← Chapters

ဒါအမှန်ပဲ..ကျုပ် ဝန်ခံတယ်..

Vol. 32 Ch. 472

ဒါအမှန်ပဲ..ကျုပ် ဝန်ခံတယ်..

Vol. 32 Ch. 472

#ဘာသာပြန် = စနိုးဝှိုက်

ဂျာနယ်လစ် တွေက..ခွေးတွေ..အရိုးနံ့ ရသလို..အမွဲတမ်း အနံ့ခံ ကောင်းကြပါတယ်..။သတင်းတစ်ခုကို ဘယ်သူမှ မသိသေးဘူး ဆိုရင်တောင်..သူတို့က မိုင်ပေါင်းများစွာကနေ ..အနံ့ခံပြီး ရောက်လာတတ်ကြတာပါ..။

အှန်လိုင်း အေဂျင်စီက နာမည် မကြီးပေမယ့်လည်း..သတင်းတွေ တက်လာရင် တော့ လူတွေက စိတ်ဝင်စားကြပါသေးတယ်..။

ဆေးရုံကြီးရဲ့ အပွငျဘက်မှာ..အခမဲ့ ဆေးကုပေးနေကြတယ်.။

ဒီလူတွေ ဘာလို့ ဒီလို လုပ်ကြတာလဲ...

ထပ်ပြောရရင် ဒီလူတွေ ကုသလိုက်လို့..ဆေးရုံ ဆင်းတဲ့ လူပမာဏ က အရမ်းများနေပြီလို့တောင် သတင်းတွေ ပြံ့နှံ့နေခဲ့ပါတယ်..။ဒါက အစစ်အမှန်လား ဆိုတာတော့ ဘာမှ မသိပါဘူး..။ဒါကြောင့် ဂျာနယ်လစ်တွေဟာ..ကိုယ်တိုင် လာကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ..။

လူနာတွေဟာ..သတင်းထောက် တွေကို မြင်တဲ့ အချိန်မှာ..စိတ်လှုပ်ရှား သွားခဲ့ကြပါတယ်..။သူတို့ သတင်းထောက်တွေ ဒီလောက် အများကြီးကို တစ်ခါမှမမြင်ဖူးကြပါဘူး..။

"သတင်းထောက်တွေ လာနေကြတယ်.."

"သူတို့က နတ်ဆေးဆရာ လေးကို..လာပြီး အင်တာဗျူးတာပဲ ဖြစ်ရမယ်.."

"နတ်ဆေးဆရာ လေးက အံ့ဩဖို့ ကောင်းတယ်..။ဒါပေါ့..သူတို့ နတ်ဆေးဆရာ လေးအတွက်ပဲ လာကွတာ ဖြစ်မယ်.."

"ဆရာ ..သတင်းထောက်တွေ လာကြပြီ..။ကျွန်တော်တို့ ဘာလုပ်ကြမလဲ.."

ကျိုးမင်ချင်း သတင်းထောက် တွေကို ကြည့်ပြီး မေးလိုက်တာပါ..။

"မြှောက်ပြော..မြှောက်ပြီး...ကိုယ့်ကိုကို တတ်နိုငျသလောက် မြှောက်ပြီး ပြော.."

လင်းဖန် ပြောလိုက်တာပါ..။

ကျိုးမငိချင်း ကြောင်အသွားခဲ့ပါတယ်..။ မြှောက်ပွောရမှာလား..။ဒါက တကယ် မယုံကြည်နိုင်စရာပဲ..။

ခနကြာပြီနောက်..။

သတင်းထောက်တွေဟာ..လင်းဖန် တို့ ကို ဝန်းရံပြီး နေရာယူထား ခဲ့တယ်..။

"ဘယ်သူက နတ်ဆေးဆရာလေး လဲ..။သူက ဘယ်သူလဲ.."

သတင်းထောက် တွေဟာ နတ်ဆေးဆရာ လေးကိုတစ်ခါမှ မမြင်ဖူးကြပဲ..လူငယ်သုံးယောက်နဲ့ အသက်ကြီးကြီး လူတစ်ယောက် ကိုသာ တွေ့နေခဲ့ရပါတယ်..။အသက်ကြီးကြီး လူတစ်ယောက် က..ယုံကြည်မူ ရှိနေတာကြောင့်..ဒီလူက နတ်ဆေးဆရာ ဖြစ်နိုင်လောက်ပါတယ်..။

သို့ပေမယ့် ဒီလိုလည်း မဟုတ်သေးပေ..။ဒီလူက ဖောင်တိန်ကို ကိုင်ပြီး စာရွက်ပေါ်မှာ ရေးသားနေခဲ့တာပါ..။ဒီလူဘေးမှာ ရှိတဲ့ ကောင်လေး တစ်ယောကျကတော့...လူနာတစ်ယောက်ရဲ့ သွေးခုန် နှုန်းကို စမ်းနေခဲ့ပြီး..သတင်းထောက်တွေလာတာ သိတာတောင်..တည်ငြိမ်နေခဲ့ပါတယ်..။

"နတ်ဆေးဆရာလေး ဆိုတာ သူပဲ..။သူက ခင်ဗျားတို့ ရှာနေတဲ့လူ.."

လူနာ တစ်ယောက်ဟာ လင်းဖန်ကို ညွှန်ပြီး ပြောလိုက်တာပါ..။

သတင်းထောက်တွေဟာ လင်းဖန်ကို ကြည့်ပြီး အံ့ဩသွားခဲ့ကြတယ်..။

ိနတ်ဆေးဆရာက..ဒီလို လူငယ်လေး ဖြစ်နေတာလား...

အဲ့အချိန်မှာပဲ..သူတို့ တစ်ခုခု ကို တွေးမိလိုကိပါတယ်..။

ဒီလူတွေက..လူလိမ်တွေ ဖြစ်နေတာလား...

သတင်းထောက် တွေ အကြိုက်ဆုံးက ဘာဖြစ်မလဲ..။

အဖွကေတော့ ရှင်းလင်းပါတယ်..။လူလိမ်...ကလိမ်ကကျစ်တွေ..ညာစားတဲ့လူတွေ..။သူတို့က ဒါမျိုးတွေ ဖော်ထုတ်ရတာကို အရမ်းကြိုက်နှစ်သက်ကွတာပါ. ။

"ဟဲလို..နတ်ဆေးဆရာ တစ်ယောက်က ဆေးရုံအပြင်ဘက်မှာ လူနာတွေကို. အခမဲ့ကုသ ပေးနေတာလို့ ကျွန်တော်တို့ သတင်းကြားထားလို့..။အဲတာက ခင်ဗျားလား မသိဘူး.."

ပုံမှန်လူတစ်ယောက် ဆိုရင် ဒီ နတ်ဆေးဆရာ ဆိုတဲ့ နာမည်ကို ယဥျကြေးစွာ ငြင်းပယ်ပြီး..အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို လုပ်နေတာလို့ ပြန်ဖြေမှာပါ..။သို့ပေမယ့် လင်းဖန်က သာမန်လူမဟုတ်ပေ..။

"ဟုတ် တယ်. ကျွန်တော်က သူတို့ပြောနေကြတဲ့ နတ်ဘုရား ဒေါက်တာ ပဲ..."

လင်းဖန် တှေဝေခြင်းမရှိပဲ ပြောလိုက်တာပါ..။

သတင်းထောက်တွေဟာ ..တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်..။ဒီလူ ငယ်က ပုံမှန်လူတစ်ယောက် တော့ဖြစ်ပုံ မရပါဘူး..။

"ကျွန်တော် တို့ ကြားတာကတော့ ခင်ဗျား မနေ့က..ကျောင်းနင် မြို့သားများဆေးရုံမှာ..ကုသမူတွေလုပ်ပေးခဲ့တယ်ဆို..။ဒါက အမှန်ဟုတ်ပါသလား..."

ဂျာနယ်လစ် တစ်ယောက် က မေးလိုက်တာပါ..။

"အငိး.."

လင်းဖန် လှည့်တောင် မကြည့်ပဲ ပြန်ဖြေလိုက်တယ်..။

"ချစ်လှစွာသော သတင်းထောက်ကြီးတို့..နည်းနည်း အကျိုးရှိတဲ့ မေးခွန်းလေးတွေ မေးလို့မရဘူးလား..။မဟုတ်ရင် တစ်ခြား လူတွေကို မေးလို့ရပါတယ်..။ကျွန်တော်က အခုအလုပ်ရှုပ်နေတာလေ.။ဒါကြောင့် မေးချင်တာ ရှိရင် တည့်တည့်ပဲ မေးကြပါ...။ကျွန်တော် သတင်းထောက်တွေကို တကယ် ခစ်ြပါတယ်..."

ဂျာနယ်လစ် တွေဟာ ကြောင်အသွားခဲ့ကြတယ်..။ဒီငနဲက ဒီလောက်အထိ သူ့ကိုသူ အထင်ကြီးနေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။

တစ်ချို့ ဂျာနယ်လစ် တွေကတာ့ တန်းစီ နေတဲ့ လူနာ တွေဆီသွားပြီး အင်တာဗျုးလိုက်ကြပါတယ်..။

"ဆေးရုံ မှာ ကုသရမယ့် အစား ဘာလို့ ဒီကို လာပြီး ကုသတာလဲ သိလို့ရမလား ခင်ဗြ"

ဂျာနယ်လစ်တစ်ယောက် ကမေးလိုက်တာပါ..။

"ကောင်းပြီ..အဖွကေတော့ သိသာပါတယ်..။ဒီလူငယ်လေးက နတ်ဆေးဆရာလေးပဲ..သူ့ရဲ့ ကုသမူတွေက တကယ် အကျိုးသက်ရောက်တယ်.."

ဒီအဖွကေို ခန္တာကိုယ် အားနည်းနေပုံရတဲ့ သက်လတ်ပိုင်း အရွယ်လူကြီး တစ်ယောက် က ပေးလိုက်တာပါ..။

"သူက နတ်ဆေးဆရာ လို့ ဘယ်လို သတ်မှတျ ထားတာလဲဗြ..။ဒါကို မက်ြလုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာလား..ဒါမှမဟုတ်..ကောလာဟလ တွေကို..ကြားခဲ့ရတာလားဗျ..။ကောလာဟာလ တွေက..တစ်ခါတစ်လေ အမှနျတရားနဲ့ လွဲချော်နေတတ် တယ်လေ..."

"မျက်စိနဲ့ ကိုယ်တိုင်မြင်တာပါ.."

သက်လတ်ပိုင်း အရွယ် လူကြီးဟာ ပြန်ဖြေလိုက်တယ်..။

"တကယ်လား..."

သတင်းထောက်ဟာ ကြောင်အသွားခဲ့တယ်..။ဒါက သူ မျှော်လင့်ထားတာ နဲ့ မတူတော့ပါဘူး..။သူက..ဒီလူ ကောလာဟာလ တွေကနေ တဆင့် သိတယ်လို့ပဲ ဖွစေခေင်ြတာပါ..။

ဒီလူက မက်ြလုံးနဲ့ ကိုယ်တိုင် မြင်ခဲ့တာလား...

ဒါ..ဒါက...

"မင်းတို့က.သတင်းထောက်တွေ ဖြစ်ပြီး..နတ်ဆေးဆရာ ဆိုတာကို မယုံကြည်နိုင်ကြမှန်း ငါနားလည်ပါတယ်..။သူက ဒီမတိုင်ခင်လည်း လူတွေ အများကြှီးကို ကုသထားပြီးပြီ..။သူကုသတဲ့ လူတိုင်း သက်သာ သွားတယ် ဆိုတာ ချည်းပဲ..မင်းငါ့ကို အင်တာဗျူး လို့ရတယ် ..ဒါပေမဲ့..နတ်ဆေးဆရာလေးကိုတော့ သွားမရှုပ် ပါနဲ့..သူက တကယ် အလုပ်ရှုပ်နေတာ.."

ဘေးနားက နားထောင်နေတဲ့ သတင်းထောက်တွေလည်း ကြောင်အသွားခဲ့ကြပါတယ်..။မသိရင်..ဒီလူကွီးက သူတို့ကို..သင်ခန်းစာ ပေးနေတဲ့ အတိုင်းပါပဲ..။

ဆေးကုသရင်း အလုပ်ရှုပ်နေတဲ့ နတ်ဆေးဆရာ လေးကို ကြည့်ရင်း..ဂျာနယ်လစ်တွေဟာ..သတင်းခေါင်းစဥျကို ဘာပေးရင် ကောင်းမလဲ စဉ်းစားနေခဲ့ကွပါတယ်..။

အချိန်တွေ တဖြည်းဖြည်းကုန်ရင်း..ညဘက်ရောက်လာခဲ့တယိ..။

"ကောင်းပြီ ဒီနေ့အတှကျ ဒီလောက်နဲ့ နားလိုက်ကွရအောင်..။ကျွန်တော်တို့ မနက်ဖြန် ကျောင်းနင် ဖူဘောင် ဆေးရုံကို သွားမှာ..။ဒီနေ့ မကုသလိုက်ရတဲ့ လူတွေ မနက်ဖြန် အဲ့ကို လာခဲ့လို့ ရတယ်နော်.."

ယင်းနောက် သူတို့ ပစ္စည်တွေ သိမ်းပြီး ကားပေါ်တက်လိုက်ကြတယ်..။

လူနာတွေဟာ လည်း နားလည်ကြပါတယ်..။နတ်ဆေးဆရာလေးက တစ်နေ့လုံး မနားမနေ ကုသခေဲ့ရတာပါ..။သူ အတျောပင်ပန်းမှာ ကျိန်းသေပါပဲ..။

သတင်းထောက် တွေဟာလည်း တစ်ချိန်လုံးစောင့် ကွည့်နေကြတာကြောင့် အံ့ဩနခေဲ့ကြပါတယ်..။နတ်ဆေးဆရာလေး ကုသပေးလိုက်တဲ့ လူနာတိုင်း မပျောက် ကငျးဘူး ဆိုတာ မရှိပါဘူး..။

ထပ်ပြောရရင် ဘေးနားမှာ ရှိနေတဲ့ လူနာတွေ အကုန်လုံးကလည်း ပျော်ရွှင်နေခဲ့ကြတာပါ..။

ဒါက သတင်းကြီးတစ်ခုပါပဲ..။

.

ညအချိန်.. ၇ နာရီခှဲတွင်..။

ဒီနေ့အတွက် သတင်းကြီး..။

"ဒီနေ့အတွက်သတင်းကြီးက ကျောင်းနင် မြို့သားဆေးရုံက နေလာတာပါ..။ဆေးရုံအပြင်ဘက်မှာ လူလေးယောက်ဟာ ဆေးဘက်ဆိုင်ရာ ပရဟိတ လုပ်ခဲ့ကြပါတယ်..။ဒါပေမဲ့ သတင်းကို မတင်ပြမှီမှာ..ဒီလူတွေ ဘာလို့ ဒီလို လုပ်နေတာလဲ ဆိုတာကို သိချင်မိပါတယ်..။ဒီမှာ လူငယ်သုံးယောက် နဲ့ လူကြီး တစ်ယောကိက..ကုသပေးနေကြတာကို မြင်ရမှာပါ..။တကာ်လို့ ဒီလူတွေမှာသာ..ဆေးကုသခွင့် လိုင်စင် မရှိရင် ..ဥပဒေကို ဆန့်ကျင်နေတာပါပဲ.."

ဒီသတင်းက လောလောဆယ် ဟော့ အဖြစ်ဆုံးပါ..။တင်တဲ့ သတင်းထောက်ကလည်း ဒီလောက မှာ ဂုဏ်သိက္ခာ ရှိပါတယ်..။

မြို့သားတွေဟာ ဒီသတင်းကို မြင်တဲ့ အချိန်မှာ..အကူညီမဲ့ စွာ ရယ်မောပြီး ခေါင်းတွေကို ခါယမ်း လိုက်ကြပါတယ်..။

ဒီပို့စ်အောက်မှာ ဆွေးနွေးမူတွေကလည်း တကယ် ရူးသွပ်စရာပါပဲ..။

"သူတို့က ကျွမ်းကျင်သူတွေ ရှေ့မှာ..သူတို့ရဲ့ နိမ့်ပါးတဲ့ စွမ်းဆောင်ရည် တွေကို ချပြနေတာက. ရှက်စရာပဲ.."

"ဆေးရုံကြီးရဲ့ အပြင်မှာ လာပြီး..လူနာတွေ

ကုသရအောင် သူတို့ကိုသူတို့ ဘာထင်နေတာလဲ မသိဘူး.."

"ဒီသတင်းကိုဖတ်ပြီး ငါတောင် ပြုံးစိစိ ဖြစ်သွားတယ်.."

"တစ်ချက်ကြည့်ရုံနဲ့တင် ဒီလူတွေက လူလိမ် တွေမှန်း သိသာတယ်..။ဒါပေမဲ့ ဆေးရုံ အပြင်ဘက်မှာ ကုသတာတော့ ရည်ရွယ်ချက် တစ်ခု ရှိလောက်တယ်နော်..။တကယ်လို့ သူတို့ တစ်ခုခု အမှားအယွင်း လုပ်မိရင် ဆေးရုံကို ချက်ချင်းပြေးသွားလို့ရတယ်.."

"ဟားဟား.."

…

နောက်တစ်ရက်..။

အင်တာနက်က သိပ်ပြီးတော့ ငြိမ်သက်မူ မရှိသေးပါဘူး..။

သတင်း ခေါင်းကြီးပိုင်း အများစုမှာတော့..မနေ့က တင်ထားတဲ့ နတ်ဆေးဆရာလေး အကြောင်း ကြီးစိုးနေခဲ့ပါတယ်..။

"နတ်ဆေးဆရာ လေးက ဆေးရုံအပြင်ဘက်မှာ..လူနာတွေ အများကြီးကို ကယ်တင်ခဲ့သည်.။ဒီကုသမူက..တကယ်အကျိုးသက်ရောက်မူ ရှိခဲ့သည်.."

"နတ်ဆေးဆရာလား..လူလိမ်လား.."

"ဆေးရုံကြီးတစ်ခုဟာ ရှက်စရာ ကောင်းတဲ့ အခြေအနေနဲ့ကြုံတွေ့နေရခြင်း။ဆေးရုံကြီးမားပေမယ့် လူနာ တစ်ယောက်မှ မရှိပေ.."

"သတင်းထူး.. နတ်ဆေးဆရာလေးဟာ.. ရောဂါတိုင်းကို ပျောက်အောင် ကုသနေခဲ့သည်.."

…

မနက်ခင်း အလုပ်သမားတွေဟာ သတင်းတွေကို ဖတ်ရင်း ​ဆွံ့အနေခဲ့ကြပါပြီ..။

ဘယ်က နတ်ဆေးဆရာလဲ ဟ....

All Chapters