လုပ်စရာရှိတာ အရင်လုပ်..ပြီးမှ အကြောင်းကြား...
Vol. 31 Ch. 459
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
ရှန်ဟိုင်း တရုတ်ဆေးပညာ အကယ်ဒမီ..။
အကယ်ဒမီရဲ့ ရှေ့မှာ ဘတ်စကား အရှည်တစ်စီဟာ ရပ်တန့်သွားခဲ့ပါတယ်..။ကျိူးမင်ချင်းဟာ ဒါရိုက်တာ တစိယောက် အနေနဲ့ အပေါက်ဝ မှာ စောင့်နေခဲ့တယ်..။
တစ်ချိန်တည်းမှာပဲ ကျိူးမင်ချင်းရဲ့ နောက် မှာ ကျောင်းသား နှစ်ယောက် ရပ်နေခဲ့လို့ပါ..။တစ်ယောက်က ယောက်ျားလေး ဖြစ်ပြီး တစ်ယောက်က မိန်းကလေးပါ..။
ယောက်ျားလေးက ချီဂျီ ဖြစ်ပြီး အသက် ၂၄ နှစ်ရှိပြီး ကျောင်းတက်လာတာ ၄ နှစ်ရှိကာ သူက ဘွဲ့ရပါတော့မယ်..။သိုပေမယ့် သူက တရုတ်သမားတော် တစ်ယောက် နောက်ကို ထပ်လိုက်ပြီး ဆေးပညာ ကို ဆက်လေ့လာဖို့ အစီစဥ္ ဆွဲထားခဲ့ပါတယ်..။
နောက်တစ်ယောက်ကလည်း ချီဂျီ နဲ့ အသက်တူတူ ပါပဲ..။သူမက သန့်ရှင်းပြီး သပ်ရပ် ပေမယ့်လည်း..မိန်းမလှလေး တစ်ယောက်လို့တော့ သပ်မှတ်လို့ မရပေ..။
သူတို့ နှစ်ယောက်ဟာ..ဒါရိုက်တာ ကျိုးရဲ့ နောက်မှာ ရပ်နေခဲ့ပြီး..သူတို့ရဲ့ မျက်လုံးတွေကတော့ မျှော်လင့်ချက်တွေ ပြည့်နေခဲ့ပါတယ်..။
ကျိုးမင်ချင်း အနည်းငယ် အကူညီမဲ့ နေခဲ့တယ်..။သူ ငါးယောက် သတ်မှတ်ထားပေမယ့် တစ်ကျောင်းလုံးမှာ သူ့ဆီကို လာတာ..နှစ်ယောက်ပဲ ရှိလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။တကယ်လို့ ဒီလိူ ဆက်သွားနေမယ် ဆိုရင် ဒီကျောင်းကို ပိတ်ချ ရပါတော့မယ်..။
ကျောင်းသားတွေဟာ..ကျောင်းစာကို လုံးဝ စိတ်မဝင်စားတော့ပေ..။
"ဒါရိုက်တာ..ကျွန်တော်တို့..တစ်ယောက်ယောက်ကို စောင့်နေတာလား..."
ချီဂျီ မေးလိုက်တာပါ..။
သူက ဒါရိုက်တာကို အတော်လေးစားပြီး..သူ့ရဲ့ အမြင့်ဆုံးမျှော်လင့်ချက်က ဒါရိုက်တာ ရဲ့ တပည့်ဖြစ်ခွင့်ရဖို့ပါ..။သို့ပေမယ့် သူ ဒီကိစ္စကို မေးတောင် မမေးရဲပေ..။ဒါရိုက်တာက..အင်အားကြီးပြီး အဆင့်အတန်းမြင့်တဲ့ လူဖြစ်နေတဲ့ အချိန်မှာ သူကတော့ ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်ပါ..။
"အင်း..အေးဆေးပေါ့..ခနနေသွားကြမှာ.."
ကျိုးမင်ချင်း ပြန်ဖြေလိုက်တာပါ။သူ ဒိီကျောင်းသား နှစ်ယောက် လာကြတာကိုပဲ ပျော်ရွှင်မိပါတယ်..။သူတို့ ဒီကို လာပြီး ပူးပေါင်းတယ် ဆိုကတည်းက..တရုတ်ဆေးပညာကို ချစ်တယ် ဆိုတာ သိထားပြီးသားပါ..။
တကယ်တော့..သူ ကျောင်းသားတွေကို..ပါဝါသုံးပြီး လိုက်ခိုင်းလို့ရပေမယ့် အဲလို လုပ်စရာ အကြောင်း မရှိပေ..။ထပ်ပြောရရင်..သူတို့က ကိုယ့်အလုပ်ကို ချစ်မြတ်နိုးမှ..နောက်ထပ် ပညာဗဟုသုတတွေကို လေ့လာ သင်ကြားနိုင်မှာပါ..။
ဖြတ်သွားဖြတ်လာ ကျောင်းသားတွေဟာ..ကျောင်းပေါက်ဝက အခြေအနေကို ကြည့်ပြီး တီးတိုး ပြောနေခဲကြတယ်..။
"ဘယ်လောက် ရှက်စရာလဲ..နှစ်ယောက်ထဲရှိတယ်..။ဒါက ဒါရိုက်တာကို အရှက်ခွဲနေတာ နဲ့ မတူဘူးလား.."
"ဘယ်သူ့ကို အပြစ်တင်လို့ ရမှာလဲ.."
"ငါတို့ အခန်းရဲ့ ဆရာကလည်း ပါဝင်ချငိတဲ့ လူရှိလားလို့မေးသေးတယ်..။သူ့အသံက..စိတ်အားထက်သန်နေပေမယ့် ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြဘူးလေ.."
"အတူတူပဲ..။ငါတို့က ဘွဲ့လက်မှတ် မရမှာကိုတောင် မကြောက်ကြတော့ဘူးလေ..။ဆရာတွေ တွန်း့အားပေးတာလောက်ကို ဘာလို့ ကြောက်နေတော့မှာလဲ.."
"အပေါက်ဝမှာ ရပ်မနေနဲ့..။တကယ်လို့..ဒါရိုက်တာမြင်သွားရင်..ငါတို့ ပြသနာ ရှာခံနေရဦးမယ်..."
"ဟုတ်တယ်..ဟုတ်တယ် .."
ကျောင်းသားတွေ အတွက်ကတော့ ဒီလှုပ်ရှားမူက..အချိန်ဖြုန်းတီးမူ တစ်ခုပါပဲ..။ဒါကို ဒါရိုက်တာ က ဦးဆောင်ပြီး လုပ်တာ ဖြစ်ပေမယ့်လည်း စိတ်မဝင်စားကြပေ..။သူတို့ ဒီကို လိုက်မယ့်အစား..အင်တာနက် သုံးတာတို့..ကောင်မလေးနဲ့ လျောက်လညိတာတို့မှာ ပဲ အချိန်ဖြုန်းကြမှာပါ..။
.ယင်းနောက် ကားတစ်စီးဟာ ဝင်ပေါက်မှာ ရပ်သွားခဲ့တယ်..။
လင်းဖန် ကားပေါ်က ဆင်းပြီး ..ကျိူးမင်ချင်းကို လက်ပြလိုက်ပါတယ်..။ကျိူးမင်ချင်း ကားပေါ်က ဆင်းလိုက်ပြီး..
"ဆရာ...."
"လူဘယ်နှစ်ယောက်ရှိလဲ.."
လင်းဖန် မေးလိုက်တာပါ..။
ကျိုးမင်ချင်း ရှက်ရွံ့စွာ ပြန်ဖြေလိုက်တယ်..။
"နှစ်ယောက်တည်း ရှိတယ်..."
လင်းဖန် ဒီလို ဖြစ်နေလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။ယင်းနောက် သူ လက်ဝေ့ယမ်းလိုက်ပြီး..
"အဆင်ပြေတယ်.နှစ်ယောက်တည်းဆိုတော့ ခရီးပိုတွင်တာပေါ့..။လူအရမ်းများနေရင် ကိုင်တွယ်ရခက်နေဦးမယ်..။ကျောင်းနန်ကို သွားကြရအောင်..."
"ကောင်းပါပြီ..."
ကျိုးမင်ချင်း အများကြီး မမေးတော့ပေ..။သူ့ဆရာ သွားတဲ့ နောက်ကိုပဲ လိုက်ဖို့ သူဆုံးဖြတ်ပြီးသားပါ..။
ချီဂျီ နဲ့ ကျန်းတုန်တုန်ဟာ..လူငယ်လေးကို ကြည့်လိုက်ပြီး သူတို့နဲ့ အသက်တူတူပဲ ဆိုတာ နားလည်လိုက်တယ်..။သို့ပေမယ့် ကြည့်ရတာ သူက ဒါရိုက်တာ နဲ့ ရင်းနှီးတဲ့ ပုံပါပဲ..။သူတို့ နှစ်ယောက်က ဘယ်လို ဆက်ဆံရေးလဲ သူတို့ သိချင်သွားခဲ့ကြပါတယ်..။
သူကလည်း ဒီကျောင်း ကလား.....
သို့ပေမယ့် သူတို့ မာစီးတီး မောင်းတဲ့ ကျောင်းသားတစ်ယောက်မှ မမြင်ဖူးပေ..။
…
တိမ်ဖြူလမ်း..။
လူလိမ်ထျန် နာရီကို ကြည့်လိုက်တဲ့ အချိန်မှာ ၈ နာရီခွဲ နေပြီ ဖြစ်ပေမယ့်လည်း..လင်းဖန်ကတော့ ရောက်မလာသေးပေ..။ယင်းနောက်..သူ..ပြီးခဲ့တဲ့..ရက်ပိုင်း အတွင်းဖြစ်အပျက်တွေကို ပြန်စဥ်းစားမိတဲ့ အချိန်မှာ တစ်ခုခုလွဲနေတာကို သတိထားမလိုက်ပါတယ်..။
ယင်းနောက် မြို့သားတွေဟာ..တဖြည်းဖြည်းပိုပို များလာခဲ့ပါပြီ..။
ဒါက ၈ နာရီ ခွဲပဲ ရှိနေသေးတဲ့အတွက်..သိပ်တော့ စိတ်မပူပါဘူး..။သူတို့.. အပြင်မှာပဲ စကားပြောရင်း စောင့်နေခဲ့ကြပါတယ်..။
"ဒီနေ့ သူဌေးလေး..ပန်ကိတ် ဘယ်နှစ်လုံးလောက် ရောင်းလောက်မလဲ..။အလုံး ၂၀ ပဲလား မသိ.."
"ဒါပေါ့..သူဌေးလေးက ဒီလောက် ကြင်နာတာ..ကျိန်းသေ အလုံး ၂၀ ရောင်းရမှာပေါ့..."
"မပြောနဲ့တော့..။မင်းက နှစ်ရက်ဆက်တိုက်တောင် ဝယ်ခွင့်ရခဲ့တာ..။ငါတို့အတွက် မနာလိူစရာပဲ.."
"ဟားဟား..မတတ်နိုင်ဘူးလေ..။ဒါက ကံတရားပဲပေါ့.."
"အရင်က ပန်ကိတ် ဆယ်လုံး ဆိုတာက..မလုံလောက် ဘူးလေ..။ဒါကြောင့်..သူဌေးလေး က ကြင်နာပြီး..နောက်ထပ်ဆယ်ခု တိုးပေးလိုက်တာ ဖြစ်မယ်..။ငါတို့ တကယ်ကံကောင်းတယ်..."
"လူလိမ် ..ခင်ဗျား နေမကောင်း ဖြစ်နေတာလား..။ဘာလို့ မျက်နှာဖြူနေတာ လဲ..."
လူလိမ်ထျန်ဟာ..ခေါင်းကိုသာ ငုံ့ပြီး တစ်ချိန်လံူး နာရီကြည့်နေခဲ့တာပါ ။ယင်းနောက် သူ လက်ဝေ့ယမ်းလိုက်ပြီး...
"မဟုတ်ဘူး မဟုတ်ဘူး..ငါက သူ ဘာလို့ မလာသေးတာလဲ တွေးနေတာ..."
"ဘာတွေ စိတ်ပူနေတာလဲ..။အခုမှ ၈ နာရီခွဲပဲ ရှိသေးတာလေ..။သူဌေးလေးက..ခါတိုင်းလည်း ၉ နာရီလောက်မှ လာတာပဲကို.. "
လူလိမ်ထျန်ရဲ့ နှလုံးခုန်သံတွေဟာ မြန်နေခဲ့ပါတယ်...။သူတို့ တစ်ခုခုမှားနေတာကို ခံစားနေမိပါပြီ..။
သူတို့ထင်နေသလို လင်းဖန်က..ကြင်နာတဲ့ လူတစ်ယောက် မဟုတ်တာ သူအသေအချာ သိထားပါတယ်..။
တစ်ခုခု တော့ လွဲနေတာ သေချာပါတယ်..။
ဒိီကောင်က တစ်နေ့ ပန်ကိတ် ဆယ်ခုလုပ်ရတာကို တောင် ညဥ်ညူးနေတဲ့ လူတစ်ယောက်ပါ..။သူ အကြောင်းပြချက် မရှိပဲနဲ့ တစ်နေ့ကို ပန်ကိတ် အလုံး ၂၀ မလုပ်ပါဘူး..။
ဒင်...ဒင်...
ယင်းနောက် .. လူလိမ် ထျန်ဆီကို လင်းဖန်ရဲ့ ဖုန်းမြည်လာာခဲ့တယ် ..။
ရုတ်တရက်..သူ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ ခံစားနေခဲ့ရပါတယ်..။
သို့ပေမယ့် သူ ဖုန်းကိုင်မှ ရမှာပါ..။
"ဟဲလို..လူလိမ်..ကျုပ်ဆိုင်ကို..ဒီကြားထဲ လာဖြစ်ဦးမှာ မဟုတ်ဘူး..။မြို့သားတွေကို..လည်း မသိပေး....."
လငိးဖန် ပြောလို့ မဆုံး ခင်မှာပဲ..လူလိမ် ထျန်ရဲ့ ဖြတ်ပြောတာကို ခံလိုက်ရပါတယ်...။
"မင်းအခု ဘယ်မှာလဲ...."
လင်းဖန် ပြောလိုက်တယ်...။
"ကျုပ်အခု ကားပေါ်မှာ...ရှန်ဟိုင်းကနေ ခနနေ ထွက်သွားတော့မှာ..."
"ချီးပဲ..."
လူလိမ် ထျန် မြေကြီးပေါ်လဲကျမလို ဖြစ်သွားခဲ့ပါတယ်..။
ဖြစ်ပြန်ပြီ....
ဒီငနဲက အကြောင်းအရင်း မရှိပဲ ဒီလောက် အထိ..သဘောကောင်းနေမှာ မဟုတ်ပေ..။အရာအားလုံးက စီစဥ္ပြီးသားပါ..။
"ကောင်းပြီ ..ဒီအကြောင်းကို မပြောပဲ နေကြရအောင်..။ကျွန်တော် မနေ့က ကောင်းကောင်း မအိပ်ရသေးဘူး..။ကျေးဇူးပြုပြီး..ဆိုင်ကကိစ္စလေးတွေ ဖြေရှင်းပေးထားပါဦး..။ကျွန်တော် ရက် နှစ်ဆယ်လောက် ကြာရင် ပြန်လာခဲ့မယ်.."
*တီ..*
ဖုန်းကျသွားခဲ့တယ်..။
လူလိမ် ထျန်..ဖုန်းကို ကိုင်ထားပြီး..ဘာပြောရမလဲ.တောင် မသိတော့ပါဘူး..။ယင်းနောက်..သူ မြို့သားတွေကို ကြည့်လိုက်ပြီး တံတွေးကို မြိုချလိုက်တယ်..။
"ငါ မင်းကို မုန်းတယ်....."
ကားထဲတွင်..။
လင်းဖန် ..ပြုံးနေခဲ့တယ်..။သူဘယ်ကို သွားနေလဲ ဆိုတာကို..တမင် ကြိုမပြောခဲ့တာပါ..။မဟုတ်ရင် သူ ထွက်သွားလို့ ရမှာတောင် မဟုတ်ပေ..။
သူ ဒီကိစ္စတွေကို လူလိမ် ထျန်နဲ့ ထားခဲ့တယ် ဆိုတာက လူလိမ်ထျန်..ဒီကိစ္စကို ကိုင်တွယ် နိုင်တာ ယုံကြည်လို့ပါ..။
သူ ဝိုက်ဘိုကို ဖွင့်လိုက်တယ်..။
ကျောင်းနင်ရေ ..ငါလာပြီ....
မှတ်ချက်တွေဟာ..ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်..။
"သူဌေးလေး...အမြန် ပြန်လာခဲ့...။မင်းက တကယ် အကြင်နာ တရား မရှိတာပဲ.."
"သူဌေးလေး အမြန်ပြန်လာခဲ့..။မင်းက အတော် အကြင်နာ တရား ကင်းမဲ့တာပဲ..."
…
ရုတ်တရက် သူ့ ဝိုက်ဘိုက မှတ်ချက်တွေကို..မြင်လိုက်ရပါတယ်...။
"ချီးပဲ..ငါ့ကို မြန်မြန် ရှာတွေ့သွားကြပါလား..."
လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။သူက..ထွက်သွားပြီးပြီ ဆိုတော့...ပြန်လာဖို့က မဖြစ်နိုင်ပါဘူး..။
သူ့တတ်နိုင်တာက သူ့ရဲ့ မစ်ရှင်ကို အမြန်ပြည့်အောင် လုပ်ဖို့ ပါပဲ..။
"ဆရာ.."
ကျိုးမင်ချင်း လှမ်းခေါ်လိုက်တာပါ..။
ချီဂျီ နဲ့ ကျန်းတုန်တုန် ဟာ ဒါကိုကြားပြီး ကြောင်အသွားခဲ့ကြတယ်..။မသိရင် သူတို့ နားကြားမှား သွားကြသလိုပါပဲ..။
လင်းဖန် ကျိူးမင်ချင်းကို ဘာမှ ပြန်မပြောခဲ့ပေ..။သူ ဒီတိုင်း ကျောင်းသားနှစ်ယောက်ကို ပြုံးပြလိုက်ပြီး...
"မင်းတို့ရဲ့ ဒါရိုက်တာက ငါ့ရဲ့ ကျောင်းသားလေ...။ဒီခရီးကို ငါက ဖန်တီးထားတာ..။မင်းတို့ နှစ်ယောက် အကောင်းဆုံး သင်ယူပြီး..ကြိုးစားကြရမယ်နော်..."
ကျောင်းသား နှစ်ယောက်ကတော့..မတ်တတ်ရပ်ပြီး ဆွံ့အနေခဲ့ကြပါပြီ...။