← Chapters

မင်းကြိုက်တာသာ လုပ်..

Vol. 31 Ch. 463

မင်းကြိုက်တာသာ လုပ်..

Vol. 31 Ch. 463

#ဘာသာပြန် = စနိုးဝှိုက်

ဝမ်ရှီကျုံ ထွက်သွားခဲ့တယ်..။

သူထွက်သွားတဲ့အချိန်မှာ လူနာဆောင်ထဲက ကျန်ခဲ့တဲ့လူတွေဟာ သူ့အကြောင်း ပြောကြပါတယ်..။

"အင်း..အကြီးအကဲ ဝမ်ကတော့ သနားစရာပဲ..။သူ့ကလေးတွေက..ဆေးရုံစားရိတ်တောင် လာမပေးကြဘူး..။အခုတော့ သူ အကြွေးတင်နေပြီ..."

"အကြီးအကဲ ဝမ်က အချိန်တွေ အကြာကြီး ဆေးရုံတက်နေရတာလေ..။သူ့တစ်ဘဝလုံး စုဆောင်း သမျှကလည်း ဆေးရုံကိုပဲ ပေးခဲ့ရတာ.."

"အကြီးအကဲ ဝမ်မှာ ..ဆေးဘက်ဆိုင်ရာ အာမခံ ကဒ်မရှိဘူးလား...။ဘာလို့ သူဒီလောက် အများကြီး အကုန်ကျ ခံနေတာလဲ.."

"ဆေးဘက်ဆိုင်ရာ အာမခံ ကဒ်လား..။ဒါက အမှိုက်ပဲ..။အကြီးအကဲ ဝမ် တစ်နေ့တစ်နေ့ သောက်နေရတဲ့ ဆေးတွေက..စျေးမပေါဘူး..။ဘောက်စ် သေးသေးလေးကို တောင် ဒေါ်လာ သုံးလေးထောင် ပေးရတယ်..။ဘယ်သူက တတ်နိုင်မှာလဲ..."

"စိတ်မပူနဲ့.အကြီးအကဲ ဝမ် အပြင်မှာ..သွားကုသတာ ဘယ်လိုနေမလဲ ဆိုတာ စောင့်ကြည့်ရအောင်..။တကယ်လို့ အလုပ်ဖြစ််တယ် ဆိုရင် တော့ အတော်ကောင်းသွားပြီ..။သူက ဆေးရုံအပြင်ဘက်မှာတောင် ဒီလို အခမဲ့လာကုရဲ့တယ် ဆိုတော့ အလိမ်အညာ မဟုတ်တာ ကျိန်းသေ သလောက်ရှိတယ်..."

…

အပြင်ဘက်တွင်..။

လင်းဖန် ဘာပြောရမှန်း တောင်မသိတော့ပေ..။အခြေအနေက ဒီလို ဖြစ်လာမယ် မှန်း မထင်ထားခဲ့ပေ..။အခုက တုန်ကွေး ဖြစ်နေတဲ့ လူတွေပါ သူ့ဆီကို လာနေခဲ့ပါပြီ..။ဒီလို အသေးအဖွဲကိုတော့..သူ ကျိုးမင်ချငိးကို ပဲ ကုသခိုင်းပါတယ်..။

ဒီလို တုပ်ကွေးသမား တွေက အရေးကြီးတဲ့ ရောဂါတွေမဟုတ်ပါဘူး..။ဒါကြောင့် သူ ကျိုုးမင်ချင်းကို အလှုပ်ရှုပ်မခံစေပဲ..အပ်တစ်ချောင်းလောက် စိုက်ပြီး ဆေးညွှန်း ပေးလိုက်ဖို့သာ အကြံဥာဏ်ပေးလိုက်ပါတယ်..

ကျိုးမင်ချင်း..ဒီအကြံဥာဏ်ကို ကြားပြီး သဘောကျသွားခဲ့ပါတယ်..။သူ့ဆရာ.က ဒီလို..လှည့်စားမူတွေလည်း ကျွမ်းကျင်နေခဲ့တာပါ..။

ချီဂျီနဲ့. ကျန်းတုန်တုန် တောင်မှ..သဘောတွေ ကျနေခဲ့ကြပါတယ်..။

လင်းဖန် အကူညီမဲ့ စွာ ခေါင်းခါယမ်းလိုက်ပါတယ်..။တရုတ်ဆေးပညာက ဘယ်အဆင့်ထိ ရောက်နေပြီ လဲ မသိတော့ပါဘူး..။လူတွေက အအေးမိ တုပ်ကွေးလောက်သာ..တရုတ်သမားတော်နဲ့ ပြပြီး ပိုကြီးတဲ့ ရောဂါ ဆိုရင် မယုံကြည်ကြပေ..။

အဲ့အချိန်မှာပဲ..။

အသက် ၆၀ ဝန်းကျင် လူတစ်ယောက်ဟာ..လျောက်လာခဲ့တယ်..။သူက ပုံမှန်အဝတ်အစားကို ဝတ်ဆင်ထားပြီး ဘေးပတ်ပတ်လည်ကို ကြည့်နေခဲ့ပါတယ်..။သူ လင်းဖန်တို့ နေရာကို တွေ့သွားတဲ့ အချိန်မှာတော့ ချက်ချငိး လျောက်လာခဲ့တယ်..။သူက မကြာခန ချောင်းဆိုးနေပြီး. ..အသံကတော့ အတော်ကို လေးနက်နေတဲ့ ပုံပါ..။

ကျိုးမင်ချင်းဟာ..ဒီအသံ ကိုကြားတာနဲ့ ချက်ချငိး မှတ်မိလိုက်တယ်..။သူ ဒီလိုမျိုး ချောင်းဆိုးတဲ့ အသံကို ကျင့်သားရနေခဲ့ပါပြီ..။

ဒီလူက သူ အရင်က ခံစားရဖူးတဲ့ ရောဂါလိုမျိူး ဖြစ်နေတာလား...

"အဆုတ်.မှာဖြစ်နေတာပဲ.. "

လင်းဖန် ဒီလူ သူတို့ဆီရောက်လာတာနဲ့ တန်း ပြောလိုက်တာပါ..။

ကွေ့ဝိုက်ပြီး ပြောနေတာက ဘာမှအသုံး မဝင်ပါဘူး.။ဒါကြောင့် သူ ဒီလူရဲ့ အခြေအနေကို တိုက်ရိုက်ပဲ ပြောလိုက်တာပါ..။

သူ ဒီလူရဲ့ ကံကြမ္မာကို တွက်ချက်လိုက်တဲ့ အချိန်မှာ ဒီလူက သနားဖို့ ကောင်းတဲ့ လူတစ်ယောက်ဆိုတာကို သိလိုက်ရပါတယ်..။သူက ဆေးရုံမှာ တစ်ယောက်တည်း နေနေရပြီး သူ့သားသမီးတွေက သူ့ကို ဂရုမစိုက်ကြပါဘူး..။

"ကျွန်တော် ဘာဖြစ်နေတာလဲ ဆိုတာ ပြောနိုင်နေတာလား.."

ဒါက သူ့အတွက် ပထမဆံူး အကြိမ် ဆေးဘက်ဆိုင်ရာ ပရဟိတ သမားတွေနဲ့ တွေ့ဖူးတာ ဖြစ်တဲ့ အတွက်. ဝမ်ရှီကျုံ ဘာလုပ်ရမလဲဆို မသိပါဘူး..။

"ဟုတ်တယ်..ကျွန်တော် ပြောနိုင်တယ် .။လာ..ထိုငိပါဦး.."

လင်းဖန် လက်ဝေ့ယမ်းပြီး ဒီလူကို ကြိုဆိုလိုက်တာပါ..။

ဝမ်ရှီကျုံ ..အနည်းငယ် မသက်မသာ ဖြစ်သွားပြီး မေးလိုက်တယ်..။

"ဒီကုသမူက အခမဲ့လား..."

လင်းဖန် ပြုံးလိုက်ပြီး..

"စိတ်မပူပါနဲ့ ဒါက အခမဲ့ပါ..။ကျုပ်တို့ ဘာ အခကြေးငွေမှ မတောင်းပါဘူး.."

"ဒါကောင်းတယ်.."

ဝမ်ဇီကျုံ စိတ််သက်သာရာ ရသွားပြီး ဝင်ထိုင်လိုက်ပါတယ်..။

ကျိုးမင်ချငိး မေးလိုက်တယ်..။

"ခင်ဗျားရဲ့ အဆုတ်ရောဂါက..ကျုပ်အရင်က ခံစားဖူးတဲ့ အဆုတ်ရောဂါ ပုံစံမျိုးပဲ..။ကျုပ်ဆို..ဆယ်စုနှစ်အနည်းငယ်လောက် တောင် ခံစားခဲ့ရတာ.."

ဝမ်ရှီကျုံ ကြောင်အသွားခဲ့တယ်..။

"ခင်ဗျားပုံက ဒီရောဂါ ရှိတဲ့ပုံစံ မထင်ရပါလား.."

ကျိူးမင််ချကိး ပြုံးလိုက်ပြီး...

"ကုပြီးသွားလို့လေ..."

"ဂုဏ်ပြုပါတယ်..."

ဝမ်ရူကျုံ မနာလိုစွာ ပြောလိုက်တာပါ.။သူ ကျန်းမာတဲ့ လူတွေကို မနာလို အဖြစ်ဆုံးပါပဲ..။ဒီလူတွေက သူ့လိုမျိုး ဆေးရုံ ကုတင်ပေါ်မှာ လှဲနေစရာ မလိုအပ်ပါဘူး..။

"မင်ချင်း..တစ်ချက်ကြည့်ပေးလိုက်ပါဦး..."

လင်းဖန် မေးလိုက်တာပါ..။

ကျိုးမင်ချင်း ခေါင်းညိမ့်ပြီး စတင်စစ်ဆေးလိုက်တယ်..။သူ ဒီရောဂါနဲ့ ရင်းနှီးပြီးသားပါ..။

"ဆရာ..သူ့ အခြေအနေက ကျွန်တော်ထက် ပိုဆိုးတယ်..။ဒီပြသနာက အဆုပ်တင်မဟုတ်တော့ဘူး..။တစ်ခြား အစိတ်အပိုင်းတွေကိုပါ ထိနေပြီ..။သူ့အဆုတ်က ပိုဆိူးနေလို့သာ..အဆုတ် ဖြစ်နေတာလို့ မြင်နေရတာ.."

"အင်း..."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ကျိုးမင်ချင်းရဲ့ ကျွမ်းကျင်မူ တွေက တကယ်ကို တိုးတက်လာခဲ့ပါပြီ..။သူ ခနလောက် စစ်ဆေးလိုက်တာနဲ့ ဒီလူရဲ့ အခြေအနေကို တန်းပြောနိုင်ပါတယ်..။ဒီအရာတွေက ..မျက်နှာ..လျာ နဲ့..သွေးခုန်နှုန်းတွေပါ..အချက်ပြနေခဲ့တာပါ..။

ဝမ်ရှီကျုံ..သူ့ရောဂါကို ကုသနိုင်လိမ့်မယ် လို့တော့ မျှော်လင့်မထားခဲ့ပေ.။

"မာစတာ တို့ ကျွန်တော့် ရောဂါကို ကုသ နိုင်ပါ့မလား..."

အရင်တုန်းက ဆိုရင် ကျိူးမင်ချင်း ..နိုး လို့ဖြေမိမှာဖြစ်ပေမယ့် အခူတော့ သူ့ဆရာ ရှိနေတဲ့ အတွက် ယုံကြည်မူ အပြည့်အဝ ရှိပါတယ်..။

လငိးဖန် ခေါင်းညိမ့်လိုက်တယ်..။

"အင်း..ကျုပ်တို့ ကုနိုင်ပါတယ်.."

ဝမ်ရှီကျုံ ပြောလိုက်တယ်..။

"ခင်ဗျားတို့လည်း မကုနိုင်ဘူးဆိုတာ သိပါတယ်.."

သို့ပေမယ့် သူ တစ်ခုခု မှားနေတာ သတိထားမိလိုက်ပြှီး မယုံကြည်နိုင်စွာဖြင့်..

"ခုနက ဘာပြောလိုက်တာ.."

လင်းဖန် ပြန်ဖြေလိုက်တယ်..။

"ကုသနိုင်တယ်လို့ ပြောလိုက်တာ..."

ဝမ်ရှီကျုံ မယုံကြည်နိုင်ခဲ့ပေ..။ယင်းနောက် လင်းဖန် ထပ်ပြောလိုက်ပါတယ်..။

"လာ ..ခင်ဗျား လက်ကို ကျုပ်ကိုပေး..."

လင်းဖန် ဝမ်ရှီကျုံ ရဲ့ လက်ကို ကိုင်ပြီး အမှတ်တစ်ခုကို ဖိလိုက်တယ်..။

"တစ်ခုခု ခံစားရလား..."

ဝမ်ရှီကျုံ ခေါင်းညိမ့်လိုက်ပြီး..

"အင်း..ထုံသွားသလိုပဲ..။အခု ခံစားရတာ ပိုကောင်းလာပြီ..."

"ကောင်းပြီ မတ်တတ်ရပ်..."

လင်းဖန် ပြောလိုက်တာပါ..။ယင်းနောက် သူ ဝမ်ရှီကျုံ ရဲ့ ပုခုံးကို လက်တစ်ဖက်နဲ့ ကိုင်လိုက်တယ်..။နောက် တစ်ဖက်က အဆုပ် နေရာကို ထောက်ကာ...ဖိလိုက်ပါတယ်..။

"ဘယ်လို ခံစားရလဲ..။ပူနွေးတဲ့ သွေးတွေ လည်ပတ်သွားသလို မခံစားရဘူးလား..."

"ဟုတ်တယ် ..ဟုတ်တယ်..."

ဝမ်ရှီကျုံ..ကျေနပ်စွာ ပြန်ဖြေလိုက်တာပါ..။

လင်းဖန် လက်ဆန့်တန်း လိုက်တဲ့ အချိန်မှာ ကျိုးမင်ချငိးဟာ ငွေအပ်တွေကို ကမ်းပေးလာခဲ့ပါတယ်..။ယင်းနောက် သူပြောလိုက်တယ်..။

"ခနနေ ကျုပ် ငွေအပ်တွေကို စိုက်တော့မှာ..။ဒါ ကနည်းနည်း ယားလိမ့်မယ်..။ခင်ဗျား တစ်ခုခု ခံစားရရင်သာ ကျုပ်ကို ပြော..."

ဝမ်ရှီကျုံ..လင်းဖန် လက်ထဲက ငွေအပ်တွေကို မြင်တဲ့ အချိန်မှာ ပျော်ရွှင်သလို ခံစားလိုက်ရပြီး..မငြင်းပယ်ခဲ့ပါဘူး..။သူ့ဆီမှာ မျှော်လင့်ချက်တွေိနဲ့သာ ပြည့်နေခဲ့တာပါ..။

လင်းဖန် ငွေအပ်ကို ငြင်သာစွာ စိုက်ပြီး လှည့်လိုက်တယ်..။စွယ်စုံကျမ်းရဲ့ ကူညီပေးမူကတော့ စတင်ပြီး အသက်ဝင်လာခဲ့ပါပြီ..။

ဒီတစ်ကြိမ်မှာတော့..လင်းဖန် မေးတာတောင် မစောင့်ပဲ ဝမ်ရှီကျုံဟာ ပြောလိုက်တယ်..။

"ခံစားရတယ်..ယားယံသလို ခံစားနေရတယ်.."

.

အဲ့အချိန်မှာတော့ လူတွေဟာ ဒီမှာ ဆေးကုနေတာမြင်ပြီး စုဝေးလာခဲ့ကြပါတယ်. ။

"ဟေး..အဲတာ ငွေအပ်တွေပဲ..ဇာတ်ကားတွေထဲမှာ ပါတာလေ..။ဒါက ပရိုအဆင့် သမားတော် တွေပဲ သုံးကြတာ."

"တရုတ်သမားတော် တွေ ငွေအပ်သုံးပြှီး ကုပေးနေတာပဲ..။ဒီ လူက ဘာရောဂါဖြစ်နေလို့လဲ မသိဘူး.."

"မသိဘူး..ဒါပေမဲ့ သူ့ကြည့်ရတာတော့ အဆင်ပြေနေသလိုပဲ..."

လူတွေဟာ..ဒီအဖြစ်အပျက်ကို စတင်ပြီး ဖုန်းနဲ့ ရိုက်ကူးလိုက်ကြပါတယ်..။သူတို့က ဘာရောဂါကို ကုနေတာလည်း မသိပေမယ့် ငွေအပ်တွေကို သုံးနေတာကြောင့် စိတ်ဝင်စားနေခဲ့ကြတာပါ..။

လင်းဖန် ဒီလူ တွေကို ဂရုမစိုက် မိပေ..။သူ ပြုံးလိုက်ပြီး..

"ဒီခံစားချက်ရ တကယ်မဆိူးဘူး မလား..။ခနနေရင် အပ်တွေကို ဒီထက်ပိုနက်အောင် စိုက်တော့မှာ..မကြောက်နဲ့နော်.."

ဝမ်ရှီကျုံ မျက်လုံးကို မှိတ်ထားလိုက်ပြီး

"ကျွန်တော် အဆင်ပြေတယ်..။ဒေါက်တာ ကြိုက်သလိုသာ လုပ်ပါ.."

လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်ပါတယ်..။ဒီလူသဘော တူပြီး မျက်စိမှိတ်ထားပြီ ဆိုမှတော့ ဘာပြသနာမှ မရှိတော့ပါဘူး..။ယင်းနောက် သူ ကျိုးမင်ချင်းကို လက်ဝေ့ယမ်း ပြလိုက်တယ်..။

လူတိုင်းဟာ..အသစ်ယူလာတဲ့ အပ်တွေကို မြင်ပြီး ကြောက်လန့်သွားခဲ့ကြပါတယ်..။အခုစိုက်မယ့် အပ်တွေက..ထူပြီး အတော်ကို ရှညိလျားတာပါ..။

လင်းဖန် တစ်ချောင်းပြီး တစ်ချောင်း စိုက်လိုက်တယ်..။

ဒီကုသမူက..ရှုပ်ထွေးတဲ့ အတွက် မတူညီတဲ့ အပ်မျိုးစုံကို အသုံးပြုရပါတယ်..။အခြေခံအားဖြင့်ဆိုရင်တောင် သူ အပ်ဆယ်ချောင်း မက စိုက်ရမှာပါ...။

ဘေးနားက လူတွေကတော့ မျက်တောင် မခတ်ပဲ စိုက်ကြည့်နေခဲ့ကြပါတယ်..။

တစ်ချို့လူတွေဆို ပါးစပ်ပေါက် တွေတောင် ပွင့်နေကြပါပြီ..။ဒီကုသမူက တကယ်ကို ကြောက်ဖို့ ကောင်းတာပါ..။

အထူးသဖြင့် ဒီလူကြီးရဲ့ ကျောကုန်းမှာ အပ်တွေနဲ့ ပြည့်သွားတဲ့ အချိန်မှာ ကြည့်နေရတာက ကြောက်စရာပါပဲ..။

ကျိုးမင်ချင်းကတော့ အတွေ့အကြုံရှိနေတဲ့ အတွက် မကြောက်ရွံ့ပေ..။ချီဂျီ နဲ့ ကျန်းတုန်တုန်တို့ကတော့ ဒါမျိူး ကုသမူ ပထမဆုံး မြင်ဖူးတာ ဖြစ်တဲ့အတွက် စိတ်ပူပြီး ကြောက်လန့်နေခဲ့ပါတယ်..။

တစ်ချို့ လူတွေကတော့..ကိုယ်တိုင် မကြည့်ရဲကြပဲ..အရာရာတိုင်းကို ဖုန်းနဲ့သာ မှတ်တမ်းတင်နေခဲ့ကြတယ်..။

ဒီကုသမူက တကယ်ကို အံ့ဩဖို့ကောင်းတာပါ..။

All Chapters