← Chapters

အခြေအနေက ပိုကြီးလာပြီ...

Vol. 31 Ch. 465

အခြေအနေက ပိုကြီးလာပြီ...

Vol. 31 Ch. 465

#ဘာသာပြန် = စနိုးဝှိုက်

ဆေးရုံ၏ လူနာဆောင် တစ်ခုတွင်..။

"မင်းတို့ အဲ့အကြောင်းကြားပြီးပြီလား..။နတ်ဆေးဆရာ တစ်ယောက်က..ဆေးရုံဝင်ပေါက်မှာ..အခမဲ့ ကုသပေးနေတယ်တဲ့..."

ပြင်းထန်တဲ့ ရောဂါကို ခံစားနေပြီး..ငွေတွေ အများကြီး ကုန်ကျထားတဲ့ လူနာတစ်ယောက်ဟာ ပြောလိုက်တယ်..။

"အခမဲ့ ဆိုတော့ရော ဘာဖြစ်လဲ..။သူက ငါ့ရောဂါကို ကုသနိုင်မှာ မို့လို့လား..."

"သူတကယ်ကုသ နိုင်လောက်တယ်..။ငါ လူနာဆောင်တစ်ခုကို ဖြတ်လျောက်သွားရင်းက တစ်စုံတစ်ယောက်က သူ့ရဲ့ ပစ္စည်းတွေကို သိမ်းနေတာ ..တွေ့ခဲ့တယ်..။သူ့က ဆေးရုံဆင်းဖို့ ပြင်ဆင်နေတာ..။ထပ်ပြောရရင် သူ့ပုံစံက တကယ်ကို ကျန်းမာပြီး ပြန်ကောင်းသွားတဲ့ ပုံပဲ..."

"တကယ်လား.."

"ဟုတ်တယ် ငါ့ရဲ့ မျက်လုံးနဲ့ကို မြင်ခဲ့တာ..."

"သူက အဲ့လူနာဆောင်က အကြီးအကဲ ဝမ်..ပဲ..။သူ အဲ့ကို ပထမဆုံးသွားခဲ့တာလေ..။အခု သူ ဆေးရုံ ဆင်းသွားပြီ..။ပြီးတော့ တစ်ခြားလူတွေ သွားသေးတယ်..အခု သူတို့ပါ..ဆေးရုံဆင်းဖို့ ပြင်ဆင်နေကြပြီ..."

"အေးဆေးပေါ့..။အလျင်မလိုနဲ့ဦး..။ဒီကိစ္စက သိပ်ပြီး ပျံ့နှံ့သေးတာ မဟုတ်ဘူး..။ငါတို့ ကုသလို့ ပြီးသွားတာနဲ့ဒီသတင်းကို ဖြန့်ပစ်ရမယ်..."

ဝမ်ရှီကျုံ ရဲ့ သူငယ်ချင်း တွေဟာလည်း သွားပြီး စမ်းသပ်ခဲ့ကြပါတယ်..။သူတို့ နတ်ဘုရား ဆေးဆရာ ကုသမူ အပြီးမှာ ရောဂါ တွေ ချက်ချင်းသက်သာ သွားတာကို သတိထားမိလိုက်ပါတယ်..။သူတို့ အရင်ကထက်..ပိုပြီး..သက်သောင့်သက်သာရှိနေကြပါပြီ..။

အ​ရေးကြီးဆုံ အချက်က တစ်စုံတစ်ယောက်က..ဆေးကုသပြီးနောက်မှာ..ချက်ချင်း..အကျိုးသက်ရောက်မူကို ခံစားကြရတာပါ..။

ဒါက တကယ်ကို မယုံကြည်နိုင်စရာပါပဲ..

တစ်ချိန်တည်းမှာပဲ..ကုသပြီးတဲ့ အခါမှာ နတ်ဆေးဆရာက သူတို့ကို..သောက်ဖို့ ဆေးညွှန်းပေးပြီး.. ဆေးတွေရဲ့ စျေးနှုန်းတွေကလည်း အတော်ကို ချိုသာ ပါတယ်..။

…

အခြေအနေတွေဟာ..ကြီးမား လာခဲ့တယ်..။လင်းဖန် သူ့ကိုယ်သူ ဒီလောက်မြန်မြန်ကြီး လူသိများလာမယ် လို့ မထင်ထားခဲ့ပါဘူး..။သို့ပေမယ့်..သေချာတွေ့ကြည့်ရင်တော့ လူမသိသူမသိ လုပ်စရာ မလိုဘူးလို့ သူခံစားရပါတယ်..။

သူက သူတစ်ပါးပစ္စည်း ခိုးနေတာ မဟုတ်သလို..ရိုက်နှက်နေတာလည်း မဟုတ်ပါဘူး..။ဒါကြောင့်လည်း အဖမ်းခံရမှာ မဟုတ်ပေ..။

စွယ်စုံကျမ်း..ရဲ့ စွမ်းရည်က တကယ်ကို အံ့ဩသင့်ဖို့ ကောင်းပါတယ်..။အကျိုးသက်ရောက်မူ တွေက ချက်ချငိးလက်ငင်းဖြစ်ပြီး..လူနာတွေရဲ့ ခန္တာကိုယ်က ပြောင်းလဲ သွားခဲ့တာပါ..။

ကျိုးမင်ချင်းက တော့ အံ့ဩတာ ထက်ကို ပိုနေခဲ့ပါပြီ..။သူ့မျက်လုံးက သူ့ဆရာ ဆီကနေ မခွာတော့ပါဘူး..။တစ်ချို့ လူနာတွေ ရဲ့ အခြေအနေက အတော်ဆိုးရွားတယ် ဆိုတယ် ကို သူတို့ သိပေမယ့်လည်း..သူ့ဆရာ မျက်လံူးထဲမှာတော့ ဒီရောဂါတွေက ဘာမှ မဟုတ်တော့ပေ..။သူ့အတွက်က အရမ်း လွယ်ကူနေသလိုပါပဲ..။သူက လူနာတွေရဲ့ ရောဂါကို မျက်စိတစ်မှိတ် အတွင်းမှာပဲ ကုသပေးခဲ့တာပါ..။

"ဆရာ..အစောက လူနာရဲ့ အခြေအနေက.."

လူနာက..ကင်ဆာ ရောဂါသည် မဟုတ်ပေမယ့်လည်း ကျိုးမငိချင်း တစ်ခုခု ပြောချင်နေခဲ့ပါတယ်..။အစောကလူရဲ့ ရောဂါက သေဖို့ ရာခိုင်နှုန်းများနေတဲ့ ရောဂါပါ..။သူ့ဆရာက..ဒီလို ရောဂါမျိူးကို မျက်စိတစ်မှတ် အတွင်းမှာတင် ကုသ ပေးခဲ့တာပါ..။သူတကယ်ကို ဆွံ့အနေခဲ့ပါပြီ..။

"စကားမပြောနဲ့ဦး..ဘေးနားကသာ ကြည့်နေ.."

သူတို့ အံ့ဩနေမယ် ဆိုတာ လင်းဖန်သိပြီး သားပါ..။

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။တရုတ် ဆေးပညာက ဒီလောက်အထိ နတ်ဘုရား ဆန်မှန်း သူမထင်ထားခဲ့ပါဘူး..။သူဆရာက..လူနာတွေ ရောဂါကို ဘာမှ မဟုတ်သလိုမျိူး လေးလေးနက်နက် ကုနေပြီး..ဒီအခြေအနေက အတော်ကို ကြောက်ဖို့ ကောင်းတာပါ..။

ချီဂျီ သက်ပြင်းချလိုက်တယ်..။

"လူနာတွေ ပိုပိုများလာပြီ..."

ကျန်းတုန်တုန် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတိတယ် အစောက ဘယ်သူမှ မရှိကြဘူး..။အခုတော့..ဆယ်ယောက် ကျော်လာပြီ..."

သူတို့ ဘာတွေ လုပ်နေတာလဲ မသိပေမယ့် အရာရာတိုင်းကို မှတ်စုထဲမှာ မှတ်သားထားခဲ့ကြပါတယ်..။သူတို့ ရေးမှတ်နေတာက..တကယ်ကို့ ရတနာ တစ်ခုဖြစ်လာမယ်လို့တောင် ခံစားနေကြရတာပါ..။

သူတို့..ဒါရိုက်တာ နဲ့ ဆရာလင်း နောက်ကို လိုက်ခွင့်ရတာက တကယ်ကို ကံကောင်းမူ တစ်ခုပါပဲ..

လမ်းပေါ်မှာ..လူတွေ ပိုပိုများလာခဲ့တယ်..။တစ်ချို့ လူတွေဆိုရင် လမ်းသွားနေရင်း နဲ့တောင် ရပ်ပြီး တွေဖြစ်နေလဲ လာကြည့် ကြပါတယ်..။

ဒီအခြေအနေက တကယ်ကို ကိုးရိုးကားယား နိုင်တယ် လို့ မြို့သားတွေက ခံစားနေကြရတာပါ..။မြို့သားများ ဆေးရုံက ဒီနားမှာတင် ရှိနေပေမယ့် လူနာတွေက အဲ့မှာ ရှိမနေကြပါဘူး..။သူတို့က..ဒီဆိုင်ခန်း သေးသေးလေးဆီလာပြီး ကုသမူ ခံယူဖို့ လုပ်နေကြတာပါ..။ဒါက တကယ် အဓိပ္ပါယ်မရှိပေ .။အထူးသဖြင့် ..ပရဟိတ ဆရာဝန်က တရုတ်သမားတော် ပုံစံ ပေါက်နေခဲ့တာပါ..။

ဒါက သူတို့ တရုတ်ဆေးပညာကို အထင်သေးတာ မဟုတ်ပေမယ့်..တရုတ်ဆေးပညာက အနောက်တိုင်း ဆေးပညာလောက် ကောင်းမွန်တယ်လို့ မခံစားကြရလို့ပါ..။တစ်ချို့ ရောဂါတွေကို ကုသတာဟာ အရမ်းနှေးကွေးပြီး နာလည်း နာကျင်ရပါတယ်..။

အချိန်တွေဟာ ဖြည်းဖြည်းချင်း ကုန်သွားခဲ့တယ်..။

မြို့သားများ ဆေးရုံ အပြင်ဘက်မှာ ရှိနေတဲ့ နတ်ဆေးဆရာရဲ့ သတင်းတွေက တော့ ပြည့်နှက်နေခဲ့ပါပြီ..။

လူနာအများစုဟာ..ဒီသတင်းတွေကို ကြားပြီး အံ့ဩနေခဲ့ကြတယ်..။တစ်ချို့ လူနာတွေက တော့ မယုံကြည်ကြပေ..။သို့ပေမယ့်..သူတို့ဟာ တစ်ချို့ လူနာတွေ..ပစ္စည်းတွေ သိမ်းဆည်းပြီး..ဆေးရုံဆင်းဖို့ လုပ်နေတာ တွေ့တဲ့ အချိန်မှာ အံ့ဩသွားခဲ့ကြပါတယ်..။

သူနာပြုမလေးတွေဟာလည်း..လူနာတွေ အများကြီး ဆေးရုံက ဆင်းဖို့ လုပ်နေတာကို သတိထားမိသွားခဲ့ပါပြီ..။

"ဒီနေ့ ဘာတွေဖြစ်နေတာလဲ..။လူနာတွေ အများကြီး ဆေးရုံဆင်းနေပါလား.."

"ငါလည်း မသိဘူးလေ..။လူနာဆောင်..805 က လူနာတွေ ဆို အကုန်ဆင်းသွားကြပြီ..။သူတို့ ကြည့်ရတာ ပြန်ကောင်းသွားကြသလိုပဲ.."

"ငါ ဆင်းရုံအပြင်ဘက်မှာ ဆိုပြီး ကောလဟာဟ သတင်းတစ်ခု ကြားခဲ့သေးတယ်..။သူတို့က ရောဂါရှိတဲ့ လူတွေကို အခမဲ့ ကုသပေးနေတာတဲ့..။အခုလူနာတွေ အဲ့ကို သွားနေကြတာ..။ထပ်ပြောရရင် သူတို့က အဲ့က ပြန်လာတာ နဲ့ ပစ္စည်းတွေ သိမ်းဆည်းပြီး ဆေးရုံဆင်းဖု့ိ လုပ်နေကြတော့တာပဲ..။သူ တို့ ဒီမှာ ထပ်ပြီး မနေကြတော့ဘူး.."

"မဖြစ်နိုင်တာ..။နတ်ဘုရား ဒေါက်တာက ငါတို့ ဆေးရုံ ဝင်ပေါက်မှာ ရောက်နေတာလား...။ငါတို့က မြို့သားများ ဆေးရုံ နော်..."

"မသိဘူးလေ..။သူနာပြု ခေါင်းဆောင်ကတော့..ဒါရိုက်တာကို သတင်းပို့ဖို့ သွား​နေပြီ..။တကယ်လို့ ဒီလိူသာ ဆက်သွားနေရင် ဆေးရုံက လူတိုင်း..ဆင်းကုန်တော့မယ်.."

ဒါရိုက်တာ၏ ရုံးခန်းတွင်..။

သူနာပြုခေါင်းဆောင်ဟာ ပြေးလာခဲ့ပြီး..

"ဒါရိုက်တာ မကောင်းတော့ဘူး..။လူနာတွေ အများကြီး ဆေးရုံက ဆင်းနေကြတယ်..။ဘာတွေဖြစ်နေလဲတော့ ကျွန်မတို့လည်း မသိသေးဘူး..."

ဒါရိုက်တာဟာ ဒါကိုကြားပြီး ကြောင်အသွားခဲ့ပါတယ်..။

"လူနာတွေ အများကြီး ဆေးရုံဆင်းနေတာလား..။ဆေးရုံထဲမှာ တစ်ခုခု ဖြစ်နေလို့လား.."

သူနာပြုခေါင်းဆောင် ခေါင်းခါယမ်း လိုက်ပြီး..

"မဟုတ်ဘူး..အခြေအနေ အတိအကျတော့ ကျွန်မလည်း မသိသေးဘူး..။ဆင်းသွားတဲ့ လူနာတွေက တော့ ဆယ်ယောက်ကျော်နေပြီ..။ပြီးတော့..အရေးကြီးတဲ့ အခြေအနေနဲ့ လူနာတွေလည်း ဆင်းဖို့ ပြင်ဆင်နေကြသေးတယ်.."

ဒါရိုက်တာဟာ တိတ်ဆိတ်နေခဲ့ပြီး...

"သူတို့ ကုသဖို့ လက်လျော့လိုက်ပြီး..ဆေးရုံက ဆင်းကြတာ ဖြစ်နိုင်မလား..."

"ကျွန်မတော့ ဒီလို မထင်ဘူး..။သူနာပြုမလေးတွေပြောတာ တော့..လူနာတွေက ဆေးရုံဆင်းဖို့ စာရွက်စာတမ်းတွေလာလုပ် တဲ့ အချိန်မှာ အတော်ကိုပျော်ရွှင် နေကြတာတဲ့.."

သူနာပြုခေါင်းဆောင်ဟာ ပြောလိုက်တာပါ..။

ဒါရိုက်တာ ဟာ ဖုန်းကို ကိုင်ပြီး တာဝန်ကျနေတဲ့ ဆရာဝန်ကို ခေါ်လိုက်တယ်..။

"ဒေါက်တာ လီ..အခြေအနေ ဘယ်လိုရှိလဲ..။ဘာလို့ လူနာတွေက ရုတ်တရက် ဆေးရုံ ဆင်းကြတာလဲ..."

ဒေါက်တာ လီ ပြန်ဖြေလိုက်တယ်..။

"ဒါရိုက်တာ..ကျွန်တော် အခုပဲ အဲ့ကိစ္စလှမ်း ပြောတော့မလို့..။နတ်ဆေးဆရာ သမားတော် တစ်ယောက်က ကျွန်တော်တို့ရဲ့ ဆေးရုံ အပေါက်ဝကို လာပြီး..ပရဟိတ လုပ်ဆေးကု ပေးနေတယ် လို့ ကျွန်တော် ကြားထားတယ်..။လူနာ တွေ အများကြီး အဲ့ကို သွားဖို့လုပ်နေကြတယ်..။သွားပြီးပြန်လာတဲ့ လူတွေကတော့ ချက်ချင်းဆေးရုံတန်းဆင်းတော့တာပဲ..."

"အမှိုက်ပဲ..သူက လူတိုင်းကို ချက်ချင်း ပျောက်အောင် ကုနိုင်ရအောင် ဘာမို့ိဘာလို့လဲ..။သူနာပြု တွေကို ဆေးရုံဆင်းမဲ့ လူနာတွေကို အကုန်စစ်ဆေးပြီး ကောင်းပြီဆိုမှ ဆင်းခိုင်းဖို့မှာထား..။ငါ ဆေးရုံဝင်ပေါက်ကို သွားပြီး ဘယ်လိုကောင်လဲ ကြည့်လိုက်မယ်..။ဒီကောင်က ငါတို့ ဆေးရုံရှေ့မှာတောင် လာပြီး လိမ်ညာရဲသေးတယ်..။လုံခြုံရေး တွေက ဘာတွေ လုပ်​နေကြတာလဲ..."

ဒါက မြို့သားဆေးရုံ ဖြစ်ပြီး ဒီလို မတော်တဆမူမျိုး ဖြစ်လို့ မရပေ..။

တကယ်လို့ တစ်ခုခုသာ ဖြစ်ပျက်ခဲ့ရင် ဆေးရုံနာမည်က မြောင်းထဲကို ရောက်တော့မှာပါ..။သူတို့ လုပ်တာ မဟုတ်ပေမယ့်လည်း ကောလာဟာလ တွေက တကယ်ကြောက်ဖို့ ကောင်းပါတယ်..။

ဆေးရုံဝင်ပေါက်တွင်..။

လင်းဖန် ဆေးညွှန်းတစ်ခုကို ရေးလိုက်ပြီး..

"တစ်နေ့ သုံးကြိမ်သောက်..။ဒီတစ်ခွက်ကို ရေသုံးခွက်နဲ့ ရောပြီး ကြိုရမယ်နော်..။ခင်ဗျား အရှင်းပျောက်ဖို့ဆို ၂ ပတ်လောက်တော့ စောင့်ရလိမ့်မယ်..။တကယ်လို့ ခင်ဗျား စိတ်ပူတယ် ဆိုရင် ဆေးရုံကို သုံးရက်တစ်ကြိမ် လာစစ်ဆေးပေါ့..."

"မလိုတော့ပါဘူး...မလိုတော့ပါဘူး နတ်ဆေးဆရာလေးရယ်..။တကယ်တော့ ခုနက နတ်ဆေးဆရာလေး အပ်စိုက်ပြီးကတည်းက ပြန်ကောင်းသွားတာပါ...။အစကတော့ လူတိုင်းက ပေါက်ကရတွေ ပြောတယ် ထင်ပြီး မယုံကြည်ခဲ့ဘူး..။အခုတော့ တကယ်ယုံကြည်သွားပြီ..။ဆေးကို ပုံမှန်သောက်ဖို့ ကျွန်တော် မှတ်သားထားပါ့မယ်..."

သူက ဆေးရုံမှာပေါ်မှာ တစ်လလောက် လှဲနေခဲ့ရပေမယ့်လည်း မသက်သာတာနဲ့ အမြဲတမ်း စိတ်ပူနေခဲ့ရတာပါ..

သို့ပေမယ့် အခုတော့ ကွာခြားခဲ့ပါပြီ..။နတ်ဆေးဆရာလေးက သူ့ကို အကုန်ပျောက်အောင် ကုသပေးခဲ့ပါတယ်..။

ဒါပေါ့..ဒါက လူနာ သူ့အတွေး နဲ့သူဖြစ်နေတာပါ...။ရောဂါက အခုထိ အရှင်းပျောက်သေးတာ မဟုတ်ပါဘူး..။သူ အကုန်ပျောက်ဖို့ ဆေးကိူ ပုံမှန်သောက်ရပါဦးမယ်..။

လင်းဖန် ' နတ်ဆေးဆရာ ' ဆိုတဲ့ နာမည်ကို ဘာမှ မပြောပဲ လက်ခံထားခဲ့ပါတယ်..။သူက ဒီနာမည်နဲ့ အမှန်တကယ် ထိုက်တန်တဲ့ လူတစ်ယောက်ပါ..။

"မင်းဘာလုပ်နေတာလဲ.."

ယင်းနောက် ကျယ်လောင်ပြီး လေးနက်တဲ့ အသံတစ်ခုဟာ ထွက်ပေါ်လာခဲ့တယ်..။

ဒါရိုက်တာကျန်းဟာ လူတစ်ချို့ကို ခေါ်ပြီး လျောက်လာနေခဲ့တာပါ..။

သူဒီအခြေအနေ ကို တတ်နိုင်သမျှ မြန်မြန် ရပ်ဖို့ လိူအပ်နေပါပြီ..။

All Chapters