← Chapters

အခန်း (၄၆၂)

Vol. 31 Ch. 462

အခန်း (၄၆၂)

Vol. 31 Ch. 462

#ဘာသာပြန် = စနိုးဝှိုက်

"ချီးပဲ..ပြီးသွားပြီလား..."

"ဒါက..ဒါက အရမ်းမြန်လွန်းနေတယ်နော်.."

"ဒါက..ပူးပေါင်းလုပ်ကြံနေကြတာလား..။ဒီရက်ပိုင်း ပုံမှန်မဟုတ် တာတွေနဲ့ ကြုံနေရတယ်..."

ဘေးနားက လူအုပ်ကြီးဟာ ကြောင်အနေပြီး ဆွေးနှေးနေခဲ့ကြပါတယ်..။ဒါက လုံးဝကို မယုံကြည်နိုင်ဖို့ကောင်းတာပါ..။

ဇနီးမောင်နှံဟာ သူတို့ ရဲ့ကလေးကို အံ့ဩသင့်စွာ ပှေ့ချီလိုက်တယ်..။သူတို့ ဆေးရုံမှာ..အချိန်တွေ အကြာကြီး..ပိုက်ဆံတွေ အကုန်ခံ တက်နေတာတောင် ကလေးကို နိုးလာအောင် မလုပ်နိုင်ကြပါဘူး.။

ဒီမှာ ခနလေးနဲ့..ဘယ်လို ဖြစ်နိုင်မှာလဲ...

သို့ပေမယ့်. ဘေးနားက လူတွေ ရဲ့ပြောဆိုခက်ြတွေကြောင့် သူတို့..ဆေးဝါး ကုန်ကျစရိတ် ဖွတျပိုင်းကိုထုတ် ပွလိုက်ပါတယ်..။

"ကြည့် ဒါက ကျုပ်တို့ရဲ့ ကုန်ကျစာရိတ်ဖြတ်ပိုင်းပဲ..။ကျွန်တော်တို့ အခုမှ ဆေးရုံထဲက ထွက်လာပြီး ရှန်ဟိုင်း ကလေး ဆေးရုံကြီးကို သွားဖို့ ပြင်ဆင်နေတာ..."

လူအုပ်ကြီးဟာ ဖြတ်ပိုင်းကို မယုံကြည်နိုင်စွာ ကွည့်လိုက်ကြတယ်..။

"မဖြစ်နိုင်တာ..။ကလေးရဲ့ ရောဂါကို ..မြို့သားများဆေးရုံ က တောင်..မကုနိုင်တာကို..ဒီမှာ ခနလေးနဲ့ ကုသနိုင်တာလား..."

"ချီးပဲ ငါဘာပြောရမလဲ တောင် မသိတော့ဘူး..။တကယ်ကြောက်စရာပဲ.."

…

ချီဂျီ နဲ့ ကျန်းတုန် တုန်ဟာ လည်း ကြောငျအနခေဲ့ကြတယ်..။သူတို့ ဒီခရီးမှာ စာအုပ်ထဲမှာတောင် မသင်ကြားဖူးတဲ့ အသိပညာတွေ တွေ့နေတယ် လို့ ခံစားနေရပါတယ်..။

လငိးဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ဆေးရုံက သူ့ကို မကုသနိုင်တာ မဟုတ်ဘူး..။တရုတ်ဆေးပညာက..လူတစ်ယောက်ရဲ့..ရောဂါ အခွအေနကေို ..သေချာစစ်ဆေးပြီး.. ရှင်းလင်းအောင် ကုသနိုင်တယ်လေ..။အ​နောက်တိုင်း

ဆေးပညာကြ တော့ ဒီထက် နည်းနည်း ရှုပ်ထွေးတယ်.."

ကလေးရဲ့ ထူးဆန်းတဲ့ ရောဂါက ကုသဖို့ ခက်ခဲတဲ့ ရောဂါမဟုတ်ပါဘူး..။သူ..လိုအပ်တဲ့..သွေးကွော ဆုံမှတ်ကို လိုက်ရှာလိုက်ယုံပါပဲ..။စွယ်စုံကျမ်းမှာ ဒီရောဂါကို ကုသဖို့ နည်းလမ်းရှိပြီးသားဖြစ်ပြီး သူက အဲ့တိုင်း လိုက်လုပ်ပေးလိုက်ရင် ရပါပြီ...။

တကယ်လို..ဒီနည်းလမ်းသာ..အပွငျကို ပေါက်ကွားသွားရင် နောက်ထပ် သမိုင်းတွင်မယ့် ကိစ္စရပျတှေ​တောင် ဖြစ်သွားနိုင်တာပါ..။

"ကျေးဇူးပါ.."

ကလေးရဲ့ မိဘတွေဟာ..တကယ်ကို ကျေးဇူးတင်နေကြပါပြီ။ သူတို့ကလေးရဲ့..အခွအေနကေသူတို့ ကိုအ​တော် စိတ်ပူစေခဲ့ပါတယ်..။အခု ဒီကိစ္စက ဖြေရှင်းပြီးသွားပြီ ဆိုတော့..သူ့တို့ ပုခုံးပေါ်က အလေးအပငိကြီး အောက် ကို ပြုတျကသြွား သလိုပါပဲ..။

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး..။ဒီမှာတင် မပြီးသေးဘူး..။ခင်ဗျားတို့ကို ကျုပ်ဆေးညွှန်းရေးပေးလိုက်မယ်..။တရုတ်ဆေးဆိုင်တွေကို သွားပြီး ဒီဆေးတွေကို သွားရှာပေါ့..။ပြီးတော့ တစ်နေ့နှစ်ကြိမ် တိုက်ရမယ်..မနက်တစ်ကြိမ်..ညတစ်ကြိမ်..။တစ်ပတ်ပြီးရင် ရပ်လိုက်လို့ ရပြီ..။စိတ်မပူနဲ့..ဒီဆေးက ဘာဘေးထွကိဆိုးကျိုးမှမရှိဘူး..။ဒါက ကလေး ခွန်အား ပြန်ပြည့်လာဖို့ အတွက်ပဲ.."

"ကျေးဇူးပါ..နတ်ဆေးဆရာ လေး..။ကျေးဇူးပါ..ဒီဆေးကုသမူ အတွက် ဘယ်လောက်လဲ မသိ..။ကျွန်တော် တို့ ပေးပါ့မယ်.."

ကလေးရဲ့ မိဘတွေဟာ..လင်းဖန် ကို လေးစားနေကြပြီး..သူတို့အတှကျ က​တော့..ဒီလူငယ်လေးက နတိဆေးဆရာ တစ်ယောက်လိုပါပဲ..။

"ရပါတယ်..ကျွန်တော်တို့က ဒီမှာ အခမဲ့ ကုသ

ပေးနေတာ..။အမွနျ သှားပြီး ဆေးဝယ်လိုက်ဦး..။ပထမ ဆုံးဆေးကို ဒီညက စပြီး သူ့ကို တိုက်ရမှာ..."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

"ကောငိးပါပြီ ကောင်းပါပြီး.."

ကလေးရဲ့ မိဘတွေဟာ ခေါင်းညိမ့်လိုက်တယိ..။ယင်းနောက်..သူတို့ နှုတ်ဆက်ပြီး ကလေး အတှကျ ဆေးဝယ်ဖို့ အလျင်အမွနျ ထှကျသွားခဲ့ကြပါတယ်..။

…

"ဆရာ..ဒီနောက်ကွယ်က ..အကြောင်းအရင်းက..ဘာများလဲ.."

ကျိုးမင်ချငိးမေးလိုက်တာပါ..။


"တကယ်တော့ ဒီရောဂါမျိုးက ကုသဖို့ ဘာမှမခက်ခဲဘူး..။အရမ်းရိုးရှင်းပြီးလွယ်ကူတယျလို့ ပြောလို့ရတယ်..။ခင်ဗျားတို့ မသိသေးတာပဲ ရှိတာ..။လီဂျီ ဖြစ်ပျက်သမျှ အရာရာတိုင်းကို မှတျထား..။ပြန်ရောက်တဲ့ အချိန်ကျရင် အကုန် ရှင်းပြပေးမယ်.."

ကျိုးမင်ချငိး ကျေနပ် သွားခဲ့တယ်..။တစ်ချိန် တည်းမှာပဲ သူ့ဆရာ ရဲ့ဆေးပညာ ကို ပိုပိုပြီး လေးစားလာခဲ့ပါတယ်..။

ချီဂျီဟာ တစ်ချို့အရာတွေကို ပြုလုပ်ပုံ

အကုန်မသိပေးမယ့်လည်း အတတ်နိုင်ဆူံး ကြိုးစားပြီး မှတျသားလိုက်ပါတယ်..။

ဘေးနားက လူအုပ်ကြီးဟာ ရှေ့ကို တက်လာခဲ့ပွီး..

"မင်းတို့ အကုန်လုံးက တရုတ် သမားတော်တွေလား..မင်းတို့ ဘာတွေ ကုသနိုင်သေးလဲ.."

ဒီ​မေးခွန်းက ကျိုးမင်ချင်နဲ့ ကျန်တဲ့ လူတွေ ဖြေဖို့ အတွက် အလွယ်ကူပါဘူး...။လင်းဖန် ပြုံးလိုက်ပြီး

"ကျုပ်တို့က မကုသခင် ရောဂါ အခြေအနေကို ကြည့်ဖို့ လိုသေးတယ်.."

"ကင်ဆာ ဆိုရင်ရော.."

မြို့သား တစ်ယောက်က မေးလိုက်တာပါ..။

လင်းဖန် မဖြေခင်မှာပဲ တစ်စုံတစ်ယောက်ဟာ ဝင်ဖြေလိုက်ပါတယ်...။

"ခင်ဗျားနောက်နေတာလား..။ကင်ဆာ ဆိုတာက ကုသလို့ မရတော့တဲ့ ရောဂါပဲ..။ခင်ဗျားက ဒီရောဂါကို ကုသလို့ရမယ် လို့ထင်နေတယ်ပေါ့.."

မြို့သားဟာ ပြန်ဖြေလိုက်တယ်..။

"မဟုတ်ဘူး..မင်းသတင်းတွေ မဖတ်ဘူးလား..။နတ်ဘုရား ဆရာဝန် တစ်ယောက် ဆေးရုံတွေမှာ ရုတ်တရက် ပေါ်လာပြီး..ကင်ဆာ လူနာတွေကို ကူသပေးသွားတာလေ.."

"ဒါက သတင်းအတုပဲ..။ဒါက ဆေးရုံတွေ တမင်တကာ ဖန်တီးတာလို့ ငါကြားထားတယ်..။အဲ့ဆေးရုံ တွေကိုကြည့်..။လူနာတွေက အမြဲတမ်း ပြည့်နေတာ..။ဒီသတင်းက သူတို့ဆေးရုံကို ကြော်ငြာဖို့ သက်သက်ပဲ..။ဒီလူတွေက ကင်ဆာကို ကူသနိုင်ရင် ဒီမှာတောင် ပရဟိတ လာလုပ်နေတော့မှာ မဟုတ်ဘူး..။သူတို့ ဘာလို့ ဒီလိုလာလုပ်တာလဲ ဆိုတာတောင် ငါသိချင်မိတယ်..."

"ဒါအမှန်ပဲ.."

လင်းဖန် ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ..။သူ ပြန်မဖြေတဲ့အကြောင်းအရင်းက..ဘာမှ ပြန်ပြောနေစရာ မလိုအပ်ဘူးလို့ ခံစားရလို့ပါ..။

ကင်ဆာ က ကုသလို့ မရနိုင်တဲ့ ရောဂါမျိုး ဆိုတာ အမှန်ပါပဲ.. ။ဒါပေမဲ့ သူ့မှာ စွယ်စုံကျမ်းရဲ့ အကူအညီရှိလို့ ​ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်..။သူသာ ကင်ဆာကို ပျောက်အောင်ကုသလိုက်ရင် ပြသနာ တော့မရှိပေမယ့်..သူ ကင်ဆာရောဂါသည်တွေကို ဆက်တိုက်ကုသ ရတော့မှာပါ..။

ဒါကြောင့် သူကင်ဆာ ရောဂါ သည်တွေနဲ့ တွေ့ရင် ခနလောကိ လျိုဝှက်နေဖို့ လိုအပ်ပါတယ်..။

သို့ပေမယ့် သူ ကုနိုင်တာ ပေါ်သွားရင်လည်း တစ်ခြား ပြသနာ ကြှီးကြီးမားမားတော့ မရှိနိုင်ပေ..။

နတ်ဆေးသမားတော် ဖြစ်လို့..ကင်ဆာ ရောဂါ သည်တွေ ကို ကုသနိုင်တာလေ..ဘာဖြစ်လဲ....

သူတို့ ဆက်ပြီး ပရိဟိတ လုပ်နေစဥ္ အတွင်း လူနာ နှစ်ယောက်..ထပ်လာခဲ့တယ်..။လူနာတွေရဲ့ ရောဂါက..ပုံမှန်တွေ ဖြစ်တာကြောင့်.ကျိုးမင်ချင်းကိုပဲ ကိုင်တွယ်ခိုင်းခဲ့ပါတယ်..။လင်းဖန်က လိုအပ်ချက်တွေကို ထောက်ပြညွှန်ကြားတဲ့ အချိန်မှာ ကျိုးမင်ချင်းဟာ ချက်ချငိး ပြန်ပြင်ဆင်ခဲ့ပါတယ်..။

ဒါက ကျိူးမင်ချငိးအတွက် အတော်ကို အကျိူးရှိ စေတာပါ..။

လူနာ သုံးယောက်ရှိသည့် လူနာဆောင်တစ်ခုတွင်..။

သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ သူ့မိသားစုတွေဆီ လမ်းလျောက်လာခဲ့ပြီး..

"ဒီနေ့ တကယ် ထူးဆန်းတယ်..။ဆေးရုံဝင်ပေါက်..မှာ ဆေးဘက်ဆိုင်ရာ ပရိဟိတ လုပ်ဖို့ လူတစ်ချို့ ရောက်နေကြတယ်လေ..။ဆေးရုံဝင်ပေါက်မှာလာပြီး ဘာလို့ ဆေးဘက်ဆိုင်ရာ ပရဟိတ လုပ်နေကြတာလည်း မသိဘူး.."

ကျန်တဲ့ လူနာ နှစ်ယောက်ဟာ ပြုံလိုက်ပြီး..

"သူတို့က ဆေးရုံရဲ့ စီးပွားရေးကို ဖျက်ဆီးဖို့ လုပ်ချင်နေတာလား.."

"ငါလည်း ဒီလို ထင်တာပဲ..။ဒါပေမဲ့ ဒီအကြောင်းကို မပြောနဲ့ဦး..။အစောက..အချိန်တွေ အကြာပြီး အိပ်ပျော်နေတဲ့ကလေး တစ်ယောက်ကို.. သူတို့ ခနလေးကြည့်ပြီး ကုသပေးလိုက်တယ်လေ..။အဲ့ကလေးကို ဒီဆေးရုံ..ကတောင်..လက်လျော့ ထားခဲ့တာ..။ငါကတော့..သရုပ်ဆောင်နေတာလို့ ထင်ပေမယ့်..အဲလိုလညိးမဟုတ်လောက်ပြန်ဘူး.."

*အဟွတ် အဟွတ်*

အိပ်ယာ ပေါ်မှာ ရှိနေတဲ့ လူနာတစ်ယောက်ဟာ ချောင်းဆိုးလိုက်ပြီး..

"ဘယ်သူသိမှာလဲ..ဒီကမ္ဘာပေါ်မှာက ဘာမဆို ဖြစ်သွားနိုင်တယ်...။ဘာပဲဖြစ်ဖြစ် ငါကတော့..နေမကောင်းဖြစ်တာကလွဲရင် ကျန်တဲ့ အရာတွေ အကုန်လုံးက တော်သေးတယ် လို့ထင်တယ်.."

"ဒါအမှန်ပဲ.."

ယငိးနောက် သူနာပြုမလေးဟာ..ကုန်ကျစရိတ် ဖြတ်ပိုင်း နဲ့ အတူ ရောက်လာခဲ့တယ်..။

"ဝမ်ရှိီကျုံ ...အကြီးအကဲရဲ့ မိသားစု ကို ကုန်ကျစရိတ်ပေးဆောင်ဖို ပြော သင့်နေပြီ..။အခုထိ ဒေါ်လာ တစ်သောင်း ပေးဖို့ ကျန်သေးတယ်..."

"သူနာပြုမလေး ..ငါသိပါတယ်..။သူတို့ကို ငါ အသိပေးပြီးပြီ သူတို့ မကြာခင်လာပေး ကြမှာပါ.."

ဒီအခနိးထဲမှာ အဆိုးရွားဆုံး ရောဂါသည်က ဝမ်ရှီကျုံ ပါ..။သူက ပြင်းထန်တဲ့ အဆုပ်ရောဂါကို ခံစားနေရပြီး..ဒါက ပြန်ပြန် ဖြစ်နေတဲ့ ရောဂါပါ..။သူ ​ြ့ပန်ဖြစ်လို့ ဆေးရုံတက်ရရင်လည်း ကုန်ကျစားရိတ်က အရမ်းစျေးကြီးပါတယ်..။

သူ ဆေးရုံတက်တိုင်း ပိုက်ဆံသွင်းဖို့ နောက်ကျ နေတာက ..သူ့မှာ ပေးသွင်းဖို့ ပိုက်ဆံ မရှိလို့ပါ..။

သူနာပြုမလေး ထွက်သွာပြီးနောက်...။

ဝမ်ရှီကျုံ သက်ပြင်းချလိုက်ပြီး...

"ဟင်း...ငါ ဘာလုပ်ရမလဲ တောင် မသိတော့ဘူး..။ဒီရောဂါ ဖြစ်နေတာထက်စာရင် သေသွားတာကမှ တော်ဦးမယ်.."

သက်လတ်ပိုင်း လူကြီးဟာ ပြောလိုက်တယ်..။

"ဟုတ်သားပဲ..တကယ်တော့ မင်းဆေးရုံ ဝင်ပေါက်ကို တစ်ချက်သွားကြည့်သင့်တယ်..။ဘာပဲဖြစ်ဖြစ် အဲ့မှာက အလကားပဲလေ..။မင်း လုံးဝ ပြန်ကောင်းသွားပြီး ဆေးရုံတက်စရာ မလိုတော့ တာတောင်ဖြစ်နိုင်တယ်နော်.."

ဝမ်ရှိကျုံ ပြန်ဖြေလိုက်တယ်..။

"ဒါက အလုပ်ဖြစ်ပါ့မလား..အလိမ်အညာလဲ ဖြစ်နေဦးမယ်.."

"ဒါက အလိမ်အညာ ဆိုရင်တောင် မင်းသွားကြည့် သင့်တယ်လေ.။ငါကတော့ အလိမ်အညာတစ်ခုလို့ မခံစားရဘူး.."

သက်လတ်ပိုင်း အရွယ်လူကြီးက ပြောလိုက်တာပါ..။

ဝမ်ရှိကျုံ အချိန် ခနလောက် တွေးပြီး ပြောလိုက်တယ်...

"ကောင်းပြီ..ငါ သွားကြည့်လိုက်ဦးမယ်..."

All Chapters