အံ့ဩဖို့ကောင်းမူ...
Vol. 32 Ch. 467
#ဘာသာပြန် = စနိုးဝှိုက်
"ဟင်.."
လင်းဖန် လူနာတွေကို..ကုသနေရင်းကနေ..စည်ပင်ကားတွေကို မြင်လိုက်တဲ့ အချိန်မှာ..ဆေးရုံက ခေါ်လိုက်တာမှန်း သိလိုက်ပါတယ်..။
သူတို့ကလွှဲပြီး ဘယ်သူက ခေါ်မှာလဲ...
"ဆရာ..စည်ပင်အရာရှိတွေ ရောက်လာကြပြီ.."
ကျိုးမင်ချင်း ပြောလိုက်တာပါ..။
လင်းဖန် ပြောလိုက်တယ်..။
"စိတ်မပူနဲ့..လုပ်စရာ ရှိတာကိုပဲ လုပ်ကြ..."
ယင်းနောက် သူဆေးစာရွက် .ကိုရေး လိုက်ပြီး...
"ခင်ဗျား အခြေအနေက အတော်ဆိုးနေတာကြောင့်..ဒီဆေးကို အရည်အသွေးကောင်းတာ တွေနဲ့ပဲ ကျိုချက်သောက်ဖို့ သတိရပါ..။အစပ်တွေကို မစားနဲ့..ကိုယ့်ကိုကို အမြဲနှေးထွေးအောင်နေ..."
"အိုကေ..သိပါပြီ နတ်ဆေးဆရာလေး.."
လူနာဟာ အစက အသက်စွမ်းအင်တွေ ကင်းမဲနပေမယ့်လည်း..အခုတော့ လုံးဝကို ပြောင်းလဲ သွားခဲ့ပါပြီ..။သူက သာမန်လူတစ်ယောက်လို မဖြစ်သေးပေမယ့်လည်း..အရငျကထက် အများကြီး့ပိုကောင်းလာတာကို ခံစားရပါတယ်..။
"နတ်ဆေးဆရာလေး...မင်းက တကယ်ကို နတ်ဆေးဆရာလေးပဲ..."
"စောနက ငါတို့ သူ့ကို ကြည့်တုန်းက သူ့ပုံစံက တကယ် မောပန်းနေတာ..။အခုတော့..လုံးဝကို ပြောင်းလဲသွားပြီ..."
"ငါတို့ ဒီနတ်ဆေးဆရာလေးနဲ့ စောစော တွေ့လိုက်ရမှာ..။အဲတာဆို ငါတို့ ဒီရောဂါတွေကို ခံစား ရမှာ မဟုတ်ဘူး..."
"ဒါပေမဲ့ အခုဆိုရင်လည်း အရမ်းနောကျမကြသေးပါဘူး...။အနည်းဆုံး ငါတို့ အသက်ရှင်ကြရ ဦးမယ်လေ..."
…
လင်းဖန် ..ကင်ဆာရောဂါ သည်တွေကို တော့ အခုထိ မတွေ့ရသေးပေ..။တကယ်လို့ ကင်ဆာ ရောဂါသည် လာခဲ့ရင် သူ ဘာလုပ်ရမလဲ မသိသေးပါဘူး..။
တကယ်လို့ သူသာ ပျောက် ကင်းအောင် ကုပေးလိုက်ရင် အကုန်လုံး ရူးသွပ်ကုန်ကြတော့မှာပါ..။
ဘာပဲဖစ်ဖြစ် သူတို့ ဒီကို ကုသဖို့ လာတာ ဆိုတော့ ဘာရောဂါ ပဲဖွစျနေဖြစ်နေ ကျိန်းသေ ကုသကြရမှာပါ..။
ဘန်း...
စည်ပင် ဝန်ထမ်းတွေထဲက ခေါင်းဆောင်ဟာ လျောက်လာခဲ့ပြီး စားပွဲကို ဒေါသထွက်စွာ ရိုက်နှက်လိုက်တယ်..။
"မင်းတို့ကို ဒီမှာ ဆိုင်ဆောက်ဖို့ ဘယ်သူက ခွင့်ပြု ပေးလိုက်တာလဲ..."
လင်းဖန် ခေါင်းမော့ပြီး..ကျိုးမင်ချင်းကို အချက်ပြလိုက်တယ်..။
"ကျုပ်ကို အပ် လေးချောင်းပေး..."
ကျိူးမင်ချင်း ကြောင်အသွားခဲ့ပေမယ့် လည်း ငွေအပ်လေးချောင်းကို လှမ်းပေးလိုက်ပါသေးတယ်..။
လင်းဖန် သူ့လက်တွေကို အမွနျလှုပ်ရှားလိုက်ပွီး..စည်ပင်ဝန်ထမ်းတွေရဲ့ ခန္တာကိုယ်ပေါ်မှာ ငွေအပ်လေးချောင်းကို စိုက်လိုက်တယ်..။ရုတျတရက် လေးယောက်လုံး..တောင့်တင်းသွားပြီး လှုပ်လို့ မရကြတော့ပါဘူး..။
"စိတ်မရှိပါနဲ့. တစျယောကျလောကျ သူတို့ကို. ဘေးနားကို သယ်သွားပေးကြပါလား..."
လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။
မိသားစုဝင်တွေဟာ..စည်ပင်အရာရှိတွေကို အနည်းငယ် ကြောက်ရွံ့ကြပေမယ့် လည်း..ဒီလူတွေ လှုပ်လို့ မရမှန်း သိကြတဲ့ အတွက်..ဘေးကို သယ်သွားပေးလိုက်ကြတယ်..။
"နတ်ဆေးဆရာလေး..ဒါက အတော်အံ့ဩဖို့ ကောင်းတာပဲ..."
ကျန်တဲ့ လူတွေဟာ အံ့ဩစွာ ပြောလိုက်ကြတာပါ..။
လင်းဖန် ပြုံးယုံသာ ပြုံးလိုက်ပြီး ဘာမှ ပွနျမပွောခဲ့ပေ..။
ကျိုးမင်ချင်း ကြောင်အသွားပြီး...
"ဆရာ..ဘာလုပ် လိုကျတာလဲ..."
"ခန္တာကိုယ်မှာ..လှုပ်လို့ မရတဲ့ အကြောတစ်ခုကို အပ်စိုက်ထားလိုက်တာလေ..။သင်ယူ ခင်ြလို့လား..."
လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။
ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။ဒါက အတော်ကို အံ့ဩဖို့ ကောင်းပါတယ်..။လူတွေ ရဲ့ ခန္တာကိုယ်မှာ ခနတာ..အေးခဲစေတဲ့ အမှတ်တွေ ရှိတာကို..သူသိထားပေမယ့်..တစ်ချိန်လုံး ကျောက်ရုပ်လို ရပ်သွားစေတာကတော့ မယုံကြည်နိုင်စရာပါပဲ..။
"လောလောဆယ် ..သင်ပေးလည်း အသုံးဝင်မှာ မဟုတ်ဘူး..။ခင်ဗျား ရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ လိုကျလုပျဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး..။လေ့ကျင့်နေရင်း ..အနာဂတ်မှာ တိုးတက်လာမှ သင်ပေးမယ်.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..
ကျိုးမင်ချင်း အနည်းငယ် ဝမ်းနည်းသွားခဲ့တယ်..။သူ့မှာ သင်ယူဖို့ အရည်အချင်း မလုံလောက်ပဲ ဖွစျနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
ချီဂျီနဲ့ ကျန်းတုန် တုနျဟာ ဒါကို မြင်ပြီး မယုံကြည်နိင်ဖြစ်နေကြပါတယ်..။ဆရာလင်း ဒီလောက်ထိ စွမ်းအားကြီးမယ် လို့ သူတို့ မထင်ထားခဲ့ပေ..။သူတို့ ဒီပညာကို သငျယူခငျြပမေယျ့လညျး ဒါရိုကျတာ ကြိူးတောငျ သငျယူခှငျ့မရတော့ သူတို့အတှကျ မြျှောလငျ့ခကျြ မရှိတော့ပါဘူး..။
အဲ့အချိန်မှာတော့..စည်ပင် ဝန်ထမ်း လေးယောက်ဟာ ကြောင်အနေခဲ့ကြပါပြီ..။
.
သူတို့ လှုပ်ချင်ရင်တောင် လှုပ်လို့ မရဘူး ဆိုတာ နားလည်း လိုက်တယ်..။ဒါက အတော်ကို ကြောက်ဖို့ ကောင်းတာပါ။
ချီပဲ...
သူတို့ ပြန်ကောင်းလာရင် တော့ ဒီငနဲ ကို ကျိန်းသေ သင်ခန်းစာ ပေးမှ ရမှာပါ..။
သူတို့ လေးယောက် မလှုပ်နိုင်ပေမယ့် လည်း..သူတို့ရဲ့ မျက်နှာတွေကတော့ အတော်ကို..ဒေါသထွက်နေကြတာပါ..။
ဆေးရုံတွင်..
"ဒါရိုက်တာ..စည်းပင်အရာ ရှိတွေ တော့ ရောက်နေကြပြီ..ဒါပေမဲ့ သူတို့က မတ်တတ်ပဲ ရပ်နေကြတယ်..။သူတို့ မမောင်းထုတ်ကြဘူး.."
ဒေါက်တာ တစ်ယောက်က လက်ရှိအခြေအနေကို တင်ပြနေခဲ့တာပါ..။
ဒါရိုက်တာ ဟာ ကောင်းမွန်တဲ့ စိတ်အခြေအနေ ရှိမနေခဲ့ပေ..။သူ ဒေါက်တာ ရဲ့စကား ကို ကြားတဲ့ အချိန်မှာ ကြောင်အသွားပြီး..
"ဘာ... စည်ပင် အရာရှိ တွေက မောင်းမထုတ်ပဲ အဲ့မှာ မတ်တတ်ရပ်နေကြတာလား..။သူတို့ ဘာလုပ်နေကြတာလဲ..."
"မသိဘူး..သူတို့ အဲ့မှာပဲ ရပ်နေကြတယ်..။ကြည့်ရတာ ..သူတို့ ဆေးကုတာကို ကြည့်နေတဲ့ပုံပဲ..."
ဒါရိုက်တာဟာ ဒေါသထွက်သွားခဲ့တယ်..။ဒီ စည်ပင်အရာရှိ တွေ ဘာလုပ်နေမှန်း နားမလည်တော့ပါဘူး..။
သူနာပြုမလေး တစ်ယောက်ဟာ အမြန် ရောက်လာခဲ့ပြီး...
"ဒါရိုက်တာ တစ်ခုခု တော့ဖြစ်နေပြီ..။ဆေးရုံမှာ ရှိတဲ့ လူနာတွေ အကုန်လုံး ဝင်ပေါက်ကို သွားဖို့ လုပ်နေကြတယ်..။ပြန်လာတဲ့ လူနာတွေက လည်း လူတိုင်းကို သူတို့ ကောင်းသွားကြောင်း လိုက်ပြောနေကြတာ..။အခုချိန်အထိဆို.. ဆေးရုံက ဆင်းသွားတာ လူနာ အယောက် ၂၀ လောက်ရှိပြီ.."
"ဘယ်လို ဖြစ်နိုင်မှာလဲ.."
ဒါရိုက်တာ ကြောင်အသွားခဲ့တယ်..။
ဘယ်လိုဖြစ်နိုင်မှာလဲ...။တကယ်လို့ ဒါသာ ဆက်တိုက်ဖြစ်နေရင်..ဆေးရုံဆိုတာ ဘာအတွက် ရှိနေဦးမှာလဲ...။
သူတို့ ဒီတိုင်း ဆက်ထားလို့ မရတော့ပါဘူး..။ဒီကိစ္စကိုသာ မီဒီယာတွေ သိသွားရင် အူတက်အောင် ဝိုင်းရယ် ကြတော့မှာပါ..။
ကျောင်းနင် မြို့သားဆေးရုံက လူနာတွေ အကုန်လုံးကို..ဆေးပညာ ပရဟိတ အဖွဲ့မှ ပျောက်ကင်းအောင် ကုသပေးသွား ခြင်း...။
ဒီသတင်းက အတော်ကို လူစိတ်ဝင်စားမူ များမှာပါ..။
သို့ပေမယ့် အခြေအနေက ပုံမှန် တော့မဟုတ်လောက်ပေ..။စည်ပင်အရာရှိတွေက ရောက်လာပြီး ဘာမှ မလုပ်ကြပဲ နေကြတာပါ..။
သူတို့ နောက်တစ်မျိုး စဥ္းစားမှ ရပါတော့မယ်..။
…
စည်ပင် ဝန်ထမ်း လေးယောက်ဟာ ဘေးမှာ အကြာကြှီး ရပ်နေကြပေမယ့် ဘာမှ မခံစားကြရပေ..။တကယ်လို တစ်စုံတစ်ယောက် က အကြာကြီးရပ်နေရင် ညောင်းညာထုံကျင် တာတွေ ဖြစ်လာရမှာပါ..။
သူတို့ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာဟာ မရှိတော့ပဲ..အံ့ဩနေတဲ့ မျက်နှာတွေပဲ ရှိကြပါတော့တယ်..။
သူတို့ မလှုပ်နိုင်တဲ့ အတွက် မတ်တတ်ရပ်ပြီး ကြည့်နေဖို့သာ တတ်နိုင်ပါတယ်..။လူနာတိုင်းက..ကူသပြီးတဲ့ အချိန်မှာ အတော်သက်သာသွားကြတာကို သူတို့ တွေ့နေကြရတာပါ..။
အံ့ဩစရာပဲ..
လူတွေဟာ ပိုပိုပြီး များလာနေခဲ့တယ်..။
သူတို့အကန်းမဟုတ်ပါဘူး..ဒါက မတူညီတဲ့အခြေအနေ တစ်ခုပါ..။အစကေတာ့ သူတို့ လူလိမ်တွေလို့ ထင်ခဲ့ကြပေမယ့်..ဒီလူတွေ လူနာကို ကုသပုံက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်..။
"ဘယ်အချိန်ရှိပြီလဲ.."
လင်းဖန် မေးလိုက်တာပါ..။
"ဆရာ..၅ နာရီ ရှိပါပြီ.."
ကျို့မင်ချင်း ပြန်ဖြေလိုက်တယ်..။
လင်းဖန် လူနာတွေကို ကြည့်ပြီး ရပ်တန့်လိုက်တယ်..။
"အခု အရမ်းနောက်ကျနေပြီ..။ကျုပ်တို့ ရပ်တန့်သင့်ပြီထင်တယ်..။လီဂျီ မနက်ဖြန် ငါတို့ သွားမယ့် ဆေးရုံက ဘယ်ကိုလဲ.."
ချီဓျီ ပြန်ဖြေလိုက်တယ်...။
"ဆရာလင်း..ကျွန်တော်တို့ မနက်ဖြန် ကျောင်းနင် အထူးကု ဆေးရုံကို သွားရမှာပါ..."
"ကောင်းပြီ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ လူအုပ်ကို ကြည့်လိုက်ပြီး...
"အားလုံးပဲ..ဆေးခန်းပိတ်သွားပါပြီ..။မနက်ဖြန် ၇ နာရီမှ ကျောင်းနင် အထူးကု ဆေးရုံကို ပြန်လာခဲ့ပါ..။ကောင်းပြီ ကျွန်တော်တို့လည်း တစ်နေ့လုံး
ကုသရတာ ပင်ပန်းလို့ ပြန်တော့မယ်..."
လူနာတွေဟာ..သူတို့ကို ထွက်မသွားစေချင်ကြသေးပါဘူး..။သို့ပေမယ့် နတ်ဆေးဆရာ လေး ပြောလာပြီ ဆိုမှတော့..ဘာမှ မတတ်နိုင်တော့ပေ..။
"နတ်ဆေးဆရာလေး ကျွန်တော် တို့စောင့်နေပါ့မယ်..။
"ကျိန်းသေလာခဲ့ရမယ်နော်..."
လင်းဖန်..ပစ္စည်းတွေ သိမ်းကာ ပြုံးလိုက်ပြီး..
"စိတ်မပူနဲ့ မနက်ဖြန်ကျုပ် အဲဲဒီမှာ စောင့်နေပါ့မယ်..."
တစ်ခါတစ်လေမှာ သူလူနာတွေကို ကုသပြီးလို့ ရလာတဲ့ ပျော်ရွှင်မူကို တကယ်သဘောကျမိ ပါတယ်..။
ယင်းနောက် သူ စည်ပင်ဝန်ထမ်း လေးယောက်ကို ကြည့်ပြီး..သူတို့ ခန္တာကိုယ်က အပ်တွေကို ပြန်ထုတ်ပေးလိုက်တယ်..။ပြီးတာနဲ့ သူ ကျိုးမင်ချင်းတို့နဲ့ အတူ လှည့်ထွက်သွားခဲ့ပါတယ်..။
"ခနလေး..."
စည်ပင် အရာရှိတစ်ယောက်ဟာ လှမ်းအော်လိုက်တာပါ..။သူဟာ အနည်းငယ် တွေဝေနေခဲ့တယ်..။
"ဘာဖြစ်လို့လဲ..။ကျုပ်ကို ဖမ်းချင်သေးလို့လား.."
စည်ပင် အရာရှိဟာ ခေါင်းခါယမ်း လိုက်ပြီး...
"မဟုတ်ဘူး..ကျွန်တော် တစ်ခုလောက် မေးစရာရှိလို့..။ကျွန်တော့် အမေက ခြေထောက်နှစ်ဖက်လုံး ..လှုပ်လို့မရပဲ.. အိပ်ယာထဲလှဲနေရတာ..။အဲတာ ကုသလို့ ရနိုင်မလား..."
သူ့ မျက်လုံးမှာ..မျော်လင့်ချက်တွေ ပြည့်နေပေမယ့် .ကြောက်လည်း ကြောက်ရွံနေခဲ့ပါတယ်..။နတ်ဆေးဆရာလေးက မျှော်လင့်ချက် မဲ့နေပြီ ပြောမှာ ဒါမှမဟုတ် အစောက အဖြစ်အပျက်ကြောင့် သူတို့ကို အငြိုးထားမှာကိုပါ..။
"ပြန်ကောင်းသွားမှာပါ..။မနက်ဖြန်သာ ကျောင်းနင် အထူးကု ဆေးရုံကိုသာ ခေါ်လာခဲ့..။ဒီနေ့တော့ ကျုပ် ပင်ပန်းနေပြီ..။ခင်ဗျား တို့ကို တစ်နေ့ခင်းလုံး..မတ်တတ်ရပ်ခိုင်းထားရတဲ့ အတွက် စိတ်မကောင်း ပါဘူး.."
လင်းဖန် ပြောလိုက်တာပါ..။ယင်းနောက် သူလက်ဝေ့ယမ်း လိုက်ပြီး နောက်ကို ပြန်လှည့် မကြည့်တော့ပေ..။