← Chapters

ကိုယ့်ကိုကို ခြောက်လှန့်နေတဲ့အကြီးအကဲ ကျန်း

Vol. 31 Ch. 453

ကိုယ့်ကိုကို ခြောက်လှန့်နေတဲ့အကြီးအကဲ ကျန်း

Vol. 31 Ch. 453

#ဘာသာပြန် = စနိုးဝှိုက်

လူငယ်လေးဟာ ဘေးနားက..လူတွေကို ကြည့်ပြီး အကြပ်ရိုက်သွားခဲ့တယ်..။ယင်းနောက် သူခေါင်းခါယမ်း လိုက်ပြီး..

"တကယ်တော့ ကျွန်တော်လည်း သေချာ မသိဘူး ဒါပေမဲ့ ကျွန်တော် ရဲ့ အန်ကယ်က အကူအညီတောင်း လု့ိ ဆိုင်ကို လာပြီး သိမ်းပေးတာလေ...။အဖြစ်အပျက် အပြည့်အစုံကိုတော့ သူ ကျွန်တော်ကို ဘာမှ မပြောဘူး..."

အစ်မဟောင် ပြောလိုက်တယ်..။

"မင်းက သူ့တူလေ..။ဘယ်လို လုပ် မသိပဲ နေမှာလဲ.."

လူငယ်လေး ဟာ ခေါင်းခါယမ်း လိုက်ပြီး..

"ကျွန်တော် တကယ် မသိဘူး..။သူက..သူ့ရဲ့ မိသားစုတွေကိုတောင် သူ ဆေးရုံတက်နေတဲ့ ကိစ္စကို မပြောခိုင်းထားဘူး..။ဒါပေမဲ့ ခန့်မှန်ကြည့်ရသလောက်တော့ သူ့ရောဂါက အခြေအနေ တော်တော် ဆိူးလိမ့်မယ်..."

လူအုပ်ကြီးဟာ ဒါကို ကြားတဲ့ အချိန်မှာ တစ်ယောက်ကို တစ်ယောက် ကြည်လိုက်ကြတယ်..။သူတို့ အကြီးအကဲ ကျန်းမှာ ဒီလို ကိစ္စဖြစ်နေခဲ့မယ် လို့ မထင်ထားခဲ့ကြပါဘူး..။

လင်းဖန် မေးလိုက်တယ်..။

"ဒါဆို သူအခုဘယ်မှာလဲ.."

"သူက ရှန်ဟိုင်း ..ရှီရန် ဆေးရုံက ခြောက်ထပ်မြောက် လူနာဆောင်မှာ.."

လူငယ်လေး ပြန်ဖြေလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီ ..ပစ္စည်းတွေ မရွေ့နဲ့ဦး..။အကြီးအကဲ ချန်း ဘာမှ ဖြစ်မှာမဟုတ်ဘူး..။တကယ်လို့ ပစ္စည်းတွေ ရွေ့ပြီး အကုန်လုံးကို ဒီကို ပြန်ရွေ့ရရင် အလုပ်ရှုပ်ရ လိမ့်မယ်.."

လူငယ်လေး ပြောလိုက်တယ်..။

"ကျွန်တော် ဒီလိူ လုပ်လို့ မရဘူး..။သူက ပစ္စည်းတွေကို ရွေ့ဖို့ ပြောထားတာ.."

ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ သူ့ကို ဝိုင်းပြောလိုက်ကြပါတယ်..။

"သူဌေးလေးက မင်းကို မရွေ့နဲ့လို့ ပြောရင် မရွေ့နဲ့တော့လေ..။တစ်ခုခု ဖြစ်လာရင် မင်းဘာမှ ပြသနာ မတက်စေရပါဘူးလို့ ငါတို့ တာဝန်ယူတယ်..။ငါတို့ အကြီးအကဲ ချန်းရဲ့ ဆိုင်ကို ကိုယ်တိုင်လာရွေ့ပေးမယ်ကွာ.."

"ဟုတ်တယ် မင်းနားထောင်သင့်တယ်..ကောင်လေး..။ခေါင်းမမာ စမ်းနဲ့..။နောက်ပိုင်း ငါတို့ အကြီးအကဲ ချန်း ရှိတဲ့ ဆေးရုံကို သွားကြရဦးမှာပဲ.."

လူငယ်လေးဟာ သူ့ရှေ့က အခြေအနေကို ကြည့်ပြီး အံ့ဩသင့်သွားခဲ့တယ်..။

ငါ့ဦးလေး နဲ့ ဒီလူတွေက ဘယ်လို ဆက်ဆံရေး ရှိနေတာလဲ.....။ဘာလို့ သူတို့က အရမ်းနွေးထွေးနေကြတာလဲ....

ယင်းနောက် သူ ဘာမှ ထပ်ပြီး မပြောတော့ပေ..။အခြေအနေက ဒီလိုဖြစ်လာမှတော့ သူဘာမှ ဆက်ပြီး မရွေ့တော့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..။သူဦးလေးမှာ ဘာရောဂါဖြစ်နေလဲဆိုတာ သူလည်းမသိပါဘူး..။

ထပ်ပြောရရင် ဆရာဝန်ကလည်း အဆင့်အတန်းရှိတဲ့ လူတစ်ယောက်ပါ..။သူတို့ ဘယ်လောက်ပဲ သွားမေးမေး ထုတ်ပြောမှာ မဟုတ်ပေ..။

အခုလည်း သူ့အန်ကယ်က..ပစ္စည်းတွေ ရွေ့ခိုင်းလို့သာ ဒီအကြောင်းကို သူသိရတာပါ..။မဟုတ်ရင် သူ့အန်ကယ် ဒီလို ဖြစ်နေတာတွေကို သူသိရမှာမဟုတ်ပေ..။

…

"သူဌေးလေး..အကြီးအကဲ ချန်း တကယ်ဘာမှ မဖြစ်ဘူးလို့ ထင်တာလား.."

အစ်မဟောင် မေးလိုက်တာပါ..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ဘာမှ ဖြစ်မှာ မဟုတ်ဘူး..။ဒါပေမဲ့ အကြီးအကဲ ချန်းက ကျွန်တော်တို့ကို ဘာလို့ ဒီကိစ္စ မပြောတာလဲ.."

"အင်း..ဘယ်သူသိမှာလဲ..။အကြီးအကဲ ချန်းက အမြဲတမ်း စကားနည်းတဲ့ လူတစ်ယောက်လေ..။တကယ်လို့ ငါတို့ သာ မမြင်လိုက်ရင် သူက ငါတို့ မသိပဲနဲ့ တောင် ပျောက်ကွယ်သွားနိုင်တယ်.."

အကြီးအကဲ ကျန်း ပြောလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဒီကိစ္စကို ဘယ်သူကိုမှ မပြောနဲ့ဦး..။ခနနေ..ကျွန်တော်တို့..ဆေးရုံကိုသွားပြီး..အကြီးအကဲ

ချန်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ ကြည့်ရမယ်..."

"ကောင်းပြီ.."

မာစတာ လင်း ဆိုင်ထဲတွင်..။

လူလိမ် ထျန်ဟာ သူပါ လိုက်ချင်ပေမယ့် လင်းဖန် သူ့ကို မခေါ်ခဲ့ပေ..။ဆိုင်မှာ နေဖို့သာ မှာကြားထားခဲ့ပါတယ်..။

ဝူတန်ဟီက တော့..ဗေဒင်လာမေးတဲ့ လူတွေရှိနိုင်တဲ့ အတွက် ကျန်ခဲ့ပါတယ်..။ဗေဒင်ဟောတဲ့ အလုပ်ကလည်း အတော်ကို ကောင်းမွန်ပြီး..ကာစတန်မာ အများစုက..အသက်ကြီးကြီး အမျိုးသမီးတွေပါ ။

ဝူတန်ဟီဟာ..အရင်တုန်းကလို. ရာထူး အဆင့်အတန်း မြင့်မားတဲ့ လူတွေကို ဗေဒင်ဟောပေးရတာ မဟုတ်ပဲ..သာမန်လူတွေကို ဟောပေးရတာက ပိုပြီး လွှတ်လပ်ပါတယ်။

အထူးသဖြင့် သူ့သမီးမှာ ရှိနေတဲ့ ကံတရား ပြောင်းလဲ ပြီးသွားကတည်းက ဝူတန်ဟီမှာ..ဘာစိုးရိမ် ပူပန်မူမှ မရှိတော့ပါဘူး..။

ဒါက တကယ်ကို မာစတာ လင်းပြောထားတဲ့ အတိုင်းပါပဲ. ။

ကံတရားတွေ ကောင်းမွန်ဖို့ ဆိုရင်...တစ်စုံတစ်ယောက်ဟာ. ကံတရား ကောင်းမွန်တဲ့ လူတွေနဲ့ နီးနီးကပ်ကပ် နေသင့်ပါတယ်..။

ဆေးရုံတွင်..။

လင်းဖန် ..အစ်မဟောင်...အကြီးအကဲ ကျန်း .အကြီးအကဲ လိန် တို့ဟာ လိုရာ ခရီးကို ရောက်လာခဲ့ကြတယ်..။

"ကြည့်ပါဦး .အကြီးအကဲ ချန်းက ဒီလူနာဆောင်ထဲမှာပဲ.."

လူတိုင်းကြည့်လိုက်ကြတယ်..။

"ကြည့်ရတာ သူ အိပ်ပျော်နေတယ် ထင်တယ်..။တကယ်ကို အကြီးအကဲ ချန်းပဲ..။သူတစ်ခုခု ဖြစ်နေတာတောင် ငါတို့ကို ဘာမှ မပြောဘူး.."

"အထဲဝင်ကြရအောင်.."

လင်းဖန် ပစ္စည်းတွေ သယ်ရင်း ရှေ့ဆုံးက ဝင်သွားလိုက်ပါတယ်..။ဒါက ဘာမှ မဟုတ်ပါဘူး..နို့နဲ့ သစ်သီးတွေပါ..။အကြီးအကဲ ချန်ဘာဖြစ်တာလဲ ဆိုတာ သူစစ်ဆေးကြည့်ရပါဦးမယ်...။

သူသာ..၁၀ ခုမြောက် အသိပညာခန်း မရှိရင် ဘာမှလုပ်နိုင်မှာ မဟုတ်ပေမယ့် အခုတော့ ကွာခြား သွားခဲ့ပါပြီ..။သူမေးစရာ တောင်မလိုတော့ပါဘူး..ရောဂါ ကို ရှာဖွေပြီးတာ နဲ့ ကုသပေးလိုက်လို့ရပါတယ်..။

လူနာဆောင် ထဲမှာ အိပ်ယာ သုံးခု ရှိပေမယ့် လည်း အကြီးအကဲ ချန်းတစ်ယောက်ထဲသာ လူနာအဖြစ်ရှိနေပြီး သူကလည်း လှဲအိပ်နေခဲ့ပါတယ်..။

"အကြီးအကဲ ချန်း.."

လင်းဖန် ခေါ်လိုက်တာပါ..။

အိပ်ပျော်နေတဲ့ ..အကြီးအကဲ ချန်းဟာ ဒီအသံကြားပြီး နိုးလာခဲ့တယ်..။လူတိုင်း ဒီကိုရောက်နေတာ မြင်တဲ့ အချိန်မှာ သူကြောင်အသွားခဲ့ပါတယ်..။

"သူဌေးလေး..ဘယ်လိုဖြစ်ပြီး အကုန်ရောက်လာတာလဲ.."

လင်းဖန် ရယ်မောလိုက်တယ်..။

"ကျုပ်တို့မလာ ဘူးဆိုရင် ဒီကိစ္စကို ခင်ဗျား တစ်ဘဝလုံး..လျို့ဝှက်ထားတော့မလို့လား..."

အကြီးအကဲ ချန်း အားတင်းပြုံးလိုက်ပြီး..သက်ပြင်းချလိုက်တယ်..။

"အင်း...ငါ မင်းတို့ အကုန်လုံးကို လာတွေ့ရအောင် လုပ်မိပြီ..။တကယ်ရှက်ဖို့ ကောင်းတာပဲ.."

ဒရစ်

ဒရစ်

အိပ်ယာအောက်မှာတော့ ..ဇလုံးတစ်ခု ရှိနေပြီး..ပိုက်တစ်ချောင်းနဲ့ အကြီးအကဲ ချန်းရဲဘ ဆီးအိမ်နေရာကို..သွယ်တန်းထားခဲ့ပါတယ်..။

"အကြှီးအကဲ ချန်း..ဆိုင်ပိတ်ရလောက်အောင် ..ဘယ်လို အခြေအနေတောင် ဖြစ်နေလို့လဲ.."

အစ်မဟောင် မေးလိုက်တာပါ..။

အကြီးအကဲ ချန်း အကူညီမဲ့ စွာပြောလိုက်တယ်..။

"တကယ် ..ရောဂါ အကြီးကြီးပဲ..။လက်ရှိ အချိန်မှာတော့ ကိုယ့်ကိုကိုတောင် အခြေအနေ အပြည့်အစုံကို မသိရသေးဘူး..။ဒါပေမဲ့ ငါ ခွဲစိတ်ရလိမ့်မယ်..ဒါက ..ဆီးအိမ်ကင်ဆာ လဲ ဖြစ်နေနိုင်တယ်လေ.."

အကြီး အကဲ ကျန်း စိတ်ပူစွာမေးလိုက်တယ်..။

"ဒါက အစောပိုင်း အဆင့်လား နောက်ပိုင်း အဆင့်လား..."

အကြီးအကဲ ချန်း ခေါင်းခါယမ်း လိုက်တယ်..။

"မသိသေးဘူး ..ဒါကစစ်ဆေးဆဲ ပဲ ရှိသေးတယ်..။ဒါပေမဲ့ ဒါက မထူးတော့ဘူးလေ..။အစောပိုင်းဖြစ်တော့ရော ဘာအကြောင်းလဲ..။ဒါက ကင်ဆာပဲလေ..။ဟင်း..အသက်လေးဆယ် ရောက်မှပဲ ဒီလို ရောဂါမျိုးက လာဖြစ်ရတယ်လို့."

"မိသားစူတွေကို အကြောင်းကြား ပြီးပြီလား.."

လင်းဖန် မေးလိုက်တာပါ...။

အကြီးအကဲ ချန်း ခေါင်းခါယမ်း လိုက်တယ်..။

"ငါ သူတို့ကို မပြောရသေးဘူး..။ငါ့တူကိုပဲ ပြောပြီး..ဆိုင်က ပစ္စည်းတွေ သယ်ခိုင်းရသေးတယ်..။ဒီရောဂါကနေ သက်သာ လာရင်တော့..ပြန်ရှင်သန်နိုင်စွမ်းရှိသေးတယ်..။မဟုတ်ရင်တော့..ငါ့ဘဝက ပြီးဆုံးသွားတော့မှာ.."

"ခင်ဗျား.."

လင်းဖန် ဘာမှ ဆက်ပြောမနေတော့ပဲ. အိပ်ယာပေါ်ထိုင်ကာ အကြီးအကဲ ချန်းရဲ့ လက်ကို ယူပြီး..သွေးခုန်နှုန်း စမ်း လိုက်ပါတယ်..။

အကြီးအကဲ ချန်း သံသယဖြစ်စွာ မေးလိုက်တယ်..။

"ဘာတွေ လုပ်နေတာလဲ..သူဌေးလေး.."

"ကျွန်တော် ဘာလုပ်နေတာလဲ..။ဒါပေါ့..ခင်ဗျားရဲ့ သွေးခုန်နှုန်းကို စစ်ဆေးပေးနေတာလေ..။ဒါက ဘာမှ မဟုတ်ပါဘူး..ခင်ဗျားကသာ အကြောက်လွန်နေတာ..."

လင်းဖန် သွေးခုန်နှုန်း စမ်းကြည့်လိုက်တာနဲ့..အခြေအနေ အကုန်လုံးကို..သိလိုက်ပါတယ်..။

"ဒါက ပြသနာ မဟုတ်ဘူး...။အစောပိုင်း အဆင့်ပဲ..။ဒါက အဆိုးထဲက ..အကောင်းလို့ပဲ ပြောရမယ်..။အစောပိုင်း အဆင့်မှာ ရှာတွေ့ပြီဆိုတော့ ပြသနာ မရှိတော့ ဘူးလေ..."

အစ်မဟောင် ..နဲ ကျန်တဲ့ လူတွေဟာ..လင်းဖန်ကို ပါးစပ်အဟောင်းသား နဲ့ကြည့်နေခဲ့ကြပါတယ်..။

"သူဌေးလေး...မင်းဘယ်လို ပြောနိုင်တာလဲ..."

လင်းဖန် သူတို့ကို ကြည့်ပြီး ပြောလိုက်တယ်..။

"အရင်တုန်းက ကျန်းမာရေး ပြသနာ ရှိရင် ကျွန်တော်ကို လာရှာလို့ ခင်ဗျားတို့ကို ပြောထားတယ်လေ..။ကျုပ်ရဲ့ ဆေးပညာ က တကယ်ကောင်းတယ်..ခင်ဗျားတို့ မသိကြဘူးမလား..."

လူတိုင်း ခေါငိးခါယမ်း လိုက်ကြတယ်..။

သူတို့ ဘယ်လို လုပ်ပြီး သိမှာလဲ..။သူတို့ သူဌေးလေး ပြောတာကို ယုံကြည်ခဲ့ကြတာ မဟုတ်ပါဘူး...။တစ်ယောက်ယောက် ဖျားနာလာပြီ ဆိုရင် ဆေးရုံပဲ တန်းသွားခဲ့ကြတာပါ..။

"ခင်ဗျား စမ်းသပ်စစ်ဆေးမူတွေကို ဘယ်နေ့က လုပ်ခဲ့တာလဲ."

လင်းဖန် မေးလိုက်တာပါ..။

"မနေ့က.."

"ခင်ဗျား ခွဲထုတ်ရမယ့် ပစ္စည်းက ..ဂေါ်ဖီထုတ်ပုံစံ အကျိတ် လို့ ပြောတယ် မဟုတ်လား..."

လင်းဖန် ထပ်မေးလိုက်တာပါ...

အကြီးအကဲ ချန်း ခေါင်းညိမ့်လိုက်ပါတယ်..။

"အင်း..."

"ဒါ အဆင်ပြေပါတယ်..။ဒါ က အစောပိုင်း အဆင့်လေးပဲ ရှိတာလေ..။ခင်ဗျား ဒီလို အမူအရာကြီး ဖြစ်မနေစမ်းပါနဲ့..။ကျွန်တော် ပြောပြမယ် ခင်ဗျားရဲ့ အခြေအနေက ပြသနာ မဟုတ်ဘူး..။အစောပိုင်း အဆင့်ဆိုတာ အရေးကြီး ခွင်ကျယ် လုပ်စရာ မလိုဘူး..။ဒါက နောက်ပိုင်း အဆင့် ဆိုရင်တောင်..အဆိုးဆုံးက ခင်ဗျား ပစ္စည်းတစ်ခုလုံးကို ဖြတ်ထုတ်လိုက်ယုံပဲ..။ဒါဆိုရင် ခင်ဗျားက ကျုပ်တို့တိမ်ဖြူလမ်းရဲ့ ပထမဆုံး မိန်းမစိုး ဖြစ်လာလိမ့်မယ်..."

"ဒါအမှန်ပဲလား..။ဒါက အကျိတ် ရောဂါလား..."

အကြီးအကဲ ကျန်း ဒီရောဂါ အကြောင်း သိပ်မသိပေမယ့်..ဒီရောဂါ ဖြစ်နေမှန်း သိတဲ့ အ​ချိန်မှာ ကြောက်လွန်းလို့ ဘောင်းဘီတွေတောင် စိုရွှဲသွားခဲ့ပါတယိ..။

"ကြည့်ပါဦး..တိမ်ဖြူလမ်းရဲ့ ဆေးပညာ. အကြံပေးတစ်ယောက် အနေနဲ့ ခင်ဗျားကို လိမ်ညာပါ့မလား..။ကျုပ် ခင်ဗျားကို ရွေးချယ်စရာ နှစ်ခုပေးမယ် ဒါကို စဥ်းစားကြည့်..."

လင်းဖန် ပြောလိုက်တာပါ..။

"ပထမ ရွေးချယ်စရာက ခင်ဗျားကို ကျုပ်ကုသပေးမယ်..။ပြီးရင် ခင်ဗျား နောက်နေ့မှာပဲ..ဆေးရုံက ဆင်းနိုင်လိမ့်မယ် လို့ အာမခံတယ်..။ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိစေရဘူး..."

"ဒုတိယ ရွေးချယ်စရာက..ဆေးရုံက..ကုသမူကို လက်ခံပေးဖို့ပဲ..။ခင်ဗျား နောက်တစ်ပတ် နေပြီးရင်ဆေးရုံက ဆင်းရလိမ့်မယ်..။ပြီးရင် ခင်ဗျား တသ်ပတ်နေပြီး တိုင်း ဆေးရုံကို လာပြရလိမ့်မယ်..။ခင်ဗျား ရှစ်ကြိမ်လောက်လာပြရမှာ..ပြီးရင် စမ်းသပ်မူ အများကြီးကို လုပ်ပြီးမှ ..ကျန်းမာလာလိမ့်မယ်..။တစ်ခုကို ရွေးပေါ့.."

အကြီးအကဲ ကျန်း သူဌေးလေးကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်ပါတယ်..။

"သူဌေးလေး ..ငါ ..ဒုတိယ တစ်ခုကိုပဲ ရွေးမယ်...ဆေးရုံက ကုသမူကိုပဲ ခံယူမယ်..."

အဲ့အချိန်မှာပဲ..ဒေါက်တာဟာ ရောက်လာခဲ့ပါတယ်..။လင်းဖန် ထပ်ပြီး ပြောချင်ပေမယ့် အကြီးအကဲ ချန်း..က လက်မခံတော့..ဒေါက်တာ ပြောတာကိုပဲ ဘေးနားက ကြည့်နေဖို့ ဆုံးဖြတ်လိုက်တယ်..။

"မစ္စတာ ချန်း..စမ်းသပ်ချက် အဖြေက ထွက်လာပြီ..။ဒါက အစောပိုင်း အဆင့် အကျိတ်ပဲ..။အစောပိုင်းအဆင့်မှာ ရှာတွေ့တာ ဆိုတော့ ပြန်ကောင်းနိုင်ဖို့က ရာခိုင်နှုန်း များတယ်..။ဘာမှ စိတ်ဓာတ်ကျနေစရာ မလိုတော့ဘူး.."

ဒေါက်တာ ဟာ စကား အနည်းငယ်..ပြောပြီး..ထွက်သွားခဲ့ပါတယ်..။

လင်းဖန် ပြောလိုက်တယ်..။

"ကြားတယ်မလား..။ဘာပြသနာ မှမရှိဘူး...။အရမ်းလည်း စိတ်ဓာတ်ကျ မနေနဲ့...။ခင်ဗျား ဆိုင်ကို မပိတ်နဲ့ဦး မိသားစုကို အကြောင်းကြားပြီး လာကြည့်ခိုင်းထားလိုက်..။ဒါက အသေးအဖွဲလေးပဲ..။ဆေးရုံမှာ နေပြီး ကုသလိုက်ရင် ခင်ဗျား ပြန်ကောင်းသွားလိမ့်မယ်.."

လူတိုင်းဟာ..သူဌေးလေးကို ကြောင်အပြီးသာ ကြည့်နေခဲ့ကြပါတယ်..။သူဌေးလေး ဒါတွေကို သိနေလိမ့်မယ် လို့ သူတို့ လုံးဝ မထင်ထားခဲ့ကြပါဘူး..။

လငိးဖန်ကတော့...စိတ်ထဲမှာဘာမှ ထားမနေခဲ့ပေ..။အကြီးအကဲ ချန်း..သူ့ကို မယုံကြည်ဖူး ဆိုတော့ ဆေးရုံမှာ ပဲ နေပြီး အချိနိတွေ ကြာအောင်ကုသမူ ခံယူခိုင်းရတော့မှာပါ..။

All Chapters