← Chapters

ဒါ...ဒါက...

Vol. 31 Ch. 461

ဒါ...ဒါက...

Vol. 31 Ch. 461

#ဘာသာပြန် = စနိုးဝှိုက်

မြို့သား ဆေးရုံ၏ ကလေး အထူးကု ဌာန တွင်..။

ဇနီးမောင်နှံ နှစ်ယောက်ဟာ အတော်ကို စိတ်ပူနေခဲ့ကြပြီး..

"ဒေါက်တာ ကျွန်မ တို့ ဘာလုပ်သင့်လဲ..."

ကလေး ဆရာဝန်ဟာ.. ခေါင်းခါယမ်း လိုက်ပြီး...

"ခင်ဗျားတို့ လုပ်နိုင်တာ ဘာမှ မရှိဘူး..။ကျွန်တော်က တော့ ရှန်ဟိုင်းနဲ့ ဘေဂျင်းက ကလေး ဆေးရုံကြီးတွေကို သွားဖို့ အကြံဥာဏ်ပေးချင်တယ်...။ကျုပ်တို့ ဒီရောဂါကို ဒီမှာ ကုသလို့ မရဘူး..."

ဇနီးမောင်နှံနှစ်ယောက်ဟာ အကူအညီ မဲ့သွားခဲ့တယ်..။သူတို့ရဲ့ ကလေးက အသက် ၅ နှစ်ပဲ ရှိပါသေးတယ်..။လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက သူက အားနည်းတဲ့ ရောဂါကို ခံစားနေရတာပါ..။သူက တစ်နေ့ကို နာရီ ၂၀ လောက်အိပ်တောင် နိူးလာရင် အားနည်း နေပါသေးတယ်..။

သူဟာ တစ်ခြားကလေး တွေလို တက်ကြွမူ လည်း မရှိတော့ပေ..။အစပိုင်းကတော့ မိဘတွေဟာ..သတိမထားမိပဲ သူတို့ကလေး ကစားရတာ မောပန်းလို့ပဲ ထင်ခဲ့ကြတာပါ..။သို့ပေမယ့် နောက်ပိုင်းမှာ တစ်ခုခုမှားနေတာကို သူတို့ သတိထားမိလိုက်ကြပါတယ်..။

သူတို့ သိသိချင်းမှာပဲ..ဆေးရုံကို ခေါ်သွားလိုက်ကြပေမယ့်..ဆရာဝန်က ရှားပါးရောဂါလိူ့ ပြောလာခဲ့တာပါ..။ကမ္ဘာပေါ်မှာတောင် ဒီလို ရောဂါ များများ စားစား မရှိပါဘူး..။သူတို့ ကျောင်းနင် ဆေးရုံမှာ ရက်အနည်းငယ် ကုသခဲ့သေးပေမယ့်လည်း ဘာမှ တိုးတက်မူ မရှိပေ..။

"ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ..."

ကလေးဟာ စိတ်ပူနေခဲ့ပါတယ်..။ဒါက ဒီလို ဆက်ဖြစ်နေလို့မရပေ...။

"ဆေးရုံကြီးကို ပဲသွားကြရအောင်..။ငါတို့ ရှန်ဟိုင်း ကလေး ဆေးရုံကြီးကို ပဲ ..သွားကြမယ်.."

အမေဖြစ်သူဟာ ပြောလိုက်တာပါ..။

ကလေးအဖေ ခေါင်းညိမ့်လိုက်တယ်..။

"ဒါက ငါတို့ အကောင်းဆံူး လုပ်နိုင်တာပဲ. "

…

ဆေးရုံ အပြင်ဘက်တွင်..။

လင်းဖန် တို့ဆီကို ဘယ်သူမှ မလာခဲ့ကြပေ..။ဆေးရုံကားတွေဟာလည်း အဆက်မပြတ် ဖြတ်သွားနေခဲ့ပါတယ်..။သို့ပေမယ့် သူတို့ဟာ ကြည့်ယုံသာ ကြည့်သွားခဲ့ကြတယ်..။တစ်ချို့ ဖြတ်သွား ဖြတ်လာတွေဟာလည်း..သိပ်ပြီး ဂရုမစိုက်ကြပေ..။

လူတွေက ဆေးရုံကိုပဲ..ပိုပြီး ယုံကြည်ကြပါတယ်..။

လင်းဖန် နဲ့ ကျိုးမင်ချင်းတို့ အေးဆေး ထိုင်နေခဲ့ကြတယ်..။သူတို့ ဆီမှာ ဘာ လူနာမှ မရှိသေးပေမယ့်လည်း..သူတို့ လုံးဝ စိတ်ပူတဲ့ပုံ ပေါက်မနေခဲ့ပါဘူး..။သို့ပေမယ့်..ချီဂျီ နဲ့ ကျန်းတုန်တုန်..တို့ဟာ အတော်ကို ပဟေဠိဖြစ်နေခဲ့တယ်..။နေ့တစ်ဝက်လောက် ရှိပြီးတာတောင် ..ဘာဝိဥာဥ္ မှ ..ဆိုင်ကို မလာကြသေးပါဘူး..။

ယင်းနောက် လင်းဖန် ပြောလိုက်တယ်..။

"ခနလောက်..စောင့်ကြဦး..."

ဇနီးမောင်နှံ နှစ်ယောက်ဟာ..ဆေးရုံထဲကနေ ကလေးကို ခေါ်ပြီး လျောက်ထွက်လာခဲ့ပါတယ်..။သူတို့ ပုံစံက အတော်ကို စိတ်ပျက်နေခဲ့တာပါ..။ယင်းနောက် လင်းဖန် သူတို့ ကို လှမ်းခေါ်လိုက်ပြီး မေးလိုက်တယ်..။

"ခင်ဗျား တို့ရဲ့ကလေးက..တစ်ခုခု ခံစားနေရတယ်..။ဘာလို့ ဒီကို လာပြီး ကျွန်တော်တို့ကို မကြည့်ခိုင်းတာလဲ.."

ကလေးအမေ ဟာ သွားစရာ မရှိဖြစ်နေတော့ လင်းဖန် ဆီကို လျောက်သွားဖို့ လုပ်လိုက်ပါတယ်..။သို့ပေမယ့် ကလေးအဖေဟာ..အနည်းငယ် စိုးရိမ်သွားခဲ့တယ်..။

လင်းဖန် ပြုံးလိုက်ပြီး..

"ဘာမှ စိတ်ပူဖို့ မလိုဘူး..။ကျွန်တော်တို့က တရုတ်ဆေးပညာ အဖွဲ့အစည်းကနေ..ဒီကို ဆေးပညာ ပရဟိတ လာလုပ်တာ..."

ဇနီးမောင်နှံ နှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး လင်းဖန်ကို ကြည့်လိုက်ကြပါတယ်..။ယင်းနောက် သူတို့ ကျိူးမင်ချင်းကို ကြည့်လိုက်တယ်..။ကျိုးမင်ချင်း..က အသက်ကြီးနေပြီ ဆိုတာ တွေ့မှ သူတို့ စိတ်သက်သာရာ ရသွားခဲကြပါတယ်..

"ဆေးရုံက ဆရာဝန်တွေက..သူ့ကို..မကုသနိုင်ကြတော့ဘူး..။သူတို့ပြောတာက..ကလေးရဲ့ရောဂါက..ရှားပါးပြီး..ဘေဂျင်းနဲ့ ရှန်ဟိုင်းမှာ ကုသမှ ရမယ်တဲ့..."

ကလေးရဲ့ အမေဟာ ပြောလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်ပြီး ဘာမှ မပြောခဲ့ပေ..။ယင်းနောက် ..သူ့အဖေ လက်ထဲက..ကိုင်ထားတဲ့ ကလေးကို ကြည့်လိုက်ပြ..

"မင်ချင်း သူ့ကို ကြည့်လိုက်ပါဦး..."

ကျိူးမင်ချငိး ခေါင်းညိမ့်လိုက်တယ်..။သူ ကလေးရဲ့ လက်က တစ်ဆင့် ..သွေးခုန်နှုန်းကို စမ်းပြီး..ပါးစပ်ဟခိုင်းကာ..လျာကို စစ်ဆေးကြည့်လိုက်တယ်..။

"သွေးခုန် နှုန်းက တည်ငြိမ်တယ်..။ဒါပေမဲ့..ဒါက တစ်ချက်ချင်း အမြန်သွားနေတာ..။သူ့ ခန္တာကိုယ်ကလည်း ဘာမှ မှားမနေဘူး..။သွေးခုန်နှုန်း တည်ငြိမ်တာက ပြသနာ မဟုတ်ဘူး..ဒါပေမဲ့..တစ်ချက်ချင်း မြန်နေတာက.ပြသနာပဲ..။ကုသမူ အနေနဲ့တော့..အရင်ဆုံး သူ့ရဲ့ တုန့်ပြန်မူကို စစ်ဆေးပြီး..တရုတ်ဆေးဝါးနဲ့ပဲ ကုသရမယ်..."

ချီဂျီ ပြောလိုက်တယ်..။

"ဒေါက်တာ..သူ ဟိုက်ပါဆွန်းနီးယား..( အိပ်ပျော်လွန်ပြီး အားနည်းတဲ့ ရောဂါ..)..ခံစားနေရတာလား.."

ကျိူးမင်ချင်း ခေါင်းခါယမ်း လိုက်တယ်..။

"ဒါက ဟိုက်ပါဆွန်းနီးယား ရောဂါမဟုတ်ဘူး..။ဟိုက်ပါဆွန်းနီးယားက ဒီလို လက္ခဏာတွေ ရှိတာ မဟုတ်ဘူး..။အဲဒါက မှတ်သားရလွယ်တယ်..။ထပ်ပြောရရင် မြို့သား ဆေးရုံက သာမန်ဆေးရုံ မဟုတ်လောက်ဘူးလေ..။သူတို့..ဒါကို သိပြီးသားဖြစ်မှာပါ..။

"အာ..."

ကလေးရဲ့ မိဘတွေဟာ..ကျိူးမင်ချင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြတယ်..။

"ကျွန်တော် တို့ ကလေးကိုဒီကို စခေါ်လာတုန်းက ဒေါက်တာက ဟိုက်ပါဆွန်းနီးယား လို့ထင်ခဲ့တာ..။ဒါပေမဲ့ အဆင့်ပေါင်း များစွာ စစ်ဆေးပြီးမှ ဟိုက်ပါဆွန်းနီးယား မဟုတ်မှန်း သိလိုက်ရတာ..။ခင်ဗျားက တစ်ချက်ထဲကြည့်ပြီး ဘယ်လိုသိတာလဲ.."

ကျန်းတုန်တုန် ဂုဏ်ယူစွာ ဝင်ပြောလိုက်တယ်..။

"ဒါက ကျွန်မတို့ အကယ်ဒမီရဲ့ ဒါရိုက်တာ လေ..။သူ့ရဲ့ ဆေးပညာက ထိပ်တန်းမှာ ရှိတယ်..။သူက သွေးခုန်နှုန်းစမ်းတာနဲ့ ဘာတွေဖြစ်နေလဲ သိတာ မထူးဆန်းပါဘူး.."

ယင်းနောက် လူတွေဟာ စတင်ပြီး ဝိုင်းလာခဲ့ကြပါတယ်..။သူတို့. လူတစ်ချို့ ..ဒီပရဟိတ ကုသပေးတဲ့ နေရာကို လာတာ တွေ့တာနဲ့ ဘာတွေဖြစ်နေလဲ ဆိုတာ လာစပ်စုကြတာပါ.။

ကျိုးမင်ချင်းဟာ ဘေးနားမှာ ဖြစ်နေတာတွေကို ဂရုမစိုက်ပေ..။ယင််းနောက် သူ လင်းဖန်ကို မေးလိုက်တယ်..။

"ဆရာ..တကယ်လို့ ရောဂါက ဟိုက်ပါဆွန်းနီးယား ဆိုရင် ကျွန်တော် ဆေးဝါးပေးပြီး ကုသလို့ရတယ်..။အခုက..ဘာဖြစ်နေတာလဲ ဆိုတာ ကျွန်တော် မရှာနိုင်လို့ ဆရာ တစ်ချက်ကြည့်ပေးပါဦး..."

"ကောင်းပြီလေ.."

လင်းဖန် ခေါင်းညိမ့်ပြီး လက်ဆန့်တန်း လိုက်တယ်..။

"ကလေးကို ဒီီကို ပေး.."

ဇနီးမောင်နှံဟာ ကြောင်အသွားပြီး..ကျိုးမင်ချင်းကို ကြည့်လိုက်ပါတယ်..။ဒီလူငယ်လေး ဘာတွေလုပ်ချင်နေတာလဲ သူမသိတော့ပါဘူး..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဒါက ငါ့ရဲ့ ဆရာပဲ..။သူ့ရဲ့ ဆေးပညာက ငါနဲ့ အဆ ထောင်ပေါင်းများစွာ ကွာခြားတယ်..။သူ့ကို ကြည့်ခိုင်းလိုက်..မင်းတို့ကလေးကို ကုသပေးနိုင်မှာ ကျိန်းသေတယိ.."

ဇနီးမောင်နှံ နှစ်ယောက်ဟာ မယုံကြည်ခဲ့ပေ..။မသိ ရင် သူတို့ နားကြားမှား လိုက်ကြသလိုပါပဲ..။

ဒီလူငယ်လေးက ..ဒီအဖိုးကြီးရဲ့ ဆရာလား....။ဒါ..ဒါက....

ဘေးနားက..လူအုပ်ကြီးဟာ..မယုံကြည်နိုင်ကြပဲ တီးတိုးပြောနေခဲ့ကြပါတယ်..။

သူတို့ တစ်ခုခုမှားနေပြီ လို့တောင် ခံစားနေကြရတာပါ..။

လူငယ်လေး တစ်ယောက်က အဖိူးကြီး တစ်ယောက်ရဲ့ ဆရာ ဆိုတာ ..သူတို့ ပထမဆုံးမြင်ဖူးတာပါပဲ..။

လင်းဖန် ကလေးကို ယူလိုက်ပြီး ..ခန္တာကိုယ်အစိတ်အပိုင်း အနည်းငယ်ကို ဖိကြည့်လိုက်ပြီး

"ဒီသွေးကြောဆုံမှတ် အချို့က လူတစ်ယောက်ရဲ့ ခန္တာကိုယ်မှာ သွေးလည်ပတ်ဖို့ အရမ်းအရေးကြီးတယ်..။ဒါက သွေးလည်ပတ်မူကို အရမ်းအထောက်အကူပြုတယ်လေ..။ကျုပ်ကို ငွေအပ်တစ်ချောင်းပေး.."

ကျိူးမင်ချင်းဟာ ငွေအပ်တစ်ချောင်းကို အလျင်အမြန် ကမ်းပေးလို်က်ပါတယ်..။ချီဂျီ နဲ့ ကျန်းတုန်တုန်ဟာ တစ်ခုခု လွဲမှားသွားမှာ ကြောက်လို့ သေချာ ကြည့်နေခဲ့ကြတယ်..။

ချီဂျီဟာ လင်းဖန် ပြောတဲ့ ဆုံမှတ်တွေကို ချက်ချင်းချရေးပြီး မှတ်သားလိုက်ပါတယ်..။တရုတ်သမားတော် တစ်ယောက်အနေနဲ့ လူတစ်ယောက်ရဲ့ ခန္တာကိုယ်မှာ ရှိနေတဲ့ အမှတ်တွေ အကုန်လုံးကို သိနေဖို့ လိုအပ်ပါတယ်..။သူတို့ ဒါတွေ အကုန်လုံးကို မမှတ်နိုင်ရင် ဆေးကုစားလို့ မရပါဘူး..။

လငိးဖန် ခေါင်းမော့လိုက်ပြီး...

"စိတ်မပူနဲ့..ဆုံမှတ်တစ်ခုကို ငွေအပ်တစ်ချောင်း စိုက်တာက ဘာအန္တရာယ် မှ မရှိဘူး..။ခင်ဗျားရဲ့ ကလေး မကြာခင် ပြန်ကောင်းသွားလိမ့်မယ်..."

ဘေးနားက ကြည့်နေတဲ့ လူတစ်ယောက်ဟာ ဖြတ်ပြောလိုက်တယ်..။

"ညီအစ်ကို..မင်းနောက် နေတာလား..။သူတို့ကို ဆေးရုံကတောင် ဘာမှ မလုပ်ပေးနိုင်တာကို..မင်းက လုပ်ပေးနိုင်တယ် လို့ ပြောနေပါလား.."

လင်းဖန် ပြုံးပြီး ဘာမှ ပြန်မပြောပေ..။ယင်းနောက်ဘသူ..ငွေအပ်ကို..ဖန်းလောင် ဆုံမှတ်မှာ စိုက်လိုက်ပါတယ်..။ရုတ်တရက် ကလေးရဲ့ မျက်တောင်ဟာ အပေါ်ကို မြောက်တက်သွားခဲ့တယ်..။

"ကြည့် သူ့မျက်တောင် အပေါ်တက်သွားပြီ..။ဒီဆုံမှတ်က သူ့ကို လှုံ့ဆော်လိုက်လို့ပဲ..။နောက်ထပ် ငွေအပ်တစ်ချောင်းပေး..."

လငိးဖန် ပြောလိုက်ပြီး ဇနီးမောင်နှံနှစ်ယောက်ကို ကြည့်လိုက်တယ်..။

"ကျုပ် နောက်ထပ် အပ်တစ်ချောင်းကို သူ့ခေါင်းမှာ စိုက်ရမှာ..။စိတ်လည်း မပူနဲ့ ကြောက်လည်း မကြောက်နဲ့..။ဘာအမှားမှ မဖြစ်ဘူး..။ပြီးတော့ အနားမှာ ရုတ်ရုတ်သဲသဲတွေ မလုပ်နဲ့..တစ်ခုခုမှားသွားရင် အန္တာရယ်ဖြစ်မှာစိုးလို့ ကြိုပြောထားတာ.."

ဇနီးမောင်နှံဟာ ကြောင်အသွားခဲ့တယ်...။

"ကလေး အန္တာရာယ် ရှိနေတာလား..."

လင်းဖန် ပြုံးလိုက်ပြီး...

"အဲတာက ခင်ဗျားတို့..လာပြီးရှုပ်ရင် ပြောတာ..။စိတ်မပူနဲ့..သူဘာမှ ဖြစ်မှာမဟုတ်ဘူး..။ကျုပ်တို့ ဆေးရုံ အပေါက်ဝ မှာ လူနာတွေ ဒုက္ခရောက်အောင် လုပ်ဖို့ လာတာ မဟုတ်ဘူးလေ..။ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျုပ်တို့ရဲ့ဆေးလက်မှတ်ကို ကြည့်ချင်ကြည့်လို့ရတယ်..."

ကလေးမိဘတွေဟာ ခေါင်းကို ငုံ့ပြီး..ဆေးလက်မှတ်ကို ကြည့်လိုက်ပါတယ်...။

လင်းဖန် နောက်ထပ် ငွေအပ်တစ်ချောင်းကို ဘိုင်ဟွေး အမှတ်မှာ 1.5 လက်မလောက် အလျင်အမြန်စိုက်လိုက်ပါတယ်..။

ကလေး မိဘတွေ ကြည့်လိုက်တဲ့ အချိန်မှာ တော့..အပ်က စိုက်ပြီးသွားပါပြီ..။

လင်းဖန်..အစောက စိုက်ထားတဲ့ အပ်ကို သိမ်မွေ့စွာ ပြန်ဆွဲထုတ်လိုက်တယ်..။သူ ဒီလို လုပ်တာ အလွန်လျင်မြန်တာကြောင့်..ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ..။ယင်းနောက် သူ ကလေးရဲ့ ခြေထောက်ကို ကိုင်ကာ..သူရဲ့ လက်မနဲ့ ဖိလိုက်တယ်..။

ရုတ်တရက် အိပ်ပျော်နေတဲ့ ကလေးဟာ စတင်ပြှီး..ငိုကြွေးပါတော့တယ်..။

လင်းဖန် ငိုနေတဲ့ ကလေးကို မြေကြီးပေါ် ချထားလိုက်တယ်..။ကလေးဟာ.ငိုပြီးတော့..သူ့ရဲ့ မိဘတွေ ဆိီကို လျောက်သွားနေခဲ့ပါတယ်..။

လူအုပ်ကြီးဟာ..ဒီလို ကုသမူကို မြင်ပြီး ကြောင်အနေခဲ့ပါပြီ..။

ဒါ...ဒါက...

All Chapters