← Chapters

ခရီး အကြို ပြင်ဆင်မူများ...

Vol. 31 Ch. 457

ခရီး အကြို ပြင်ဆင်မူများ...

Vol. 31 Ch. 457

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး...

"ဒါက ဘာမှ မဟုတ်ပါဘူး..။ကိစ္စ သေးသေးလေးပါ..။ပြောတာ တော်လောက်ပြီ..ဒီနေ့က အထူးနေ့ဆိုတော့.. ခင်ဗျားတို့ ရောက်နေတာ ကလေးတွေကို တစ်ခါတည်း အတူကြည့်သွားကြရအောင်..."

သူ မပြောဖို့ ကြိုးစားလေလေ ကျို့ချင်းချင်က ပိုပြီး သိချင်လေလေပါပဲ..။

"မာစတာ လင်း...ခနလောက် နေပါဦး..။ကျွန်တော်တို့ကို သေချာ ပြောပြပါဦး.."

ကျို့ချင်းချင် အလျင်အမြန် ပြောလိုက်တာပါ..။

လင်းဖန် ရယ် မောလိုက်ပြီး..

"တကယ်တော့ ဘာမှ မဟုတ်ပါဘူး..။ဒီရက်အနည်းငယ် မှာ..ကျုပ် မင်ချင်းကို ခေါ်ပြီး..ဆေးပညာ လေ့ကျင့်ပြီး လူနာတွေကို ကယ်တင်ပေးမလို့..။ကျုပ်တို့ မြို့ငါးမြို့ကို သွားပြီး လေ့ကျင့်ကြမှာလေ..."

"အဲလို သွားကြမှာလား.."

ကျို့ချငိးချင် မေးလိုက်တာပါ..။ဒါက တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်..။အရင်တုန်းက..မာစတာ ကြီးတွေပဲ..သူတို့ တပည့်တွေကို အသိပညာတွေ ရဖို့ ဒီလို လက်တွေ့ ဆင်းခိုင်းကြတာပါ..။

"ခင်ဗျား လိုက်ချင်ရင် လိုက် ခဲ့လို့ ရတယိလေ.. "

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

အကြီးအကဲ ဝမ် ပြောလိုက်တယ်..။

"အကြီးအကဲ ကျို့..ခင်ဗျား..မှာ အချိန်မရဘူးမလား..။တစ်နေရာရာကို သွားဖို့ ချိန်းထားသေးတယ်ဆို. "

ကျို့ချင်းချငိးဟာ..အကြအကဲ ဝမ်ရဲ့ သတိပေးစကားကို ကြားလိုက်မှ သူ့မှာ လုပ်စရာတွေ အများကြီး ရှိသေးမှန်း သတိရလိုက်တယ်..။အဖွဲ့အစည်းထဲမှာ သူ စီစဥ္ စရာ ကိစ္စတွေ အများကြီး ရှိသေးပါတယ်..။

"အင်း..ရှက်စရာပဲ..။မာစတာ လင်း..ကျွန်တော်လိုက်လို့ မရလောက်ဘူး ထင်တယ်.."

ကျို့ချင်းချင် နောင်တ ရစွာ ပြောလိုက်တာပါ..။

"ပြသနာ မရှိဘူး..ခင်ဗျားရဲ့ အလုပ်တွေက ပိုပြီး အရေးကြီးတယ်လေ..။ထပ်ပြောရရင်..စာအုပ်ကိုလည်း ဘေဂျင်းကို ယူသွားရဦးမယ် မလား..။ကောင်းပြီ ဒီအကြောင်း ဆက်မပြောပဲ နေကြရအောင်..။အထဲဝင်ကြမယ်..ကျွန်တော် လည်း ကလေးတွေ အတွက် အစားအသောက်တွေ ပြင်ဆင်ရဦးမှာ ဆိုတော့..."

လင်းဖန် ပြောလိုက်တာပါ..။

လင်းဖန် ကျို့ချင်းချင်းကို ဆွဲဆောင် တာ မအောင် မြင်ပေမယ့်လည်း စိတ်ထဲ သိပ်မထားတော့ပေ..။သူ့မှာ လုပ်စရာ တွေ အများကြီး ရှိသေးတာကြောင့် ဒီလူကို ထပ်ပြီး မဆွဲဆောင် နိုင်တော့ပါဘူး..။

သို့ပေမယ့် ဒီတစ်ကြိမ် သူ မြို့ကြီး ငါးမြို့ကို သွားရင်တော့..စမ်းသပ်ချက်ကို ပြည့်အောင် လုပ်ရပါဦးမယ်..။ဒါမှ သူ နောက် မစ်ရှင် တစ်ခုကို ရရှိပြီး အသိပညာခန်းတစ်ခု ဖွင့်နိုင်မှာပါ..။

စွယ်စုံကျမ်းက တကယ်ကို အံ့ဩစရာ ..တစ်ခုပါပဲ..။တကယ်လို့ သူသာ..ဒီအဆင့်မှာပဲ တက်နေရင်..ကြီးမားတဲ့ ဆုံးရှုံးမူကြီး တစ်ခုဖြစ်သွားပါလိမ့်မယ်..။

…

ဒီ နန်ရှမ်း ဂေဟာ ကို လစဥ်လာတဲ့ အခါတိုင်း လင်းဖန် သူ့ရဲ့ ဟင်းချက် စကေးတွေကို ပြသပြီး အစားအသောက်တွေ ပြင်ဆင်လေ့ရှိပါတယ်...။လူတိုင်းက ဒီအရသာကို မျှော်လင့်နေကြတာပါ..။ကျို့ချင်းချင် နဲ့ ဝမ်တန်ဖေး တို့လည်း ဟင်းတွေကိုမြည်း ကြည့်ပြီး မယုံကြည်နိုင်ခဲ့ကြပေ..။

ဟင်းပွဲ တွေက ဒီလောက်ထိ အရသာ ရှိတာ အဓိ္ပ္ပါယ် မရှိလှပါဘူး..။

မာစတာ လင်းက တကယ်ကို ဂျီးနီးယပ် တစ်ယောက်ပါ..။

လင်းဖန် ညဘက် ရောက်တဲ့ အချိန်ထိ တစ်ချိန်လံူး ကြိုးစားခဲ့ပါတယ်..။

လင်းဖန် ပြန်ခါနီး အချိန်မှာ ကျိုးမင်ချင်းကို ညွှန်ကြာလိုက်တယ်..။

"မင်ချငိး ..မနက်ဖြန် ..အကယ်ဒမီမှာ ကြေညာပြီး ကျောင်းသားလေးတွေ တို့နဲ့ လိုက်ချင်လား တစ်ချက်​မေးကြည့်ပါလား..။ဘာပဲဖြစ်ဖြစ် ဒါက တရုတ်ဆေးပညာပဲလေ..။ဒီတစိခေါက်က ကျောင်းသားလေးတွေ အတွက်..အတွေ့အကြုံ ကောင်းတစ်ခု ဖြစ်သွားနိုင်တယ်..။စာအုပ်တွေ ကို လေ့လာတာက လက်တွေ့ အတွေ့အကြုံလောက် ဘယ်တော့မှ မကောင်းနိုင်ဘူး.."

လင်းဖန် ပြောလိုက်တာပါ..။

ကျိုးမင်ချင်း ဒါကို သဘောတူပြီး ခေါင်းညိမ့်လိုက်တယ်..။

"အင်း..ဆရာ ပြောတာ မှန်တယ်...။ဒီနေ့ခေတ် ကျောင်းသားလေးတွေက..စာအုပ်ထဲကစာတွေ ကိုပဲ လေ့လာနေကြရတာ..။အမှန်တကယ်တော့ ဘာအတွေ့အကြုံ ရှိကြတာ မဟုတ်ဘူး.."

"ကျုပ်တို့ တိုင်းပြည်ရဲ့ တရုတ်ဆေးပညာက..အချိန်ရဲ့ တိုက်စားမူ အောက်မှာ တစ်ချို့ ကုသမူ နည်းလမ်းတွေက ကွယ်ပျောက်ကုန်ပြီ...။ဒီ အူရောင်ငန်းဖျားနဲ့ ရောဂါအမျိုးမျိုး စာအုပ်က..တရုတ်သမားတော် တွေ အတွက်တော့..အဖိုးတန်ရတနာ တစ်ခုလို ဖြစ်လာမှာပဲ.."

ကျို့ချငိးချင် သက်ပြင်းချပြီး ပြောလိုက်တာပါ..။

လငိးဖန် ပြုံးလိုက်ပြီး ဘာမှ မပြောတော့ပေ..။သူ အကုန်လုံး ကို နှုတ်ဆက်ပြီး နောက်မှာ..ဆိုင်ပိုင်ရှငိတွေ နဲ့ အတူ . ပြန်လာခဲ့ပါတယ်..။

နောက်တစ်ရက်...။

ရှန်ဟိုင်း တရုတ်ဆေးပညာ အကယ်ဒမီ..။

ဒီမှာ ကျောင်းသား တွေ အများကြီး ရှိကြပေမယ့်..တစ်ချို့တစ်ဝက်သာ စာကို အာရုံစိုက်လုပ်နေကြပြီး..ကျန်တဲ့ လူတွေကတော့..လမ်းကြောင်း အသစ်တစ်ခုကို ရွေးချယ်ဖို့ ပြင်ဆင်နေကြပါပြီ..။

လူတိုင်းဟာ ..တရုတ်ဆေးပညာ နဲ့ ပတ်သက်ပြီး ငယ်ငယ်ကတည်းက စိတ်ကူးယဥ်မူတွေ ကိုယ်စီ ရှိခဲ့ကြပါတယ်..။

သို့ပေမယ့်..အစစ်အမှန်နဲ့...စိတ်ကူယဥ်မူ ဆိုတာက မတူညီတဲ့ အရာ နှစ်ခုပါ...။

သူတို့ တရုတ်ဆေးပညာကို ..တကယ်လေ့လာတဲ့ အချိန်ကြမှ သူတို့ စိတ်ကူးယဥ္ထားတာတွေ နဲ့ ဘာမှ မဆိုင်ဘူး ဆိုတာ သိလိုက်ကြရပါတယ်..။

အရင်တုန်း..က သူတို့ဟာ လူတိုင်း လေးစားရတဲ့ နတ်ဘုရား ဒေါက်တာ ..ဖြစ်ဖို့..စိတ်ကူးယဥ်ခဲ့မိကြပါတယ်..။သို့ပေမယ့် အခုတော့ ဒီလို အရာဆိုတာ ..စိတ်ကူးထဲမှာပဲ ရှိမှန်း သိလိုက်ကြရပါပြီ...။

အသက်အရ ကြည့်မယ် ဆိုရင်လည်း အနောကိတိုင်း ဆေးပညာက အသက် ၄၀ လောက်မှာ ကျော်ကြားနိုင်ပြီး တရုတ်ဆေးပညာ..က အသက် ၆၀ ..၇၀ လောက်မှ အောင်မြင်မူ အနည်းငယ် ရရှိတာပါ..။ဒါက ရိုးရှင်းစွာပဲ မထိုက်တန်ပါဘူး.။

အကယ်ဒမီ၏...အသိပေး စာတွင်..။

အကယ်ဒမီ၏ ပလက်ဖောင်း.တွင်..။

အကယ်ဒမီ ၏ မက်ဆေ့ အသိပေးချက်တွင်..။

"လတစ်လရဲ့ အဆုံးအနေနဲ့ ဒါရိုက်တာ ကျိုးရဲ့ စီစဥ္မူ အောက်တွင်..လေ့ကျင့်ရေး ခရီးစဥ်ရှိသည်..။ခရီးစဥ္ တွင် မြို့ငါးမြို့ကို သွားရမှာဖြစ်ပြီး..နေ့ရာ အတိအကျ မသိနိုင်သေးပေ..။ဒီလုပ်ဆောင်မူ တွင် ကျောင်းသားများ၏ အဆင့်သတ်မှတ်ချက်ကို မဖော်ပြပဲ..ပရဟိတ အနေဖြင့် သာသွားမည်ဖြစ်သည်..။ကျောင်းသား အကန့်အသတ်မှာ ငါးယောက်သာ ဖြစ်ပြီး စိတ်ဝင်စားသည့် ကျောင်းသားများ ဒါရိုက်တာ ကျိုး ဆီကို လာပြီး လျောက်ထားနိုင်သည်.."

ကျောင်းသားတွေ..ဒီအသိပေးချက်ကို ရတဲ့ အချိန်မှာ တစ်ချို့ဟာ ဖတ်တောင် မဖတ်ပေ..။

သူတို့ရဲ့ စကားပြော ဂရု...ပလက်ဖောင်း..များတွင်.ကျောင်းသားများဟာ စတင်ဆွေးနွေး လာခဲ့ကြပါတယ်..။

"ငါ ဒီလို လုပ်ဆောင်မူ တွေမှာ ပါဝင်မှာ မဟုတ်ဘူး..။ဒါက အချိန်ဖြုန်း နေသလိုပဲ.."

"၁၅ ရက် ၂၀ ရက် လောက်ကြာမယ် ဆိုပါလား..။ငါ့မှာ လုပ်စရာ တွေ ရှိသေးတယ်..။ငါ အနောက်တိူင်း ဆေးပညာအတွက်..​စာမေးပွဲတောင် ဖြေဆိုပြီးပြီ...။ဘယ်သူက တရုတ်ဆေးပညာကို သင်ခြင်တော့မှာလဲ..."

"ညီအစ်ကိုတို့.ငါက တစ်ရက်ကို အချိန်ပိုင်း အလုပ်နှစ်ခု လုပ်နေတာဟ..။ငါ့မှာ အချိန်မရှိဘူး...."

"ငါ ကတော့ ဒါရိုက်တာကျိုးက သူ့ကို လူတွေ အထင်ကြီးလာအောင် လုပ်ချင်နေတယ်လို့ ထင်တာပဲ..။သူက ဝိတ်ကျရောဂါ သည်တွေ အတွက် ဆေးညွှန်းကို..ဖော်ထားတာမလား..။အခုလည်း ပရဟိတ တွေ လုပ်ပြီး..သူ့ကိုယ်သူ ကြော်ငြာ ချင်နေတာဖြစ်မယ်..."

"ဒါ အဓိပ္ပါယ် ရှိတယ်..။ငါ ကတော့ နှစ်ခွန်းတည်းပဲ ပြောလိုက်မှာ..။မသွားဘူး.."

…

အိပ်ဆောင်တစ်ခုတွင်...။

ယောက်ျားလေး ကျောင်းသား တစ်ယောက်ဟာ..ကွန်ပြူတာရှေ့မှာ ထိုင်ပြီး အင်တာနက် ပေါ်ကနေ သတင်းအချက်အလက် တွေကို ရှာဖွေ နေခဲ့တယ်..။ယင်းနောက် သူ တွေ့ရှိသမျှတိုင်းကို စာအုပ်မှာ မှတ်သားနေခဲ့ပါတယ်..။

သူ့အဆောင်မှာ..ရှိနေတဲ့ အတန်းဖော်ဟာ ပြောလိုက်တယ်..။

"ချီဂျီ..မင်း အင်တာနက်မှာ ဒါတွေကို ဘာလို့ ရှာနေတာလဲ...။ဒါတွေက အတုအယောင်တွေ ချည်းပဲ..။ငါတို့ ပြောတာ နားထောင်...တရုတ် ဆေးပညာကို ဆက်ပြီး လေ့လာမနေနဲ့တော့...။ငါတို့ အနောက်တိုင်း ဆေးပညာ စာမေးပွဲကို ဖြေပြီး ဘဝအသစ်ပြန်စရအောင်..."

ချီဂျီဟာ ...ကွန်ပြူတာ ကနေ မျက်နှာ မလွှဲပဲ..ခေါင်းခါယမ်းလိုက်တယ်...။

"ငါသွားမှာ မဟုတ်ဘူး..။ငါ အနောက်တိုင်းဆေးပညာကို လေ့လာမှာ မဟုတ်ဘူး..။ငါ တရုတ်တိုင်းရင်းဆေး ပညာကိုပဲ လေ့လာမှာ...။ငါ့အတွက်တော့..ငါဒီနေ့အထိ အသက်ရှင်နေတာက..တရုတ်တိုင်းရင်းဆေး ပညာ ကြောင့်ပဲ..။ဒါက လူသားတွေ အတွက် သင့်တော်တဲ့ ဆေးပညာပဲ...ယင်..ယန် နဲ့..ဒြပ်စင် ပါးမျိုး..။လက်ရှိတစ်ခုတည်းသော ပြသနာ က..ငါတို့..သေချာနားလည်သဘောပေါက်နိုင်တဲ့ အဆင့်ကို မရောက်သေးတာပဲ.."

"ချိီးပဲ မင်းပြောနေတဲ့ ပုံက တရုတ်ဆေးပညာက နတ်ဘုရား ပညာရပ်တစ်ခုလိုပဲ..."

ချီဂျီ လှည့်လာခဲ့ပြီး...

"သံသယ မဖြစ်နဲ့..။ငါ မင်းကို ပြောပြမယ်..လူတစ်ယောက်ရဲ့ ခန္တာကိုယ်မှာ အဓိက ဆုံမှတ် ၃၆၅ ခု ရှိသလို တစ်နှစ်မှာလဲ ၃၆၅ ရက်ရှိတယ်..။ဒီလိုပဲ လူရဲ့ ခန္တာကိုယ်မှာ..အဓိက သွေးကြောမကြီး ၁၂ ခု ရှိသလို..နှစ်တစ်နှစ်မှာလဲ ၁၂ လ ရှိတယ်..။လူရဲ့ ခန္တာကိုယ်က ပူနိုင်တယ် ..အေးနိုင်တယ်...ဒီလိုပဲ နှစ်တစ်နှစ်မှာ နွေရာသီတွေ...မိုးရာသီ တွေ ဆိုတာ ရှိတယ်..."

"ကောင်းပြီ ကောင်းပြီ ငါတို့ အစ်ကို ဂျီကို လက်လျော့လိုက်ပြီ...။ဘယ်လို ဖြစ်ပြီး ဒါတွေကို ယုံကြည်နိုင်ရတာလဲ..။ဒါတွေက တိုက်ဆိုင်မူတွေပဲလေ..."

သူ့ရဲ့အခန်းဖော်ဟာ ပြောလိုက်တာပါ..။

ချီဂျီ ခေါင်းခါယမ်း လိုက်တယ်..။

"ဒါက တိုက်ဆိုင်မူ မဟုတ်ဘူး ..လူရဲ့ ခန္တာကိုယ်နဲ့ သဘာဝ ရဲ့ တူညီမူပဲ..။လူတစ်ယောက် ဖျားနာရင် အနောက်တိုင်း ဆေးပညာက..ဆေးသောက်ပြီး ..ခွဲစိတ်မူတွေ လုပ်ရမယ် လို့ ဆိုပေမယ့်..ငါတို့ တရုတ် ဆေးပညာမှာတော့..လူတစ်ယောက်ရဲ့ ဖျားနာမူကို ကုသဖို့ သဘာဝ လောကကြီးမှာ ဆေးဝါးတွေ ရှ်ိပြီးသားပဲ..။ဒီရလာဒ်က နှေးကွေးပေမယ့်..အရာရာတိုင်းက ရှင်သန်ကြီးထွားဖို့ အချိန်ယူရတာပဲလေ..။ဒါမှလည်း အမြစ်က ​ပျောက်မှာပေါ့..."

သူ့ရဲ့ အခန်းဖော်ဟာ အကူညီမဲ့စွာ. ပြောလိုက်တယ်..။

"မင်းရဲ့ စကားတွေကိုသာ အနောက် တိုင်း ဆရာဝန်တွေကြားသွားရင် မင်းကို ဝိုင်းပြီး ကျိန်ဆဲ ကြလိမ့်မယ်..။မင်းရဲ့ မျှော်လင့်ချက်တွေ ဖြစ်မလာတဲ့ အချိန်ထိ စောင့်မနေနဲ့...။အဲလိုဖြစ်လာခဲ့ရင်..မင်းမှာ ငိုဖို့တောင် အခွင့်အရေး ရှိမှာမဟုတ်ဘူး..."

ချီဂျီကတော့ ဒါကို ဂရုတောင် မစိုက်ပါဘူး..။သူ ကျောင်း ပလက်ဖောင်းကို ကြည့်လိုက်တဲ့ အချိန်မှာ အံ့ဩပြီးရေရွတ်လိုက်တယ်..

"ဘာ..ဒါရိုက်တာ ကျောင်းက..ဆေးပညာ လက်တွေ့ လေ့ကျင့်ဖို့ လူခေါ်နေတာလား...။ဒါအကောင်းဆုံးပဲ..ဒီမှာ လူငါးယောက်ပဲ ကန့်သတ်ထားတယ်..။ငါအမြန် စာရင်းသွားပေးရမယ်..မဟုတ်ရင် နေရာကျန်တော့မှာ မဟုတ်ဘူး.."

ယင်းနောက် သူ အခန်းထဲက အမြန်ပြေးထွက်သွားခဲ့ပါတယ်..။

သူ့ရဲ့ အခန်းဖော်တွေဟာ ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"အလျင်မလိုနဲ့..မင်းက လွှဲပြီး အဲ့ကို ဘယ်သူမှမသွားဘူး..။အတန်းထဲက ၆၃ ယောက်မှာ မင်းကလွှဲပြီး အကုန် ကိုယ်ပိုင်လမ်းကြောင်း ရှာနေကြပြီ..။အလျင်မလိုနဲ့ ဖြည်းဖြည်းသွား.."

"ကြည့်ပါဦး..ချီဂျီကတော့ မျှော်လင့်ချက် မဲ့နေပြီ. "

"သူ့ကို လွှတ်ထားလိုက်..။သူ ဘွဲ့ရပြီးလို့ အလုပ်ရှာတဲ့ အချိန်ကြမှ. တရုတ်ဆေးပညာကို သင်ကြားမိတာ ဘယ်လောက် ဆိုးဝါးလဲ နားလည်လိမ့်မယ်.."

"ဒီနေ့ခေတ်မှာ ဆေးရုံတွေရဲ့ တရုတ်သမားတော်တွေက..အရေးမပါတွေပဲ လုပ်နေကြရတယ်.."

All Chapters