ဒါက ငါ့ဆရာပဲ...
Vol. 31 Ch. 454
#ဘာသာပြန် = စနိုးဝှိုက်
သူတို့ဆေးရုံက ထွက်ခွာလာခဲ့ကြတယ်..။
အစ်မဟောင်နဲ့ ကျန်တဲ့ လူတွေဟာ..သူဌေးလေးကို ပဟေဠိဖြစ်တဲ့ အမူအရာနဲ့ ကြည့်လိုက်ကြပြီး...
"သူဌေးလေး...အကြီးအကဲ ချန်း ရဲ့အခြေအနေကို အစကတည်းက ကြိုသိနေခဲ့တာလား..."
လင်းဖန် ပြုံးလိုက်တယ်..။
"ကျွန်တော်က ခင်ဗျားတို့နဲ့ပဲ အတူတူ လာခဲ့တာလေ..။ဘယ်လိုလုပ်ပြီး ကြိုသိနိုင်မှာလဲ..."
အစ်မဟောင် ခေါင်းညိမ့်လိုက်တယ်..။
"ဒါအမှန်ပဲ..။တို့တွေ အကုန်လံူးက တူတူလာတာ ဆိုတော့ ကြိုသိထားဖို့ဆိုတာ မဖြစ်နိုင်ဘူး..။ဒါပေမဲ့ သူ့ကို သွေးကြောစမ်းရုံနဲ့ ဒါတွေ အကုန်လုံးကို ဘယ်လို သိသွားတာလဲ.."
"ကျွန် အရင်ကတည်းက မပြောထားဘူးလား..။ကျွန်တော့်ရဲ့ ဆေးပညာက တကယ်ကောင်းပါတယ်လို့..။ခင်ဗျားတို့ မယုံကြည်တာက တကယ်ကို ရှက်ဖို့ကောင်းတဲ့ အရာပဲ.."
လင်းဖန် အကူညီမဲ့သလို ခံစားရပါတယ်..။သူ့ ရဲ့ အရည်အချင်း တွေကို မဖုံးကွယ်ထားပဲ နေတာတောင် လူတွေက သူ့ကို မယုံကြည်ကြပါဘူး..။တစ်ခြားတစ်ဖက်မှာတော့..သူဖုံးကွယ်ပြီး လုပ်ခဲ့တာတောင်အမှန်တရားက ပေါ်သွားပါသေးတယ်..။
"အိုးဟုတ်သားပဲ. တိမ်ဖြူလမ်းရဲ့ အထူးနေ့ က ရောက်လာတော့မယ်နော်..။ကျုပ်တို့ နန်ရှမ်း ကလေးဂေဟာကို သွားရဦးမယ်..။အချိန်ရောက်လာလို့ရှိရင် အရမ်းလည်း မအံ့ဩကြနဲ့ဦး.."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။
လူအုပ်ကြှီးဟာ ပဟေဠိဖြစ်သွားခဲ့တယ်..။
"ငါတို့က ဘာလို့..အံ့ဩရမှာလဲ. ။တစ်ခုခု ပြောင်းလဲနေတာ ရှိလို့လား.."
လင်းဖန် ဆန်ကျယ်စွာ ရယ်မောလိုက်ပြီး..ဘာမှ ပြောမနေတော့ပေ..။
*ကလင် ကလင်*
အဲ့အချိန်မှာပဲ ကျိုးမင်ချင်းဟာ ဖုန်းခေါ်လာခဲ့ပါတယ်..။
လင်းဖန် ဖုန်းကိုင်လိုက်တယ်..။
"ဆရာ..နောက်ဆုံးတစ်ကြိမ်တုန်းက ကျွန်တော် ပြောထားတာ မှတ်မိသေးလား..."
ကျိုးမင်ချင်း ဖုန်းထဲက နေ ညှင်သာစွာ မေးလိုက်တာပါ..။
"ဘာပြောထားလို့လဲ..."
လင်းဖန် ကြောင်အသွားခဲ့တယ်..။ကျိုးမင်ချင်း ဘာပြောထားတာ လဲ ဆိုတာ သူမမှတ်မိတော့ ပါဘူး..။
"ကျွန်တော် သူငယ်ချင်းဟောင်းတွေက..ဆရာ့ကို တစ်ကြိမ်လောက် တွေ့ချင်နေတာလေ..။သူတို့ ကျွန်တော်အိမ်မှာ နေနေတာ ကြာနေပြီ.."
ကျိုးမင်ချင်းဟာ ပြောလိုက်တယ်. ။ကျို့ချင်းချင် နဲ့ ဝမ်တန်ဖန်း တို့ ရှန်ဟိုင်းမှာနေနေ တာ အတော်ကြာနေပါပြီ..။သူ့ဆရာ ပြန်ရောက်ရောက်ချင်း..ကျိုးမင်ချင်း ဘာမှ မပြောတာက သူ့ဆရာကို ကောင်းကောင်းနားစေ ချင်သေးလို့ပါ..။အခု ရက်အနည်းငယ် ကျော်သွားပြီ ဆိုတော့. ဒီမေးခွန်းကို မေးဖို့ အချိန်ကျရောက် လာခဲ့ပါပြီ..။တကယ်လို့ သူ့ဆရာက မတွေ့ချင်ဘူး ဆိုရင်လည်း သူဘာမှ စောဒက တက်နေစရာ အကြောင်းမရှိပေ..။
လင်းဖန် ခနလောက်တွေးလိုက်တယ်..။သူဘေဂျင်းရောက်နေတုန်းက..တရုတ်ဆေးပညာ အဖွဲ့အစည်းက သူ့ကို လာပို့ပြီး ကူညီခဲ့ပါသေးတယ်..။ဘာပဲ ဖြစ်ဖြစ် ဒါက အကြွေးတစ်ခု ဖြစ်နေပါသေးတယ်..။ဒါကြောင့် ..ဒီလူတွေကို သူတွေ့မှ သင့်တော်တော့မှာပါ. ။
"လာမယ့် ၂၀ ရက်နေ့ကြရင်..နန်ရှမ်း ကလေးဂေဟာ မှာ တွေ့ကြရအောင်..."
ဒီကြားထဲမှာတော့ သူအေးဆေး နားပြီး..ကလေးတွေကို ပန်ချီဆွဲတာ သေချာ သင်ပေးရမှာပါ..။ဒါမှလည်းကလေးတွေ..သိပ်မကြာခင်..ကောင်းမွန်တဲ့ ပန်ချီတွေ ဖန်တီးလာနိုင်ကြတော့မှာပါ..။တစ်ချို့ကလေးတွေက နားလည်ပြီး သူ့ကို စွယ်စုံအမှတ်တွေ ရအောင် လုပ်ပေးနေပြီ ဖြစ်ပေမယ့်..ကလေး အများစုကတော့ နားမလည်ကြသေးပါဘူး..။
ဖုန်းချပြီးနောက်..။
ကျိုးမင်ချင်း သူ့ဘေးနားက သူငယ်ချင်းဟောင်း တွေကို ကြည့်လိုက်ပြီး..
"မင်းတို့လည်း ကြားလိုက်ကြတယ်မလား...။လာမယ့် ၂၀ ရက်နေ့ကြရင်..နန်ရှမ်း ကလေး ဂေဟာမှာ တွေ့မယ် တဲ့.. "
ကျို့ချင်းချင် တောက်ပစွာ ပြုံးလိုက်ပြီး..
"ဒါက အဓိပ္ပါယ်ရှိတဲ့ စကားပဲ..အကြီးအကဲ ကျိူး..."
ကျိုးမင်ချင်း အကူညီမဲ့ စွာပြောလိုက်တယ်..။
"ခင်ဗျားတို့ ဘာတွေ လုပ်ကြိုးကြိုးစားနေတာလဲ . ကျုပ်တော့ နားမလည်တော့ဘူး..."
ကျို့ချငိးချင် ပြုံးလိုက်ပြီး...
"အကြီးအကဲ ကျိုး..တစ်ခုခု ဆွေးနွေး ကြရအောင်..။ခင်ဗျား..ရဲ့ 'အူရောင်ငန်းဖျား နဲ့ ရောဂါအမျိုးမျိုး' စာအုပ်ကို ကျွန်တော်တို့ကိုလည်း နည်းနည်းလောက် လေ့လာခိုင်းသင့်တယ်နောိ.."
"ဒီအကြောင်းကို တွေးတောင် မတွေးနဲ့..။ကျုပ်ဆရာက ခွင့်မပြုရင် ခင်ဗျားတို့ကို ပြမှာ မဟုတ်ဘူး.."
ကျိူးမင်ချင်း ပြောလိုက်တာပါ. ။
ဒီ ' အူရောင်ငန်းဖျားနဲ့ ရောဂါ အမျိူးမျိုး' စာအုပ်ကို ဖတ်ပြီး ကတည်းက..ကျိူးမင်ချင်းရဲ့..ဆေးပညာ စွမ်းရည်တွေက တစ်ဟန်ထိုး မြင့်တက်လာခဲ့ပါတယ်..။တရုဆေးပညာနဲ့ ကုသမူတွေက..ကောင်းမွန်တဲ့ အကျိုးသက်ရောက်မူတွေ ရှိတယ် ဆိုပေမယ့်..မတူညီတဲ့ နည်းလမ်းတွေ နဲ့ ကုသရင်..ထူးခြားတဲ့ အကျိုးသက်ရောက်မူ တွေဖြစ်လာတော့မှာပါ .။
ကျိုးမင်ချင်း..ဟာ သူနားမလည်တဲ့ အရာတွေ အကုန်လုံးကို သူ့ဆရာဆီမှာ မေးခွင့်ရနေတာကလည်း..ဆုလာဒ် တစ်ခုအဖြစ် မှတ်ယူထားခဲ့ပါတယ်..။
အခု ကျို့ချင်းချင် က သူ့ဆရာကို တွေ့ချင်နေတယ် ဆိုတော့. ကျိုးမင်ချငိး ဒီလူရဲ့အကြံအစည်းကို မသိပဲ မနေပါဘူး..။ကျို့ချင်းချင် လည်း သူ့ဆရာ ဆီမှာ တပည့်ခံပြီး သင်ယူချင်နေတယ် ဆိုတာ ထင်ရှားပါတယ်..။ကျို့ချင်းချင်က ..ဆရာအုဖစ် အသိအမှတ်ပြုဖို့ မကြိုးစားဖူးဆိုရင်တော့..ဒီ စာအုပ်ကို လေ့လာခွင့်ရဖို့တော့ ကြိုးစားတော့မှာပါ..
အင်း...
ကျိုးမင်ချငိး အများကြီး မတွေးဖို့ ဆုံးဖြတ်လိုက်တယ်..။သူပိုပြီးတွေးလေလေ..ဖိအားကို ပိုခံစားရလေပါပဲ. ။
"ဒါ ငါ့ဆရာပဲ...မင်းရဲ့ဆရာမဟုတ်ဘူး.." ကျိူးမင်ချင်း စိတ်ထဲကနေတွေးလိုက်တာပါ..။
ရက်အနည်းငယ်ကြာပြီးနောက်..။
ဒီနေ့က..တိမ်ဖြူလမ်းရဲ့ အထူးနေ့ဖြစ်ပြီး လူတိုင်းက ပါဝင်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ..။
အရင်တစ်ခေါက်က သူတို့ ပစ္စည်းတွေ အများကြီး ဝယ်ထားတော့ ဒီတစ်ခေါက်သိပ်ပြီး မဝယ်ခဲ့ကြပါဘူး..။သူတို့ မုန့်ထုတ်တွေသာ..ဝယ်ခဲ့ကြပါတယ်..။ဒါတောင် သူတို့ အကုန်စုပေါင်း လိုက်တဲ့ အချိန်မှာ မုန့်ထုတ် တွေက အများကြီးပါ..။
ဒီလို..အစိီအစဥ္မှာ ပါဝင်တာက..ပိုက်ဆံ..ဖြုန်းတီးတာ မဟုတ်ပါဘူး..။ဒါက ကလေးတွေ ပျော်ရွှင်အောင် ဖန်တီးပေးကြရတာပါ..။အရေးအကြီးဆုံးအရာ..သူဌေးလေး ချက်ပြုတ်တဲ့ ဟင်းလျာ တွေပါပဲ..။
သူဌေးလေး ရဲ့ ဟင်းလျာတွေက သူတို့ရဲ့ နှလုံးသားထဲမှာ နေရာယူထားပြီးပါပြီ..။သူတို့ ဒီဟင်းလျာ တွေကို ..တစ်နှစ်မှ..၁၂ ကြိမ်သာ စားခွင့်ရပြီး..အထူးအခွင့်အရေးလို့တောင် ပြောလိူ့ရတာပါ..။
အဲ့အချိန်မှာပဲ..တိမ်ဖြူလမ်းထဲက ကားတွေ ဆက်တိုက်ဝင်လာခဲ့တယ်..။
တစ်ချို့မြို့သား တွေဟာ ဒီမြင်ကွင်းကို မြင်ပြီး အံ့ဩနေခဲ့ကြပါတယ်..။
"ဘာတွေဖြစ်နေတာလဲ.."
ဒီမေးခွန်းကို မေးတဲ့ လူတွေက တိမ်ဖြူလမး်ကို အခုမှ ရောက်လာကြတဲ့ လူသစ်တွေပါ..။
လူဟောင်းတစ်ယောက်ဟာ ပြန်ဖြေလိုက်တယ်..။
"ဒီနေ့က တိမ်ဖြူလမ်းရဲ့ အထူးနေ့ပဲ..။သူတို့က..ကလေးဂေဟာ တစ်ခုကို သွားပြီး ပရဟိတ လုပ်ကြမှာ..။ဒီနေ့မှာ ဆိုင်တွေ အားလုံးပိတ်တယ်..။မင်းက အခုမှ ရောက်ဖူးတာလား...။မင်းဒီနေ့ စျေးဝယ်ဖို့ လာတာ ဆိုရင် တော့ အချည်းနှီး ဖြစ်သွားပြီး.."
လူသစ်ဟာ အံ့ဩစွာ ပြန်ပြောလိုက်တယ်..။
"ဒီလို နေ့မျိူးလည်းရှိတာပဲလား..."
"ဒါပေါ့..ဒါက တိမ်ဖြူလမ်းရဲ့ ထူးခြားချက်ပဲ.."
…
"သူဌေးလေး..ထွက်ကြရအောင်.."
အကြီးအကဲ ကျန်း အော်လိုက်တာပါ...။
လငိးဖန် အချိန်ကျပြှီ ဆိုတာ သိလိုက်ပြီး ပြန်ပြောလိုက်တယ်..။
"ကောင်းပြီလေ..ထွက်ပြရအောင်..."
ကားတွေဟာ..တစ်စီးပြီး..တစ်စီ တိမ်ဖြူလမ်းကနေ ထွက်ခွာလာခဲ့ကြပါတယ်.။
နန်ရှမ်း ကလေးဂေဟာတွင်..။
ဒါရိုက်တာ ဟောင် နဲ့ ဟန်လု..ဟာ ဒီနေ့ ဘာနေ့လည်း ဆိုတာကို သိထားကြပြီးသားပါ..။အစကတော့ သူတို့ အလေးတွေကို ထွက်ပြီး ကြိုဆို ခိုင်းမလို့..စိတ်ကူးမိပေမယ့်..ကလေးတွေက သူတို့ထက်ပိုပြီး စိတ်လှုပ်ရှား နေလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။သူတို့က..မနက်ကတည်းက အစောကြီးတွေ နိုးနေခဲ့ကြတာပါ ..။
အဲ့အချိန်မှာပဲ..နန်ရှမ်း ဂေဟာရဲ့ ဝင်ပေါက်မာ ကားတစ်စီး ပေါ်လာခဲ့တယ်..။
ကလေးတွေဟာ ဒီကားကို မြင်တဲ့ အချိန်မှာ စိတ်လှုပ်ရှား သွားခဲ့ကြပါတယ်..။
ကားပေါ်က ဆင်းလာတဲ့ လူကို မြင်လိုက်တဲ့..အချိန်မှာ ကလေးတွေ အော်ဟစ်လိုက်ကြတယ်..။
"အဲဒါ ဟိုနေ့က လာတဲ့ အဖိုးပဲ..."
ကျိုးမင်ချငိးဟာ ကျို့ချင်းချင် နဲ့ ဝမ်တန်ဖေးကို ဒီကို ခေါ်လာခဲ့တာပါ..။ကျို့ချင်းချင် ဒိီမြင်ကွင်းကို မြင်ပြီး..မေးလိုက်တယ်..
"အကြီးအကဲ ကျိုး..ဒါက ဘယ်နေရာလဲ.."
"ဒါက နန်ရှမ်း ကလေးဂေဟာလေ..။ကျုပ်ဆရာက ..ဒီကို ၂၀ ရက်နေ့တိုင်း လာနေကြ.."
ကျိုးမင်ချငိး ပြောလိုက်တာပါ..။
အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ အနေနဲ့ ဝမ်တန်ဖေး..စိတ်လှုပ်ရှားနေခဲ့တယ်..။
"ခနနေရင် ငါတို့ အကြီးအကဲ ကျိူးရဲ့ ဆရာကို တွေ့ရတော့မယ်..။ဒါက တကယ်ကို စိတ်လှုပ်ရှားစရာပဲ.."
သူတို့ အကြီးအကဲ ကျိုးရဲ့ ဆရာကို ဘာသံသယ မှ မရှိပါဘူး..။သူက ငယ်ရွယ်တဲ့လူ ဟုတ်ဟုတ် မဟုတ်ဟုတ်..ဒါက သူတို့ရဲ့ ယုံကြည်မူကို ထိခိုက်မူ မရှိစေပေ..။
ဒီရက်ပိုင်းအတွင်းမှာ အကြီးအကဲ ကျိူးက သူတို့ကို စာမျက်နှာ တစ်မျက်နှာ ဒါမှမဟုတ် တစ်ဝက်လောက် တစ်ခါတစ်လေ ပေးဖတ်ခဲ့ပါတယ်..။ဒီကနေတဆင့်..သူ့ဆရာ ဘယ်လောက်တောင် အရည်အချင်းရှိလဲ ဆိုတာ ပြောနိုင်ပါတယ်..။
ဒီ ' အူရောငန်းဖျားနဲ့ ရောဂါအမျိူးမျိုး ' စာအုပ်က..တစ်ခြား ရှေးဟောင်း စာအုပ်တွေထက် ပိုအဖိုးတန်ပါတယ်..။ဒါက..အ ရာအားလုံးကို နားလည်ရလွယ်ကူအောင် ရှင်းပြပေးထားတဲ့ ..စာအုပ်တစ်အုပ်ပါ..
ရောဂါတိုင်း အတွက်လည်း ဆေးညွှန်းရေးပေးထားပါသေးတယ်..။သူတို့..ပိုပိုပြီး ဖတ်ချင်ပေမယ့်လည်း..အကြီးအကဲ ကျိူးက အမြဲတမ်း ငြင်းပယ်ခဲ့တာပါ..။သူကတော့..စာအုပ်ကို လက်က ကိုင်ပြီး နေ့တိုင်း ထိုင်ဖတ်နေခဲ့ပါတယ်..။သူက အိပ်ချိန်နဲ့ စားချိန်ကလွဲပြီး တစ်ချိန်လုံးဖတ်နေခဲ့တာပါ..။
ထပ်ပြောရရင် အရေးကြီးဆံူး အစိတ်အပိူင်းက..ဝိတ်ကျရောဂါ..အတွက် ဆေးညွှန်းဖော်စပ်လိုက်တာပါ..။
ဘယ်သူက..ဒီလို အရည်အချင်မျိုး ရှိနေနိုင်မှာလဲ....
သူတို့ ဒီနတ်ဘုရား ဒေါက်တာကို အတော်ကို တွေ့ချင်နေခဲ့ပါပြီ..။သူတို့..ဒီ 'အူရောင်ငန်းဖျားနဲ့ရောဂါ အမျိူးမျိုး' စာအုပ်ကို ဖတ်ဖို့ခွင့်တောင်းယုံသာမက..ဒီ မာစတာ နဲ့လည်း သိကျွမ်းချင်နေခဲ့တာပါ..။