စတင်ပြီး ပျံ့နှံ့မူ
Vol. 31 Ch. 464
#ဘာသာပြန် = စနိုးဝှိုက်
လူနာဆောင်တွင်..။
"ဘာလို့ အကြီးအကဲ ဝမ် ပြန်မလာသေးတာလဲ..။သူ ထွက်သွားတာ နာရီဝက်ကျော်လောက် ပြီ..."
"ဘယ်သိမှာလဲ.. သူ အပြင်ဘက်မှာ လျောက်သွားနေတာလား မသိဘူး..။လူနာဆောင် မှာကြီးပဲ နေနေရတာ သူ့အတွက်လည်း ခက်ခဲမှာပေါ့..။ဒါပေမဲ့ သူ့ကလေးတွေကလည်း ဆိုးရွားလွန်းပါတယ်..။သူ ဆေးရုံစတက်ကတည်း က တစ်ခေါက်မှ လာတာ မတွေ့ရသေးဘူး.."
"သနားစရာပဲ..."
သူ တို့ လူနာဆောင်မှာ စကားလက်ဆုံ ကြနေခဲ့ကြပါတယ်..။သူတို့က လူနာဆောင်တစ်ခု တည်းမှာဆိုတော့..ရင်းနှီးနေကြတာက ပုံမှန်ပါပဲ..။သူတို့ရဲ့ ဆက်ဆံရေးက အတော်ကို ကောင်းမွန်ကြပါတယ်..။
ယင်းနောက် အသံတစ်ခုကို အပြင်ဘက်က ကြားလိုက်ရတယ်...။
"အကြီးအကဲ ဝမ် ပြန်လာပြီ..။သူက သီချင်းတောင် ဆိုနေလိုက်သေးတယ်..။ ကြည့်ရတာ သူ စိတ်ပျော်နေတဲ့ ပုံပဲ.."
"နေမကောင်းတဲ့ အချိန်မှာ ကိုယ့်ကိုကို ပျော်ရွှင်အောင် နေတာက အကောင်းဆုံးပဲ..။တကယ်လို့..စိတ်ခံစားချက်သာ ကောင်းမနေဘူးဆိုရင် ရောဂါက ပိုဆိုးလာလိမ့်မယ်..."
ဝမ်ရှီကျုံ..လူနာဆောင်ထဲ ဝင်လိုက်ပြီး တစ်ခြား လူတွေကို နှုတ်ဆက်လိုက်ပါတယ်..။တစ်ခြား လူတွေက တော့ သူ့ကို အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ မမေးကြပါဘူး..။သူတို့ ဒီအကြောင်းကို တွေးတောင် မတွေးကြပေ..။
အကြီးအကဲ ဝမ်ရဲ့ အဆုတ် ရောဂါက ကုသလို့ မရတော့ပါဘူး..။တကယ်လို့ ပျောက်သွားတယ် ဆိုရင် ဒါက ဆန်းကျယ်မူကြီး ဖြစ်နေပါလိမ့်မယ်..။သူတို့ မမေးပဲ နေတယ် ဆိုတာက ..အကြီးအကဲ ဝမ် ကို မနာကျင်စေချင်လို့ပါ..။
အကြီးအကဲ ဝမ်ဟာ တစ်ခြား လူတွေကို နှုတ်ဆက်ပြီးတာနဲ့..သူ့ ပစ္စည်းတွေကို ထုတ်ပိုးနေခဲ့ပါတယ်..။သူတကယ် ကျေနပ်နေခဲ့တာပါ..။
"အကြီးအကဲ ဝမ်..ဘာတွေ လုပ်နေတာတုန်း.."
နောက်ဆုံးမှာ မနေနိုင်တော့တဲ့ လူတစ်ယောက်က ထမေးလိုက်တာပါ..။
ဝမ်ရှီကျုံ ပြုံးလိုက်ပြီး..
"ငါ့ပစ္စည်းတွေကို သိမ်းပြီး အိမ်ပြန်မယ် လေ..."
ကျန်တဲ့လူတွေဟာ ကြောင်အသွားခဲ့ကြတယ်..
"ခင်ဗျား ဆက်ပြီး မကုသ တော့ဘူးလား..။အကြီးအကဲ ဝမ် စောစော လက်မလျော့ပါနဲ့..။ဒီရောဂါသာ ပျောက်သွားရင် ခင်ဗျား အသက်ပိုပြီး ရှည်နိုင်တယ်လေ..."
ဝမ်ရှီကျုံ သက်လတ်ပိုင်း အရွယ်လူကြီး ဆီကို သွားပြီး လက်ကို ဆုပ်ကိုင်လိုက်တယ်..။ယင်းနောက် သူလေးနက်စွာဖြင့်...
"ကျေးဇူးအရမ်းတင်တယ်..။ခင်ဗျား ကြောင့်သာ မဟုတ်ရင် ကျုပ်ရောဂါက ဒီလိုမျိုး ပျောက်ကင်းနိုင်မှာ မဟုတ်ဘူး..။ဒါပေမဲ့ ကျုပ်ခင်ဗျားတိုကို မကြာခန လာတွေ့မှာပါ..."
ကျန်တဲ့လူတွေဟာ ဝမ်ရှီကျုံ ပြောတဲ့ စကားကြောင့် ကြောင်အသွားခဲ့ကြတယ်..။
"အကြီးအကဲ ဝမ်...ခင်ဗျား..."
ဝမ်ရှီကျုံပြုံးလိုက်ပြီး...
"အပြင်မှာ အခမဲ့ ကုသပေးနေတယ် ရှိတယ်လို့ ခင်ဗျား ပြောတယ်လေ..။အဲဒီက ကျုပ်ကို တကယ်ကုသ ပေးလိုက်တယ်..။သူက တကယ်ကို နတ်ဆေးဆရာပဲ..။သူကုသပြီးတာနဲ့ ကျုပ်ခန္တာကိုယ်က လုံးဝ အကောင်းအတိုင်းဖြစ်သွားပြီ..။ကျုပ်ထင်တာတော့ ခင်ဗျားတို့လည်း သွားစမ်းကြည့်သင့်တယ်..။ခင်ဗျားတို့ ရောဂါတွေလည်း ပျောက်နိုင်တယ်နော်..."
သက်လတ်ပိုင်းလူကြီးဟာ ကြောင်အသွားခဲ့တယ်..။
"အကြီးအကဲ ဝမ်..ခင်ဗျား အဆင်ပြေရဲ့လား..။ဘယ်လိုဖြစ်နိုင်မှာလဲ..သွားစစ်ဆေးကြည့်ဦး..။ခင်ဗျား ဒီလူ လိမ်တာကို ခံလိုက်ရပြီထင်တယ်...."
ဝမ်ရှီကျုံ လက်ဝေ့ယမ်း လိုက်ပြီး..
"ဘာမှ စစ်ဆေးစရာ မလိုတော့ဘူး..။ကျုပ် ခန္တာကိုယ်ကို ကျုပ် ကောင်းကောင်းသိတယ်..။ဒိီမှာ ကြည့်လိုက်..."
ယင်းနောက် ဝမ်ရှီကျုံ..ပျော်ရွှင်စွာ ခုန်ပြလိုက်ပါတယ်..။
"ကြည့် ..ကျုပ်ခုန်နေတာ တွေ့လား..။ချောင်းလည်း လုံးဝ မဆိုးတော့ဘူး..။ခင်ဗျားသိလား..အဲဒီ က နတ်ဆေးဆရာ ရဲ့ ဆေးပညာက တကယ်ကို ထိပ်တန်းပဲ..။ခင်ဗျားတို့ သွားကြည့်သင့်တယ်နော်..."
ကျန်တဲ့ လူတွေဟာ အကြီးအကဲ ဝမ် ခုန်နေတာကို ကြည့်ပြီး ကြောင်အနေခဲ့ကြပါတယ်..။သူတို့ ဒါလုံးဝ မဖြစ်နိုင်ဘူးလို့ ခံစားနေကြရတာပါ..။
အချိန်ခနလေးနဲ့ ဘယ်လိုများ ကုသလိုက်တာလဲ....
ဝမ်ရှီကျုံ..ဟာ ပစ္စည်းတွေ အကုန်လုံးကို သိမ်းဆည်းလိုက်တယ်..။
"ကောင်းပြီ ကျုပ်သွားတော့မယ်..။ခင်ဗျားတို့ တကယ်သွားစမ်းသပ်သင့်တယ်နော်..။ကျုပ်အဲတာပဲ မှာချင်တယ်..."
သက်လတ်ပိုင် အရွယ်လူကြီးဟာ ကြောင်အနေခဲ့ပါတယ်..။သူ့ကြည့်ရတာ သရဲတစ်ကောင်ကို မြင်နေရတဲ့ အတိုင်းပါပဲ..။အကြီးအကဲ ဝမ်ကို သွားပြဖို့ အကြံဥာဏ်ပေးတာ သူဖြစ်ပေမယ့်လည်း..တကယ်ပျောက်ကင်းလိမ့်မယ် လို့ မယုံကြည်ခဲ့ပါဘူး..။
အကြီးအကဲ ဝမ် အမှန်တကယ် ပျောက်ကင်း မသိပေမယ့် သူ့ရဲ့ အမူအရာအရတော့ အရင်ကထက် အတော်ကြီးကို သက်သာသွားတဲ့ ပုံပါပဲ..။
အကြီးအကဲ ဝမ်..လူနာဆောင်က ထွက်သွားပြီးတဲ့နောက်မှာ ကျန်တဲ့ လူတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်..။
"တကယ်ပျောက်သွားတာလား..."
"မသိဘူးလေ..ငါတို့လည်း သွားကြည့်ရအောင်.."
"ဒါက အလုပ်ဖြစ်လောက်တယ်.."
"ဒါသာအမှန်ဆို..ငါတို့ ဒီမှာ ဆက်ပြီး နေစရာ မလိူတော့ဘူး.."
…
အပြင်ဘက်..။
ဝမ်ရှီကျုံ ...ဆေးရုံကနေ ဆင်းဖို့အတွက် လိုအပ်တာတွေ လုပ်ဆောင်နေခဲ့ပါတယ်..။တစ်ချိန်ထဲမှာပဲသူကုန်ကျစရိတ်တွေကို ပေးချေ နေခဲ့တယ်..။ကုန်ကျစားရိတ်အတွက်ကတော့ သူ့ကလေးတွေကို မစောင့်ချင်တာနဲ့..သူ့ရဲ့ ပင်စင်ပိုက်ဆံကိုပဲ ထုတ်သုံးလိုက်ပါတယ်..။ဘာပဲဖြစ်ဖြစ် သူက ပြန်ကျန်းမာလာပြီ ဖြစ်တာကြောင့် တကယ်ပျော်ရွှင်နေခဲ့တာပါ..။
သူနာပြုမလေးဟာ ပြောလိုက်တယ်..။
"အဘိုးဝမ်..အခုထိ ပြန်မကောင်းသေးဘူးလေ.။ဘာလို့ ဆေးရုံဆင်းဖို့ လုပ်နေတာလဲ..."
ဝမ်ရှီကျုံ ပြုံးလိုက်ပြီး...
"ဘယ်သူပြောတာလဲ..။ငါ နေပြန်ကောင်းသွားပြီး..။ငါ ဆေးရုံမှာ အကြာကြီး တက်နေတာတောင် ဘာမှထူးမလာခဲ့ဘူး..။အပြင်ဘက်မှာ ပရဟိတ လုပ်နေတဲ့ နတ်ဆေးဆရာ ကို သွားပြလိုက်တာ..ချက်ချင်းပျောက်သွားတယ်..။ထပ်ပြောရရင် သူက တပြားမှတောင် မယူဘူး..။ငါ့တစ်ဘဝလုံး စုဆောင်းထားတာတွေ ဒီဆေးရုံမှာ အကုန်လံူး ကုန်တာပဲ.."
သူနာပြုမလေးဟာ အဖိူးဝမ်ကို ကြည့်ပြီး ဘာပြန်ပြောရမလဲ မသိတော့ပေ..။
"အဖိုး..အလိမ်ခံရပြီ ထင်တယ်..။အဖိုးရဲ့ အခြေအနေက တကယ်လေးနက်တယ်..။ဘယ်လိုလုပ် ခနလေးနဲ့ ကုသဖို့ဖြစ်နိုင်မှာလဲ..။ကျွန်မကတော့ ဆေးရုံမှာနေပြီး..လက်မလျော့ဖို့ပဲ အကြံပေးချင်တယ်..."
အစ်ဖိုးဝမ် ရဲ့ကလေးတွေက မကောင်းကြဘူး ဆိုတာကို သူနာပြုမလေး သိထားပြီးသားပါ..။သူတို့က ကုန်ကျစားရိတ်ကို မပေးချင်ကြပါဘူး..။သို့ပေမယ့် အဖိုးဝမ်က သူစုထားတာလေးတွေနဲ့ ပေးလေ့ရှိပါတယ်..။
တစ်ချိန်တည်းမှာပဲ အခု သူက ဆေးရုံက ဆင်းဖို့ တောင်းဆိုတယ် ဆိုတော့..ဆေးရုံမှာ ကုသဖို့ လက်လျော့တာက လွဲပြီး တစ်ခြား မရှိနိုင်တော့ပေ..။
သူမက အကြီးအကဲ နဲ့ အမျိုးမတော်ပေမယ့်..တစ်ချို့ လူတွေဟာ ပြန်ကောင်းဖို့ မျှော်လင့်ချက်ရှိတာတောင် လက်လျော့သွားကြတာကို..သူမ အများကြီး မြင်ဖူးပါတယ်..။
ဝမ်ရှီကျုံ လက်ဝေ့ယမ်းလိုက်ပြီး..
"မင်းတို့ ငါ ပြောလည်း နားလည်မှာ မှာ မဟုတ်ဘူး..။ငါအခု တကယ်ကျန်းမာနေပြီ..။ကောင်းပြီ စာရွက်စာတမ်းသာ အမြန်လုပ်ပေးပါ..။ငါ ဒီမှာ ASAP ကိုထားခဲ့ချင်တယ်..။ဆေးရုံမှာ အကြွေးနေသလို ဖြစ်နေတဲ့အတွက် စိတ်မကောင်းပါဘူး..။ပြီးတောာ့ သူနာပြုမလေးတွေ ငါ့ကို ဂရုစိုက်ပေးတာလည်း ကျေးဇူးတင်ပါတယ်..."
သူနာပြုမလေးဟာ အဖိုး ဝမ်ကို သာ အကူညီမဲ့စွာ ကြည့်နေခဲ့ပါတယ်..။သူမ ..စာရွက်စာတမ်း လူပ်ပေးဖို့သာ တတ်နိုင်ပါတော့တယ်..။
…
ဆေးရုံ အပြင်ဘက်တွင်..။
လင်းဖန်နဲ့ ကျန်တဲ့ လူတွေဟာ..စိတ်ရှည်စွာ စောင့်နေခဲ့ကြတယ်..။
ဘေးနားက လူတစ်ချို့ကတော့..အခုထိ မပြန်ကြသေးပါဘူး..။သူတို့ ခုနက ကုသမူကို မြင်ပြီး တကယ်အံ့ဩခဲ့ကြတာပါ..။
"ခင်ဗျားတို့က ဘယ်ကလဲ.."
မြို့သား တစ်ယောက်က မေးလိုက်တာပါ..။
ချီဂျီ ပြန်ဖြေလိုက်တယ်..။
"ကျွန်တော်တို့က ရှန်ဟိုင်းကပါ..။ဒီကို လာပြီး ဆေးဘက်ဆိုင်ရာ ပရဟိတ လာလုပ်တာ..။ဘာ အခကြေးငွေမှ မယူဘူး..။ကုသလို့ ရတဲ့ ရောဂါဖြစ်နေသ၍ ကျွန်တော်တို့ ကုသပေးမှာပါ.."
ကျန်းတုန်တုန်နဲ့ ချီဂျီဟာလည်း အနည်းငယ် စိတ်ခံစားမူ ဖြစ်နေခဲ့ပါတယ်..။သူတို့ အစောက လူရဲ့ ရောဂါ အခြေအနေကို နားမလည်ပေမယ့်လည်း..ဒီလူ ချောင်းဆိုးနေတဲ့ ပုံစံက စိုးရိမ်စရာပါ..။သို့ပေမယ့်် ဆရာလင်း ကုသပေးပြီးတဲ့ နောက်မှာ ချက်ချင်း ပြန်ကောင်းသွားခဲ့ပါတယ်..။ဒါက တကယ်ကို မယုံနိုင်စရာပါပဲ..။
သို့ပေမယ့် ကျိုးမင်ချင်းကတော့ အတွေးနက်နေခဲ့တယ်..။သူ ဒီကုသ မူပုံစံမျိူးကို သိရှိထားပေမယ့်လည်း သူ့ဆရာ ကုသတာနဲ့ သူကုသတာ အကျိုးသက်ရောက်မူခြင်း မတူညီပါဘူး..။
ဒါက ဘာလို့လဲ...
သူ့ဆရာကြည့်ရတာ တစ်ခုခုဖုံးကွယ်ထားတဲ့ပုံ မရှိပဲ..ဒါမျိူး လုပ်ဖို့တောင် စိတ်ဝင်စားပုံမရပေ..။
သူနား မလည်တာ တွေလည်း အများကြီး ရှိပါသေးတယ်..။အဲ အကြောင်းအရာတွေကိုတော့..သူ စာအုပ်ထဲ ရေးမှတ်ထားပြီး..ပြန်ရောက်တဲ့ အချိန်မှ..မေးရမှာပါ..။
တစ်ချိန်တည်းမှာပဲ ကျိူးမင်ချင်း သူ့ဆရာ နဲ့အတူ လေ့ကျင့်ခွင့်ရလို့ ကျေနပ်နေခဲ့ပါတယ်..။
အဲ့အချိန်မှာ လင်းဖန် ဆေးရုံဘက်ကို ကြည့်နေခဲ့တယ်..။
"ကောင်းပြီ..သေလျာ ပြင်ဆင်ထားကြ..။လူတွေ အများကြီး ရောက်လာတော့မယ်..။မှတ်တမ်းတင်ဖို့ အဆင်သင်ဖြစ်ပြီလား.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ...။
ကျိူးမင်ချင်းနဲ့ ကျန်တဲ့လူတွေဟာ..ဒါကိုကြားပြီး လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြပါတယ်..။ဆေးရုံကနေ..လူနာတစ်ချို့ဟာ လျောက်လာနေခဲ့ ကြတာပါ...။တစ်ချို့လူနာတွေဆို တစ်စုံတစ်ယောက်ကို တွဲပြီးတောင် လျောက်လာနေခဲ့ပါသေးတယ်..။
ကြည့်ရတာ ..သူတို့က တစ်ခုခုလေးနက်တဲ့ ရောဂါတွေကို ခံစားနေကြရတဲ့ ပုံပါပဲ..။