အခန်း (၄၆၆)
Vol. 32 Ch. 466
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် သူ့ရှေ့က လူကြီးကို ကြည့်လိုက်ပြီး..နောက်က သူနာပြုတွေ ဒေါက်တာတွေကို ပါထပ်ကြည့်လိုက်တယ်..။ယင်းနောက် သူ့ရှေ့က လူနာတွေကို ညွှန်ပြလိုက်ကာ...
"ကျုပ်တို့က..ရောဂါတွေကို ကုသပေးနေတာ.."
"ရောဂါတွေကို ကုသပေးနေတာ ဟုတ်လား.. ။ဘာရောဂါလဲ..။မင်းက ဘယ်ဆေးရုံကလဲ..။မင်းရဲ့ ဆေးလက်မှတ်ကရော ဘယ်မှာလဲ..."
ဒါရိုက်တာဟာ လေးလေးနက်နက် ဆက်တိုက်မေးနေခဲ့တာပါ..။သူ ဒီလူတွေကို လူလိမ်တွေလို့ ခံစားနေရပါတယ်..။ဒီလူတွေရဲ့ အလိမ်အညာတွေ အလုပ်ဖြစ်နေတယ် ဆိုတာက လူနာတွေ ပျောက်ချင်စိတ်များနေလို့ပါ...။
သူနာပြုမလေး တွေဟာ လူနာတွေကို ပြန်စည်းရုံးလိုက်တယ်...။
"လူကြီးမင်းတို့.ကျေးဇူးပြုပြီး..ဆေးရုံဆီကို ပြန်လိုက်ခဲ့ကြပါ..။ဆေးရုံကသာ..နေရာအမှန်ပါပဲ..။လူကြီးမင်းတို့ကို ဆေးရုံက ကုသပေးနိုင်တယ် ဆိုတာ ယုံကြည်ကြရပါမယ်.."
လူနာ တစ်ယောက်ဟာ ပြန်ပြောလိုက်တယ်..။
"ငါပြန်လိုက်မှာ မဟုတ်ဘူး..။သူက တကယ် နတ်ဆေးဆရာ လေးပဲ..။ဒီကို လာတဲ့ လူနာတွေ အများကြီး ပြန်သက်သာ သွားကြပြီ..။သူတို့ ဆေးရုံတောင် ဆင်းနိုင်သွားကြပြီ..။ငါ ဒီမှာပဲ ကုတော့မယ်..."
သူနာပြုမလေးဟာ အမြန်ပြောလိုက်တယ်..။
"မဟုတ်ဘူး..သူတို့က ဘယ်ကလူတွေမှန်းတောင် မသိဘူးလေ..။အန်ကယ်တို့ အကုန်လုံး သူတို့ကို ယုံကြည်လို့ မဖြစ်ဖူးနော်..."
ဒါရိုက်တာဟာ..အလွန်အမင်း သိချင်နေခဲ့တယ်..။သူ့ရှေ့မှာ ရှိနေတဲ့..လူငယ်သုံးယောက်နဲ့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကို ကြည့်လိုက်ပါတယ်..။အဓိက အချက်က ..သက်လတ်ပိူင်းအရွယ်လူကြီးကို ကြည့်ရတာ ဆေးကုသနေတဲ့ ပုံစံ မတွေ့ရပါဘူး..။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.....
"ဒါက ကျွန်တော်ရဲ့ ဆေးလက်မှတ်ပါ.."
လင်းဖန် ထုတ်ပြလိုက်တာပါ..။
ဒါရိုက်တာဟာ အနီးကပ်ကြည့်လိုက်ပြီး..ဒါဟာ အစစ်အမှန် ဆိုတာ နားလည်လိုက်တယ်..။သို့ပေမယ့် သူ ဒီကောင်လေးကို တော့ မယုံကြည်သေးပါဘူး..။ဘာပဲဖြစ်ဖြစ် ဆေးလက်မှတ် အစစ်နဲ့တူအောင်..အတုပြုလုပ်ရတာက ခက်ခဲတဲ့ အလုပ်မဟုတ်ပေ..။
"ငါဂရုမစိုက်ဘူး..။ငါ ဒီကိစ္စကို ကိုင်တွယ်ဖို့ ရဲကို ဖုန်းဆက်ခေါ်လိုက်တော့မယ်..။မင်းတို့ အတုလား..အစစ်လား ဆိုတာ ကို ငါစိတ်မဝင်စားဘူး..။မင်းလူနာတွေကို နစ်နာအောင် လုပ်လို့မရဘူး..။သူတို့ရဲ့ ဆေးကုသမဲ့ အချိန်တွေကို မင်းတို့ နောက်နှေးအောင် လုပ်မိရင် ဒီအတွက် မင်းတာဝန်ယူနိုင်လား..."
ဒါရိုက်တာဟာ..လေးနက်စွာ ပြောလိုက်တယ်..။
လူနာတွေကတော့..သိပ်ပြီး စိတ်မရှည်ကြတော့ပါဘူး..။အရင်လူနာတွေကို ဒီ နတ်ဆေးဆရာလေး ကုသပေးလို့ အကုန်ပြန်ကောင်းသွားတာကို သူတို့ မျက်လုံးနဲ့ မြင်ခဲ့ကြရတာပါ..။အခု ဒါရိုက်တာက သူတို့ အလှည့်ရောက်ခါနီးမှ နတ်ဆေးဆရာ လေးကို မောင်းထုတ်နေတာ မြင်တော့ လက်မခံနိုင်ကြပေ..။
တကယ်လို့ ဒီ နတ်ဆေးဆရာ လေး ထွက်ခွာသွားရင် ငါတို့ကို ဘယ်သူက..ကုသပေးတော့မှာလဲ...
"ဒါရိုက်တာတို့..ကျေးဇူးပြုပြီး ထွက်သွားပေးကြပါလား..။ကျွန်တော်တို့က ဒီကို ကုသဖို့ လာကြတာ..။ခင်ဗျားတို့ ဒီလိုလာပြီး မပြောသင့်ဘူးလို့တော့ ထင်တယ်..။ကျွန်တော်..ဆေးရုံတက်နေတာ..ဒေါ်လာ ၆ သောင်း ကုန်ပြီးသွားပြီ..နောက်ဆုံးအဖြေက ဘာလဲ..။ကျွန်တော် ဒီနေ့အထိ ဆေးရုံပေါ်မှာ ရှိနေတုန်းပဲ..။ခင်ဗျားတို့ ကျွန်တော်တို့ကို မျှော်လင့်ချက်လေးတော့ ပေးထားသင့်တယ်လေ.."
"ဟုတ်တယ်..ငါတို့က အကန်းတွေ မဟုတ်ဘူး..။ဒါ အစစ်လား အတုလား ဆိုတာ ငါတို့ ခွဲခြား နိုင်သေးတယ်..။ငါက ..လယ်သမားတစ်ယောက် ဖြစ်ပေမယ့်..ငါ့တစ်ဘဝလုံး စုဆောင်းသမျှကို..ဆေးရုံမှာပဲ အကုန် သုံးလိုက်ရတယ်လေ..။တကယ်လို့ ငါ ဒီအခွင့်အရေးကို လက်လွတ်ပြီး..ဆေးရုံကို ပြန်လိုက်လာမယ် ဆိုရင် အခမဲ့ ဆေးရုံတက်ခွင့်ပေးမှာ မို့လို့လား..."
"ဟေး..နတ်ဘုရား ဒေါက်တာလေး..သူတို့ကို ဂရုစိုက်မနေနဲ့..။သူတို့က..အလကားလူတွေပဲ..။အခု နတ်ဆေးဆရာ လေး က အခမဲ့ ကုသပေးနေတော့ သူတို့က ထွက်သွားစေချင် နေကြတာ..။သူတို့ လိုချင်တာက ငါတို့ကို သူတို့ ဆေးရုံမှာ ထားပြီး ..ငါတို့ ပိုက်ဆံတွေကို ကုန်အောင်လုပ်ဖို့လေ.."
လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။သူ ဘာပြောနိုင်ဦးမှာလဲ..။တကယ်လို့..အခြေအနေ ဆိူးရွားတဲ့ လူတစ်ယောက်ကသာ..ဆေးရုံမှာ တက်နေရရင်..ကုန်ကျစားရိတ်က မိုးထိုးနေတော့မှာပါ..။
သို့ပေမယ့်..ဒါရိုက်တာကို အကြောင်းအကျိူး မဆီလျော် တဲ့ လူလို့လည်း သွားပြောလို့ မရပြန်ပေ..။တကယ်လို့ လူနာတွေမှာ ပေးစရာ ပိုက်ဆံ မရှိရင်..ဆေးရုံက..နောက်မှ ဖြည်းဖြည်းချင်း ပေးလို့ရအောင် ခွင့်ပြုပေးထားခဲ့ပါတယ်..။
ကျိုးမင်ချင်း သူ့ရဲ့ ဆေးလက်မှတ်ကို ထုတ်လိုက်တယ်..။
"ကျွန်တော်က ..တရုတ်ဆေးပညာ အဖွဲ့အစည်းရဲ့..ကျိုးမင်ချငိးပဲ..။ဒါက ကျွန်တော်ရဲ့ ဆေးလက်မှတ် တစ်ချက်ကြည့်ကြည့်ဦး..."
ဒါရိုက်တာဟာ ဆေးလက်မှတ်ကို ယူကြည့်ပြီး မျက်နှာ အနည်းငယ် ပြောင်းလဲ သွားခဲ့တယ်..။ဆေးလက်မှတ် တစ်ခုက..တရုတ်ဆေးပညာ အဖွဲ့အစည်းက ဖြစ်ပြီး နောက်တစ်ခုက..ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီကပါ..။ဒါဟာ အတုမဖြစ်နိုင်ပေ..။
သူ ပုံမှန်ကျတဲ့ လေသံ နဲ့ပဲ ပြောလိုက်တယ်..။
"ဒါရိုက်တာ ကျိုး..တကယ်လို့ ခင်ဗျား ကျွန်တော် တို့ ဆေးရုံရဲ့ တရုတ် ဆေးပညာဌာနကို လာရင် ကျွန်တော်တို့ ဝမ်းသာစွာ ကြိုဆိုမှာပါ..။ဒီလို မဟုတ်ပဲ..ဆေးရုံရဲ့ အပေါက်ဝမှာ အခုလို ဆက်လုပ်နေရင်တော့ မှားနေပြီလို့ ပြောပါရစေ.."
ကျိုးမင်ချင်း ပြန်ပြောလိုက်တယ်..။
"ဘာများမှားနေလို့တုန်း.။.ဆေးရုံတွေက..လူနာ တွေကို ကုသတယ်..ကျွန်တော်တို့ကလည်း လူနာတွေကို ကုသဖို့ လာခဲ့ကြတာလေ..။ဒါက တူညီတဲ့အရာပဲ..။ဘာများ မတူညီစရာ ရှိလို့လဲ.."
ချီဂျီဟာ ..ငယ်ရွယ်တဲ့ ကျောင်းသား ဖြစ်တဲ့ အတွက်..ခံစားချက်အလိုက် ..ဝင်ပြောလိုက်တယ်..။
"ကျွန်တော် တို့ရဲ့ ဆရာလင်းက လူနာတွေ အများကြီးကို ကုသခဲ့ပေမယ့် ပိုက်ဆံ တစ်ပြားမှ မယူခဲ့ဘူး..။အခု ဆေးလက်မှတ် လည်းကြည့်ပြီးပြီ..ဒီလက်မှတ်တွေက လည်း အစစ်အမှန်တွေပဲ..။ဒါတောင် ကျွန်တော် တို့ကို ထွက်သွားစေချင် သေးရင် ခင်ဗျားတို့ ဆေးရုံက ..ကျွန်တော်တို့ လူနာ တွေကို ကုသလိုက်လို့ ဝင်ငွေတွေ ဆုံးရှုံးရမှာ ကြောက်နေသလို ဖြစ်နေပြီနော်.."
သူဒါကို ပြောလိုက်တဲ့ အချိန်မှာ ဆေးရုံ ဒါရိုက်တာ ဟာ ဒေါသထွက်သွားခဲ့ပါတယ်..။
ကျန်းတုန်တုန် ချီဂျီကို ဘေးလက် ဆွဲခေါ်သွားလိုက်တယ်..။ချီဂျီ ရဲ့စကားတွေက အနည်းငယ် လွန်သွားတယ် လို့ သူမ ခံစားလိုက်ရလို့ပါ..။
သို့ပေမယ့် ချီဂျီကတော့..သူ အမှားပြောမိတယ် လို့ မခံစားရပေ..။
"ငါ ပြောတာ ဘာမှ အမှားမပါဘူး..။ဆေးရုံဆိုတာက လူတွေကို ကယ်တင်ဖို့ ပဲ..။ငါတို့လည်း လူတွေကို ကယ်တင်ဖို့ ရောက်လာနေတာလေ..။ထပ်ပြောရရင် ဒီလူတွေက ပိုက်ဆံ တွေ အများကြီး ကုန်ပြီး အခုထိ မပျောက်ကြသေးဘူး..။အခု ကျုပ်တို့က တရုတ်ဆေးပညာကို သုံးပြီး ကုသပေးနေတာ ခင်ဗျားတို့က ဘာလို့ ကျုပ်တို့ကို ထွက်သွားစေချင်နေတာလဲ..။ခင်ဗျားတို့က ကျုပ်တို့ ဒီလူတွေကို ကုသလိုက်ရင် ..ဝင်ငွေ ဆံူးရှုံး သွားမှာကို ကြောက်နေတာပဲ.."
"မင်း ဘာစကား ပြောတာလဲ.."
ဆေးရုံ ဒါရိုက်တာ နောက်မှာ ရှိနေတဲ့..ဆရာဝန် တစ်ယောက်က မနေနိုင်တော့ပဲ ဝင်ပြောလိုက်တာပါ..။
လင်းဖန် လက်ဝေ့ယမ်း လိုက်တယ်..။
"ကောင်းပြီ ငြင်းခုန် နေတာတွေ တော်လိုက်ကြရအောင်..။ဒါရိုက်တာ..ကျွန်တော်တို့ကို ဘာလုပ်စေချင်တာလဲ ပြောပါ.."
ဒါရိုက်တာဟာ လေးနက်စွာ ပြောလိုက်တယ်..။
"မင်းတို့က ကြင်နာတဲ့ လူတွေပါ..။ဒါပေမဲ့ ဒီနေရာက ဆေးရုံ ရှိနေတဲ့ နေရာလေ..။မင်းတို့ကြောင့် ဆေးရုံရဲ့ ပုံရိပ်ကို ထိခိုင်စေနိုင်တယ်..။တစ်ချိန်တည်းမှာပဲ လူတွေက ဆေးရုံကို မကောင်းမြင်လာနိုင်တယ်လေ..။မင်းတို့ နေရာ ပြောင်းပေးနိုင်မယ် လို့ ငါမျှော်လင့်ပါတယ်.."
"ဒါက အကြောင်းကျိူး ဆီလျော်ပါတယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ဒါပေမဲ့..ဒါက မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်တယ်နော်..။ဒီနေ့ ကျွန်တော် လူတိုင်းကို ကုသပေးဖို့ ရောက်လာတာ..။အခု ခင်ဗျားတို့..ဆေးရုံကို ပြန်သွားပေးကြပါ..။ဒါဖြစ်နိုင်မလား..."
ကျိုးမင်ချင်းက တော့ ငြိမ်သက်စွာ. ရှိနေပြီး သူ့ဆရာကို အကုန်အပ်ထားခဲ့ပါတယ်..။
ဘယ်လို အခြေအနေ ပဲ ရှိလာ ရှိလာ ..သူကတော့ သူ့ဆရာဘက်မှာပဲ ရှိနေရမှာပါ..။
လူနာရဲ့ မိသားစု ဝင်တွေဟာ စိတ်ပူသွားခဲ့ကြတယ်..။
"ဒေါက်တာ တို့..ကျေးဇူးပြုပြီး ပြန်သွားပေးကြပါလား..။နတ်ဆေးဆရာ လေးက ဒီမှာ အခမဲ့ ကုသပေးနေတာပါ..။သူတို့က ဆေးရုံကို ထိခိုက်အောင် ဘာမှ မလုပ်ပါဘူး..။ဘာလို့များ သူတို့ကို မောင်းထုတ် ချင်နေရတာလဲ.."
"ဟုတ်တယ် ဆေရုံ စတက်ကတည်းက ငါ့ရဲ့ အခြေအနေက တိုးတက်တာ မဟုတ်ဘူး..။ထပ်ပြောရရင် ငါ့တို့ရဲ့ ပိုက်ဆံတွေက ရေလို တလဟော ထွက်နေတာဘေ..။ကျေးဇူးပြုပြီး ငါတို့ကို နတ်ဆေးဆရာလေးနဲ့ ကုသခွင့်ပေးကြပါကွာ.."
"တကယ်လို့ မင်းတို့ မပြန်ဘူး ဆိုရင်..။ငါတို့ အကုန်လုံး တစ်ခုခုလုပ်ရလိမ့်မယ်.."
လူနာတွေ အကုန်လံူးဟာ စုစည်းသွားခဲ့ကြတယ်..။သူတို့က ဒါရိုက်တာ နဲ့ ဆရာဝန်တွေ မထွက်သွားကြရင် ရိုက်နှက်ကြတော့မယ့် အတိုင်းပါပဲ..။
လင်းဖန်ကြည့်ပြီး ပြုံးလိုက်တယ်..။
"ဒါရိုက်တာကြီး ..ခင်ဗျားတို့ ဆေးရုံကို ပြန်သွားဖို့ ကျွန်တော် အကြံပေးချင်တယ်..။ဆေးရုံက ဒီနားမှာ ဆိုတော့ တစ်ခုခု ဖြစ်ရင်လည်း အမြန်ကယ်တင်လို့ရတယ်လေ.."
ဒါရိုက်တာဟာ မျက်မှောင်ကျုတ်ပြီး လှည့်ထွက်သွားခဲ့ပါတယ်..။
သို့ပေမယ့် သူဒီလို လွှတ်မပေးလိုက်ချင်ပေ..။
"စည်ပင် အရာရှိတွေကို ခေါ်လိုက်..."
ဒါရိုက်တာဟာ..ဒီအကြောင်းကို ထပ်ပြီး ဂရုမစိုက်ချင်တော့ပေ..။သူ ဒီကိစ္စကို စည်ပင်အရာရှိတွေနဲပဲ လွှတ်ပေးထားလိုက်တော့မှာပါ..။
…
"ကောင်းပြီ ဆက်လိုက်ကြရ အောင်.."
လင်းဖန် ပြောလိုက်တာပါ..။
ကျိုးမင်ချင်းနဲ့ ကျန်တဲ့့ လူတွေဟာလည်း ထပ်ပြီး ဂရုမစိုက်တော့ပေ..။သူတို့ လုပ်စရာရှိတာကိုပဲ ဆက်လုပ်နေခဲ့ကြပါတယ်..။
လူနာတွေဟာလည်း စိတ်လှုပ်ရှားနေခဲ့ကြတယ်..။သူတို့ နောက်ဆုံးတော့..မျှော်လင့်ချက်လေး ရရှိခဲ့ပါပြီ..။
သူတို့ မြင်နေရတာတော့..နတ်ဆေးဆရာလေး ကုသပေးတဲ့ လူနာတိုင်း..မပျောက်ကင်းတာ မရှိပါဘူး..။
သို့ပေမယ့် သိပ်မကြာခင်မှာပဲ တစ်ခုခု ဖြစ်ပေါ်လာခဲ့တယ်..။
.
စည်ပင်အရာရှိတွေရဲ့ ကားတွေဟာ အနီးအနားမှာ ရပ်တန့်သွားခဲ့တာပါ..။
ယင်းနောက် စည်ပင်ဝန်ထမ်း လေးယောက်ဟာ ဆင်းလာခဲ့ကြတယ်..။သူတို့ဟာ ဆေးရုံဝင်ပေါက်မှာ..လူတစ်ချို့ လူနာတွေကို ဆေးကုနေတယ် ဆိုပြီး ဖုန်ကောကို ရတာနဲ့ ချက်ချင်း ထွက်လာခဲ့ကြတာပါ..။
ဘယ်လိုဟာသမျိုးလဲ...
သို့ပေမယ့်..သူတို့ အခြေအနေတွေကို မြင်လိုက်တဲ့ အချိန်မှာ ရယ်မောလိုက်ကြတယ်..။ဒီမှာ လူငယ်သုံးယောက်နဲ့ အဖိုးကြီး တစ်ယောက်ပဲ ရှိပါတယ်..။
ဒီလူတွေရဲ့ ပစ္စည်းတွေ..လက်နက်ကိရိယာ တွေ အကုန်လံူးကို သူတို့ ကျိန်းသေ နိုင်ငံဘဏ္ဍာအဖြစ် သိမ်းယူတော့မှာပါ..။