မင်းဒါကို နောင်တရလိမ့်မယ်..
Vol. 32 Ch. 470
#ဘာသာပြန် = စနိုးဝှိုက်
အန်တီ ဝမ် မိတ်ဆက်ပေးလိုက်တယ်..။
"ဒေါက်တာ ဒါက ကျွန်မသမီးလေးလေ..။သမီး...."
လင်းဖန် လီဂျီဟွေးကို ကြည့်ပြီး ဖြတ်ပြောလိုက်တယ်..။
"ကျွန်တော် သိပြီးသားပါ..မိတ်ဆက်ဖို့ မလိုတော့ပါဘူး.."
ယင်းနောက် လင်းဖန် မျက်မှောင်ကျုတ်လိုက်တယ်..။သူ ဒီနေ့မှာပဲ ကင်ဆာ ရောဂါသည် တစ်ယောက်ကို တွေ့ရလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
သူ သူမကို သေချာ ကြည့်လိုက်တဲ့ အချိန်မှာ ဘာမှားနေတာလဲ ဆိုတာကို သိလိုက်ပါတယ်..။
သားအိမ်ကင်ဆာ..။
သူမက. အသက် ၂၀ ပဲရှိသေးတယ်လေ..ဘယ်လိုဖြစ်ပြီး ဒီရောဂါ ခံစားရတာလဲ...
ဒီရောဂါ ဖြစ်လာဖို့ ဆိုရင် မတူညီတဲ့ အကြောင်းအရင်း အနည်းငယ် ရှိနိုင်ပါတယ်..။
ပထမ အချက်က အသက်အရွယ်ကြောင့်ပါ..။ဒီရောဂါက အမျိုးသမီးတွေ အသက် ၄၀ ကျော်လာပြီ ဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်..။
ဒုတိယ အချက်က တော့ ဖိအားများတဲ့ ဘဝနေထိုင်မူကြောင့်ပါ..။တတိယ အဖြစ်ကတော့..ဆေးလိပ်သောက်တာ များတာကြောင့် ဖြစ်နိုင်ပါတယ်..။
လီဂျီဟွေးဟာ ဒီလူငယ်လေး..သူ့ကို စိုက်ကြည့်နေတာ မြင်တဲ့ အတွက် ပြုံးလိုက်တယ်..။
သူမ ရဲ့ သူငယ်ချင်းတွေကလည်း လင်းဖန်ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး..တီးတိုး ပြောလိုက်ကြပါတယ်.။
"အန်တီ..သူက..."
အန်တီဝမ် တီးတိုး ပြန်ပြောလိုက်တယ်..။
"သမီးတို့ ဘာပြောမှာလဲ ဆိုတာ အန်တီသိတယ်..။ဒါပေမဲ့ သမီးတို့ ဂျီဟွေး ရဲ့ အခြေအနေကိုသိထား သင့်တယ်လေ..။ဆေးရုံက သူမ ကို မကယ်တင်နိုင်တော့ဘူး..။သူများတွေ ပြောကြတာ ဒီလူငယ်လေးက နတ်ဆေးဆရာလေးတဲ့..။ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမယ် မလား..။ဂျီဟွေး ပြန်ကောင်းလာဖို့ပဲ မျှော်လင့်ပါတယ်.."
သူငယ်ချင်းကောင်းတွေဟာ ဘာမှ ပြန်မပြောကြတော့ပေ..။သူမတို့ ဂျီဟွေးရဲ့ အခြေအနေကို သိပြီးသားပါ..။ဒါက မိန်းကလေး တွေ အဖြစ်များပြီး သေစေနိုင်တဲ့့ ရောဂါ တစ်ခုပါပဲ..။ဖြစ်ပြီးသွားရင် ပြန်ကောင်းလာဖို့ဆိုတာ မျှော်လင့်လို့ မရတော့ပါဘူး..။
အထူးသဖြင့် ဂျီဟွေးက ကုသမူကို နှောက်နှေးခဲ့ပါသေးတယ်..။သားအိမ်ကင်ဆာ အစောပိုင်း အဆင့်မှာ ကုသရင်တောင် ဒီလောက်အထိ ဆိုးရွားမှာ မဟုတ်ပါဘူး..။သို့ပေမယ့် ရောဂါက အဆင့်မြင့်သွားတဲ့ အချိန်မှာ သူမ ဝမ်းဗိုက်နာကျင်မူ နဲ့ သွေးစီးဆင်းမူ တွေကိုပါ ခံစားလာခဲ့ရပါတယ်..။ အစကတော့ ဂျီဟွေးဟာ ပုံမှန် ရာသီသွေး ဆင်းတယ် လို့ပဲ ထင်ထားခဲ့တာပါ..။ဒါကြောင့် သူမ ဒီအကြောင်းကို အများကြီး မတွေးခဲ့ပါဘူး..။
သို့ပေမယ့် အခြေအနေက ပိုပြီးဆိုးရွား လာခဲ့ပါတယ်..။သူမ ရောဂါကို ရှာတွေ့တဲ့ အချိန်မှာတော့ အတော်ကို နောက်ကျသွားခဲ့ပါပြီ..။
"လက်မြောက်လိုက်ပါဦး..သွေးခုန်နှုန်း တိုင်းရအောင်.."
လင်းဖန် ပြောလိုက်တာပါ..။
"သမီးလေး..ဆရာပြောတာနားထောင်.။သူ သမီးကို ကုပေးလိမ့်မယ်.."
အန်တီဝမ် ပြောလိုက်တာပါ..။
လီဂျီဟွေး သူ့အမေကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်..။သူမ ဒီိကို ရောက်နေပြီ ဆိုမှ တော့ ပူးပေါင်းမှ ရတော့မှာပါ..။သူမ အချိန်သိပ်မကျန် တော့တာကို သိထားပြီး..သူမအမေကို နောင်တရ မနေစေချင်ပါဘူး..။ဒါကြောင့် သူမ လက်မြောက် ပေးလိုက်တယ်..။
လင်းဖန် သူမရဲ့ ခါးနားကို ကိုင်ပြှီး သွေးခုန်နှုန်း စမ်းလိုက်တယ်.။
ဒါက ကင်ဆာ ဆိုတာကို သူသိပြီးသားပါ..။သူသာ ဒါကို ကုသလိုက်ရင် လူတွေ အုတ်အုတ်ကျတ်ကျတ် ဖြစ်သွားပါလိမ့်မယ်..။သို့ပေမယ့် သူ သူမကို ဒီတိုင်းလညိး မသေခိုင်း လိုက်ချင်ပါဘူး..။
"ဆရာ ..ကျွန်မသမီးရဲ့ ရောဂါက..."
အန်တီ ဝမ် စကားပြောဖို့ လုပ်လိုက်တယ်..။သူမ သမီးရဲ့ အခြေအနေကို ပြောဖို့ လုပ်လိုက်ပေမယ့် လင်းဖန် ဖြတ်ပြောတာကို ခံလိုက်ရပါတယ်..။
"ပြောဖို့ မလိူပါဘူး..ကျွန်တော် သိပြီးသားပါ.."
လင်းဖန် ပြောလိုက်တာပါ..။
အန်တီ ဝမ် နဲ့ တစ်ခြား လူတွေဟာ ကြောင်အသွားခဲ့ကြတယ်..။
ကျိုးမင်ချင်း ရဲ့ အဆင့်က လူနာရဲ့ အသွင်အပြင်ကို ကြည့်ပြီး ရောဂါ မပြောနိုင်သေးပါဘူး..။သူ သွေးခုန်နှုန်း စမ်းတာတွေ..ရောဂါ လက္ခဏာ ကြည့်တာတွေ အရင်လုပ်ရပါသေးတယ်..။
"ဆရာ..ပြသနာ ရှိနေ လို့လား.."
သူ့ဆရာ ရဲ့ လေးနက်တဲ့ အမူအရာကို ကြည့်ပြီး ကျိုးမင်ချင်း သိချင်စွာ မေးလိုက်တာပါ..။
လင်းဖန် တီးတိုး ပြောလိုက်တယ်..။
"သားအိမ်ကင်ဆာ.."
"အာ..."
ကျိုးမင်ချငိး ကြောင်အသွားခဲ့ပါတယ်..။သူ ယုံတောင် မယုံကြည်နိုင်ပါဘူး..။သူ မယုံကြည်နိုင်တာက..ဒီကလေးမလေး သားအိမ်ကင်ဆာ ဖြစ်နေလို့ မဟုတ်ပဲ သူ့ဆရာပုံစံက ကုသတော့မယ့် ပံူစံ ဖြစ်နေလို့ပါ..။
"ဆရာ..ကုသလို့ ရပါ့မလား.."
ကျိူးမင်ချငိး ဂရုတစိုက်မေးလိုက်တာပါ..။
ဒါက အသေးအဖွဲ ရောဂါ ဒါမှမဟုတ်..ကုရလွယ်တဲ့ ရောဂါ မဟုတ်ပါဘူး.။ဒါက ကင်ဆာပါ..။
တကယ်လို့ သူ့ဆရာသာ ကုသ နိုင်ရင် အနာဂတ်မှာ သူတို့ ပြသနာ တက်တော့မှာပါ..။
ဒါက ဆိုးရွားတဲ့ အရာချည်းပဲတော့ ပြောချင်တာ မဟုတ်ပေ..။ဒါသာ ပေါက်ကြားသွားရင် အနာဂတ်မှာ သူတို့ အတော် အလုပ်ရှုပ်သွားနိုင်ပါတယ်.။
လင်းဖန် ခေါင်းညိမ့်ပြီး ဘာမှ ထပ်မပြောပဲ..။ဒါက သူကုသနိုင်တယ် လို့ ဆိုလိုတာ ထင်ရှားပါတယ်..။
ကျိုးမင်ချငိး သူ့ဆရာကို အံ့ဩစွာ ကြည့်လိုက်တယ်..။ယင်းနောက် သူ လူနာ နဲ့ မိသားစု ဝင်တွေကို ကြည့်လိုက်ပါတယ်..။သူ့ဆရာက ငယ်ရွယ်တဲ့ လူဆိုတော့..ဒီကလေးမလေးကို ဒီတိုင်း သေခိုင်းမှာ မဟုတ်ပါဘူး..။သို့ပေမယ့် သူမကို ကယ်လိုက်ရင် အခြေအနေတွေ ရှုပ်ထွေးကုန်မှာက ..အသေအချာပါပဲ..။
"ဆရာ..."
ကျိုးမင်ချငိး ဒီကလေးမလေးကို အခု မကုသဖို့ ပြောချင်နေခဲ့ပါတယ်..။သူတို့ မိသားစုဝင်တွေကို ပြောပြှီး နောက်မှ သီးခြား ကုသ ပေးရမှာပါ..။
သို့ပေမယ့် သူ မပြောနိုင်ရသေး ခင်မှာပဲ လင်းဖန်က လက်ဝေ့ယမ်း လိုက်ပြီး..
"ကောင်းပြီ ..ခင်ဗျားဘေးကနေပဲ ကြည့်ထား..။ခင်ဗျား အရည်အချငိးနဲ့ ဒီရောဂါကို မကိုင်တွယ်နိုင်သေးဘူး.."
"သိပါပြီ."
ကျိုးမင်ချငိး ခေါင်းညိမ့်လိုက်တယ်..။
လင်းဖန် အနည်းငယ် တွေဝေနေပေမယ့် မစိုးရိမ်နေတော့ပါဘူး..။သူက စွမ်းဆောင် နိုင်တဲ့ လူတစ်ယောက်ဖြစ်တဲ့ အတွက် ကြောက်ရွံမနေတော့ပေ..။အနည်းဆုံး လူတိုင်း သူ့ကြောင့် အံဩသွားရုံ ပဲ ရှိကြမှာပါ..။
"ဘာတွေ လုပ်နေကြတာလဲ.."
အဖြူရောင် ဂျူတီကုဒ် ကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းအရွယ် ဒေါက်တာ တစ်ယောက်ဟာ ရောက်လာခဲ့တာပါ..။သူက လီဂျီဟွေး ရဲ့ အဓိက ဆရာဝန် တစ်ယောက်ပါပဲ..။သူ လူနာ ဆောင်ကို သွားကြည့်တဲ့ အချိန်မှာ လူနာ ရှိမနေဘူး ဆိုတာ သိလိုက်ရပါတယ်.။ဒါကြောင့် သူနေရာတိုင်း လိုက်ရှာနေတာဖြစ်ပြီး ဆေးရုံက ထွက်လာမှပဲ တွေ့ရတာပါ..။
လီဂျီဟွေးရဲ့ မိဘတွေ တစ်ခြား ဆရာဝန် နဲ့ ပြနေတာ မြင်တော့ သူ မပျော်မရွှင် ဖြစ်သွားခဲ့တယ်..။တစ်ချိန်ထဲမှာပဲ ဒီလူတွေက သူတို့ မသိတဲ့ အရာမှာ နစ်မြောနေတယ်လို့ ခံစားလိုက်ရပါတယ်..။
"ဒါရိုက်တာ ရှန်း.."
အန်တီဝမ် ဒီလူကို မြင်တဲ့အချိန်မှာ ဂရုတစိုက် နှုတ်ဆက်လိုက်ပါတယ်..။
သူက သူမ သမီးရဲ့ အဓိကဆရာဝန် တစ်ယောက်ပါ.။သူမ သမီးရဲ့ အခြေအနေ အတွက် တာဝန်ရှိတဲ့ လူတစ်ယောက်ပါပဲ..။သူမ သမီးရဲ့ အခြေအနေ မတိူးတက် ပေမယ့်လည်း ဒေါက်တာ တစ်ယောက်ကို အပြစ်မပြုမိချင်ပါဘူး..။
"ဘာလုပ်နေကြတာလဲ.."
ဒေါက်တာရှန်း မေးလိုက်တာပါ..။ယင်းနောက် သူလင်းဖန်ကို ကြည့်လိုက်ပြီး...
"မင်းဘယ်သူလဲ..။ဘယ်ဆေးရုံ ကနေ လာတာလဲ..။မင်းကဘာလို့ ဒီမှာ လာပြီး ဆေးကု နေတာလဲ.."
လင်းဖန် အနည်းငယ် စိတ်မကြည်မလင် ဖြစ်သွားတယ်..။
ဘာတွေ ဖြစ်နေတာလဲ...
သူ မနေ့က ဆေးရုံ ဝင်ပေါက်မှာ ဆိုင်ခန်ဖွင့်ထားတာမှားမှန်း သိလို့ ဒီနေ့ လမ်းတစ်ဖက်မှာ လွတ်လွတ်လပ်လပ် လာဖွင့်ထားတာပါ..။ဒီနေရာက ဆေးရုံနဲ့ ဘာမှ မဆိုင်ပါဘူး..။
"ဆေးကုနေတာေလ.."
လင်းဖန် ပြောလိုက်တယ်..။
"ခင်ဗျားတို့က ဆက်ကုဦးမှာလား.."
အန်တီဝမ် အနည်းငယ် တွေဝေသွားခဲ့တယ်..။အဓိက ဒေါက်တာ က ဒီမှာ ရှိနေပြီး သူမ သာ ဆက်ကု ခိုင်းလိုက်ရင်..ဒီဒေါက်တာ စိတ်ဆိုး သွားတော့မှာပါ. ။ဒါဆို အနာဂတ်မှာ သူ အပြည့်အဝ မကြိုးစား လောက်တော့ပါဘူး..။ဒါကြောင့် သူမ တွေဝေနေတာဖြစ်ပြီး ဘာပြောရမလဲ မသိတော့ပေ..။
"ဆေးကုနေတာ ဟုတ်လား..။မင်းရဲ့ ဆေးလက်မှတ်ကို အကုန်မြင်အောင် ပြစမ်းပါဦး..။မင်းတို့ နေရာမှားလာတာလား.."
ဒေါက်တာရှန်း လေးနက်စွာ ပြောလိုက်တာပါ..။
"မင်းတို့ တရုတ်သမားတော် တွေမလား.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ်.ခင်ဗျားမှာ ပြသနာ ရှိလို့လား.."
ဒေါက်တာ ရှန်း..အထင်သေးစွာ ရယ်မောလိုက်ပါတယ်..။သူ့ကြည့်ရတာ တရုတ်သမားတော်တွေကို အထင်မြင်သေးနေတဲ့ ပုံပါပဲ..။
"အမေ.."
လီဂျီဟွေးရဲ့ နှာဖူးမှာတော့ ချွေးတွေ စို့နေခဲ့ပါပြီ..။သူမ မျက်နှာက ဖြူလျော့ နေပြီး..သူမအမေရဲ့ လက်ကို လှမ်းကိုင်ဖို့ လက်မြောက်လိုက်တယ်..။
အန်တီဝမ် စိတ်ပူသွားခဲ့ပြီး..
"သမီး ဘာဖြစ်လို့လဲ.."
နာကျင် မူက လီဂျီဟွေး အတွက် အတော် ခံစားရခက်ပါတယ်..။သူမ နာကျင်မူ သက်သာဖို့ဆို ဆေးတွေပဲ သောက်နေရတာပါ..။သို့ပေမယ့် ဆေးတွေက နိုင်ငံခြားက လာတာဆိုတော့ အတော်ကို စျေးကြီးပါတယ်..။အန်တီဝမ်က သူမ သမီးလေးကို .မခံစားစေချင်တော့ ဘယ်လောက် စျေးကြီးကြီးဝယ်ရတာပါပဲ..။
သို့ပေမယ့် လီဂျီဟွေးဟာ တစ်ခါတစ်လေ ဆေးမသောက်ပေ..။သူမ အတွက်တော့..သူမအတွက် ဆေးဝယ်နေတာက ပိုက်ဆံ ဖြုန်းတာပါပဲ..။သူမက သေတော့မယ့် လူတစ်ယောက်ပါ..။
လီဂျီဟွေးရဲ့ သူငယ်ချင်းတွေဟာ ကြောင်အသွားခဲ့ကြတယ်..။သူမ တို့ ဘာလုပ်ရမှန်း မသိတဲ့ အတွက် ဒေါက်တာကို သာ ကြည့်လိုက်ကြပါတယ်..။
မြို့သား တွေလည်း ဒါကိုမြင်ပြီး ထိပ်လန့်သွားကြပါပြီ..
"နတ်ဆေးဆရာလေး သူမကို အမြန်ကြည့်ပေး လိုက်ပါဦး.."
"ရောဂါ ပြန်ထလာတာ.."
လင်းဖန် ပြောလိုကါတာပါ..။
ဒေါက်တာ ရှန်း ပြောလိုက်တယ်..။
"အမြန် သူမကို ဆေးရုံခေါ်သွားပြီး အကိုက်ခဲ ပျောက်ဆေး တိုက်လိုက်.."
ယင်းနောက် မြို့သားတွေဟာ ပြောလိုက်ကြတယ်..။
"ဆေးရုံကို သွားဖို့ဆို အနည်းဆံူး ၁၀ မိနစ် ကြာလိမ့်မယ်..။နတ်ဆေးဆရာလေးက ဒီမှာ ရှိနေပြီပဲ..။သူ့ကို ကြည့်ခိုင်းလိုက်လေ..။ဒါဆို အဝေးကြှီးမသွား ရတော့ဘူး.."
"ဟုတ်တယ်.."
"နတိဆေးဆရာလေး..သူမက သနားဖို့ ကောင်းပါတယ်..။သူမကို ကြည့်ပေးလိုက်ပါ.."
မြို့သားတွေက စည်းလုံးကြပါတယ်..။မိန်းကလေး ပြင်းပြင်းထန်ထန် နာကျင်နေတာမြင်ပြီး သူတို့ ကူညီပေးနို်င်မယ် အထင်နဲ့ ရှေ့ကိုအကုန် တက်လာခဲ့ကြတာပါ..။
လင်ဖန်း ခေါင်းကို ခါယမ်း ပြီး မိန်းကလေး ရဲ့ ဝမ်ဗိုက်ကို ဖိပေးဖို့ လက်ဆန့်တန်း လိုက်တယ်..။
ဒေါက်တာရှန်း ရှေ့ကို တက်ပြီး လင်းဖန်ကို
တားဆီးဖို့ လုပ်လိုက်ပါတယ်..
"မင်းဘာလုပ်တာလဲ.."
သို့ပေမယ့် သူလင်းဖန်ကို မတားနိုင်ခဲ့ပေ..။
"ခင်ဗျားကအတော် သန်မာတာပဲ.."
စည်ပင်အရာရှိက ရှေ့က တားဆီးထားခဲ့တာပါ..။စည်ပင်အ ရာရှိက အရပ်ရှည်ပြီး ဗလတောင့်တဲ့အတွက်ကြောင့် ဒေါက်တာရှန်း ရှေ့ကို မတက်နိုင်ခဲ့ပါဘူး..။
"လစ်လိုက်တော့..ခင်ဗျားက နတ်ဆေးဆရာလေးရဲ့ အချိန်ကို လာဖြုန်းနေတာပဲ..။နတ်ဆေးဆရာလေးရဲ့ အလုပ်ကို လာရှုပ်မနေနဲ့..။ခင်ဗျားတို့လည်း ကုသနိုင်တာ မဟုတ်ပဲနဲ့..နတ်ဆေးဆရာလေး ကုတော့ဘာဖြစ်မှာ မို့လို့လဲ..။အလကားလူ.."
"ဘာရပ်ကြည့်နေတာလဲ..ခင်ဗျား မသွားဘူး ဆိုရင်..ကျုပ် ခင်ဗျားကို ဖြတ်ရိုက် မိတော့မယ်.."
စည်ပင်အရာရှိဟာ ဒေါသထွက်စွာ ပြောနေခဲ့တာပါ..။သူ့ကြည့်ရတာ..ဒေါက်တာ ရှန်းရဲ့ မျက်နှာကို တကယ် ဖြတ်ရိုက် တော့မယ့် အတိုင်းပါပဲ..။
* အဟမ်း...*
လင်းဖန် ညှင်သာစွာ ချောင်းဆိုလိုက်တယ်..။
"နတိဆေးဆရာလေး ကျွန်တော်က ဒီတိုင်း ခြောက်လှန့်နေတာပါ.."
စည်ပင်အရာရှိဟာ ရယ်မောပြီး ပြန်ပြောလိုက်တယ်..။နတ်ဆေးဆရာလေးက သူ့ရဲ့ ကယ်တင်ရှင်ဆိုတော့..သူ မဆန့်ကျင်ရဲ့ပါဘူး..။ယင်းနောက် သူ ဒေါက်တာ ရှန်းကို စိုက်ကြည့်လိုက်ပြီး...
"သွားလေ...."
ဒေါက်တာ ရှန်း မျက်မှောင် ကျုတ်လိုက်တယ်..။
"မင်း...မင်း နောင်တရလိမ့်မယ်..."