← Chapters

လူတိုင်းကြောင်အသွားကြပြီ

Vol. 31 Ch. 455

လူတိုင်းကြောင်အသွားကြပြီ

Vol. 31 Ch. 455

#ဘာသာပြန် = စနိုးဝှိုက်

"လီဖက်တီး..ဒီကိုလာပါဦး.."

ကျိုးမင်ချင်း သူ့ရှေ့မှာ ရှိနေတဲ့ သွက်လက် တဲ့ ကောင်လေးကို လှမ်ခေါ်လိုက်တာပါ...။ဒီလီဖက်တီးက မယုံနိုင်စရာ မှတ်ဥာဏ်တွေ ရှိနေတဲ့ ကလေးတစ်ယောက်ပါ..။သူက ဝဝကစ်ကစ် နဲ့ ချစ်ဖို့လည်း ကောင်းပါတယ်..။

လီဖက်တီး အမြန်ပြေးလာခဲ့တယ်..။အရင်တုန်းက..သူ ဝီးချဲပေါ်မှာ ရှိကတည်းက သွက်လက် နေခဲ့တာပါ...။အခု သူ ပြေးနိုင်နေပြီ ဆိုတော့..ပိုတောင် သွက်လက် နေခဲ့ပါသေးတယ်..။

"အဖိူး..."

လီဖက်တီး ကျိူးမင်ချင်း ရဲ့ ရှေ့မှာ ရပ်ပြီး ပြုံးပြလိုက်တယ်..။သူ့ရဲ့ နှာခေါင်းမှာတော့ နှပ်တွေကျနေလို့ပါ..။

"လာ...မင်းရဲ့ ခြေထောက်ကို..အဖိုးကြည့်လို့ရအောင် ရှေ့ကို ဆန့်တန်းလိုက်ပါဦး..."

ကျိူးမင်ချင်း ပြောလိုက်တာပါ..။

လီဖက်တီး ခြေထောက်ကို ဆန့်ပြီး ပြောလိုက်တယ်..။

"အဖိူး..ဒါကို အကြိမ်ပေါင်းများစွာ ကိုင်ကြည့်ပြီးပြီလေ...။အဖိုး အမြဲတမ်း ကိုင်ကြည့်ချင်နေရင် သားတော့ ဒုက္ခပဲ..."

"မရိုမသေ ကောင်လေး.."

ကျိူးမင်ချင်း ..လီဖက်တီးရဲ့ ခေါင်းကို ခေါက်ကာ..ခြေထောက်ကို ဖိလိုက်ပြီး..

"သက်တောင့် သက်သာ မရှိတာမျိုး ဖြစ်လား.."

လီဖက်တီး ခေါင်းခါယမ်းလိုက်တယ်..။

"ဟင့်အင်..."

ကျိုးမင်ချင်း ..ခေါင်းညိမ့်လိုက်တယ်..။သူက..မဖြစ်နိုင်တာတွေ ဖြစ်လာတာကို မြင်တွေ့ခဲ့တဲ့ လူတစ်ယောက်ပါ..။သူ့ဆရာရဲ့ ဆေးပညာ အရည်အချင်းကို သူ အတော်ကို လေးစားနေခဲ့ပါပြီ..။သူ့ဘဝမှာ သူ့ဆရာ ရဲ့ ဆယ်ပုံတစ်ပုံ စာ အရည်အချင်း လောက်ပဲ သင်ယူနိုင်ရင်တောင် တကယ်ကျေနပ်စရာပါပဲ..။

ကျိုးချင်းချင် နဲ့ ဝမ်တန်ဖေးဟာ သူတို့ ဘေးနားက..ကလေးတွေကို ကြည့်လိုက်ကြပြီး..

"ဒီလို ကျန်းမာတဲ့ ..ကလေးတွေကို စွန့်ပစ်ရအောင်..ဘယ်လို မိဘတွေလည်း မသိဘူး..."

ကျိုးမင်ချင်း ဝီးချဲပေါ်မှာ ရှိနေတဲ့ ကလေးတွေကို ကြည့်ပြီး အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်ပါတယ်...။ဒီလိူ..ကိုယ်လက် အဂ်ါ ချွတ်ယွင်းနေတဲ့ ကလေးတွေကတော့..ဘယ်နည်းလမ်းနဲ့မှ ပြန်ကုလို့ရမှာ မဟုတ်တော့ပါဘူး..။

သူတို့က..ပြင်းပြင်းထန်ထန် ထိခိုက်ခံထားရတာပါ..။

အစကတော့ ကျိးမင်ချင်းဟာ..ဒီ ကျန်းမာစွာ ပြေးနေတဲ့ ကလေးတွေက အရင်တုန်းက..ဝီးချဲ ပေါ်မှာ ရှိနေတဲ့ ကလေးတွေ ..လို့ ပြောချင်ပေမယ့်..မ​ေပြာဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..။

*တီတီ*

အဲ့အချိန်မှာပဲ သိပ်မဝေးတဲ့ နေရာကနေ ဟွန်း သံတွေ ကြားလိုက်ရတယ်..။

လီဖက်တီးဟာ..အစက ကျိုးမင်ချင်း စစ်ဆေးတာကို ငြိမ်နေပေမယ့် .ဒီအသံတွေ ကြားတဲ့ အချိန်မှာ ချက်ချင်း ပြေးသွားခဲ့တယ်...

"အန်ကယ်တွေ ..အန်တီတွေ ဒီကို ရောက်နေပြီ..."

ကျိူးမင်ချင်း ရယ်မောလိုက်တယ်..။

"သွားကြရအောင်...ငါ့ဆရာက ..ဒီကို ရောက်နေပြီ..."

ကျို့ချင်းချင်နဲ့..ဝမ်တန်ဖေး တို့ဟာ ချက်ချင်းပဲ ခွန်အားတွေ ပြည့်နှက်သွားခဲ့တယ်..။အခုတော့ သူတို့ အကြီးအကဲ ကျိုးရဲ့ ဆရာကိုတွေ့ရတော့မှာ ဖြစ်ပြီး အနည်းငယ်တောင် ကြောက်ရွံ့မိပါတယ်..။

သူတို့ မြင့်မားတဲ့ တောင်တစ်တောင်ကို မော့ကြည့်နေရသလိုပဲ ဖိအားတွေကိုခံစား နေကြရပါတယ်..။

အပြင်ဘက်တွင်..။

လင်းဖန် ကားကို ရပ်လိုက်တယ်..။သူ..လက်ရန်းနားတွေမှာ စုပြုံပြီး ကြည့်နေကြတဲ့ ကလေးတွေကို လက်ဝေ့ယမ်း ပြလိုက်ပါတယ်..။

ကလေးတွေဟာ အန်ကယ်တွေ အန်တီတွေ လက်ထဲက..မုန့်တွေကို မြင်လိုက်တဲ့ အချိန်မှာ...ပျော်ရွှင်သွားခဲ့ကြပါတယ်..။

လင်းဖန် ပြန်လှည့်ပြီး ဆိုင်ပိုင်ရှင်တွေကို ပြောလိုက်တယ်...။

"ကျုပ်တို့ အထဲဝင်တဲ့ အချိန်မှာ...အရမ်းလည်း မအံ့ဩနဲ့ဦး.."

ဆိုင်ပိုင်ရှင်တွေကတော့..သူ ဌေးလေး ပြောတာကို နားမလည်ခဲ့ကြပေ..။

လင်းဖန် ကျောက်ကျန်းယန် ကို ပုတ်လိုက်ပြီး...

"တိုက်ရိုက် မလွင့်နဲ့ဦး...။အခြေအနေကို တည်ငြိမ်အောင် ခနစောင့်လိုက်ဦး..."

ကျောက်ကျန်းယန်ဟာ အစ်ကိုလင်း ဘာကို ဆိုလိုတာလည်း ဆိုတာကို နားလည်ထားပါတယ်...။သူအထဲမှာ ဘာတွေ ပြောင်းလဲ နေလဲ ဆိုတာကို သိထားပြီးသားပါ..။သူ နန်ရှမ်းဂေဟာ ကို အရင်တစ်ခေါက် လာတုန်းက..ကလေးတွေ ပြန်ပြီး ကောင်းနေတာကို တွေ့ခဲ့ရပါတယ်..။

သူသာ..ဒါကို သူ့မျက်လုံးနဲ့ မြင်တာ မဟုတ်ရင်ယုံကြည်နိုင်မှာတောင် မဟုတ်ပါဘူး...။

ယင်းနောက် သူ .ဆိုင်ပိုင်ရှင်တွေကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်တယ်..။ခနနေကြရင် ဒီလူတွေ ဘယ်လို တုန့်ပြန်မလဲ ဆိုတာ သူသိချင်မိပါတယ်...။

သူ အစ်ကို လင်းရဲ့ အရည်အချင်းကို တကယ်လေးစား နေခဲ့တာပါ ..။

ဒါရိုက်တာ ဟောင် နဲ့ ဟန်လုဟာ အပြုံးကိုယ်စီနဲ့ရောက်လာခဲ့ကြတယ်...။ဆိုင်ပိုင် ရှင်တွေဟာ..မုန့်ထုတ်တွေ ကိုယ်စီယူလာပြီး ကလေးတွေကို လက်ပြလိုက်ပါတယ်..။

"ကလေးတို့...ငါတို့ ဒီမှာပဲ..."

"မင်းတို့ အန်ကယ်တို့...အန်တီတို့ကို သတိရနေသေးလား...."

ကလေးတွေဟာ..တစ်သံတည်း ပြန်ဖြေလိုက်ကြတယ်..။

"ဟုတ်..."

ယင်းနောက် ကလေးတွေဟာ...သူတို့ ရှိရာကို ပြေးထွက်လာခဲကြပါတယ်..။

ဆိုင်ပိုင်ရှင်တွေဟာ..တစ်ခုခု ပြောဖို့ လုပ်လိုက်ကြပေမယ့်လည်း..ကလေးတွေ သူတို့ ဆီကို ခုန်ပေါက် ပြီး ပြေးလွှားလာတာကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြပါတယ်..။

သူတို့ လက်ထဲက မုန့်တွေဟာ..မြေကြီးပေါ် ကျသွားခဲ့ပါပြီ..။

တစ်ယောက်ချင်စီတိုင်းဟာ မျက်လုံကို ပြူးပြီး မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲကြပါတယ်..။

"မဖြစ်နိုင်တာ...ငါတို့ နေရာမှားပြီး လာခဲ့တာလား..."

"ချီးပဲ ဘာတွေ့ဖြစ်နေတာလဲ...။သူတို့ ဘယ်လို အဆင်ပြေသွားကြတာလဲ..."

"ဒါက နေရာမှန်ပဲ..နန်ရှန်း ကလေးဂေဟာ..."

"လီဖက်တီး..မင်း...မင်း ဘယ်လို လမ်းလျောက်နေတာလဲ.."

လီဖက်တီး နှပ်တွေကို သုတ်ပြီး ပြောလိုက်တယ်...။

"ဒါပေါ့. သားလည်း လမ်းလျောက် တတ်ပါတယ်..."

"ချီးပဲ..ဘာတွေဖြစ်နေလဲ ဆိုတာကို တစ်ယောက်လောက် ပြောကြစမ်းပါဦး..."

အဲ့အချိန်မှာပဲ လူတိုင်းဟာ ဒါရိုက်တာ ဟောင်ကို ကြည့်လိုက်ကြတယ်..။

"ဒါရိုက်တာ ဟောင်...ဘာတွေဖြစ်နေတာလဲ..."

ဒါရိုက်တာ ဟောင် ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး...

"ဒီကိစ္စကို တော့ မာစတာ လင်းကိုသာ မေးကြည့်လိုက်တော့..."

အာ...

လူအုပ်ကြီးဟာ သူဌေးလေးကို ကြည့်လိုက်ပြီး ရှင်းပြချက်ကို စောင့်နေလိုက်ကြတယ်..။ဒါက တကဟ်ကို ဆွံ့အဖို့ ကောင်းပါတယ်...။အရင်နှစ်ခေါက်လာတုန်းက..ကလေးတွေက ဝှီးချဲပေါ်မှာ ရှိနေကြပေမယ့်. အခုတော့ သာမန်ကလေးတွေလို ပြေးလွှား ခုန်ပေါက် နေခဲ့ကြပါပြီ..။

လင်းဖန် ပြုံးပြီး ပြောလိူက်တယ်..။

"ကျုပ် ခင်ဗျားတို့ကို မပြောဘူးလား..။ကျွန်တော်ရဲ့ ဆေးပညာက တကယ်ကောင်းတာပါဆို...။ဒါပေမယ့် ဘယ်သူမှ မယုံကြည်ကြဘူးလေ..."

အကြီးအကဲ ကျန်း ပြောလိုက်တယ်...

"ချီးပဲ ..ဒါ...ဒါက..."

အကြီးအကဲ လိန်.. " ငါ မှားမြင်နေတာလား....ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ဆိုင်ပိုင်ရှင်တွေဟာ ဆွံ့အသွားကြပြီး လင်းဖန်ကို သရဲ တစ်ကောင်လို ကြည့်လိုက်ကြပါတယ်..။ဒီလိုအရာမျိုး ရှိနေလိမ့်မယ် လို့ သူတို့ မထင်ထားခဲကြပါဘူး...။သို့ပေမယ့် ..သူတို့ မျက်စိရှေ့မှာ ဖြစ်ပေါ်နေပြီ ဆိုမှတော့ ယုံကြည်မှ ရပါတော့မယ်...။

လူလိမ် ထျန် .. လင်းဖန်ကို ကြောင်အစွာ ကြည့်ပြီး မေးလိုက်တယ်...။

"မင်းသူတို့ကို ပြန်ကောင်းအောင် လုပ်ပေးထားတာလား..."

လင်းဖန် ရယ်မောလိုက်တယ်..။

"ဘာဖြစ်လို့လဲ..။ခင်ဗျားက..ဒါမျိူး မဖြစ်နိုင်ဘူးလို့ ထင်နေလို့လား..."

"ချီးပဲ...မင်း...မင်း..."

လူလိမ်ထျန်ဟာ ... ရင်ဘတ်ကို အုပ်ပြီး..အံ့ဩနေတဲ့ ပုံစံဖြစ်နေခဲ့ပါတယ်...။ဒိီကလေးမှာ ဒီလိုမျိုး အရည်အချင်း ရှိနေလိမ့်မယ်လို့ သူတကယ် မထင်ထားခဲ့ပါဘူး...။

"ဒါဆို..ပြီးခဲ့တဲ့ တစ်ခေါက်က..မင်းငါတို့ကို ပြခဲ့တဲ့ ဆေးလက်မှတ်က..အစစ်လား..."

လူလိမ်ထျန် မေးလိုက်တာပါ...။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဒါအမှန်ပဲ..."

"ဒါဆို မင်းက ဆေးကုတတ်တာပေါ့.."

လူလိမ် ထျန်ဟာ ဒီကိစ္စကို သေချာ ရှင်းရှင်းလင်းလင်း မသိရရင်...နေရထိုင်ရ သက်သာမှာ မဟုတ်ပါဘူး..။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဒါအမှန်ပဲ..ခင်ဗျား ပြောတာ အကုန်မှန်တယ်..."

ဝူယူလန် လင်းဖန်ကို စိုက်ကြည့်လိုက်တယ်..။သူမ ရဲ့ နှလုံးသားထဲမှာတော့..လိုင်းတွေခတ်နေပြီး..ကြောင်အနေခဲ့ပါတယ်..။အစ်ကိုလင်းက..အံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက်မှန်း သူမသိပေမယ့် ..ဒီလောက်ထိ အံ့ဩဖို့ ကောင်းမယ် လို့ သူမ မထင်ထားခဲ့ပေ..။

တစ်ခြား လူတွေဟာ လည်း..ကလေးတွေ ဒီလို ရုတ်တရက်ကြီး..ပြေးလွှားခုန်ပေါက်နေတာကို မြင်ပြီး အံ့ဩနေခဲ့ကြပါတယ်..။

ဘေးနားမှာ ရပ်နေတဲ့ ကျို့ချင်းချင် ဟာ မေးလိုက်တယ်...။

"အကြီးအကဲ ကျိုး..ဒါက ခင်ဗျားရဲ့ ဆရာလား..."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"အင်း.."

"အခုက ဘာတွေဖြစ်နေကြတာလဲ.."

ကျို့ချင်းချင်ဟာ ဘာတွေ ဖြစ်နေတာလဲ လုံးဝ းမလည်တော့ ပါဘူး..။သို့ပေမယ့် လူတိုင်း အံ့ဩနေတာကိုတော့ သူခံစားမိပါတယ်..။

သူတို့က ဘာကို အံ့ဩနေကြတာလဲ....

ကျိုးမင်ချင်းဟာ ကျို့ချင်းချင်ကို ကြည့်ပြီး ထူဆန်းတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်တယ်..။

သို့ပေမယ့် ကျို့ချင်းချင် အတွက်ကတော့ ဒီအပြုံးက သူ့ကို ရိုက်နှက်နေသလိုပါပဲ..။ဒီအကြီးအကဲ ကျိူးက ..တကယ်ကို မုန်းစရာ ကောင်းတာပါ..။

လင်းဖန် လူအုပ်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ခင်ဗျားတို့ ..ဘာတွေဖြစ်နေကြတာလဲ..။ဒီလို အမူအရာကြီးတွေ ဖြစ်မနေကြစမ်းပါနဲ့..."

လူအုပ်ထဲက တစ်ယောက်ဟာ ပြောလိုက်တယ်..။

"သူဌေးလေး..အခု စကားမပြောနဲ့ဦး...။ငါတို့ သေချာနားလည် အောင် လုပ်လိုက်ဦးမယ်..."

လင်းဖန် အကူအညီမဲ့ သွားခဲ့ပါတယ်...။ယင်းနောက် လင်းဖန် ကလေးတွေဘက်ကို လှမ်းကြည့်ပြီး လက်ခုပ်တီးလိုက်တယ်..။

"မြန်မြန် ကိုယ်စားမယ့် မုန့်ကို လာယူကြတော့..။သူတို့က ဒီတိုင်းရပ် နေကြတော့မှာ..။လာ..ကလေးတို့ လာကြ..."

"ယေး..."

ကလေးတွဟာ...ပျော်ရွှင်စွာပဲ မုန့်တွေဆီကို ပြေးသွားလိုက်ကြပါတယ်..။

All Chapters