ကြင်နာတဲ့လူ...
Vol. 31 Ch. 458
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
ဘေဂျင်း တရုတ်ဆေးပညာ အဖွဲ့အစည်းတွင်..။
ဘေဂျင်းကို ပြန်ရောက်တာနဲ့ ကျို့ချင်းချင် နဲ့ ဝမ်တန်ဖေးတို့ဟာ အဖွဲ့အစည်းက လူတိုင်းကို စုစည်းလိုက်ပါတယ်..။သူ..တို့ ဒီလက်ရေးနဲ့ ကူးလာတဲ့ ..စာအုပ်ကို..ရှန်ဟိုင်းကနေ အဖွဲ့အစည်းဆီကို ပဲယူလာတာ မဟုတ်ပဲ..စျေးကွက်ထဲကိုပါ ဖြန့်ဖို့ ရည်ရွယ်ချက်ရှိပါတယ်..။
ကျို့ချင်းချင် ဒီစာအုပ်က စျေးကွက်ထဲရောက်ရင် တောင် ဘယ်လို အခြေအနေရှိမလဲ ဆိုတာ သိပြီးသားပါ..။ဒီစာကို ဝယ်ကြမယ့် လူတွေက တရုတ်သမားတော်တွေပါပဲ..။ဒီစာအုပ် ဘာစာအုပ်မှန်း မသိတဲ့ တရုတ်သမားတော် တွေ ကတော့ ဝယ်ကြမှာ မဟုတ်ပေ...။
လင်းဖန် စိိ်တ်ပူတဲ့ တစ်ခုတည်းသော အကြောင်းအရာက..လူတွေ ဘယ်လောက်များများ စာအုပ်ထဲက အကြောင်းအရာကို နားလည်မလဲ ဆိုတာပါပဲ..။
လူတွေက ..စာအုပ်ထဲက အကြောင်းအရာတွေကို သေချာ နားလည်မှသူလည်း စွယ်စုံအမှတ်တွေ ရရှိမှာပါ..။
အဖွဲ့အစည်းတွင်...။
အဖွဲ့ဝင်တွေဟာ ရောက်လာခဲ့ကြတယ်..။ဥက္ကဌ က သူတို့ကို ဘာလို့ ခေါ်တာလဲသူတို့ မသိကြပါဘူး..။
ဒီလို တွေ့ဆုံမူမျိုးဆိုရင်..အရေးကြီးတဲ့ အကြောင်းအရာက လွဲပြီး တစ်ခြားဟာ မဖြစ်နိုင်ပေ..။
အစည်းအဝေးခန်းထဲတွင်..။
ကျို့ချင်းချင် ဘေးဘက်ကို ကြည့်ပြီး ပြောလိုက်တယ်..။
"လူတိုင်းက ဒီကို ရောက်နေပြီ..။ကျုပ်မှာ ခင်ဗျားတို့ကို ပြောဖို့ အရေးကြီးတဲ့ အချက်နှစ်ချက် ရှိတယ်..။အခု တော့ ဒုတိယ ဥက္ကဌ ဝမ်က ခင်ဗျားတို့ကို စာအုပ်တစ်အုပ်ပြ လိမ့်မယ်..။ဒါပေါ့...ဒါက လူတိုင်း တစ်ချက်လောက် ကြည့်ယုံအတွက်ပဲ..။ပြီးမှ ကျန်တာကို ဆက်ပြောကြမယ်.."
ဝမ်တန်ဖေး စာအုပ်ကို ချပြလိုက်တဲ့ အချိန်မှာ လူတိုင်းဟာ စာအုပ် အဖုံးကြောင့် ပဟေဠိဖြစ်သွားခဲ့တယ်..။
စာအုပ်ရဲ့ နာမည်အရဆိုရင် တရုတ်ဆေးပညာ နဲ့ ဆက်စပ်နေနိုင်ပေမယ့် သူတို့ တစ်ခါမှ မမြင်ဖူးကြပါဘူး..။
ယင်းနောက် ..သူတို့ ပထမ..စာမျက်နှာကို..လှန်လိုက်ကြတယ်..။
အစကတော့..သူတို့ သိပ်ပြီး ဂရုမစိုက်ကြပေမယ့် ခန အကြာမှာ လေးနက်သွားခဲ့ကြပါတယ်..။အစက တီးတိုး ပြောနေကြတာ ရှိပေမယ့် အခုတော့ လုံးဝကို တိတ်ဆိတ်သွားခဲ့ပါပြီ..။ဒီမှာ စာရွက်လှန်တဲ့ အသံတွေကိုသာ ကြားနေကြရပါတယ်..။
ကျို့ချငိးလျငိ ပြုံးလိုက်တယ်..။ဒီအဖွဲ့အစည်းရဲ့..စီမံခန့်ခွဲမူ အပိူင်းကို ဝင်နိုင်တဲ့ သမားတော် တွေက..စွမ်းဆောင်နိုင်စွမ်းတဲ့ သမားတော် တွေပါ..။တစ်ချို့ ဒေါက်တာ တွေက အထူးပုဂ္ဂိုလ် တွေ အဖြစ်ဝင်ခွင့်ရကြတာ ဖြစ်ပြီး တစ်ချို့ တွေကတော့.ဘယ်လောက်ကြိုးစား ကြိုးစား ဝင်ခွင့်မရကြပေ..။အဖွဲ့အစည်းရဲ့ စီမံခန့်ခွဲမူ အပိုင်းကို ဝင်ချင်ရင် အင်တာဗျူးတစ်ခု လုပ်ရပါတယ်..။အင်တာဗျူးကတော့ ရိူးရှင်းပြီး..ဆေးပညာ..ဗဟုသုတတွေကို ဆွေးနွေးကြရတာပါ..။
ဒီနေ့ခေတ် တရုတ်သမားတော် တွေက..အခြေခံ အချက်လေးတွေတောင် မသိကြပါဘူး..။ထပိပြောရရင် လက်မှတ်ရထားတဲ့ တစ်ချို့ တရုတ်သမားတော် တွေဟာ..သွေးကြောမ ၁၂ ခုကိုတောင် မသိကြပေ..။
သူတို့သာ..လူနာတွေဆီ သွားပြီး ဆေးကုသရင်တော့ တကယ် မတွေးရဲစရာပါပဲ..။
သူတို့ အကုန်လံူး လက်ရှိ အခြေအနေ ကို သိကြပြီးသားပါ..။
* အဟမ်း..*
ကျို့ချင်းချင် လည်ချောင်းရှင်းလိုက်တယ်..။
"ကောင်းပြီ ခင်ဗျားတို့ အစပိုင်းလောက်ကို ဖတ်ပြီးလောက်ရောပေါ့..။ဒီစာအုပ်က တရုတ်ဆေးပညာအတွက် တော်တော်ကို အထောက်အကူပြုတယ်..။ဒါကို ကော်ပီ ကူးပြီးသွားရင် ..အိမ်မှာ အေးဆေး လေ့လာဖို့ ယူသွားကြပေါ့..။ထားလိုက်တော့..အခုပြောမယ့် အရာက တစ်ခြား အကြောင်းအရာပဲ.."
"အဲဒါက..အဖွဲ့အစည်းမှာ မကြာခင်..ဒုတိယ ဥက္ကဌ အသစ် ရှိလာတော့မယ်.."
ကျို့ချင်းချင် ပြောလိုက်တာပါ..။
ကျန်တဲ့ လူတွေ အတွက်တော့ ဒီသတင်းက ..အဓိက မဟုတ်ပါဘူး..။စာအုပ်က သာ..အဓိကပါ..။
"ဥက္ကဌ ဒီကိစ္စကို ဥက္ကဌ ပဲ ကိုင်တွယ်လိုက်ပါ..။ကျွန်တော်တို့ သိချင်တာက.ဒီစာအုပ်ကို ဘယ်ကနေရခဲ့တာလဲ.."
ကျို့ချင်းချင် ပြုံးလိုက်တယ်..။
"ဒါက ..ငါတို့ရဲ့ ဒုတိယ ဥက္ကဌ အသစ်က ရေးထားတာပဲ..။အခု အရေးကြီးတယ် လို့ ထင်ကြပြီလား.."
ကျန်တဲ့ လူတွေဟာ ..ကြောင်အသွားကြပြီး အချင်းချင်း တီးတိုး ပြောလိုက်ကြပါတယ်..။
"ဥက္ကဌ အဲ့ ဒုတိယ ဥက္ကဌ က ဘယ်မှာလဲ..။ကျွန်တော်တို့ စာအုပ်ကို အစပိုင်းလောက်ပဲ ဖတ်ရသေးပေမယ့် ဒီစာအုပ်ကို သာမန်လူ ရေးနိုင်ဖို့က မဖြစ်နိုင်ဘူး..။
"ဟုတ်တယ်..ရေးထားတာတွေက ရှင်းလင်းပြီး နားလညိရလွယ်ကူတယ်.။ဒါက ကျွန်တော်တို့ကို အကျိုးရှိမှာ ကျိန်းသေပဲ.."
"ကျွန်တော်တို့သာ သူနဲ့ စကားပြောရရင် ပိုပြီးတောင် အကျိုးရှိဦးမယ်.."
ကျို့ချငိးချင် လက်ဝေ့မယ်းလိုက်တယ်..။
"ကောင်းပြီ ကျေးဇူးပြုပြီး ငြိမ်ငြိမ် နေပေးကြပါ..။ဒီမာစတာ က ဘေဂျင်းမှာ နေတာ မဟုတ်ဘူး..။သူက ရှန်ဟိုင်းမှာ နေတာ..။ခင်ဗျားတို့ ရှန်ဟိုင်းကို သွားတွေ့ချင်ရင်တော့ရတယ်..။သူ့နာမည်က လင်းဖန်..။ကျုပ်တို့ သူကို မာစတာ လင်းလို့ ခေါ်ကြရမယ်..။အနာဂတ်မှာ သူ့ကို တွေ့ရင်ကျေးဇူးပြုပြီး ယဥ္ယဥ္ကျေးကျေး ဆက်ဆံပေးကြပါ.."
သူတို့ အကုန်လုံး စိတ်လှုပ်ရှားနေခဲ့ကြတယ်..။သူတို့ လို ..တရုတ်သမား တော် တွေ အတွက်က..ဒီလိူ ကျွမ်းကျင်နဲ့ မာစတာ ကို တွေ့ခွင့်ရရင်..အတော်ကို အကျိူးရှိမှာပါ..။
ဒီလို မာစတာ မျိုး အဖွဲ့အစည်းက ဝင်လာတာက ဝမ်းသာစရာ ကိစ္စပါပဲ..။
တရုတ်ဆေးပညာရဲ့ အနာဂတ်ကတော့ တောက်ပနေခဲ့ပါပြီ..။ဒီမှာ ရှိတဲ့ လူတိုင်း ဒါကို သိကြပါတယ်..။အပြင်က လူတွေကတော့..တရုတ်ဆေးပညာကိုမယုံကြည် ကြပါဘူး..။
ရက်အနည်းငယ် ကြာပြီးနော်..။
တိမ်ဖြူလမ်း..။
လင်းဖန် ဇိမ်ကျကျ လဲေလျာင်း နေခဲ့တယ်..။စွယ်စုံ အမှတ်တွေ ဝင်လာတဲ့ အချိန်ကြမှ သူ မျက်လံူးဖွင့်လာခဲ့ပါတယ်..။
"စွယ်စုံအမှတ် + 1 "
"စွယ်စုံအမှတ် + 1 "
နံပါတ် တွေဟာ ဆက်တိုက် တက်နေခဲ့ပါတယ်..။
သူ ချက်ချင်းပဲ..စွယ်စုံအမှတ် ၅၀ လောက် ရရှိသွားခဲ့ပါပြီ..။
လင်းဖန် ကျေနပ်သွားခဲ့တယ်..။သူ့ အကြံအစည်က ဒီလောက် ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
ထပ်ပြောရရင် ဒါက ရက်အနည်းငယ်ပဲ ရှိပါသေးတယ်..။ဒီ အချိန်အတွင်းမှာတောင် စွယ်စုံအမှတ် ၅၀ လောက်ရနေခဲ့ပါပြီ။
လင်းဖန် မသိတာကတော့ အဖွဲ့အစည်းက.သမားတော် တွေဟာ စာအုပ်နဲ့ ပတ်သက်ပြီး အချင်းချင်း ဆွေးနွေးရင်း အလုပ်တွေ ရှုပ်နေကြတယ် ဆိုတာပါပဲ..။
မတူညီတဲ့ လူနှစ်ယောက်က ဒါကို ဖတ်ရင် မတူညီတဲ့ အတွေ့အကြုံ နှစ်ခုကို ရစေပါတယ်..။
ဒီမှာ ရှင်းပြချက်တွေက ရှင်းလင်းပေမယ့်.သူတို့က တရုတ်သမားတော် အိုကြီးတွေ ဖြစ်တာကြောင့် သူတို့ ကိုယ်ပိုင်အမြင်လည်း ရှိကြပါသေးတယ်..။
အဖွဲ့အစည်းက သမားတော် တွေဟာ သူတို့ အတွေ့အကြုံတွေကို ဆက်တိုက် ဖလှယ်နေကြပြီး .ဒါက သူတို့ကို ကမ္ဘာသစ် တစ်ခုထဲ ပို့ဆောင်လိုက်သလိုပါပဲ..။
"သူဌေးလေး.
ယင်းနောက် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဟာ ရေတစ်ပုံးကို သယ်ပြီး ဆိုင်ထဲဝင်လာခဲ့တယ်..။
လင်းဖန် ဒီလူကို ကြောင်အစွာ ကြည့်လိုက်ပြီး..
"ညီအစ်ကို ..ဘာလုပ်မလိုလဲ."
လူကြီးဟာ ပြုံးလီုက်ပြီး..
"သူဌေးလေး..ဘာမှမဟုတ်ပါဘူး..။ဒီမှာ ရေသန့်ကုန်နေတာ တွေ့လို့ ဝယ်လာပေးတာ..။သူဌေးလေးက တစ်နေ့ ပန်ကိတ်အခု ၂၀ လုပ်ပြီး အလုပ်ရှုပ်နေတာလေ..။ကျုပ် ကံကောင်းပြီး ၂ ရက်ဆက်တိုက်တောင် ဝယ်ခွင့်ရခဲ့တယ်..။မင်းက..ကြင်နာ တတ်တဲ့ သူဌေးလေးပဲ.."
လင်းဖန် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး...
"မဟုတ်တာ..ကိုယ့်ဟာကိုပြသနာ မရှာပါနဲ့..။ကျွန်တော်က ကြင်နာတဲ့ သူဌေးလေး မဟုတ်ပါဘူး..."
သက်လတ်ပိုင်းလူကြီးဟာ ရေကို ထည့်ပေးကာ..လက်ဝေ့ယမ်းလိုက်ပြီး..
"သူဌေးလေး ငါ မြှောက်ပြောနေတာ မဟုတ်ဘူး မင်းက တကယ်ကြင်နာတာပဲ.။ဒီရက် ပိုင်း တစ်နေ့ကို အလုံး ၂၀ လုပ်ပေးနေတာ..။ငါ တို့ ဒါမျိူး စိတ်တောင် မကူးဖူးဘူး.."
"ကောင်းပြီ သူဌေးလေး ကောင်းကောင်းနားပါ..။တစ်နေ့ အခု ၂၀ လုပ်ရတော့ ပင်ပန်းနေမှာပေါ..။ကျွန်တော် သွားတော့မယ်.."
လင်းဖန် လက်ပြန်ပြလိုက်တယ်..။
"ကောင်းပြီ ကျေးဇူးပါ..။ဂရုစိုက်ပြန်ဦး.."
ဒီလူ ပြန်သွားတော့မှ လင်းဖန်ဟာ ပြုံးလိုက်ပြီး..
"ငါက ကြင်နာတဲ့လူပဲ..။ငါက တကယ်ကို ကြင်နာတတ်တာ.."
ဘေးနားက လူလိ်မ်ထျန်ဟာ လှည့်လာခဲ့တယ်...။
"လတ်တလော မင်းတစ်ခုခု လွဲနေသလိုပဲနော်..။မင်း ရူးသွားတာ မဟုတ်ရင်တော့ နောက်တစ်ခါ အပြင်ထွက်ဖို့ ကြံစည် နေတာပဲ ဖြစ်ရမယ်..."
လင်းဖန် လူလိမ် ထျန်ကို ကြည့်လိုက်တယ်..။
"ဒါက ဘာမှ မလွဲပါဘူး..။ကျုပ်က ကြင်နာတတ်လို့လေ..."
"ဒါက ပြောဖို့ ခက်တယ်.."
လူလိမ်ထျန် ခေါင်းခါယမ်း ပြှီးပြောလိုက်တာပါ..။သူ လင်းဖန် အကြောင်းကို ကောင်းကောင်းသိထားပြီးသားပါ..။ဒီကောင်က အလကားနေရင်း..ပန်ကိတ်တွေ ပို လုပ်ပေးမယ့် ကောင် မဟုတ်ပါဘူး..။
လင်းဖန် လူလိမ်ထျန်ကို ကြည့်ပြီး. သဘောကျစွာ ရယ်မောလိုက်ပါတော့တယ်..။
"ဟားဟား.."