← Chapters

ဒါက အသေးအဖွဲ ရောဂါလေးပါ

Vol. 32 Ch. 471

ဒါက အသေးအဖွဲ ရောဂါလေးပါ

Vol. 32 Ch. 471

#ဘာသာပြန် = စနိုးဝှိုက်

ဝမ်ဗိုက်ရှိ အကျိုးသက်ရောက်စေတဲ့ သွေးကြောမှတ် တွေကို စွယ်စုံကျမ်းက အားဖြည့်ပေးလိုက်တဲ့ အချိန်မှာ လီဂျီဟွေး ခံစားနေရတာဟာ သက်သာလာခဲ့တယ်..။သူ့မရဲ့ နာကျင်မူတွေဟာ ခနအတွင်းမှာပဲ ပျောက်သွားခဲ့ပါတယ်..။

ဘေးနားမှာ စိတ်ပူနေတဲ့ လူတွေဟာ ဒါကို မြင်ပြီး အံ့ဩသွားခဲ့ကြပါတယ်..။

"အံ့ဩစရာပဲ..။ဒီလိုနဲ့ပဲ ..နာကျင်မူက ပျောက်သွားပြီလား.."

"ဒါက အကိုက်ခဲပျောက်ဆေးထက် အများကြီး ပိုကောင်းတာပေါ့..။ဘယ်လောက်တောင် အစွမ်းထက်တဲ့ နတ်ဆေးဆရာ လေးလဲ..."

လငိးဖန် ဒီ ချီးကျူး မူတွေ နဲ့ နေသားကြနေပြီ ဖြစ်ပြီး နှလုံးသားထဲကနေ မမှတ်ယူပါဘူး..။သူ့ရဲ့ ကုသမူက စွယ်စုံကျမ်း အကူအညီနဲ့ ဖြစ်တာကြောင့် အဆင်မပြေစရာ မရှိပေ..။

အန်တီဝမ် သူမ ရှေ့မှာ ဖြစ်ပျက်သွားတာ ကိုမြင်ပြီး ကြောင်အနေခဲ့တယ်..။သူမ သမီး ခံစားနေရတဲ့ နာကျင်မူ က ရှေ့က လူငယ်လေး ဗိုက်ပေါ် လက်တင်လိုက်တာနဲ့ ပျောက်သွားလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

ဒါက ဆန်းကျယ်မူကြီးပဲ..။

"နတ်ဆေးဆရာလေး.."

အန်တီဝမ် ခံစားသွားခဲ့ရတယ်..။နောက် ဆုံးတော့ သူမတို့မှာ မျှော်လင့်ချက်လေး ရှိလာခဲ့ပါပြီ..။

"စကားမပြောနဲ့ဦး ..ကျွန်တော် စဥ်းစားလိုက်ဦးမယ်.."

လင်းဖန် လက်မြောက်ပြီး ပြောလိုက်တာပါ..။

လီဂျီဟွေး လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်တယ်.။ဒီလူငယ်လေးက အတော် တော်တယ်လို့ သူမ ခံစားလိုက်ရပါတယ်..။သူ လုပ်တာ ဆိုလို့ သူမ ဗိုက်ပေါ်ကို လက်တင်လိုက်တာပါပဲ..။ဒီလိုနဲ့ သူမရဲ့ နာကျင်မူတွေ ပျောက်သွားခဲ့တာပါ..။

မယုံနိင်စရာပဲ..တကယ် မယုံနိုင်စရာပဲ..

"ဆရာ..ကျွန်မ အသက်ရှင်နိုင်လား."

လီဂျီဟွေး ပထမ ဆုံးအနေနဲ့ မေးလိုက်တယ်..။သူ့မှာ..သူငယ်ချင်းတွေ..မိသားစုတွေ အများကြီးရှိတဲ့ အတွက် ထွက်မသွားချင်ပါဘူး..။သူမ ရည်စားတောင် မထားဖူးသေးပေ..။

တကယ်လို့ သူမသာ အခုချိန် ထွက်သွားရရင်..နောင်တရစရာတွေ အရမ်းများနေတော့မှာပါ..။

လင်းဖန် နွေးထွေးစွာ ပြုံးပြီး သူမ ရဲ့ မျက်လံူးတွေကို ကြည့်လိုက်တယ်..။

"မင်းက သန်မာပါတယ်..။မင်းရဲ့ဘဝက ချမ်းသာပြီး ပြည့်စုံနေလိမ့်မယ်.."

လီဂျီဟွေး လင်းဖန် ရဲ့ စကားကို ကြားတဲ့ အချိန်မှာ ခေါင်းညိမ့်ပြီး ပြုံးလိုက်တယ်..။

"ဆရာ..ကျွန်တော် ကူညီရဦးမလား.."

လင်းဖန် ဖောင်တိန် တစ်ချောင်းထုတ်ပြီး စာရင်း ရေးလိုက်ပါတယ်..။

"ဖွင့်ပြီးသား ငွေအပ်အသစ် ၉၉ ချောင်း..."

ဒီရောဂါက ရှုပ်ထွေးတဲ့ အတွက်ကြောင့် အချိန်လိုအပ်ပါတယ်..။ထပ်ပြောရရင်..တစ်နေ့တည်းနဲ့ ကုသလို့ရတာ မဟုတိပါဘူး..။ကုသမယ့် အချိန်ကလည်း ကြာမြင့်မှာပါ..။

ကောင်းမွန်တဲ့ အရာက..အပ်စိုက်ပြီးရင်..ဆေးဝါးတွေ သောက်ပြီး သေချာ အနားယူနေဖို့ပဲလိုအပ်တာပါ..။လင်းဖန် တစ်ချိန်လံူးရှိနေဖို့ မလိုအပ်ပါဘူး..။

လီဂျီဟွေးဟာ..ဆရာ ကိုင်ထားတဲ့ ရှည်လျားပြီး ပိန်ပါးတဲ့ အပ်တွေကို ကြည့်ပြီး ကြောက်ရွ့့ံသွားခဲ့တယ်..။

"ဒေါက်တာ..ဒီအပ်တွေက အတော်ရှည်တာပဲ..။ခနနေကြရင် ဘယ်နေရာကို စိုက်ရမှာလဲ.."

"ရုပ်ရှင်ကားတွေ ကြည့်ရတာ ကြိုက်တယ်မလား.."

လင်းဖန် သူမကိုမေးပြီး အာရုံလွှဲလိုက်တယ်..။အဲ့အချိန်မှာပဲ သူသွေအပ်တစ်ချောင်းကို အမှတ်တစ်ခုမှာ စိုက်လိုက်ပါတယ်..။

"ဘယ်လိုသိတာလဲ.."

လီဂျီဟွေး အံ့ဩစွာမေးလိုက်တာပါ..။သူမကို အပ်စိုက်လိုက်တာကို သူမသတိ မထားမိလိုက်ပါဘူး..။

ဘေးမှာ ရပ်နေတဲ့ လီဂျီဟွေး ရဲ့ သူငယ်ချင်းတွေဟာရှည်လျားတဲ့ ငွေအပ် ဗိုက်ထဲဝင်သွားတာကို ကြည့်ပြီး အကူညီမဲ့ကာ ကြောက်ရွ့ံသွားကြပါတယ်..။ငွေအပ်က တစ်ဝက်ကျော်ကျော်တောင် ဝင်သွားခဲ့တာပါ..။

"သိတာပေါ့.."

လင်းဖန် လက်မြောက်ပြီး ငွေအပ် နောက်တစ်ချောင်း ယူလိုက်တယ်..။

"ဒေါက်တာ ခုနက ကိုင်ထားတဲ့ အပ်က ဘယ်ရောက်သွားတာလဲ.."

လီဂျီဟွေး အံ့ဩပြီး မေးလိုကိတာပါ..။

"မင်းရဲ့ ခန္တာကိုယ်မှာ စိုက်ထားလိုက်ပြီလေ.."

လင်းဖန် အပ်ကို ညွှန်ပြပြီး ပြောလိုက်တာပါ..။

လီဂျီဟွေး အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာ ငွေအပ်တစ်ချောင်း စိုက်နေတာကို သတိထားမိလိုက်တယ်..။သူမရဲ့ မျက်နှာ အမူအယာ ပြောင်းသွားပေမယ့် လည်း သူမ ဘာနာကျင်မူကို မှ မခံစားရပါဘူး..။

အန်တီဝမ် နဲ့ ကျန်တဲ့ လူတွေဟာ နတ်ဆေးဆရာ ကုနေတာကို အံ့ဩစွာ ကြည့်နေခဲ့ကြပါတယ်..။နတ်ဆေးဆရာ လေးက တစ်ခြား ဆရာဝန်တွေနဲ့ ကွာခြား တယ်လို့ ခံစားနေခဲ့ရတာပါ..။သူတို့ မြင်ကွင်းကို ကြည့်ပြီး မျော်လင့်နေခဲ့ကြပါတယ်..။

"မင်းမှာ ကောင်လေး မရှိဘူး မလား.."

လင်းဖန် မေးခွန်းမေးရင်း ငွေအပ်တွေကို စိုက်နေခဲ့တယ်..။သူ့ရဲ့ အပြုအမူ တွေဟာ မြစ်ရေ လို သိမ်မွေ့စွာ စီးဆင်းနေပြီး..လုံးဝ မရပ်တန့်ခဲ့ပါဘူး..။

လီဂျီဟွေး ခေါင်းခါယမ်း လိုက်တယ်..။

"ဟင်အင် မရှိဘူး.."

"မင်း နေပြန်ကောင်းလာရင် တစ်ယောက်လောက် ရှာသင့်တယ်..ဒါပေမဲ့ နဂါးနှစ်မှာ မွေးတဲ့ လူကိုတော့ မရွေးချယ်နဲ့..။ဒါက မင်းနဲ့ မလိုက်ဖက်ဘူး.."

လင်းဖန် ပြောလိုက်တာပါ..။

"ဆရာက..ဗေဒင်လည်း ဟောတတ်တာလား.."

လီဂျီဟွေး အံ့ဩပြီး မေးလိုက်တာပါ..။

လငိးဖန် အပ်တွေကိုစိုက် နေရင်း လေးနက်စွာ ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..မင်းက တကယ်ကို..ဥာဏ်ကောင်းတာပဲ.."

ဘေးနားက လူတွေဟာ ကြောင်အနေခဲ့တယ်..။ဒါက အရေးကြီးတဲ့ ဆေးကုသမူ တစ်ခု ဖြစ်ပေမယ့် သူတို့နှစ်ယောက်က တော့ ဘာမှ မဟုတ်သလို စကားပြောနေခဲ့ကြတာပါ..။

လီဂျီဟွေးရဲ့ သူငယ်ချင်းတွေဟာ စတင်ပြီး ရယ်မောလိုက်ကြတယ်..။

"နတ်ဆေးဆရာလေး. ကျွန်မတို့ရဲ့ ဂျီဟွေးကို လိုက်နေတဲ့ ကောင်လေး တွေက အများကြီးပဲနော်..။ဒါပေမဲ့ အများစုကို ကျွန်မတိုကပဲ တားဆီးပေးရတာ..ဘာလို့လဲ ဆိုတော့ သူမရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီလို့ပဲ.."

လင်းဖန် ရယိမောလိုက်တယ်..။သူ့ရဲ့ ့လက်တွေကတော့.. မရပ်တန့်ပဲ လျင်မြန်စွာ ရွေ့လျား နေခဲ့ပါတယ်..။ကင်ဆာ ရောဂါက နေရာတစ်ခုမှာ ဖြစ်နေပေမယ့်လည်း..အမှတ်တကယ်က တစ်ကိုယ်လံူးမှာ ဆက်နွယ်နေတဲ့ အကြောတွေကိုပါ အပ်စိုက်ရတာပါ..။သူ့တစ်နေရာတည်းကိုပဲ ..အပ်စိူက်ရင် အကျိုးမရှိပါဘူး..။

သူတို့သာ ..စောစောစီးစီး တရုတ်သမားတော် စစ်စစ်ကို တွေ့ရင်..လိုအပ်တဲ့ နေရာတွေကို အပ်စိုက်ပြီး ဆေးဝါးတွေနဲ့ ပိုမဆိုးအောင် ထိန်းထားနိုင်မှာပါ..။သို့ပေမယ့် ကျွမ်းကျင်တဲ့ တရုတ်သမားတော်တွေက အရေအတွက် နည်းပြီး ရှားလည်းရှားပါးပါတယ်..။

ထပ်ပြောရရင် ကင်ဆာ ရောဂါ ခံစားရတဲ့ လူတွေ တိုင်းက..ဆေးရုံကြီးတွေမှာပဲ သွားပြီး ကုသမူ ခံယူကြတာ များပါတယ်..။

ဆေးရုံတွင်..။

ဒေါက်တာ ရှန်း..ဒေါသထွက်နေ မျက်နှာနဲ့..ရုံခန်းကို ပြန်ရောက်လာခဲ့တယ်..။သူပိုပြီးတွေးလေလေ ပိုပြီး သည်းမခံနိုင်လေပါပဲ..။ထပ်ပြောရရင် ကုသနေတဲ့ လူတွေက ဆေးရုံထဲမှာ မဟုတ်ကြပါဘူး..။

သူဘာများ တတ်နိုင်ဦးမှာလဲ...

"မေ့လိုက်တော့..သူတို့ကို လွှတ်ထားလိုက်တော့မယ်..။အချိန်ကျလာမှ သူတို့ နောင်တရချင်ရင်တောင် နောက်ကျသွားပြီ."

ယင်းနောက် ဒေါက်တာရှန်းဟာ..တစ်ခြား လူနာ တွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ ကြည့်ဖို့ ထွက်လာခဲ့ပါတယ်..။

သူ လူနာဆောင်ကို ရောက်တဲ့ အချိန်မှာ သူ့မျက်နှာ အရောင်ပြောင်းသွားပြီး ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်..။

"လူနာတွေက ဘယ်ရောက်ကုန်တာလဲ.."

ဒေါက်တာ ရှန်း မေးလိုက်တာပါ..။

သူနာပြုမလေးဟာ.. ခေါင်းခါယမ်း လိုက်ပြီး..

"သူတို့ အပြင်ကို ထွက်သွားကြတာ..။သူတို့ကို မေးဖို့ လုပ်ပေမယ့် လည်း ဘာမှတောင် ပြန်မဖြေကြဘူး.."

"ဘာတွေဖြစ်နေတာလဲ.."

ဒေါက်တာရှန်း သင့်တော်တဲ့ အဖြေကို မစဥ္းစားတတ်တော့ပါဘူး..

အဲ့အချိန်မှာပဲ လူနာသုံးယောက်ဟာ သူတို့ရဲ့ မိသားစုတွေနဲ့ အတူ..ဓာတ်လှေကားဆီ အမြန်သွားနေတာ တွေ့လိုက်ရပါတယ်..။

"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ.."

ဒေါက်တာ ရှန်း ရှေ့ကို တက်ပြီး မေးလိုက်တာပါ..။

"အပြင်မှာ နတ်ဆေးဆရာ တစ်ယောက် ကုသ နေတယ်လို့ ကြားလို့..။လူတွေ အများကြီးသွားပြတာ တစ်ချို့ဆို ပြန်ကောင်းလာလို့ ဆေးရုံတောင် ဆင်းသွားကြပြီ.."

မိသားစု ဝင်တစ်ယေညက်က ပြန်ဖြေလိုက်တာပါ.။

"ခနလေးနေကြပါဦး..."

ဒေါက်တာ ရှန်း ပြောလိုက်တယ်..။

"မင်းတို့ ဒါကို တကယ်ယုံကြည်တယ်လား..။ဒီကုသမူတွေက သိပ္ပံ နည်းလမ်း မကျဘူးနော်.."

"ဟုတ်လား..ကျုပ်တို့ ခင်ဗျားတို့ကို ယုံကြည်မိလို့ အခုဆို ဘဏ်အကောင့်ထဲမှာ တစ်ပြားမှ မရှိတော့ဘူးလေ..။သွားတဲ့ လူတိုင်းက ပျောက်ကင်းလာကြတာ အခုတောင် နောက်ကျနေပြီ..။အမြန်လာကြ..မဟုတ်ရင် ငါတို့ ကုသခွင့်ရမှာတောင် မဟုတ်ဘူး.."

ဒေါက်တာ ရှန်း မြင်ကွင်ကို ကြည့်ပြီး ပိုပို ဒေါသထွက်လာခဲ့ပါတယ်..။

"ဒီလူတွေ ဘာဖြစ်နေတာလဲ..။မဖြစ်ဘူး..ဒီကိစ္စကို ချက်ချင်း အထက်ကို တင်ပြရမယ်..."

…

အပြင်ဘက်..။

တန်းစီနေတဲ့ လူနာတွေဟာ..နတ်ဆေးဆရာလေး မိန်းကလေးကို ကုသနေတာ အတော် ကြာနေတဲ့ အတွက် စိတ်မရှည်ချင်ကြတော့ပါဘူး..။

"နတ်ဆေးဆရာလေး..အဲ့မိန်းကလေးက ဘာရောဂါ မို့လို့လဲ.."

လူနာ တစ်ယောက်က လှမ်းမေးလိုက်တာပါ..။

"သိပ်ပြီး မလေးနက်ပါဘူး.."

လငိးဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

လင်းဖန် ဒီမိန်းကလေး..ကင်ဆာဖြစ်နေတာကိုထုတ်ပြောဖို့ အစီအစဥ္ မရှိပါဘူး..။ကင်ဆာ ရောဂါကို ဘယ်သူက ကုသနိုင်မှာလဲ...။

"ဒါဆိုလည်း..အသေးအဖွဲလေးကို ဘာလို့ ကြာနေတာတုန်း.."

တစ်ခြား လူနာတွေဟာ တစ်ခုခု မူမမှန်တာ သတိထားမိပြီး မေးလိုက်တာပါ..။

"သူမက လှတော့..သူမကို ကြည့်ရင်း ကုလို့ ကြာနေတာလေ..."

လင်းဖန် ရယ်ပြီး ပြောလိုက်တာပါ..။

"ဟားဟား.."

အဲ့အချိန်မှာပဲ ဘေးမှာ ရှိတဲ့ လူတွေ အကုန်လုံးဝိုင်းရယ်လိုက်ကြပါတယ်..။နတ်ဆေးဆရာလေး..ဒီမိန်းကလေးကို ထိုင်ကြည့်နေလို့ ကြာနေတာ ဖြစ်မှာပါ..။သူတို့ တစ်ချိန်လံူး အပြန်အလှန်စကား ပြောနေတာ မထူးဆန်းတော့ပါဘူး..။

လီဂျီဟွေး ပါးတွေ နီရဲ သွားပြီး ရယ်မောလိုက်တယ်..။

သူ့ရဲ့ သူငယ်ချင်းတွေလည်း ဘေးးနားကနေ ရယ်မောနေကြပါတယ်..။

လီဂျီဟွေး ရဲ့ ခန္တာကိုယ်မှာ အပ်တွေ စိုက်ပြီးတဲ့နောက် လင်းဖန် ဆေးညွှန်းရေးပြီး အစ်မဝမ်ကို ပေးလိုက်ပါတယ်..။

"ဒီဆေးညွှန်းကို ယူပြီး ခနနေရင် ဆေးခန်းမ မှာ သွားဝယ်ပါ..။သူမကို တစ်နေ့ လေးကြိမ် တိုက်ပေးရမယ်..။မနက်..နေ့လည် ..ည..ညလယ်..။ပြီးတော့ နောက်တစ်ကြိမ် အပ်စိုက်ဖို့ အတွက် သူမ ကျွန်တော်ဆီ မနက်ဖြန် ထပ်လာမှ ရမယ်..။ကျွန်တော် တို့က မနက်ဖြန် နောက် တစ်နေရာမှာ ကုသမှာ ဆိုတော့ လာဖို့ တစ်ခုခု စီစဥ္ထားပေါ့.."

အန်တီ ဝမ် ..ဆေးညွှန်းကို ယူပြီး လုံခြုံစွာ သိမ်းလိုက်တယ်..။ယင်းနောက် သူမကို ကြည့်လိုက်တဲ့ အချိန်မှာ ယုံတောင် မယုံကြည်နိုင်တော့ပါဘူး..။

"သမီးရဲ့..အသားအရည်က.."

"သူမ သက်သာလာရဲ့လား.."

လင်းဖန် ရယ်မောပြီး မေးလိုက်တာပါ..။

"ဟုတ်တယ် ဟုတ်တယ်.."

အန်တီ ဝမ် ချက်ချင်း ခေါင်းညိမ့်လိုက်တယ်..။

ဘေးနားမှာ ကြည့်နေတဲ့ လူတွေလည်း အံဩစွာ ရေရွတ်လိုက်ကြပါတယ်..။

"ဟုတ်တယ် သူမ ပိုကောင်းလာပြီ..။သူမ ပါးတွေဆို ပန်းရောင်တောင် သန်းနေသေးတယ်..။သူမ ကြည့်ရတာ ဖျားနာတဲ့ ပုံ မရှိတော့ဘူး.."

"နတ်ဆေးဆရာ လေးက တကယ်အံ့ဩဖို့ ကောင်းတာပဲ.."

"သူ့ရဲ့ ကျွမ်းကျင်မူတွေက တကယ်အံ့ဩဖို့ကောင်းတယ်.."

လင်းဖန် ရယ်မောလိုက်တယ်..။သူ့ရဲ့ ကျွမ်းကျင်မူအသိပညာ.. စွယ်စုံကျမ်းရဲ့ ကူညီပေးမူ တွေကြောင့်သာ မဟုတ်ရင်..ဒီရောဂါက ကူသလို့ ရမှာမဟုတ်ပါဘူး..။

အဲ့အချိန်မှာပဲ..လူတစ်စု ဟာ သူတို့ စီ လျောက်လာနေတာကို တွေ့နေခဲ့ရတယ်..။

"အဲတာ သူတို့ပဲ.."

လင်းဖန် ကင်မရာ တွေ...ပစ္စည်း ကိရိယာ တွေကိုင်ပြီး သူတို့ဆီ လာနေတဲ့ သူတွေကို ညွှန်ပြပြီး ပြောလိုက်တာပါ..။

လင်းဖန် အကူညီမဲ့ သွားခဲ့တယ်..။

"ချီးပဲ သတင်းထောက်တွေ..."

သူ သတင်းထောက်တွေကို အကြောက်ဆုံးပါ..။

သူ ဘယ်ကို သွားသွား ဒီလူတွေ လက်ကနေကို မလွှတ်ပါဘူး..။

All Chapters