှီးဂရုမစိုက်တော့ပေ..။ကိုရီးယား ဆယ်လီ တွေ တရုတ်ကို လာတယ် ဆိုတာက ပုံမှန်ကိစ္စတစ်ခု ပါပဲ..။သူတို့ရဲ့ ပရိတ်သတ်တွေကလည်း တကယ်ကို ကြောက်ဖို့ ကောင်းကြပါတယ်..။သူတို့က အသွင်အပြင်ကိုသာ ဂရုစိုက်ကြပြီး...ဂျင်ဟွန်မင် အခု အခြေအနေ ဖြစ်သွားတာနဲ့ ချက်ချင်း စွန့်ပစ်ကြတော့တာပါပဲ..။

သနားစရာပဲ..ဘယ်လောက်တောင် သနားဖို့ ကောင်းလိုက်လဲ....

လင်းဖန် ခေါင်းခါယမ်းပြီး ပြုံးလိုက်တယ်..။ယင်းနောက် သူ ဖုန်းကို ကိုင်ထားပြီး လှမ်းပြောလိုကိပါတယ်..။

"ကျုပ် အပြင်ကို ခနသွားဦးမယ် ..ဆိုင်ကို ကြည့်ထားလိုက်ဦး.."

လူလိမ် ထျန် လင်းဖန်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ဒီငနဲက နေ့တိုင်း အလုပ်များနေတာ...။တကယ့် သူဌေးကြီး တွေတောင် သူ့လောက် အလုပ်မများဘူး..."

ကျောက်ကျန်းယန် ပြုံးလိုက်ပြီး...

"အစ်ကို လင်းက ဒီရက်ပိုင်း အလုပ်များနေတာ..အခုလည်း သူ..ကလေး ဂေဟာကို သွားတာပဲ ဖြစ်ရမယ်..."

သူ ခန့်မှန်းတာ တကယ် တိကျပါတယိ..။လင်းဖန် အမှန်တကယ်ပဲ..နမ်ရှန်း ဂေဟာကို သွားနေတာပါ...။သူ ကလေးတွေကို ပန်ချီဆွဲ သင်ပေးရပါဦးမယ်..။

လင်းဖန် နန်ရှမ်း ဂေဟာကို ရောက်လာတဲ့အချိန်မှာ ကလေး တွေရဲ့ ရိုးသားတဲ့ အပြုံးတွေကို တွေ့လိုက်ရပါတယ်..။သူ မလာတာကြာတော့ ..ကလေးတွေက သတိရနေလောက်ကြမှာပါ..။

ဟန်လုဟာလည်း ကလေးတွေကို..ကိုယ်ခံပညာ သင်ပေးနေပြီး..ကလေးတွေ ကလည်း သူ့ကို ချစ်ခင်ကြပါတယ်..။

လင်းဖန် ဟန်လုကို ကြည့်လိုက်ပြီး..

"မင်းသင်ချင်တယ် ဆိုရင်..ငါ မင်းကို ကိုယ်ခံပညာ သင်ပေးလို့ရပါတယ်.."

ဟန်လု ဒီမှာ ဘာလို့ အချိန်တွေ အကြာကြီးနေလည်း ဆိုတာ သူလည်း မသိတော့ပါဘူး..။သူ အမှန်တကယ်ပဲ..စွမ်းအားရှစ်မျိုး လက်သီးသိုင်းကို သင်ချင်တယ် ဆိုရင် သူ သင်ပေးလိုက်မှာပါ..။

ဟန်လု ပြုံးလိူက်ပြီး...

"မာစတာ လင်း...ဒီလို လုပ်ဖို့ မလိုတော့ပါဘူး..။ကျွန်တော် ကိုယ်ခံပညာ သင်ချင်လို့ ဒီမှာနေနေတာ မဟုတိဘူးလေ..။ကျွန်တော် ဘဝမှာ အဓိပ္ပါယ်ရှိတာလေးတွေ လုပ်ချင်လို့ပါ..။မာစတာ လင်း မရှိတုန်း ကျွန်တော် သူတို့ကို တစ်ချို့ ဟာလေးတွေ သင်ကြားပေးထားသေးတယ်လေ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..

"ကောင်းတာပေါ့..။ဒါရိုက်တာ ဟောင် တစ်ယောက်တည်း ဆိုရင် ဒီနေရာက မလုံခြုံဘူးလေ..။အခု..မင်းပါ ရှိနေတာ ဆိုတော့..ဘာပြသနာ မှ ရှိမှာ မဟုတ်တော့ဘူး.."

ယင်းနောက် လင်းဖန် လက်ခုပ်တီး လိုက်တယ်..။

"ကောင်းပြီ ကလေးတို့..။ကိုယ့်ရဲ့ ပစ္စည်းတွေ ကိရိယာ တွေကို ယူထားကြ..။ခနနေ ပန်ချီဆွဲတာ ..စတော့မယ်..."

ကလေးတွေက ပန်ချီဆွဲတာကို နှစ်သက် ကြပါတယ်..။သူတို့ အရင်တစ်ခါဆွဲတုန်း က...ပန်ချီကားတွေကို မြင်ပြီး..ဆွဲဆောင် ခံခဲ့ကြရတာပါ..။သူတို့ တွေးနေတဲ့ အရာတွေကိုလည်း သူတို့ကိုယ် တိုင်ရေးဆွဲ ချင်ကြပါတယ်...။

သို့ပေမယ့် ..ကလေးတွေကို ပန်ချီဆွဲ စသင်ပေးတာက အတော်ကို ခက်ခဲပါတယ်...။ဒါပေမဲ့ သူပြောတဲ့စကားတွေကို ကလေးတွေကို နားလည်အောင် လုပ်တာက ပျော်စရာပါပဲ..။

"စွယ်စုံ အမှတ် + 1 "

"စွယ်စုံ အမှတ် + 1 "

သူ ဒီနေ့တစ်ရက်မှာ စွယ်စုံ အမှတ် ၂ မှတ် ရလိုက်ပါတယ်..။ဒါက တစ်ချို့ ကလေးတွေက. သူသင်ပြတာကို.နားလည်နေကြပြီလို့ ဆိုလိုတာပါပဲ..။ကလေးတွေ အကုန်လုံး နားလည်သွားကြရင် ..သူ စွယ်စုံ အမှတ်တွေ ဒီထက်ပိုပြီး ရမှာပါ..။

သူ ညနေ ၆ နာရီ အထိ ကလေးတွေကို ပျှော်ရွှင်စွာ သင်ကြားပေးနေခဲ့တယ်..။သူ တို့ကလည်း အသစ်အဆန်းတွေ သိကြရလို့ ပျော်ရွှင်နေကြပါတယ်..။သူတို့ အခု တရုတ်အနုပညာက ဘာလဲ ဆိုတာ သိနေကြပါပြီ..။

လင်းဖန် သူတို့ ဆွဲတဲ့ ပန်ချီကားတွေကို တစ်ခုချင်းလေ့လာလိုက်တယ်..။သူတို့က..သိပ်မကောင်းကြသေးပေမယ့်လည်း..ကောင်းမွန်တဲ့ ပထမ ခြေလှမ်းလို့ ပြောလို့ရပါတယ်..။ကလေးတွေကို သင်ကြားပေးရတာက လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး..။

နောက်တစ်ရက်.။

လင်းဖန် သာမန်လူတစ်ယောက်လိုပဲ..နိုးထလာပြီး.. ပြင်ဆင်ကာ တိမ်ဖြူလမ်းကို သွားလိုက်တယ်..။ယင်းနောက် ..သူ နန်ရှမ်း ဂေဟာ ကို ဆက်ပြီးသွားခဲ့ပါတယ်..။

ကျိုးမင်ချင်းကတော့ ဝိတ်ကျရောဂါ ဆေးညွှန်းနဲ့ အလုပ်ရှုပ်နေလောက်မှာပါ..။သို့ပေမယ့် ကျိုးမင်ချငိးရဲ့ အဆင့်အတန်း ကြောင့် ဘယ်သူမှ ကြားဝင်ပြီး ရှုပ်ရဲကြမှာမဟုတ်ပေ..။

အောက်တိုဘာ တစ်ရက်နေ့ ရောက်ဖို့က..အနည်းငယ်လိုသေးတဲ့ အတွက်သူ့မှာ အချိန်ရှိပါသေးတယ်..။

သို့ပေမယ့် မြို့သားတွေနဲ့ တိမ်ဖြူလမ်းကို နောက်တစ်ကြိမ် ထပ်ထားခဲ့ရမှာကို တွေးမိပြီး လင်းဖန်..စိတ်မကောင်းဖြစ်သွားခဲ့တယ်..။တကယ်လို့ သူတို့သာ..စိတ်မကြည်ကြဘူး ဆိုရင် ဒေါသတွေထွက်လာပြီး ဆိုင်ကို တစ်ခုခု လုပ်သွားနိုင်ပါတယ်..။

တကယ်လို့ သူသာ လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေကို ဒီအကြောင်းပြောရင် သူတို့လည်း ကျေနပ်ကြမှာ မဟုတ်ပေ..။ဒါကြောင့်. သူသွားတဲ့ နေ့မှ အကုန်လုံးကို ​ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

အဲတာ ဆိုရင် သူတို့ တစ်ခုခုတုန့်ပြန်ချင်ရင်တောင် နောက်ကျသွားခဲ့ပါပြီ..။

ဆိုင် ဝင်ပေါက်တွင်..။

လငိးဖန် သေးငယ်တဲ့ ထရတ်ကားတွေ လမ်းထဲမောင်းဝင်လာနေတာကို ကြည့်ပြီး ပြုံးလိုက်တယ်...။

"ကျုပ်တို့ရဲ့ ဆိုင်တွေ ရောင်းကောင်းကြတယ် ထင်တယ်..။ဒီမှာ ထရတ်ကားတွေ အများကြီးပဲ သူတို့ပစ္စည်းတွေ တော်တော် မှာထားကြတယ် ထင်တယ်..."

လူလိမ် ထျန် ကြောင်အသွားခဲ့တယ်..။

"မဖြစ်နိုင်တာ...။လတ်တလော ...ငါတို့ဆိုင်တွေက ဘာ ပစ္စည်းမှ မမှာထားပါဘူး...။ဘာတွေလဲ ငါကြည့်ရအောင်.."

လူလိမ် ထျန် ဝင်ပေါက်ကနေ လှမ်းကြည့်ပြီး ပြန်လှည့်လာခဲ့ပါတယ်..။

"ငါထင်တာတော့..ဒါက..ကုန်စည်လာပို့ တာမဟုတ်လောက်ဘူး..။သူတို့ ပြောင်းရွေ့ဖို့ လုပ်နေကြတာ.ဖြစ်မယ်."

"ပြောင်းကြတာ.."

လင်းဖန် ကြောင်အသွားခဲ့တယ်..။တစ်ခုခု တော့မှားနေပြီ လို့ သူခံစား လိုက်ရပါတယ်..။လူတိုင်းက တိမ်ဖြူလမ်းမှာ အလုပ်လုပ်ကိုင်ချင်ကြပေမယ့်...ဒီလို အခွင့်အရေး မရကြပါဘူး..။သို့ပေမယ့် အခုတော့ တစ်ချို့လူတွေက ပြောင်းရွေ့နေကြပါပြီ...။

တစ်ခုခု ဆိုးရွားတာ ဖြစ်ခဲ့လို့လား...

မဟုတ်ဘူး ငါသေချာကြည့်ရမယ်...။

အပြင်ဘက်တွင် ။

အကြီးအကဲကျန်း..အကြီးအကဲ လိန် .အစ်မဟွန်နဲ့ တစ်ခြား လူတွေဟာ ထွက်လာခဲ့့ကြပါတယ်...။

"သူဌေးလေး ဘာဖြစ်လို့လဲ.."

အစ်မဟွန် မေးလိုက်တာပါ..။

လင်းဖန် ခေါင်းခါယမ်း လိုက်တယ်..။

" ကျွန်တော်လည်း မသိဘူး..။ ဒီမှာ ထရတ်ကားတွေ တွေ့လို့ ထွက်လာကြည့်တာ.။ကျွန်တော် ..က တစ်စုံတစ်ယောက်..ကုန်ပစ္စည်းတွေ မှာထားတယ် လု့ိထင်တာလေ..။ဒါပေမဲ့ လူလိမ်ထျန်က သူတို့ ပြောင်းရွေ့ဖို့လုပ်နေကြတာတဲ့.. ဒါက မထူးဆန်းနေဘူးလား.."

အကြီးအကဲ ကျန်း ပြောလိုက်တယ်..

"ဒါက အကြီးအကဲ ချန်းရဲ့ ဆိုင်ပဲ..။သူက ဘာဖြစ်တာလဲ..."

အကြီးအကဲ လိန် ခေါင်းခါယမ်း လိုက်တယ်...။

"ငါ မသိတော့ဘူး..။ငါတို့ကို လည်း ဘာမှ အသိမပေးဘူး.။တကယ်လို့..အကြီးအကဲ ချန်း တစ်ခုခု ကြုံရရင် ငါတို့ကို ပြောမှာပဲလေ..။ဘာတွေဖြစ်နေတာလဲ သွားကြည့်ရအောင်..."

အကြီးအကဲ ချန်းရဲ့ ဆိုင်က လမ်းရဲ့ အဆုံးမှာ ရှိတာပါ..။သို့ပေမယ့် လင်းဖန် အကြီးအကဲ ချန်းကို မှတ်မိပါတယ်..။ဒီလူက..လူကောင်းတစ်ယောက်ဖြစ်ပြီး..တိမ်ဖြူလမ်းရဲ့ လှုပ်ရှားမူတွေမှာလည်း အမြဲတမ်း ပါဝင်တတ်တဲ့ လူတစ်ယောက်ပါ..။

သို့ပေမယ့် အခု ဘာဖြစ်တာလဲ ဆိုတာ လင်းဖန်လည်း နားမလည်တော့ပါဘူး..။

ဝင်ပေါက်တွင်...။

အလုပ်သမား တွေဟာ..ဆိုင်ထဲက ပစ္စည်းတွေကိူ ကားပေါ်တင်နေခဲ့ကြတယ်...။

လူငယ်လေး တစ်ယောက်ဟာ ဝင်ပေါက်မှာ နေပြီး ညွှန်ကြားနေခဲ့ပါတယ်..။

"အကြီးအကဲ ချန်း ဘယ်မှာလဲ.."

လငိးဖန် မေးလိုက်တာပါ..။

လူငယ်လေးဟာ သူ့ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ကျွန်တော်က သူ့ရဲ့ တူပဲ..။သူအခု ဆေးရုံတက်နေရတယ်..နောက်ပိုင်း ဒီဆိုင်ကို ဆက်ဖွင့်မှာ မဟုတ်တော့ဘူး..။ဒါကြောင့် ပစ္စည်းတွေကို သယ်ပြီး ဒီဆိုင်ကို တစ်ခြား တစ်ယောက်ကို ငှားတော့မှာလေ..."

"သူနေမကောင်းဘူးလား..။ဘယ်လိုလုပ်ရုတ်တရက် ကြီး ဖြစ်သွားရတာလဲ..။သူက ကျန်းမာရေး ကောင်းတဲ့ လူတစ်ယောက်ပါ.."

အစ်မဟွန် မေးလိုက်တာပါ..။

လူငယ်လေးဟာ..ဒီလူတွေကို ဘာမှ ရှင်းပြချင်တဲ့ ပုံမပေါ်ပဲ..

"ကျွန်တော်က..လာပြီး ကူညီပေးတာ..။ဘာတွေ ဖြစ်တယ် ဆိုတာ သိပ်ပြီး သိတာ မဟုတ်ဘူး..."

"ငါ အကြီးအကဲ ချန်းကို ဖုန်းခေါ်ပြီး ဘာတွေဖြစ်လဲ မေးကြည့်ရဦးမယ်.."

အကြှီးအကဲ ကျန်း ပြောလိုက်တာပါ..။ယင်းနောက်သူ ဖုန်းကို ထုတ်ပြီး နံပါတ် တစ်ချို့ကို ခေါ်လိုက်ပေမယ့် တစ်ဖက်က ဖုန်းပိတ်ထားခဲ့ပါတယ်..။

"ဖုန်းမဝင်ဘူး..."

အကြီးအကဲ ကျန်း အကူညီမဲ့စွာ ထပ်ပြောလိုက်တာပါ..။

လင်းဖန် လူငယ်လေးကို ကြည့်လိူက်ပြီး...

"မင်း တစ်ခုခု ဖုံးကွယ်ထားသေးလား..။ငါတို့နဲ့ အကြီးအကဲ ချန်းရဲ့ ဆက်ဆံရေးက အရမ်းကောင်းတာနော်..။တကယ်လို့ တစ်ခုခု လိူအပ်ရင် ငါတို့ ကျိန်းသေ ကူညီပေးနိုင်တယ်..."

All Chapters