← Chapters

ဆေးရုံ၏ ဝင်ပေါက်တွင်..

Vol. 31 Ch. 460

ဆေးရုံ၏ ဝင်ပေါက်တွင်..

Vol. 31 Ch. 460

#ဘာသာပြန် = စနိုးဝှိုက်

ချီဂျီ နဲ့ ကျန်းတုန်တုန် တို့ ထိုင်နေရင်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပါတယ်..။သူတို..အစက နောက်ပြောင် နေတာလို့ ထင်မိနေခဲ့ပေမယ့်လည်း..ဒီငနဲရဲ့ အမူအရာက နောက်ပြောင်နေတဲ့ ပုံစံ မဟုတ်ပါဘူး..။ထပ်ပြောရရင် ဒါရိုက်တာ ကျိုးကလည်း..ဒီကောင်လေး ကို စီနီယာ တစ်ယောက်လို ဆက်ဆံနေခဲ့တာပါ..။

သူတို့ရဲ့ ခရီးဟာ ချောမွေ့ပြီး..လုံခြုံစွာ ပြီးမြောက်ခဲ့ပါတယ်..။ဘာမှ ထွေထွေထူးထူး မဖြစ်ကြပေ..။

ကျိုးမင်ချင်းမှာ မေးခွန်းတွေ အများကြီး ရှိပြီး မေးခွန်းတွေ..အများကြီး မေးလာခဲ့ပါတယ်..။လင်းဖန် ပြည့်ပြည့်စုံစုံ ပြန်ဖြေပေးခဲ့တယ်..။

ချီဂျီ နဲ့ ကျန်းတုန်တုန် တို့ဟာ..လူငယ်လေး နဲ့ ဒါရိုက်တာ ကျိုး တို့ ပြောတာကို နားထောင်ရင်း သူတို့ ပြောနေတဲ့ စကားတွေက အဆင့်မြင့်တယ် ဆိုတာ နားလည်လိုက်ပါတယ်...။

ချီဂျီဟာ အတတ်နိုင်ဆုံး လိုက်မှတ်ဖို့ ကြိုးစားနေခဲ့တယ်..။သူ ဒီစကားတွေကို နားမလည်ပေမယ့်လည်း..အနည်းဆုံး..သူ့ရဲ့ အသိဥာဏ်တွေကို ကျယ်ပြန့်စေမှာပါ..။

လင်းဖန် သူတို့ နှစ်ယောက်ကို ကြည့်လိုက်ကာ ပြုံးလိုက်ပြီး...

"မင်းတို့ နှစ်ယောက် သိပ်ပြီး ဂရုစိုက်မနေနဲ့ဦး..။ဒါတွေက မင်းတို့ နားလည် နိုင်တဲ့ အဆင့်တွေ မဟုတ်သေးဘူး..။ဒီလို အရာတွေကို အတင်းနားလည်ဖို့ ကြိုးစားရင်လည်း..အကျိုးမရှိနိုင်ဘူးလေ.."

ချီဂျီ နဲ့ ကျန်းတုန်တုန်..လင်းဖန်ကို ကြည့်လိုက်ပြီး..ခေါင်းကို ငုံ့လိုက်တယ်..။

"ခင်ဗျားက တကယ် ဒါရိုက်တာ ကျန်းရဲ့ ဆရာလား..."

လင်းဖန် သူတို့ကို ပြန်မဖြေပေ..။ကျိူးမင်ချင်းကပဲ ပြန်ဖြေလိုက်ပါတယ်..။

"သူက ငါ့ရဲ့ဆရာပဲ..။ဒီတစ်ကြိမ် မင်းတို့ သေချာ ကြိုးစားမှ ရမယ်...။ဒါက မင်းတို့ရဲ့ ဆေးပညာ အရည်အချင်းကို တိုးတက်စေမှာ အသေအချာပဲ..."

"သိပါပြီ.."

ချီဂျီ နဲ့ ကျန်းတုန်တုန် ဟာ ခေါင်းညိမ့်လိုက်ကြပါတယ်..။သူတို့ ကြည့်ရတာ လျိို့ဝှက်ချက်ကြီး တစ်ခုကို တွေ့လိုက်ကြတဲ့ အတိုင်းပါပဲ..။ဒါရိုက်တာ ကျန်းရဲ့ ဆရာဖြစ်ရလောက်အောင် ..လင်းဖန်ရဲ့ ကျွမ်းကျင်မူ တွေက ဘယ်လောက်ရှိလဲ သူတို့ သိချင်နေခဲ့ကြပါတယ်...။

ဒါရိုက်တာ ကျိုး က တရုတ်ဆေးပညာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဆိုတာ သူတို့ သိထားပြီးသားပါ..။သူတို့ဒါရိုက်တာ ကျိုး ရဲ့ သဘောကျမူကို လိုချင်တယ် ဆိုတာက..ဒီအဖွဲ့အစည်းကို ဝင်ခွင့်ရချင်တာလည်း ပါဝင်ပါတယ်..။သူတို့ အတွက်က တော့ ဒါရိုက်တာ ကျိူးက တကယ်လေးစားစရာ လူတစ်ယောက်ပါပဲ..။

သို့ပေမယ့် အခု ဒါရိုက်တာ ကျန်းရဲ့ ဆရာဆိုတာက..လူငယ်လေးတစ်ယောက် ဆိုတော့ သူတို့ကို အံ့ဩသင့်စေပါတယ်..။ဒါပေမဲ့ ဒီလူငယ်လေးမှာ..အံ့ဩစရာ ဆေးပညာ အရည်အချင်းတွေ ရှိတာကိုလည်း သူတို့ သိထားပြီးသားပါ..။မဟုတ်ရင် ဒါရိုက်တာ ကျန်းက သူ့ဆရာ အဖြစ်လုံးဝ လက်ခံမှာ မဟုတ်ပေ..။

"ဆရာ..ကျွန်တော်တို့..ကျောင်းနင် ရဲ့ ဘယ်နေရာကို သွားမှာလဲ..."

လင်းဖန် ပြုံးလိုက်ပြီး..

"အဲတာက မြို့တစ်မြို့ပဲ..ဘယ်နေရာမှာ လူနာ တွေ အများဆံူး ရှိနိုင်မယ် လို့ထင်လဲ.."

ကျိူးမင်ချင်း ပြုံးလိုက်ပြီး..

"ကျိန်းသေ ဆေးရုံတွေပဲ ဖြစ်မှာပေါ့.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဒါဆိုလည်း ဆေးရုံဝင်ပေါက်ကို သွားကြတာပေါ့..။မင်းတို့ နှစ်ယောက်က ကျောင်းနင်မှာ ဘယ်ဆေးရုံတွေက...အကြီးဆုံး..လဲဆိုတာ ရှာကြည့်ကြ..။ငါတို့ နေ့တိုင်း မတူညီတဲ့..နေရာတွေကို သွားကြတာပေါ့.."

ချီဂျီ နဲ့ ကျန်းတုန်တုန်ဟာခေါင်း ညိမ့်လိုက်ကြတယ်...။

"ကောင်းပါပြီ..."

ကျိူးမင်ချငိး စိုးရိမ်စွာ ပြောလိုက်ပါတယ်..။

"ဆရာ တကယ်လို့ ကျွန်တော် တို့ဆေးရုံ ဝင်ပေါက်ကို သွားရင် အဆင်ပြေပါ့မလား..."

"ဘာလို့ အဆင်မပြေရမှာလဲ..။ကျုပ်တို့ ဆေးရုံနဲ့ ပြိုင်ဆိုင်တာ မဟုတ်ပေမယ့်..ဆေးရုံဝင်ပေါက်မှာ တရုတ်ဆေးပညာ မလေ့ကျင့်ရဘူး လို့ စည်းမျဥ္းမရှိဘူးလေ.."

လင်းဖန် ပြောလိုက်တာပါ..။

ကျိူးမင်ချင်းဟာ ဒါကို အဓိပ္ပါယ်ရှိတယ် လို့ တွေးမိလိုက်ပါတယ်..။သူတို့က ပရဟိတ လုပ်နေတာဖြစ်တဲ့ အတွက်ကြောင့် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အတူတူပါပဲ..။ထပ်ပြောရရင်..ဒါကို ဆေးရုံကလည်း ဘာမှ ပြောမှာ မဟုတ်ပေ..။

ချီဂျီ နဲ့ ကျန်းတုန်တုန် တို့ဟာ လည်း ဆေးရုံဝင်ပေါက်မှာ လူနာတွေကို ကုသမှာကို တွေးပြီး စိတ်လှုပ်ရှားသွားခဲ့ကြပါတယ်..။

သို့ပေမယ့်..သူတို့ ကျောင်းနင်ကို ရောက်တဲ့ အချိန်မှာ ညရောက်နေခဲ့ပါပြီ..။

"ငါတို့ နေစရာ တစ်ခု အရင်ရှာကြရအောင် ချီဂျီ..။နေရာ ရှာတွေ့ပြီးလား...ဘယ်ဆေးရုံတွေက ကျောင်းနင်မှာ အကြီးဆံူးလည်း.."

လင်းဖန် မေးလိုက်တာပါ..။

ချီဂျီက ဖုန်းထဲမှာ နေရာတစ်ခုကို ရွေးထားပြီးသွားပါပြီ..။

"ဆရာလင်း..ကျောင်းနင် မြို့သား ဆေးရုံ က ကျောင်းနင်မှာ အကြီးဆံူးပဲ.."

"ကောင်းပြီ ဒါဆိုလည်း မနက်မိူးလင်းတာ နဲ့ အဲ့ဆေးရုံကိုပဲ သွားကြတာပေါ့.."

"ကောင်းပါပြီ.."

ချီဂျီ ပြန်ဖြေလိုက်တာပါ..။

ကျိူးမင်ချင်းဟာ အကူညီမဲ့ သွားခဲ့တယ်..။သူ့ဆရာ..ဒီလို လုပ်ချင်ပြီ ဆိုမှတော့ သူလည်း လိုက်လုပ်ရတော့မှာပါ..။ဆေးရုံဝင်ပေါက်မှာ လူနာတွေကို ပရဟိတ အနေနဲ့ လိုက်ကုသ ပေးရတာက သူ့အတွက်လည်း..ပထမဆံူး အတွေ့အကြုံပါပဲ..။

ယင်းနောက် သူတို့ ဟော်တည် တစ်ခုမှာ တည်းခိုလိုက်ကြပါတယ်..။

နောက်တစ်ရက်..။

ကျောင်းနင် မြို့သား ဆေးရုံတွင်..။

အပြင်ဘက်မှာ ကြီးမားတဲ့ကား ပါကင်ကြီး တစ်ခု ရှိနေခဲ့ပါတယ်...။

ဆေးရုံကို လာရောက်ကြတဲ့ လူနာတွေဟာ...သူတို့ကို သိချင်စွာလှမ်းကြည့်နေခဲ့ကြပါတယ်..။ဒီနေရာကို ဘယ်သူက ဘတ်စ်ကား ကြီးနဲ့ လာတာလဲ..သိချင်နေခဲ့ကြတာပါ..။

လင်းဖန် ကားပေါ်က ဆင်းပြီး အခြေအနေကို တစ်ချက်ကြည့်လိုက်တယ်..။ဒီဆေးရုံကို လာကြတဲ့ လူတွေက တစ်ကယ်ကို များကြတာပါ..။

ချီဂျီ နဲ့ ..ကျန်းတုန်တုန် တို့ဟာ စားပွဲကို ခင်းပြီး ကိရိယာ ပစ္စည်းကိရိယာတွေကို.. ပြင်ဆင်လိုက်ကြပါတယ်..။

လင်းဖန် ဘေးဘက်ကို လက်ညိုးထိုးပြလိုက်ပြီး..

"အဲတာကို ဒီဘက်ရွေ့လိုက်..။ငါတို့ လမ်းပေါက်ကို ပိတ်နေလို့ မရဘူးလေ.."

"ကောင်းပါပြီ ဆရာလင်း.."

ချီဂျီ..ခေါင်းညိမ့်ပြီး ရွေ့ပြောင်းလိုက်ပါတယ်..။

သူ တစ်ညလုံး စိတ်လှုပ်ရှားပြီး အိပ်တောင် မပျော်ခဲ့ပါဘူး..။

"ရာသီဥတုက..သာယာတယ်..။အရမ်းလည်း မပူဘူး.."

လင်းဖန် ကောင်းကင်ကို ကြည့်ပြီး ခေါင်းညိမ့်ကာ ပြောလိုက်တာပါ..။

"ဟေး..မင်းတို့ ဘာလုပ်နေကြတာလဲ.."

ယင်းနောက် ဆေးရုံလုံခြုံရေး တစ်ယောက်ဟာ ရောက်လာပြီ မေးလိုက်တယ်..။

"ဆေးပညာဆိုင်ရာ ..ပရဟိတ လုပ်နေတာ.."

လင်းဖန် ပြောလိုက်တာပါ..။

လုံခြုံရေး အစောင့်ဟာ ကြောင်အသွားခဲ့တယ်..။

"မင်းဘာပြောတာလဲ..။မင်းက ဆေးရုံဝင်ပေါက်မှာလာပြီး..အခမဲ့ ကုသပေးမယ် လို့ ပြောနေတာလား..."

လုံခြုံရေး အစောင့်ဟာ လင်းဖန် ပြောတာကြားပြီး..မကျေမနပ်ဖြစ်သွားခဲ့ပါတယ်..။

ဘယ်လို ဦးနှောက်ကနေ ဒီလို အကြံဥာဏ်မျိုး ထွက်လာတာ လဲ....

"ပြသနာ ရှိလို့လား.."

လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။

"မင်းတို့ကို ဒီမှာနေဖို့ ခွင့်မပြုဘူး..။တစ်ခြား တစ်နေရာရာကို သွားကြ.."

လုံခြုံရေး အစောင့်က ပြောလိုက်တာပါ..။

လင်းဖန် ပြုံးလိုက်ပြီး...

"ငါတို့ ဘာလု့ိ နေလို့ မရတာလဲ..။ငါကတော့ ဒီလမ်းကို ဆေးရုံက ပိုင်တယ်လို့ မထင်ဘူးနော်..။ထပ်ပြောရရင် ငါတို့က ဆေးဘက်ဆိုင်ရာ ပရဟိတ လုပ်ပေးနေတာ..။ဒါက တရားမဝင်ဘူးလား.."

"ဆေးရုံက လူနာ တွေကို ကုသပေးတယ်..။ငါတို့ကလည်း လူနာ တွေကို အခမဲ့ ကုသပေးမှာ..။ဘာ အခ​ေကြးငွေမှ ယူမှာ မဟုတ်ဘူး..။ဆေးရုံက..ငါတို့ ကြောင့် စီးပွားရေး ထိခိုက်မှာကို ကြောက်နေတာတော့ မဟုတ်ပါဘူးနော်.."

လင်းဖန် ထပ်ပေါင်းပြောလိုက်တာပါ..။

လုံခြုံရေး အရာရှိဟာ မျက်မှောင်ကျုတ်လိုက်ပြီး...

"မင်းဘာကို ဆိုလိုချင်တာလဲ..။ဆေးရုံက..လူတွေ ရောဂါ ပျောက်ကင်းအောင် လုပ်ပေးတဲ့ နေရာလေ..။ဘယ်တုန်းက စီးပွားရေး ဆန် ဖူးလို့တုန်း..။ကောင်းပြီလေ..ဒါဆိုလညး် မင်းတို့ ဆက်လုပ်ကြပေါ့..။မင်းတို့ ့ဘယ်အချိန်အထိ လုပ်နိုင်မလဲ ငါစောင့်ကြည့်နေမယ်...။ဒီနေ့ခေတ်လူတွေက..လည်ဝယ်လာကြပြီ..သူတို့ မင်းတို့ရဲ့ လှည့်စားမူထဲကို ကျမှာ မဟုတ်ဘူး.."

"ကျေးဇူးပဲ.."

လင်းဖန် ပြုံးလိုက်တယ်..။သူ ဒီမှာ နေလို့ရပြီး ဆိုမှ တော့ ဒီလူကို ထပ်ပြီး ဂရုစိုက်မနေတော့ပါဘူး..။

ထပ်​ေပြာရရင်..လင်းဖန် ဒီလို လုံခြုံရေး အဆင့်နဲ့ ငြင်းခုန် မနေချင်တော့ပေ..။ဒီလူကလည်း သူ့အလုပ်သူ လုပ်နေရတာပါ..။

ဖြတ်သွားဖြတ်လာတွေကတော့ လင်းဖန်တို့ ဘာတွေ လုပ်နေလဲ ဆိုတာကို ကြည့်နေကြပါပြီ..။

အရာရာတိုင်းက ပြင်ဆင်ပြီးသွားတဲ့ အချိန်မှာ

လင်းဖန် ဒီမှာ ထိုင်နေပြီး..စိတ်ရှည်စွာ စောင့်နေခဲ့ပါတယ်..။

လုံခြုံရေး အစောင့်ဟာ သူတို့ကို ကြည့်ပြ ခေါင်းခါယမ်း လိုက်တယ်..။ဆေးရုံရှေ့မှာ ဆေးဘက်ဆိုင်ရာ..ပရဟိတ လုပ်တယ် ဆိုတာက ဟာသတစ်ခုလိုပါပဲ..။

ဘယ်သူကများ သူတို့ဆီကို လာမှာလဲ..

သူထပ်ပြီးတောင် မတွေးချင်တော့ပေ...။

အစကတော့ ချီဂျီ နဲ့ ကျန်းတုန်တုန်တို့ဟာ ဒီကိစ္စကို ဂရုမစိုက်ကြပေမယ့်..အချိန်တွေ ကြာလာတာတောင်..သူတို့ ဆီကို ဘယ်သူမှ ရောက်မလာတော့ သူတို့ စိတ်ပူလာခဲ့ကြပါတယ်..။

"ဒါရိုက်တာ ..ဒီကို ဘယ်သူမှ မလာကြသေးပါလား.."

ချီဂျီ ပြောလိုက်တာပါ..။

ကျိူးမင်ချငိး ခေါင်းညိမ့်လိုက်တယ်..။

"စိတ်ရှည်ရှည်ထား..."

ဒါရိုက်တာက ဒီလို ပြောလာမှတော့ သူတို့ဘာမှ မတတ်နိုင်တော့ပေ..။သူတို့ ထိုင်ပြီး စောင့်ယုံသာ တတ်နိုင်ပါတော့တယ်..။

သူတို့ကို ..ကြည့်နေကြတဲ့ လူတွေ အများကြီး ရှိပေမယ့် ဘယ်သူကမှတော့လာပြီး အကူညီ မတောင်းကြပါဘူး..။

ယင်းနောက် မိန်းမကြီး တစ်ယောက်ဟာ..လျောက်လာခဲ့ပြီး အခြေအနေကို အကဲခတ်ကာ မေးလိုက်တယ်..။

"မင်းတို့က..ဆေးပညာ ပရဟိတ လုပ်ကြတာလား

.."

"ဟုတ်ပါတယ်..."

ချီဂျီ ..ချက်ချင်းပြန်​ဖြေလိုက်ပါတယ်..။သူမက သူတို့ရဲ့ပထမဆုံး လူနာဆိုတော့ နွေးထွေးစွာ ကြိုဆိုကြရမှာပါ..။

မိန်းမကြီးဟာ ပြောလိုက်တယ်..။

"ငါ..သွေးပေါင်ချိန်ကြည့်ချင်လို့.."

ချီဂျီ ကြောင်အသွားပြီး ရှက်ရွံ့စွာ ပြန်ဖြေလိုက်ပါတယ်..။

"တောင်းပန်ပါတယိ..ကျွန်တော်တို့ ဒီမှာသွေးပေါင် မချိန်ပေးပါဘူး.."

"မင်း သွေးပေါင်တောင် မချိန်ပေးနိုင်ပဲနဲ့ ဒီမှာ လုပ်နေကြတာလဲ..."

မိန်းမကြီးဟာ မပျော်မရွှင်ဖြစ်သွားခဲ့တယ်..။

ချီဂျီ ပြန်ဖြေလိုက်တယ်..။

"အန်တီ..ကျွန်တော်တို့က..ဒီကို လူနာတွေကူသပေးဖို့လာတဲ့ တရုတ်သမားတော်တွေပါ.."

မိန်းမကြီးဟာ ခေါင်းခါယမ်းလိုက်တယ်..။

"ဆေးရုံက ဒီမှာလေ..။လူနာတွေက ကျိန်းသေ ဆေးရုံကိုပဲ သွားကြမှာပေါ့..ဘယ်လိုဟာသ မျိုးလဲ..."

ယင်းနောက် မိန်းမကြီးဟာ လှည့်ထွက်သွားခဲ့တယ်..။

ချီဂျီဟာ..ဒါရိုက်တာ ကျိုးနဲ့ မာစတာ လင်းကို အကူညီမဲ့စွာ ကြည့်လိုက်မိပါတယ်.။အခြေအနေက တော့ အတော်ကို စိတ်ပျက်စရာပါပဲ.။

သို့ပေမယ့် လင်းဖန်ကလည်း ဒီလို လူတွေကို စောင့်နေတာ မဟုတ်ပေ..။သူက တကယ်အကူညီလိုတဲ့ လူတွေကိုပဲ စောင့်နေတာပါ..။

All Chapters