← Chapters

အခန်း (၄၆၈)

Vol. 32 Ch. 468

အခန်း (၄၆၈)

Vol. 32 Ch. 468

#ဘာသာပြန် = စနိုးဝှိုက်

ညဘက်..။

ဟော်တယ်တွင်..။

လင်းဖန်က ပင်ပန်းနေပြီ ဖြစ်ပေမယ့်လည်း..ကျိုးမင်ချငိးနဲ့ ကျန်တဲ့ လူတွေကတော့..ခွန်အားတွေ ပြည့်နေကြဆဲပါ..။သူတို့..ထိုင်နေပြီး..ရောဂါ အချက်အလက်တွေကို လေ့လာနေခဲ့ကြပါတယ်..။

လင်းဖန် အကူညီမဲ့ စွာ မေးလိုက်တယ်..။

"ခင်ဗျားတို့ မပင်ပန်းကြဘူးလား.."

ကျိုးမင်ချင်း ခေါင်းခါယမ်း လိုက်တယ်..။

"ပြသနာ မရှ်ိဘူး..။ခွန်အားတွေ ပြည့်နေတုန်း ပဲ..။ဆရာ..ဒီနေ့ ဖြစ်ပျက်တာတွေ ကို ပြန်ရှင်းပြပါလား..။ကျွန်တော် နားမလည် တဲ့ အရာတွေမှ အများကြီးပဲ..."

သူ အသိပညာတွေကို တကယ် သင်ယူချင်နေပါပြီ..။

"ကောင်းပြီ ရှင်းပြပေးမယ်..။ဒါပေမဲ့ ..အကုန်လံူး ၁၁ နာရီဆို အိပ်ရမယ်..။ခင္ဗျားတို့ က မပင်ပန်းပေမယ့် ကျုပ်ကတော့ အတော်ကို ပင်ပန်းနေပြီ.."

လင်းဖန် သန်းဝေပြီး ပြောလိုက်တာပါ..။ဒီနေ့အတွက် ရောဂါတွေက သူ့အတွက် လွယ်ကူပေမယ့် ကျိုးမင်ချင်း နဲ့ ကျန်တဲ့့ လူနှစ်ယောက် အတွက်ကတော့ အတော်ကို ခက်ခဲတဲ့ အရာတွေပါ..။ဘယ်သူကမှ မရှင်းပြဘူး ဆိုရင် သူ့တို့ နားလည်နိုင်ကြမှာ မဟုတ်ပေ..။

၈ နာရီ..။

၉ နာရီ...။

…

၁၁ နာရီ..။

လင်းဖန် ပါးစပ်တွေ ခြောက်နေပြီ ဖြစ်ပေမယ့်..ကျိုးမင်ချင်းနဲ့ ကျန်တဲ့ နှစ်ယောက်ကတော့ ဂရုတစိုက် နားထောင် နေကြတုန်းပါ..။သူတို့ အသိပညာ သစ်တွေကို ရတဲ့အခါမှာ သူတို့ မျက်လုံးတွေဟာ..တောက်ပ နေခဲ့ပါတယ်..။

ညဘက်..။

လိုင်းပေါ်မှာ ဗီဒီယို တစ်ခု တက်လာခဲ့တယ်..။

ဒါက ဒီီနေ့ မြို့သားများ ဆေးရုံမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပါ..။

' အံ့ဩစရာ နတ်ဆေးဆရာလေးပဲ..'

နောက်တစ်ရက်..မနက်ခင်းတွင်..။

အင်တာနက်က..ငြိမ်သက်မနေ တော့ပါဘူး..။

ကျောင်းနင် ရှိ ပလက်ဖောင်း တစ်ခုတွင်..။

"မင်းတို့ ဒီနေ့ သတင်းကို ကြည့်ပြီး ကြပြီလား..။ကျောင်းနင် ရဲ့ မြို့သားများ ဆေးရုံမှာ..နတ်ဆေးဆရာ တစ်ယောက် ရောက်နေတယ်..။သူက အခမဲ့ ကုသ ပေးနေတာ.."

"ချီးပဲ..တကယ်လား.."

"ဟုတ်တယ် မနေ့က ငါအဲ့ဒီမှာ ရှိနေတာ..။မင်းကတော့ အဲ့က အခြေအနေကို ..သိမှာ မဟုတ်ဘူး..။နတ်ဆေးဆရာ ကုသပြီးတာနဲ့ လူအများစုက..ဆေးရုံက တန်းပြီးဆင်းလို့ ရသွားကြတာပဲ..။ဒါက ဆေးရုံက ကုသပေးတာနဲ့ ဘာမှ မဆိုင်ဘူး.."

"ချီးပဲ..ဒါက မယုံကြည်နိုင်စရာပါလား..။ဘယ်တုန်းက ကျောင်းနင်မှာ နတ်ဆေးဆရာ တစ်ယောက် ရှ်ိသွားတာလဲ.."

"ကြည့်. မြို့သား များဆေးယုံက ကြေညာချက် ထုတ်ပြန်ထားတယ်.."

"မနေ့က..ယောက်ျားလေး သုံးယောက်နဲ့ မိန်းကလေး တစ်ယောက်ဟာ ဆေးရုံ ဝင်ပေါက်မှာ အခမဲ့ဆိုပြီး လာကုခဲ့ကြပါတယ်..။လူနာ တွေ အကုန်လုံး အလိမ်မခံ ရအောင် သတိပြုကြပါ..။ကုသမူကို နှောက်နှေး မခံပါနဲ့..။သက်ဆိုင်ရာ ဆေးရုံမှာသာ ပြသ ကြပါ.."

"အမှိုက်..။ငါက..အဲ့ဆေးရုံမှာ တက်နေတဲ့ လူနာ တယောက်ပဲ..။ငါ တစ်ခလောက် ဆေးရုံမှာတက်နေတာ ဘာမှ တိုးတက်မူ ရှိမလာဘူး..။မနေ့က နတ်ဆေးဆရာလေး..ငါ့ရဲ့ ခန္တာကိုယ်ကို..ငွေအပ် အနည်းငယ် စိုက်ပြီး ဆေးညွှန်းပေးလိုက်တာ..အခု အိမ်ပြန်ရောက်နေပြီ.."

"အပေါ်ကကောင် မင်းနောက် နေတာလား..။မဟုတ်တာတွေ မပြောနဲ့.."

"ငါက အမှန်တရားကို ပြောနေတာ..။ငါ့ရဲ့ ဆေးရုံ တက်နေတုန်း..ကုန်ကျငွေ စာရွက်တောင် ဓာတ်ပုံရိုက်ပို့လို့ရသေးတယ်.."

"ချီးပဲ တကယ်ကြီးလား..."

…

ကျောင်းနင် မြို့သား ဆေးရုံတွင်..။

ဒါရိုက်တာဟာ ဆေးရုံကို မနက်အစောကြီး ရောက်နေပေမယ့်လည်း..မနေ့က လာတဲ့ လူတွေ လာတာကို မတွေ့ရပါဘူး..။ယင်းနောက် သူ လုံခြုံရေး..ဌာန ဆီကို သွားလိုက်တယ်..။

လုံခြုံရေး အရာရှိတွေဟာ..ဒါရိုက်တာကို မြင်တဲ့ အချိန်မှာ..နှုတ်ဆက်လိုက်ကြပါတယ်..။

"မဂ်လာ မနက်ခင်းပါ ဒါရိုက်တာ..."

ဒါရိုက်တာ ခေါင်းညိမ့်လိုက်တယ်..။

"မနေ့က..လာတဲ့လူတွေ ဒီနေ့ရောက်လာရင် ငါ့ကို ချက်ချင်း သတင်းပေးဖို့ မှတ်ထားပါ.."

လုံခြုံရေး အရာရှိဟာ ပြန်ဖြေလိုက်တယ်..။

"ဒါရိုက်တာ..အဲ့လူတွေ ဒီကို လာကြတော့မှာ မဟုတ်လောက်ဘူး..။သူတို့ ကျောင်းနင် အထူးကု ဆေးရုံဆီ သွားမှာလို့ ကြားထားတယ်..."

ဒါကိုကြားပြီးမှ..ဒါရိုက်တာ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။အဲလူတွေသာ..ဒီကို ထပ်လာရင် သူ့ရဲ့ လူနာတွေ အကုန်ဆုံးရှုံးရတော့မှာပါ..။သို့ပေမယ့် ဒီလူတွေ ကျောင်းနင် အထူးကု ဆေးရုံကိုသွားတာ ကို သူတွေးမိလိုက်တဲ့ အချိန်မှာ မနေနိုင်တော့ပဲ..ရယ်မောလိုက်ပါတယ်..။

ဒီလူတွေ နေရာပြောင်းတာက..ကုသပြီးတဲ့နောက်မှာ လူနာတွေက သူ့ကို ပြန်လာရှာကြတာကို ကြောက်ရွံ့လို့ ဖြစ်ပါလိမ့်မယ်..။

သို့ပေမယ့် ဒီလူတွေက သူ့ဆေးရုံမှာ မဟုတ်မှတော့ သူဘာမှ ထပ်မပြောချင်တော့ပါဘူး..။

ကျောင်းနင် အထူးကု ဆေးရုံတွင်..။

လင်းဖန် နဲ့ ကျန်တဲ့ လူတွေဟာ ပြသနာ တွေ မဖြစ်ချင်တဲ့ အတွက် ဆိုင်ခန်း ကို..ဆေးရုံရှေ့မှာ မဖွင့်တော့ပါဘူး..။သူတို့ လမ်းတစ်ဖက်ခြမ်းမှာပဲ ဖွင့့်ပြီး..ဆိုင်းဘုတ် တင်ထားခဲ့ပါတယ်..။

"ဆေးဘက်ဆိုင်ရာ ပရဟိတ..။ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီ၏ အခမဲ့ ကုသမူ.."

ဒါက လင်းဖန် တွေးမိတဲ့ အကြံဥာဏ်ပါ..။ကျိုးမင်ချင်း က သူ့ရဲ့ တပည့်ဖြစ်ပြီး.. ရှန်ဟိုင်း တရုတ်ဆေးပညာ အကယ်ဒမီရဲ့ ဒါရိုက်တာ တစ်ယောက်ပါ..။အကယ်ဒမီက..သိပ်ပြီး အဆင်မပြေတော့..အခုလိုပဲ ဂုဏ်သတင်းကို ပြန်ပြီး မြင့်တင်ပေးရပါလိမ့်မယ်..။

ဆရာတစ်ယောက် ဖြစ်ရတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး..။သူရောဂါတွေကို ကုသရင်း.သူ့တပည့်ရဲ့ ဂုဏ်သတင်းကို မြင့်တင်ပေးရမှာပါ..။

ဒီလို ဆရာတစ်ယောက်ကို ဘယ်မှာများ တွေ့နိုင်ဦးမှာလဲ...

.

သူ့လိုဆရာတစ်ယောက်ကို ရှာတွေ့ဖို့က လွယ်တဲ့အရာမဟုတ်ပါဘူး..။

"နတ်ဆေးဆရာလေး..နတ်ဆေးဆရာလေး.ရောက်လာပြီ..."

"ငါတို့ တစ်ညလုံး စောင့်နေကြတာ.."

မြို့သားများ ဆေးရုံက လူနာတွေဟာ..မနေ့ညကတည်းက စောင့်နေခဲ့ကြတာပါ..။သူတို့ နတ်ဆေးဆရာ လေးနဲ့ လွဲသွားမှာကို အကြောက်ဆုံးပါပဲ..။သူတို့ နတ်ဆေးဆရာလေးကို တွေ့မှ စိတ်သက်သာရာ ရသွားခဲ့ကြပါတယ်..။

ကျိုးမင်ချင်း ပြုံးလိုက်ပြီး..

"ဆရာ.ကျွန်တော်တို့ရဲ့ဆေးပညာကြောင့် လူတိုင်းဆွဲဆောငိ ခံနေရပြီ.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး...

"နိမ့်ချ နေရမယ်.."

ကျို့မင်ချင်း ခေါင်းညိမ့်လိုက်တယ်..။သူတကယ် စိတ်လှုပ်ရှား နေခဲ့တာပါ..။သူ့ဆရာက အနောက်တိုင်းဆေးပညာပါ တတ်ကျွမ်းပေမယ့် တရုတ်ဆေးပညာ နဲ့ပဲ ကုသတာကို သူသိထားပြီးသားပါ..။သူက..တရုတ်ဆေးပညာကို လူတွေ ယုံကြည်လာအောင် လုပ်ဖို့ ကြိုးစားနေတဲ့ ပုံပါပဲ..။

ချီဂျီ နဲ့ ကျန်းတုန်တုန်တို့ဟာလည်း သဘောကျနေခဲ့ကြပါတယ်..။သူတို့ မနေ့ကထက်တောင် ခံစားချက် ကောင်းနေကြတာပါ .။မနက်ပိုင်းမှာတင် သူတို့ လူနာတွေ အများကြီး ရှိနေခဲ့ပါပြီ..။လူနာတွေက..ဆရာလင်း ကို နတ်ဆေးဆရာလေး လို့ ခေါ်နေတာကြားရတော့ သူတို့လည်း.ဂုဏ်ယူမိကြပါတယ်..။ဒါက..သူတို့ အခေါ်ခံရတာ မဟုတ်ပေမယ့်လည်း သူတို့ကို ခေါ်နေတဲ့ အတိုင်းပါပဲ..။

မနေ့က ဆရာလင်းရဲ့ ရှင်းပြမူကြောင့် သူတို့လည်း အသိပညာ အသစ်တွေ ရကြပါတယ်..။

တစ်ချိန်တည်းမှာပဲ..သူတို့ ဆရာလင်းကို ဒါရိုက်တာကျိူးနဲ့ ဆရာအဖြစ် လက်ခံလိုက်ကြပါပြီ..။

ဆရာလင်းရဲ့ ဆေးပညာ စွမ်းရည်တွေက ဒါရိုက်တာ ကျိုးရဲ့ ဆရာဖြစ်ဖို့ ထိုက်တန်ပါတယ်..။

ကျောင်းနင် အထူးကု ဆေးရုံ..။

ဒါရိုက်တာ..ဒေါက်တာတွေ..သူနာပြုတွေဟာ ဝင်ပေါက်မှာ ဘာတွေ ဖြစ်နေလဲ မသိကြပါဘူး..။သူတို့့က သူတို့အလုပ်ကိုသာ လုပ်နေခဲ့ကြပါတယ်..။

လူနာဆောင်တစ်ခုတွင်..။

လူနာအနည်းငယ်ဟာ ..အိပ်ယာပေါ်မှာ ခံစားချက်မဲ့စွာ လဲလျောင်းနေခဲ့ပါတယ်..။သူတို့ ဆေးရုံမှာ နေလာတာ အချိန်အတော်ကြာပြီ ဖြစ်တဲ့အတွက်..သူတို့ရဲ့ ခံစားချက်တွေက သိပ်တော့ မကောင်းတော့ပါဘူး..။

ဘယ်သူပဲ ဖြစ်ဖြစ် ဆေးရုံမှာ အကြာကြီး လှဲလျောင်းနေရရင်စိတ်ဓာတ်ကျ ကြမှာပါပဲ..။ဘာလို့ လဲ ဆိုတော့ သူတို့ သေဖို့ နီးလာပြီ ဆိုတာကို ခံစားနေကြရလို့ပါ..။

လူနာဆောင် တစ်ခုတွင်..။

မိန်းမငယ်လေး တစ်ယောက်ဟာ လဲလျောင်းနေခဲ့တယ်..။သူမက လှပပေမယ့်လည်း သူမရဲ့ မျက်လုံးတွေကတော့ အသက်မဲ့နေခဲ့ပါတယ်..။သို့ပေမယ့် သူမက ပြုံးနေဆဲပါ..။

"အဖေ..အဖေ..မောင်လေး..ညီမလေး မငိုကြပါနဲ့.။သမီး ပြန်ကောင်းသွားမှာပါ."

မိန်းကလေးဟာ..ပြင်းထန် တဲ့ အခြေအနေကို ခံစားနေကြရပေမယ့်..သူမကပဲ မိသားစုကို ပြန်နှစ်သိမ့်ပေးနေခဲ့ပါတယ်..။သူမ ရဲ့ မျက်လုံးတွေထဲမှာ တော့..သူမမိသားစုကို ခွဲခွာမသွားချင်တာကို မြင်နေရမှာပါ..။

သူမရဲ့ မိသားစုတွေက လယ်သမားတွေပါ..။သူမရဲ့ မောင်နှမတွေက ငယ်ရွယ်ပေမယ့်လည်း သူမကတော့.. ၂၇ နှစ် ရှိနေခဲ့ပါပြီ..။သူမကျောင်းနင်မှာ အခြေကျအောင် လုပ်ရင်း..မိသားစုဝင်တွေရဲ့ ဘဝကို မြင့်တင်ပေးနိုင်အောင် ကြိုးစားနေခဲ့တာပါ..။သို့ပေမယ့် နတ်ဘုရားတွေက .သူမကို ကစားခဲ့တဲ့အတွက် သူမမှာ ပြင်းထန်တဲ့ ရောဂါ တစ်ခု ဖြစ်လာခဲ့ပါတယ်..။ပြီးတော့ ဒါက ကုသလို့ မရတဲ့ ရောဂါပါ...။

"ဟွေးဟွေး.."

သူမရဲ့ မိဘတွေဟာ သူမကို ကြည့်ပြီး နောက်တစ်ကြိမ် ငိုကြွေးလိုက်ကြတယ်..။

လီဂျီဟွေးက သရုပ်ဆောင် အငယ်လေး တစ်ယောက်ပါ..။သူမက အရာရာတိုင်းကို လုပ်ဖို့ ဆန္ဒရှိပြှီး ကြိုးလည်း ကြိုးစားပါတယ်..။သူမကို ဒါရိုက်တာတွေ မျက်စိကျခဲ့ပြီး ဒုတိယ ခေါင်းဆောင်မင်းသမီး အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယိ..။သူမ ကျော်ကြားမူ အနည်းငယ်ကိုပါ ရရှိခဲ့ပြီး..မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာပါ..။

သူမ ပိုက်ဆံ အများကြီး မဝငိသေးပေမယ့်လည်း မိသားစုကို ထောက်ပံ့ဖို့တော့လုံလောက်ခဲ့ပါတယ်..။

"ဟွေးဟွေး.."

ဟင်းနောက် အပြင်ဘက်ကနေ အသံတစ်ခုထွကိလာခဲ့တယ်..။

လီဂျီဟွေး လှမ်းကြည့်ကာ ပြုံးလိုက်ပြီး

"နင်တို့ ဘာလို့ လာကြတာလဲ.."

သူတို့က သူမရဲ့ သူငယ်ချင်းကောင်း တွေဖြစ်ပြီး လုပ်ဖော်ကိုင်ဘက်တွေပါ..။သူတို့က ကျော်ကြားတဲ့ ဆယ်လီတွေ ဖြစ်ချင်ကြပြီး..ထိပ်ဆုံးကို ရောက်ဖို့ ကိုယ့်အရည်အချင်းနဲ့ပဲ ကြိုးစားကြပါတယ်..။

လီဂျီဟွေး ပြုံးလိုက်ပြီး

"ဘာလို့ ငိုနေကြတာလဲ..။ငါ အဆင်ပြေပါတယ်..."

သူတို့ခေါင်းခါယမ်း လိုက်တယ်..။

"မနေ့က နင် တရုတ်သမားတော် ဆီသွားတယ် လို့ အန်တီက ပြောတယ်..။ငွေအပ်တွေက အတော်နာမှာပဲ.."

သူတို့ ပြောရင်းနဲ့ ငိုနေခဲ့ကြပါတယ်..။

သူတို့က ငယ်ရွယ်ပြီး ချောမောတဲ့လူတွေပါ..။ဂျီဟွေးရဲ့ မဖြစ်အပျက်ကြောင့် သူတို့ အတော်ကို ခံစားကြရပါတယ်..။

လီဂျီဟွေးပြုံးလိုက်ပြီး..

"ဟင်အင်.ငါ မနာပါဘူး..။နင်တို့ အလုပ်ရှိသေးတယ် မလား.။အမြန်ပြန်ပြီး ကြိုးစားကြဦး.."

"အဆင်ပြေပါတယ်..ဒါရိုက်တာက ဒီကိုလာဖို့ ခွင့်ပြုပေးတယ်လေ..။ဒါရိုက်တာနဲ့ တစ်ခြား အဖွဲ့သားတွေလည်း ဒီညလာကြမှာ..။ဘာမှ အားမလျော့နဲ့ ငါတို့ နင့် အနားမှာ ရှိနေပေးမယ်.."

သို့ပေမယ့် ဒီရောဂါက ကုသလို့ မရတဲ့ ရောဂါဆိုတာ သိနေပြီးသားပါ..။

"အစ်မဝမ်."

သက်လတ်ပိုင်း အရွယ်မိန်းမကြီးဟာ လီဂျီဟွေး ရဲ့အမေကို လက်ဝေ့ယမ်း ပြလိုက်တာပါ..။

လီဂျီဟွေး သူမကို ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်..။

"အန်တီ.."

ဒါက သူမတို့ဆေးရုံမှာနေရင်း တွေ့နေကြ သန့်ရှင်းရေး အန်တီကြီးပါ..။

"ဒီကို ခန အမြန်လာဥိီး..."

လီဂျီ ဟွေး ရဲ့ အမေဟာ.သန့်ရှင်းရေး အန်တီ ကြီးဆီ သွားလိုက်တယ်..။

"အစ်မဝမ်..ကျွန်မ တစ်ခုပြောပြမယ်..။တစ်ခြား လူတွေကိုတော့ မပြောရသေးဘူး..။အပြင်ဘက်မှာ နတ်ဆေးဆရာတစ်ယောက်ရောက်နေတယ်..။သူမက ဆေးဘက်ဆိုင်ရာ ပရဟိတ လုပ်နေတာ..။သူ့ရဲ့ဆေးပညာက တကယ်ကို ထိပ်တန်းပဲ..။ဖြစ်နိုင်ရင် လီဂျီဟွေး ကိုအဲ့ကို သွားပြကြည့်ပါလား..။ပြန်ကောင်းရင် ကောင်းသွားမှာပေါ့.."

အစ်မဝမ်..ဒါကိုကြားတဲ့ အချိန်မှာ စိတ်လှုပ်ရှားခဲ့ပေမယ့် ခနအတွင်းပဲ ပျောက်သွားခဲ့တယ်..။

"ဘယ်လိုဖြစ်နိုင်မှာလဲ..။ဆေးရုံတောင်ဘာမှ မလုပ်နိုင်တာကို..."

"နားထောင်ဦး..မြို့သားများဆေးရုံက ကျွန်မသူငယ်ချင်းတွေဆီက ကြားခဲ့တယ်..။မနေ့က နတ်ဆေးဆရာ လေးက အဲ့မှာ ရှိနေပြီး လူတွေ အများကြီးကို ကုသခဲ့တယ်တဲ့..။ဒီကိစ္စက အွန်လိုင်းပေါ်ရောက်နေပေမယ့် မပျံ့နှံ့သေးဘူး..။ကျွန်မပြောတာနား​ေထာင် ဂျီဟွေးကို ခေါ်သွားလိုက်..။ထပ်ပြောရရင် ဒီကိစ္စကိုသာ လူတွေ သိသွားရင် ပိုပြီးတော့တောင် လူတွေများလာမှာ..။အခု လူတွေ အများကြီး မရှိသေးဘူး..။အမြန် သွားသင့်တယ်နော်.."

သန့်ရှင်းရေးဟာ ပြောလိုက်တာပါ..။

"တကယ်လား.."

အစ်မဝမ် မယုံကြည်ခဲ့ပေ..။

"ဟုတ်တယ် ကျွန်မလိမ်နေတယ်ထင်လို့လား..။ဂျီဟွေး ရဲ့ အခြေအနေကို သေချာသိထားသင့်တယ်..။ဒါက သူမပြန်ကောင်းဖို့အခွင့် အရေးဆိုမှတော့ ဘာလို့ မဆုပ်ကိုင်ရမှာလဲ.."

သူမ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောရသေးပါဘူး..။အစ်မဝမ် ကို အရင်ဆုံး ပြောတယ် ဆိုတာက ဂျီဟွေးက သနားဖို့ကောင်းတယ်လို့ ခံစားမိလို့ပါ..။

သူမက ကျောင်းနင်ကို လာပြီး အလုပ်ရှာကာ အခြေကျဖို့ ကြိုးစားနေခဲ့တာပါ..။သူမ သက်သောင့်သက်သာ မ​ေနခဲ့ရပါဘူး..။အခုမှ လမ်းကြောင်းမှန်ပေါ် ရောက်လာခဲ့ပေမယ့် ပြင်းထန်တဲ့ ရောဂါကို ခံစားခဲ့ရတာပါ..။

"အမြန်သွားလိုက်..။တကယ်လို့ လူတွေများလာရင် နေရာတောင် ရမှာ မဟုတ်တော့ဘူး.."

သန့်ရှင်းရေး အမျိုးသမီးက ထပ်ပြောလိုက်တာပါ..။

အစ်မ ဝမ်တွေးလိုက်ပြီး...

"ကောင်းပြီလေ ငါ ဂျီဟွေးကို အခုပဲ ခေါ်သွားလိုက်တော့မယ်.."

"ဟုတ်တယ်.."

All Chapters