← Chapters

ကုသမှာလား မကုသဘူးလား..

Vol. 32 Ch. 469

ကုသမှာလား မကုသဘူးလား..

Vol. 32 Ch. 469

#ဘာသာပြန် = စနိုးဝှိုက်

လူနာဆောင်တွင်..။

"အမေ..အန်တီက ဘာပြောလိုက်တာလဲ.."

လီဂျီဟွေး ဟန်ဆောင် ပြုံးပြီး မေးလိုက်တာပါ...။

အန်တီဝမ် ခေါင်းခါယမ်း ပြီးပြောလိုက်တယ်..။

"ဘာမှ မဟုတ်ပါဘူး..။ဂျီဟွေး..အမေ..သမီးကို အပြင်ခနခေါ်သွားမလို့.."

"ဟုတ်.."

လီဂျီဟွေး ခေါင်းညိမ့်လိုက်တယ်..။သူမ လူနာဆောင်မှာ နေနေရတဲ့ ခံစားချက်ကို မကြိုက်ပါဘူး..။သူမ အကြာကြီး အသက်ရှင်မနေ ရတော့ဘူး လို့တောင် ခံစားနေရပါတယ်..။သူမ ကမ္ဘာကြီးကို ပိုပြီး ကြည့်ချင်းပြီး..လတ်ဆတ်တဲ့ လေထုကိုလည်း တစ်ဝ ကြီးရူချင်ပါသေးတယ်..။

"အန်တီ သမီးတို့လည်း လိုက်ခဲ့မယ်.."

သူမရဲ့ သူငယ်ချင်းတွေက ပြောလိုက်တာပါ..။

အန်တီ ဝမ် ခေါင်းညိမ့်လိုက်တယ်..။သူမ လည်း အခြေအနေတွေ ဘာဆက်ဖြစ်မယ် မသိပါဘူး..။သို့ပေမယ့် သူမ သမီးအတွက် မျှော်လင့်ချက်သေးသေးလေး ရှိနေရင် တောင် ဆုပ်ကိုင်ရမှာပါ..။

ဆေးရုံ အပြင်ဘက်တွင်..။

လင်းဖန် စွယ်စုံကျမ်းရဲ့ မစ်ရှင် ပြီးမြောက်နိုင်ဖို့ တတ်စွမ်းသမျှ အကုန်သုံးပြီး ကုသနေခဲ့တယ်.။ဒီမစ်ရှင် ပြည့်ဖို့ ဆိုရင်..လူဘယ်လောက်များများ ကယ်တင်ရမှာလဲမသိပေမယ့် သူ ဂရုမစိုက်ပေ..။

သူက စွမ်းဆောင် နိုင်တဲ့ လူတစ်ယောက် ဖြစ်နေတော့ နောက်ဆက်တွဲတွေကိုလည်း တွေးကြောက် မနေတော့ပါဘူး.။

"နတ်ဆေးဆရာလေး.."

စည်ပင်အရာရှိဟာ သူ့ရဲ့ အမေအိုကြီးကို ခေါ်ပြီး ရောက်လာခဲ့တာပါ..။

လင်းဖန် ခေါင်းမော့ကာ ပြုံးလိုက်ပြီး..

"ကျေးဇူးပြုပြီး တန်းစီပါ..။ခင်ဗျား အလှည့်မကြာခင် ရောက်လာလိမ့်မယ်.."

ယင်းနောက် သူ လူနာတွေကို ဆက်ပြီး ကုသလိုက်ပါတယ်..။ကျိုးမင်ချင်းဟာ လိုက်ကူညီနေပြီး ချီဂျီကလည်း ကုသပုံ နဲ့ ရောဂါ အမျိုးအစားတွေကို မှတ်သားနေခဲ့ပါတယ်..။

နေ့ရက် တွေက သူတို့ အတွက် အလွန်လျင်မြန် နေခဲ့ပေမယ့် အကျိုးကျေးဇူးတွေလည်း ရနေခဲ့ပါတယ်..။ဒီနည်းလမ်းက သူတို့ရဲ့ဆေးပညာ တိူးတက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းပါပဲ..။

စည်ပင် အရာရှိဟာ ခေါင်းကို နိမ့်လိုက်ပြီး...

"အမေ အေးနေပြီလား..."

"ဟင်အင်.."

ယင်း​ေနာက် သူထပ်ပြောလိုက်တယ်..။

"အမေ..ခနနေလို့ နတ်ဆေးဆရာလေး ကုသပေးလို့ရှိရင် အမေ့ရဲ့ခြေထောက် ပြန်ကောင်းသွားလိမ့်မယ်.."

သူ လူနာတွေကို လေးလေးနက်နက် ကြည့်လိုက်တယ်..။သူ အရင်နေ့က အကြောင်းကို ရုတ်တရက် ပြန်မြင်ယောင် မိလိုက်ပါတယ်..။သူ အနည်းငယ်နောင်တ ရသွားခဲ့ပါပြီ..။

သူ ထင်ထားတာက ခေတ်မှီ ဆရာဝန်တွေကပဲ ရောဂါကြီးတွေကို ကုသနိုင်တယ်လို့ပါ..။သူ အရင်ကလည်း ဒီလိုအခြေအနေတွေ အများကြီးနဲ့ ကြုံရဖူးပါတယ်..။သူတို့ အဆင့်အတန်က ..အောက်ခြေမှာသာ ရှိပြီး လစာ လည်း သိပ်မမြင့်ပါဘူး..။သူ့တစ်ဘဝလုံး စုဆောင်းထားသမျှတွေက..သူ့အမေရဲ့..ရောဂါကို ကုသရင်းနဲ့ ကုန်လုနီးနီး ဖြစ်နေခဲ့ပါပြီ..။

အစကတော့ သူ လက်လျော့လိုက်တော့မလို့ပါ..။သို့ပေမယ့် ဒီ နတ်ဆေးဆရာလေးကို တွေ့လိုက်တဲ့ အချိန်မှာ ပြန်ကြိုးစားချင်စိတ် ဖြစ်ပေါ်လာခဲ့ပါတယ်..။

သူ မနေ့က တောင်းပန်ရင်တောင် နတ်ဆေးဆရာလေးက..သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာပါ..။သို့ပေမယ့်..နတ်ဆေးဆရာလေးက သူ့ကို ခွင့်လွှတ်တဲ့ အပြင် ပြုံးတောင် ပြုံးပြလိမ့်မယ် လို့မထင်ထားခဲ့ပါဘူး..။ဒီအပြုံးက သူ့ရဲ့မှတ်ဥာဏ်ထဲမှာ အခုထိ ရှိနေပါသေးတယ်..။

သူ ဒီအပြုံးကို ပြန်တွေးလိုက်မှ သက်သောင့်သက် သာ ခံစားလိုက်ရတယ်..။

"ကျေးဇူးပါ နတ်ဆေးဆရာ လေး.."

လူနာဟာ ကုသမူ အပြီးမှာ သက်သာသွားတာ ထင်ရှားပါတယ်..။

"ဆေးကို အချိနိမှန်သောက်ဖို့ ဂရုစိုက်ပါ..။ခင်ဗျားရဲ့ရောဂါက မဆိုးဘူး ဆိုပေမယ့် အရှင်းမပျောက်ဘူး ဆိုရင် အချိန်မရွေး ပြန်ဖြစ်နိုင်တယ်..။ခင်ဗျား ပြန်မခံစား ချင်ရင် ဆေးကို ပုံမှန်သောက်ပါ.."

"နောက်တစ်ယောက်.."

…

စည်ပင်အရာရှိဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..

"နတ်ဆေးဆရာလေး..ဒါက ကျွန်တော့် အမေပါ.."

လင်းဖန် ဝီးချဲ ပေါ်မှာ ထိုင်နေတဲ့ ..အမျိုးသမီးကို ကြည့်ပြီး..စည်ပင်အရာရှိကို ကြည့်လိုက်တယ်..။

"အင်း..အစကတော့ ကျုပ် မကုသပဲ နေရင် ကောင်းမလား လို့ စဥ္းစားနေတာ..။ဒါပေမဲ့ ခင်ဗျားက မိဘအပေါ် သိတတ်တဲ့ သားတစ်ယောက်ဖြစ်နေတယ်..။အနာဂတ်မှာ ဘာလုပ်ရမလဲ ဆိုတာ ခင် ဗျား သိသင့်တယ်.."

စည်ပင်အရာရှိဟာ ဒီစကားကိုကြားပြီး ကြောက်ရွံ့သွားခဲ့ပါတယ်..။သူ ဆက်ပြီးနားထောင်နေရင်းမှ စိတ်သက်သာရာ ရသွားခဲ့တာပါ..။ယင်းနောက် သူ ခေါင်းညိမ့်လိုက်ပြီး..

"နတ်ဆေးဆရာလေး ကျွန်တော် နားလည်ပါပြီ..။ကျွန်တော် ပြောင်းလဲပြီး တိုးတက်အောင် နေထိုင်ပါ့မယ်.."

ဒီစည်ပင်အရာရှိမှာက လီရှောင်ရှမ်း လို စိတ်ဓာတ်မရှိပါဘူး..။သူက အနည်းငယ် ကြမ်းတမ်း ပါတယ်..။

လင်းဖန် ဒီလူရဲ့ အနာဂတ်ကို တွက်ချက်ကြည့်တဲ့ အချိန်မှာ အကောင်းဘက်နဲ့ အဆိုးဘက် နှစ်ခုစလုံးကို မြင်နေရပါတယ်..။သူ က မိဘအပေါ် သိတတ်နေတဲ့ သားတစ်ယောက်ဖြစ်တာကြောင့်သာ..လင်းဖန် ကုသပေးတာပါ..။ဒီလိုမှ မဟုတ်ရင် ကုသပေးမှာ မဟုတ်ပေ..။

ကျိုးမင်ချင်း သူမ ရဲ့ ခြေထောက်တွေကို စစ်ဆေးပြီး ပြောလိုက်တယ်..

"ဆရာ..ဒီအခြေအနေက..ကလေးဂေဟာက အခြေအနေနဲ့ အတူတူပဲ.."

လင်းဖန် ခေါင်းခါယမ်း လိုက်တယ်..။

"မတူဘူး..ဒါက အသက်ကြီးမှ ဖြစ်တာလေ..။ဒါက ကလေးဂေဟာက အခြေအနေထက် ဆိုးတယ်လို့ ပြောလို့ရတယ်.."

မြို့သားတွေကတော့..တဖြည်းဖြည်း များလာပြီး ဆွေးနွေး နေခဲ့ကြပါတယ်..။

"နတ်ဆေးဆရာက..ဒီလို လူကိုလဲ ကုနိုင်တာပဲလား.."

"ပြောဖို့တော့ ခက်တယ်..။သူမက လမ်းတောင် မလျောက်နိုင်ဘူးလေ..။သူတကယ် ကုသနိုင်မယ်လို့ ထင်လို့လား.."

တစ်ချို့ မြို့သား တွေကတော့ တိုက်ရိုက် ထုတ်လွင့်မူတောင် လုပ်နေကြပါတယ်..။

ဗီဒီယိုဟာ..ချက်ချင်း လိုင်းပေါ်ရောက်သွားခဲ့တယ်..။

"ကြည့်ကြ..နတ်ဆေးဆရာလေးက..မသန်စွမ်း လူတစ်ယောက်ကို ကုသတော့မယ်.."

ခနအတွငိးမှာပဲ ကြည့်ရူသူတွေ ထိုးတက်လာခဲ့တယ်..။

"တကယ်လား..အခု အဲ့တာ ဘယ်မှာလဲ.."

"ကျောင်းနင် အထူးကုဆေးရုံ..။မင်းတို့တွေ နေမကောင်းဖြစ်နေတာတွေရှိရင် ဒီကို ချက်ချင်း လာခဲ့ကြ..။ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရရင် နောက်တစ်ခေါက်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး.."

ဒီကိစ္စက လူအများကြီးကို ဆွဲဆောငိနိုင်ခဲ့ပေမယ့်..သတင်းထူးမဟုတ်တဲ့ အတွက်..အုတ်အုတ်ကျတ်ကျတ်တော့ မဖြစ်သေးပါဘူး..။

လင်းဖန် ကုသပုံကို အနည်းငယ် တွေးပြီး ပြောလိုက်တယ်..။

"ကျုပ် အပ်စိုက်ပြီး ကုသပေးမယ်..။ဒါက နည်းနည်း နာမယ် ဆိုပေမယ့် ပုံမှန်ပဲ..။အရမ်းကြီး စိုးရိမ်ဖို့ မလိုဘူး.."

သူ ဘာပဲလုပ်လုပ် လူနာတွေ ကြောက်လန့်မူ မဖြစ်အောင် မလုပ်ခင် ကြိုအသိပေးဖို့ လိုအပ်ပါတယ်..။

စည်ပင်အရာရှိဟာ ကြောက်ရွံ့စွာ ​ပြောလိုက်တယ်..။

"နတ်ဆေးဆရာလေး.ကျွန်တော့်အမေက ကုသလို့ ရပါဦးမလား.."

လငိးဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဒါပေါ့..ဘေးနားမှာသာ ရပ်ကြည့်နေ.."

စည်ပင်အ ရာရှိဟာ ခေါင်းညိမ့်လိူက်ပါတယ်..။သူတကယ် စိတ်ပူနေခဲ့တာပါ..။သူ့အမေ ခြေထောက်သာ တကယ်ပြန်ကောင်းသွားရင် သူ့အတွက်တော့..တကယ်အပျော်ဆုံးအရာပါပဲ..။

တစ်ချိန်တည်းမှာပဲ..သူ နတ်ဆေးဆရာ လေးနဲ့ တွေ့ခွင့်ရတာ တကယ်ကံကောင်းတယ်လို့ ခံစားနေရပါတယ်..။

"ပိုင်ကျန်း အမှတ်..ရှီယွန် အမှတ်..ချင်ချန်းရှန် အမှတ်..ဒီအမှတ်တွေက..ခြေထောက် တွေရဲ့ ရွေ့လျားမူကို လုံ့ဆော်ပေးနိုင်တယ်..."

လငိးဖန် ကုသရင်းနဲ့ သင်ကြားပေးနေခဲ့တာပါ..။

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။သူက အသက်ကြီးတဲ့ သမားတော် တစ်ယောက်ဖြစ်ပေမယ့် သူ့ဆရာနဲ့ ယှဥ္ရင်တော့ ကလေးတစ်ယောက်လိုပါပဲ..။သူ့ဆရာရဲ့ ဆေးပညာ ကျွမ်းကျင်မူ တွေက တကယ်အံ့ဩဖို့ ကောင်းတာပါ..။သူ့မျက်လုံးနဲ့ မြင်ရတာသာ မဟုတ်ရင် သူယုံကြည်နိုင်မှာတောင် မဟုတ်ပေ..။

"လူ့ရဲ့ ခန္တာကိုယ်ရဲ့ ကိုယ်တွင်း အဂ်ါ ငါးခု နဲ့ အူသိမ်အူမ ခြောက်ခု..က ဆက်နွယ်နေတာ..။တကယ်လို့ အဆုတ်က ပြသနာ ရှိနေတာ ဆိုရင်တောင်..အဆုတ်ကိုကြည့်စရာ မလိုဘူး..။လူရဲ့ ခန္တာကိုယ်က..အကုန်ဆက်နွယ်နေတာ..။တစ်နေရာရာ မှာ ပြသနာ ရှိနေပြီ ဆိုရင် တစ်ခြား နေရာတွေကိုလည်း..ထိခိုက်နိုင်တယ်..."

ဒီစကားကို ကျန်တဲ့ လူတွေကြားနေကြပေမယ့်လည်း..နားလည်ကျမှာမဟုတ်ပါဘူး. ။ဒါပေမဲ့ ကျိုးမင်ချငိးကတော့ နားလည်ပါတယ်..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..ကျွန်တော် နားလည်ပါပြှီ..."

ချီဂျီနဲ့ ကျန်းတုန်တုန်ကတော့ ကြိုးစား မှတ်သားပြီး နားလည်အောင် လုပ်နေကြပါတယ်..။

သူတို့ နားမလည်ရင်တောင် ဒီစကားတွေကို မှတ်သားထားရမှာပါ..။သူတို့ အသိပညာတွေ စုံလင်လာပြီ ဆိုရင်တော့ ဒီနောက်ကွယ်က စကားလုံး တွေကို နားလည်လာပါလိမ့်မယ်..။

အချိန် တွေဟာ လျင်မြန်စွာ ကုန်သွားခဲ့တယ်..။

လင်းဖန် ငွေအပ်တွေကို ပြန်ချလိုက်ပြီး

"ကုသမူက ပြီးသွားပြီ..။ခင်ဗျား အမေရဲ့ ခြေထောက်တွေက ပြန်ခံစားလို့ရနေပြီ..။ဒါပေမဲ့ သူမ အခုလမ်းလျောက်လို့ မရသေးဘူး..။သူမ ခြေထောက်ကို ဖြည်းဖြည်းချင်း မ လို့တော့ရတယ်..။ကျုပ် ဆေးညွှန်း ရေးပေးလိုက်မယ်..ခြေထောက်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေး..။ပြီးတော့ နိပ်ပေးရမယ့် အမှတ်တစ်ခုကို ပြောပြပေးမယ်..။မနက်တစ်ကြိမ် ..ညတစ်ကြိမ် ကို တစ်ပတ်လောက် ပုံမှတ် နိပ်ပေး.."

စည်ပင်အရာရှိဟာ ဒါကို ကြားပြီး ကျေနပ်သွားခဲ့ပါတယ်..။

"နတိဆေးဆရာလေး ကျေးဇူးအများကြီး တင်ပါတယ်.."

လင်းဖန် ​လက်ဝေ့ယမ်းလိုက်ပြီး..

"ပြသနာ မရှိပါဘူး..။ ကောင်းပြီ နောက်တစ်ယောကိ.."

"ဘယ်သူမှ မရှိတော့ဘူးလား.."

လင်းဖန် ခေါင်းမော့ပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့ပါတယ်..။ယင်းနောက် သူ ဝီးချဲပေါ်မှာ ထိုင်နေတဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်..။သူမက သူမ နောက်က လူတွေနဲ့ တီးတိုး ဆွေးနွေး နေခဲ့တာပါ..။သူမ ကြည့် တာ အနည်းငယ် သံသယ ဖြစ်နေတဲ့ ပုံပါပဲ..။

လီဂျီဟွေး ပဟေဠိ ဖြစ်နေခဲ့တယ်..။သူမ အမေ ဘာလို့ သူမကို ဒီနေရာ ခေါ်လာလဲ နားမလည် တော့ပါဘူး..။

"ခင်ဗျားတို့ ကုသမှာလား..မကုဘူးလား.."

လင်းဖန် မေးလိုက်တာပါ..။

အန်တီဝမ် ရှေ့ကို အမြန်တက်လာခဲ့ပြီး..

"ကုပါ့မယ် ကုပါ့မယ်..."

All Chapters