အခန်း (၄၅၆)
Vol. 31 Ch. 456
#ဘာသာပြန် = စနိုးဝှိုက်
အစ်မဟောင်ဟာ..ကြောင်အပြီး ..ပြောလိုက်တယ်..။
"သူဌေးလေး..အကြီးအကဲ ချန်းကို ဆေးရုံမှာ ပြောခဲ့တဲ့ စကားတွေက အမှန်တကယ် တွေလား.."
"ဘာစကားတွေလဲ. "
လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။
အကြီးအကဲ ကျန်း..အကူညီမဲ့စွာ ဝင်ပြောလိုက်တယ်...။
"မင်းပြောတာက..သူသာ..မင်းရဲ့ ကုသမူကို လက်ခံရင် နောက်နေ့ ဆေးရုံဆင်းလို့ရပြီဆို...။အဲလို ပြောခဲ့တာလေ.."
သူတို့ အံ့ဩလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး..။သူတို့ ဒီအ ရာတွေကို အစစ်အမှန် မဟုတ်ဘူး လို့တောင် ခံစားနေရပါတယ်..။ဒီ အံ့ဩစရာ သူဌေးလေးက အရာရာတိုင်းကို..တတ်ကျွမ်းနေခဲ့တာပါ..။
"ဒါအမှန်ပဲ.."
လင်းဖန် ပြန်ပြောလိုက်တယ်..။ဒါက ရိူးရှင်းတဲ့ ကိစ္စဖြစ်ပေမယ့်.. အကြီးအကဲ ချန်းက မယုံကြည်ဘူးလေ..။ဘာပဲဖြစ်ဖြစ်..ဒါက ကြီးကြီးမားမား မဟုတ်ပါဘူး..။သူ့ကို ဆေးရုံက ကုပေးရင်လည်း ပြန်ကောင်းလာမှာပါ..။
ရှန်ဟိုင်းက မြို့ကြီးတစ်ခု ဖြစ်တဲ့ အတွက် ဆေးရုံှတွေရဲ့ ခက်မှီ စက်ပစ္စည်းတွေကလည်း အရမ်းကို ကောင်းမွန်တာပါ..။ဒီကဆေးရုံတွေရဲ့ အဆင့်အတနိးက..တစ်ကခြား..မြို့အသေးတွေက ဆေးရုံးတွေနဲ့ လုံးဝ မတူညီပါဘူး..။
အကြီးအကဲ လိန် ရယ်မောလိုက်တယ်..။
"အကြီးအကဲ ချန်း..အခွင့်အရေးကြီးကို လွှဲချော်သွားပြီပေါ့.."
အစ်မဟောင် အကူညီမဲ့စွာ ခေါင်းခါယမ်း လိုက်တယ်..။
"အင်း..အခုမှပဲ ငါတို့ တစ်ခုခု နေမကောင်းရင် သူ့ဌေးလေးက သူ့ကို လာရှာလို့ပြောလည်း ငါနားလည်လိုက်ပြီ..။ဒါကြောင့်ကိုး.."
လင်းဖန် ပြုံးလိုက်တယ်..။
"စာဆိုတွေထဲက လိုပဲ..တစ်စုံတစ်ယောက်က..သူ့ရဲ့ ရေကောင်းရေသန့်တွေကို..တစ်ခြား လူရဲ့ လယ်ကွက်ထဲကို မျှဝေပေးသင့်တယ်လေ..။ကျုပ်တို့က မိသားစုတွေပဲ..။ခင်ဗျားတို့ တစ်ခုခု နေမကောင်းတာ ရှိရင် ကျွန်တော် ကျိန်းသေ ကုသပေးမှာပါ..။ခင်ဗျားတို့ တစ်ခုခု ဖြစ်ရင်သာ ကျွန်တော်ကို လာရှာလိုက်..။ဒါပေမဲ့..ဒါက ခင်ဗျားတို့နဲ့ မိသားစု အတွက်ပဲနော်.."
"ဟားဟား.."
လူတိုင်းဟာ ရယ်မောလိုက်ကြတယ်.။
"သူဌေးလေး ကို သိကျွမ်းခွင့်ရတာ ငါတို့ဘဝမှာ ကံကောင်းတယ် လို့ ဘာလိူ့ခံစားနေရတာလဲ.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်..။
"ဒါက တကယ် ကံကောင်းတဲ့ အရာပဲ..."
ဆိုင်ပိုင်ရှင်တွေနဲ့ စကားပြောနေတုန်းမှာပဲ ကျိူးမင်ချင်းဟာ ရောက်လာခဲ့တယ်..။
"ဆရာ..ဒီနှစ်ယောက်က ကျွန်တော်ရဲ့ သူငယ်ချင်းဟောင်း..ကျို့ချင်းချင် နဲ့ ဝမ်တန်ဖေး လေ.."
လငိးဖန် သူတို့ နှစ်ယောက်ကို ကြည့်ပြီး ပြုံးလိုက်တယ်..။
"တွေ့ရတာ ဝမ်းသာ ပါတယ်..။ဟိုဘက်မှာ ပြောကြရအောင်..."
ကျို့ချင်းချင် နဲ့ ဝမ်တန်ဖေးဟာ ..လင်းဖန်ကို မြင်ပြီး စိတ်ထဲက နေ သက်ပြင်းချလိုက်ကြပါတယ်..။
အတော်ငယ်.. အတော်ကို ငယ်ရွယ်တာပဲ....
အကြီးအကဲ ကျိုး ကြောင့်သာ မဟုတ်ရင် ..သူတို့ လုံးဝ ယုံကြည်ကြမှာ မဟုတ်ပါဘူး..။
အမှန်တကယ်တော့ အကြီးအကဲ ကျိုးဟာလည်း အစပိုင်းမှာ မယုံကြည်ခဲ့ပေ..။သူ့ဆရာသာ သူ့ကို သစ်ပင်မှာ ကြိုးနဲ့ မတုတ်ခဲ့ရင် သူလည်း ယုံကြည်မှာ မဟုတ်ပါဘူး..။
သီးခြားနေရာ တစ်ခုတွင်..။
ကျို့ချင်းချင် နွေးထွေးစွာ ပြောလိုက်တယ်..။
"မာစတာ လင်း ..အကြီးအကဲ ကျိုး ဆီကနေ မာစတာ လင်း အကြောင်းတွေ အများကြီး ကြားရပါတယ်..။အကြီးအကဲ ကျိုး က မာစတာ လင်းရဲ့ အံ့ဩဖွယ်ရာ ကျွမ်းကျင်မူတွေကို အမြဲ ပြောပြတာ..။ကျွန်တော်လည်း..'အူရောင်ငန်းဖျား နဲ့ရောဂါ အမျိုးမျိုး ' စာအုပ်ကို..စာရွက်နှစ်ရွက်လောက် ကံကောင်းပြီး ဖတ်လိုက်ရသေးတယ်..။ဒီကနေတဆင့် မာစတာ လင်း ရဲ့ ကျွမ်းကျင်မူတွေက..ကျွန်တော် တို့ထက် ကျော်လွန် နေခဲ့ပြီ ဆိုတာကို..မြင်နိုင်ခဲ့တယ်လေ.."
လင်းဖန် ကျို့ချင်းချင်ကို ကြည့်ပြီး ကျိုးမင်ချင်းကို ပြန်ကြည့်လိုက်က်တယ်..။ဒီလူနှစ်ယောက် သူ့ကို တွေ့ချင်တာက ကျို့မင်ချင်း ဆီမှာရှိတဲ့ 'အူရောင်ငန်းဖျားနဲ့ ရောဂါ အမျိုးမျိုး' စာအုပ်ကို ကော်ပီ ကူးယူချင်နေတယ် လို့ သူ ခံစားနေရပါတယ်..။
"ဥက္ကဌ ကျို့..ဒုတိယ ဥက္ကဌဝမ်..ခင်ဗျားတို့က ဒီစာအုပ်ကို ကော်ပီကူးချင်နေကြတာလား..."
လင်းဖန် တည့်တည့်ပဲ နေးလိုက်တာပါ..။
ကျိုးမင်ချင်း ဝင်ပြောလိုက်တယ်..။
"ဆရာ..သူတို့ ပြောတာ နားမထောင်နဲ့..။သူတို့က ဒီတိုင်းပြောနေကြတာ..."
ကျို့ချင်းချင် ကြောင်အသွားခဲ့တယ်..။
"ဒါ..ဒါက.."
သူအတွက် ဒီမေးခွန်း ပြန်ဖြေဖို့ မလွယ်ကူပါဘူး..။သို့ပေမယ့် လင်းဖန်က ယဥ်ကျေးစွာ မေးလာပြီ ဆိုမှတော့..သူ ပြန်ဖြေမှ ရတော့မှာပါ..။
"မာစတာ လင်း ဒီစာအုပ်က ဆေးပညာဆိုင်ရာမှာ အရမ်း အမြင်ပွင့်စေတာပါ..။ဒါကြောင့် ကျွန်တော်တို့ တကယ် စိတ်ဝင်စားပါတယ်.."
ကျိုးမင်ချင်း စိတ်ဆိုးသွားခဲ့တယ်..။
"အကြီးအကဲ ကျို့ ခင်ဗျားက တကယ် တွက်ချက်တတ်တဲ့လူပဲ..။ကျုပ်ကတော့ ခင်ဗျားတို့ကို ကျုပ်ဆရာ နဲ့ မိတ်ဆက်ပေး တာ..ခင်ဗျားတို့က..ဒီစာအုပ်ကို လိုချင်တာပဲ သိကြတယ်.."
လင်းဖန်ကတော့ တိတ်ဆိတ်နေပြီး တစ်ခုခု ကို တွေးနေခဲ့တယ်..။ဒီ စာအုပ်သာ ပျံ့နှံ့သွားရင် တရုတ်သမားတော် တွေ အများကြီးဟာ ဖတ်ကြပြီး ပိုပို နားလည် လာကြမှာပါ..။ဒါဆို သူလည်း စွယ်စုံအမှတ် တွေ အများကြီး ရလာမှာ အသေအချာပါပဲ..။
သူ ဒီအကြောင်းကို တွေးတဲ့အချိန်မှာ လင်းဖန် ရဲ့ မျက်နှာဟာ ပြောင်းလဲ သွားခဲ့ပါတယ်..။
"မင်ချင်း..."
"ဆရာ..."
ကျိုးမင်ချင်း ပြန်ပြောလိုက်တယ်..။
"ကျုပ်တို့ တရုတ် ဆေးပညာ အခုထိ တည်ရှိနေတာက..ကျွန်တော်ကို့က တန်ဖိုးထားနေကြလို့ပဲ..။စောပြီးပဲ ဖြစ်ဖြစ်...နောက်ကျပြီးပဲ ဖြစ်ဖြစ်..ဒီစာအုပ်က..တရုတ်သမားတော်တွေ တိုးတက်ရေး အတွက် ဖြန့်ဝေပေးရမှာလေ..။ခင်ဗျားပြန်တဲ့အချိန်မှာ ..အဲ့စာအုပ်ကို သူတို့ကို ကူးယူခွင့်ပေးလိုက်ပါ..."
လင်းဖန် ပြောလိုက်တာပါ..။
ကျို့ချင်းချင် နဲ့ ဝမ်တန်ဖေး..ဟာ ဒါကို ကြားတဲ့ အချိန်မှာ စိတ်လှုပ်ရှား သွားခဲ့ကြပါတယ်...။ယင်းနောက်..သူတို့ လင်းဖန်ကို ကြည့်လိုက်ကာ အသံပြောင်းလဲ သွားပြီး...
"မာစတာ လင်း..ရဲ့ တရုတ်ဆေးပညာ အပေါ်ထားတဲ့ စိတ်ဓာတ်ကတော့ တကယ်မယှဥ္နိုင်စရာပဲ..။ကျွန်တော်တို့ တကယ် လေးစားမိပါတယ်..။ဘာလို့ ကျွန်တော်တို့ တရုတ်ဆေးပညာ အဖွဲ့အစည်းကို မပူးပေါင်းတာလဲ..."
ဝမ်တန်ဖေး..ထပ်ပြောလိုက်တယ်...။
"တကယ်လို့ မာစတာ လင်း တရုတ်ဆေးပညာ အဖွဲ့အစည်းကို ပူးပေါင်းရင်..ကျွန်တော် ..ဝမ်တန်ဖေး ဒုတိယဥက္ကဌ ရာထူးကို ပေးပါရစေ.."
ဒုတိယ ဥက္ကဌ ရဲ့ ရာထူးက တကယ်ကို မနိမ့်ကျ ပါဘူး...။
ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။ဒီ အူရောင်ငန်းဖျား နဲ့ ရောဂါ အမျိုးမျိုး စာအုပ်က..တကယ်ကို တန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ်ပါ..။သို့ပေမယ့် သူ့ဆရာကတော့ လုံးဝ ဂရုစိုက်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး..။
လင်းဖန် ကျေနပ်သွားခဲ့တယ်..။သူ နောက်ထပ် ဒုတိယဥက္ကဌ ရာထူးကို ရတော့မှာပါ...။
"ကောင်းပြီ ..ဒီလို ဆိုမှတော့...ငြင်းပယ်နေလို့လည်း မကောင်းတော့ဘူးလေ..။ကျုပ် တရုတ်ဆေးပညာ အဖွဲ့အစည်းကို ဝင်ပြီး ဒုတိယ ဥက္ကဌ ရာထူးကို..လက်ခံရတော့မှာပေါ့.."
လင်းဖန် တွေဝေခြင်းမရှိ လက်ခံလိုက်ပါတယ်...။
ဒီလို မျိုး အဖွဲ့အစည်းကို ဝင်ရင် သူ လတိုင်း အာပိုက်ဆံ သီးသန့်ရမှာပါ..။ဒီလို အခွင့်အရေးကို မရွေးချယ်တဲ့လူက တကယ်ကို တုံးအတဲ့ လူတစ်ယောက်ပါပဲ..။
ကျို့ချင်းချင် ပြုံးလိုက်တယ်...။
"အကြီးအကဲ ..ဝမ်...ခင်ဗျား ဒုတိယဥက္ကဌ ရာထူးကို ပေးဖို့ မလိုအပ်ပါဘူး.။ဒုတိယ ဥက္ကဌ ၂ ယောက် ရှိတာကလည်း ပုံမှန်ပဲလေ..။မာစတာ လင်း ကျွန်တော် တို့ ဘေဂျင်းကို ရောက်တာနဲ့ အချက်အလက် တွေ ပြင်ဆင်ပြီး အလျင်အမြန် ပို့ပေးပါ့မယ်..."
လသ်းဖန် လက်ဖန်လက်ဝေ့ယမ်းလိုက်တယ်.။
"အလျင်မလိုဘူး..။ဒါပေမဲ့ အူရောင်ငန်းဖျား နဲ့ ရောဂါ အမျိုးမျိုး စာအုပ်ကိုတော့ သေချာ မကြာခနလေ့လာကြပါ..။ခင်ဗျား တို့ တစ်ခြားလူတွေကို မျှဝေဖို့ ဆန္ဒရှိရင်လည်း မျှဝေလို့ ရပါတယ်..."
ကျို့ချင်းချင် ..ကတော့ လင်းဖန်ကို လေစားနေခဲ့ပါပြီ..။
'ကြည့်စမ်းပါဦး..တကယ့် မာစတာ တစ်ယောက် ဆိုတာ ဒီလိုမျိူးပဲ...။ဒီလို တန်ဖိုးရှိတဲ့ စာအုပ်မျိူးကိုတောင် တစ်ခြားလူတွေကို မျှဝေဖို့ ဝန်လေး မနေဘူး..။သူ့ကိုယ်ကျိူး အတွက် ဘာမှ မမျှော်လင့်တဲ့ အပြင်သူ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က..တစ်ခြား တရုတ်သမားတော် တွေ အတွက် ဖြန့်ဝေပေးဖို့ပဲ...'
ကျို့ချင်းချင် လင်းဖန်စကားတွေကို ကြားတဲ့ အချိန်မှာ..မျက်ရည်တောင် ကျလုနီးပါးပါပဲ..။
သို့ပေမယ့် လင်းဖန် ရဲ့ စိတ်ထဲမှာတော့....
'ခင်ဗျားတို့ ကျုပ်ကို စွယ်စုံအမှတ် တွေ မြန်မြန် ရှာပေးကြစမ်းပါ..."
အခု ချိန် သူမှာ စွယ်စုံ အမှတ်အတော်ကို နည်းနေပါသေးတယ်..။
ဘယ်လောက် သနားဖို့ ကောင်းလဲ...
သို့ပေမယ့် လင်းဖန်မှာ အကြံဥာဏ် ရှိပြီးသားပါ.။သူသာ ဒီလူအိုကြီး နှစ်ယောက်ကို မစ်ရှင်လုပ်ဖို့ အပြင်ကို ခေါ်သွားရင်..အကောင်းဆုံးဖြစ်မှာပါ..။
ထပ်ပြောရရင်..သူ ထွက်သွားတဲ့ အချိန်မှာ..တစ်ယောက်ထဲ သွားရင် ကုန်ကျတဲ့ ပိုက်ဆံတွေက သူ့ပိုက်ဆံတွေပါပဲ..။သို့ပေမယ့် သူသာ..ဒီလူတွေကို ခေါ်သွားရင် ဒီလူတွေရဲ့ ပိုက်ဆံနဲ့ ကုန်းဆင်း လို့ရတဲ့ အပြင်..ဒီလို တွေကိုလည်း တောက်တိုမယ်ရ လိုက်ခိုင်းလို့ရပါတယ်..။
လင်းဖန် လည်ချောင်းရှင်းပြီး ပြောလိုက်တယ်..။
"မင်ချငိး ဒီရက်ပိုင်းအတွင်းပြင်ဆင် ထားလိုက်ဦး..။ကျုပ်တို့ မြို့ငါးမြို့ကို သွားပြီး.. နေ့မကောင်းတဲ့ လူတွေကို အခမဲ့ ကုသေပးဖို့ ရှိတယ်..။ဒီလိူ အချိန်မှာ ခင်ဗျား လိုက်ပြီး လေ့လာတာကလည်း..ခင်ဗျားရဲ့ ဆေးပညာကို တိုးတက်ဖို့ အထောက့်အပံ့တစ်ခုပဲ.."
ကျိူးမင်ချင်း စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်တယ်..။
"ဆရာ..စိတ်မပူပါနဲ့..။ကျွန်တော် အကုန်ပြင်ဆင်ထားပြီးသားပါ.."
သူ့အတွက် တော့..သူ့ဆရာ အနားမှာ လေ့လာရတာက...ဆေးပညာတိုးတက်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ..။သူနားမလည်တာေတွ ရှိရင်..သူ့ဆရာကို ..ချက်ချငိး တန်းမေးလို့ရပါတယ်..။
သူ့ ဆရာရဲ့ အရည်အချင်းကို သူ အကြွင်းမဲ့ ယုံကြည်ပြီးသားပါ..။
အမှန်တကယ်ပဲ....
ကျို့ချငိးချင်ဟာ ဒါကို ကြားတဲ့ အချိန်မှာ မျက်လုံးပင့်သွားခဲ့တယ်..။
"မာစတာ လင်း..ဘာကိစ္စတွေ တိုင်ပင်နေကြတာလဲ..."
သူ သိချင်စွာ မေးလိုက်တာပါ..။
လင်းဖန် စိတ်ထဲကနေ ရယ်မော လိုက်တယ်..။ဒီ ငါးသေးသေးလေးကတော့..ငါးစာကို လာဟတ် ခဲ့ ပါပြီ...။