သဘာပတိ ပါ အံ့ဩနေပြီ
Vol. 32 Ch. 473
#ဘာသာပြန် = စနိုးဝှိုက်
"ဘာတွေဖြစ်နေတာလဲ..။မနေ့က ငါတို့လည်း ဖြတ်သန်းလာခဲ့တာပဲ..။ဒီနေ့ကြမှ ဘာလို့ ဒီလောက် ထိ သတင်းထူးတွေ တက်နေတာလဲ.."
"ဒီသတင်းထောက်တွေက..တကယ် ကိုယ်ကျင့်တရား မရှိကြဘူး..။သူတို့ ရဲ့ သတင်းခေါင်းစဥ္ တွေက သံသယဖြစ်စရာ တွေချည်းပဲ.."
"ဒီနေ့ရဲ့ သတင်းကြီးက..သတင်းဌာန တိုင်းလိုလိုကို တင်နေကြတာ.."
"နတ်ဆေးဆရာက ဒီလောက်တောင်လား..။လူနာတွေကို ဆေးရုံကြီးရဲ့ အပြင်ဘက်မှာ ကုသပေးတယ် ဆိုတော့..။ဒါမျိူးကို ငါပထမ ဆံူးမြင်ဖူးတာပဲ.."
"ငါလည်း ဒါမျိုးကို ပထမ ဆုံးကြားဖူးတာ..။ဘယ်လောက် ဆန်းပြားလိုက်လဲ.."
သတင်းဌာနကြီး တစ်ခုရဲ့ သတင်းထောက်ဟာ အခြေအနေကို စောင့်ကြည့်နေခဲ့တယ်..။
သူ မနေ့က သူ့ရဲ့ သတင်းမှာ နတ်ဆေးဆရာကို ..လူလိမ် အဖြစ် အညှာအတာ ကင်းမဲ့စွာ ဖော်ပြခဲ့တာပါ..။သူက မြို့သားတွေကိုလည်း ကောလဟာလတွေကို မယုံဖို့ တိုက်တွန်းခဲ့ပါသေးတယ်..။သို့ပေမယ့် အခုအခြေအနေက တစ်ခုခု မူမမှန်တဲ့ ပုံပါပဲ..။
သူ့ရဲ့ အပေါင်းအသင်းတွေကလည်း မူမမှန်ကြတော့ပေ..။သူတို့က သူ့ကို မတူညီတဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့ကြပါတယ်..။
သတင်းထောက်ဟာ သူ့ရဲ့ ရုံခန်းကို ပြန်သွားပြီး အခြေအနေတွေကို စစ်ဆေးဖို့ လုပ်လိုက်ပါတယ်..။
တိမ်ဖြူလမ်း..။
"ချီးပဲ..ငါ သရဲတစ်ကောင် မြင်နေရတာလား.."
လူလိမ် ထျန်ဟာ သတင်းတွေ ဖတ်နေရင်းကနေ ထခုန်လိုက်တယ်..။
ကျောက်ကျန်းယန်ဟာ လှည့်လာပြီး သံသယဖြစ်စွာ ကြည့်လိုက်ပါတယ်..။
"လူလိမ် ထျန်..ဘာတွေဖြစ်နေတာလဲ..။စောစောစီးစီး ဆူညံအောင် လုပ်နေတယ်..."
လူလိမ် ထျန် ဖုန်းကို ညွှန်ပြပြီး အံ့ဩစွာ ဖြင့်..
"အမြန် သတင်းကို ဖတ်ကြည့်လိုက်..။ဟို ငနဲက ကျောင်းနင်မှာ ရောက်နေတာ..."
ဝူယူလန်ဟာ ခနလောက် ကြောင်အသွားပြီး ဖုန်းကို ထုတ်လိုက်တယ်..။သူမ သတင်းကို မြင်တဲ့ အချိန်မှာ မတ်တတ်ထရပ်လိုက် မိပါတယ်..။
"အခမဲ့ ကုသပေးတာလား.."
ဆိုင်ထဲက လူတိုင်းဟာ သတင်းကို ဖတ်ပြီး မယုံကြည်နိုင်ကြတော့ပါဘူး။
လင်းဖန် ဘာတွေ တွေးနေတာလဲ... ။သူက အခမဲ့တောင် ကုသပေးရအောင် ဘယ်လိုတွေ အရူးထ နေရတာလဲ....
ဒါက သရဲတစ်ကောင်ကို မြင်နေရတဲ့ အတိုင်းပါပဲ..။
တစ်ခြား ဆိုင်ပိုင်ရှင် တွေဟာလည်း သတင်းတွေကို ဖတ်ပြီးတဲ့နောက်မှာ မာစတာ လင်း ဆိုင်ကို ပြေးလာခဲ့ကြတယ်..။
"သူဌေးလေးက ကျောင်းနင်ကို အခမဲ့ ဆေးကုပေးဖို့ သွားနေတာလား.."
"ချီးပဲ သူဌေးလေးက လုပ်လိုက်ရင် အဆန်းတွေ ချည်းပဲ..။သူက ဆေးကုသဖို့ကို ဘာလိူ့ ကျောင်းနင် မြို့သားဆေးရုံရဲ့ ဝင်ပေါက်ကို ရွေးချယ်လိုက်တာလဲ.."
"ဘယ်သူသိမှာလဲ.."
သူတို့ဟာ စုဝေးပြီး အခြေအနေကို ဆွေးနွေး နေခဲ့ကြပါတယ်..။
ဝိုက်ဘို..။
"ချီးပဲ..ဒါက မာစတာ လင်း မဟုတ်ဘူးလား..."
"ဘုရားရေ..သူဌေးလေးက နတ်ဆေးဆရာ ဖြစ်လာတာလား..."
"အပေါ်ကကောင်..ဘာတွေ ပြောနေတာလဲ..။ဘာလို့ သူဌေးလေးက နတ်ဆေးဆရာဖြစ်ရမှာလဲ.."
"မင်းသတင်း မကြည့်ရသေးဘူးလား..။အင်တာနက်မှာ ရောဂါပေါင်းစုံကို ကုသပေးနေတဲ့ နတ်ဆေးဆရာလေး အကြောင်း နာမည်ကြီးနေတာ..။သူဌေးလေးက ဘယ်တုန်းက ဆေးကုသတတ်သွားတာလဲ..."
"ချီးပဲ..ဒါ တကယ်ကြီးလား..။မာစတာ လင်းက တကယ် သဘာဝကို ဆန့်ကျင်နေပြီ..။သူက ဘယ်တုန်းက ဆေးကုသ တတ်သွားရတာလဲ..။မာစတာ လင်းက ဒီလိုတွေ ဘာလိူ့ လိုက်လုပ်နေတာဖြစ်မလဲ.."
"ဟားဟား..မာစတာ လင်းနဲ့ ပတ်သက်တဲ့ သတင်းတိုင်းက အဆန်းတွေ ချည်းပဲ.."
"မာစတာ လင်း မသိတာ ဘာရှိသေးလဲ လို့တောင် မေးလိုက်ချင်တယ်..။သူက တကယ်ကို မာစတာ ပဲ..။သူက အရည်အချင်းလဲ ရှိတယ်.."
ကျောင်းနင် ဖူဘောင် ဆေးရုံတွင်..။
ဆေးရုံထဲက ဒေါက်တာ တွေဟာ ဒေါသထွက်လွန်းလို့ ပေါက်ကွဲနေကြပါပြီ..။
"သတင်းတွေထဲက နတ်ဆေးဆရာက..ငါတို့ရဲ့ ဆေးရုံကို လာတော့မှာ.."
"ဆေးရုံက လူနာအများကြီးက သူနဲ့ တွေ့ဖို့တောင် ပြင်ဆင်နေကြပြီ.."
"ဒီလူက ဘယ်ကနေ ပေါ်လာတာလဲ..။ဒါက ဆေးရုံရဲ့ ပုံရိပ်ကို ထိခိုက် စေလိမ့်မယ်.."
"ဆေးရုံရဲ့ သဘာပတိ က ဘာလုပ်မယ်တဲ့လဲ..."
"မသေချာသေးဘူး..ဒါပေမဲ့ ငါတို့ထဲက လူတစ်ချို့ကတော့ အကြောင်းကြားထားပြီးပြီ.."
ဆေးရုံ၏ သဘာပတိ ရုံးခန်းထဲတွင်..။
သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ..ဆရာ ဝန်တွေ သူ့ဆီ တင်ပြတာကို ဂရုတစိုက် နားထောင် နေခဲ့ကြတယ်..။
"သဘာပတိ ..ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ..။ဒီ ငနဲက ကျွန်တော်တို့ ဆေးရုံရှေ့မှာ ရောက်နေပြီး လူနာတွေကလည်း သူ့ကို သွားတွေ့နေကြပြီ..။ဒီလိုသာ ဆက်ဖြစ်နေရင် ကျွန်တော်တို့ အတွက် မကောင်းနိုင်ဘူး.."
"ဒါရိုက်တာ ကျိုး..ကျုပ်တို့ ဆေးရုံရဲ့ ရည်ရွယ်ချက်က ဘာလဲ.."
သဘာပတိ ဘီ..မတူညီတဲ့ မျက်နှာနဲ့ မေးလိုက်တာပါ..။
"လူ့အသက်တွေကို ကယ်တင်ဖို့...အကောင်းဆုံးကြိုးစားဖို့ ပြီးတော့..လူနာတွေ ကျန်းမာရေး အပြည့်အဝ ပြန်ကောင်းဖို့.."
ဒါရိုက်တာကျိုး ဖြေလိုက်တာပါ..။
"ဒါဆို ဘာပြသနာ မှ မရှိဘူးလေ..။လူနာတွေ ပြန်ကောင်းသွားမယ် ဆိုရင် ဆေးရုံ အတွက် နစ်နာ စရာဘာရှိလို့လဲ..။ဒီလူက သတင်းတွေထဲကအတိုင်း နတ်ဆေးဆရာ ဆိုရင် လူနာတွေ အတွက် ကောင်းတဲ့ ကိစ္စပဲ..။လာ ကျုပ်နဲ့ အတူ နတ်ဆေးဆရာ ဆီသွားကြရအောင်..။သူဘာတွေ လုပ်နေလဲ ဆိုတာ ကြည့်ရမယ်..။သူသာ..လူလိမ် ဆိုရင်တော့..ကျုပ်တို့ တိုင်ကြားရမှာပေါ့.."
"သဘာပတိ ကျွန်တော်တု့ိ တစ်ခြား လူတွေကို ခေါ်ဦးမှာလား.."
ဒါရိုက်တာ ကျိုး မေးလိုက်တာပါ..။
"မလိုဘူး..တို့နှစ်ယောက်ထဲသွားမယ်.."
သဘာပတိ ဘီ ပြောလိုက်တာပါ..။
နတ်ဆေးဆရာ ပေါ်လာပြီးကတည်းက.မြို့သားများ ဆေးရုံနဲ့ ကျောင်းနင် အထူးကု ဆေးရုံ နှစ်ခုလုံး လူနာ အရေအတွက် သက်ရောက်ခံကြရပါတယ်..။လူနာတွေ အများကြီး ဆေးရုံ ဆင်းသွားတာက အရင်တုန်းက တစ်ခါမှ မဖြစ်ဖူးပါဘူး..။
တစ်ချိန်တည်းမှာပဲ နတ်ဆေးဆရာက အတော်ကို ဆန်းကျယ်လှတာပါ..။
ရောဂါတွေ ကို တစ်ခန အတွင်း ပျောက်အောင် ကုသပေးတာက မယုံကြည်နိုင်စရာပါပဲ..။
ဆေးရုံ အပြင်ဘက်တွင်..။
တန်းစီ နေတဲ့ လူနာတွေဟာ ..ကုသမူကို ခံယူဖို့ စောင့်ဆိုင်း နေခဲကြပါတယ်..။လင်းဖန် ရဲ့ နာမည်က ကျောင်းနင် တစ်ခုလုံးမှာ ပျံ့နှံ့နေခဲ့ပါပြီ..။လူတိုင်းက နတ်ဆေးဆရာလေး ဘယ်လို ကုသလဲ ဆိုတာကို ကြည့်ချင် နေခဲ့ကြပါတယ်..။
ကျိုမင်ချင်း လူအုပ်ကြီးကို မြင်တဲ့ အချိန်မှာ..ကြောင်အသွားခဲ့တယ်..။
"ဆရာ လူနာတွေ အများကြီးပဲ.."
လင်းဖန် ရယ်မောလိုက်ပြီး
"စိတ်မပူနဲ့..ဒါက အံ့ဩစရာ မကောင်းသေးဘူး.."
ဒါက တကယ် အံ့ဩသရာ မဟုတ်သေးပါဘူး..။ဘယ်အရာရာကိုပဲ လုပ်လုပ်..နှလုံးသားနဲ့ စိတ်ဝိဥာဥ္ကို ထည့်ပြီး လုပ်ရင် ကျော်ကြားမူက သူ့အလိုလို ရောက်လာမှာပါ..။
သို့ပေမယ့် ဝန်ခံရရင်တော့ ဒီမှာ လူတွေ အတော်ကို များနေခဲ့ပါပြီ..။
သူ ပန်ကိတ်လုပ်သလို ခွန်အားတွေ အကုန်လံူးကို သုံးပြီး..မရပ်မနား လူနာတွေကို ကူသပေးရတော့မှာပါ..။
သဘာပတိ ဘီနဲ့ ဒါရိုက်တာကျိူးဟာ လူအုပ်ကြီးကြားထဲကို ရောက်လာခဲ့တယ်..။ဘယ်သူမှ သူတို့ကိုသတိမထားမိတဲ့ ပံူပါပဲ..။နတ်ဆေးဆရာ ဆိုတာ ငယ်ရွယ်တဲ့ ကောင်းလေးမှန်းသိတဲ့ အချိန်မှာ သဘာပတိဘီရဲ့ မျက်နှာ အမူအရာ ေပြာင်းလဲ သွားခဲ့တယ်..။
သူ သံသယဖြစ်ပြီး အံ့ဩနေခဲ့တာပါ..။နတ်ဆေးဆရာက ဒီလောက် ငယ်ရွယ်နေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
သို့ပေမယ့် ခနကြာအောင် အကဲခတ်ပြီး နောက်မှာ..
သူ့ရဲ့ မျက်နှာ အမူအရာ ပြန်ပြောင်းသွားခဲ့တယ်..။အံ့ဩမူ ..သံသယ ဖြစ်မူတွေဟာ မယုံကြည်နိုင်မူ တွေအဖြစ်ပြောင်းလဲ သွားခဲ့ပါပြီ..။
ဒီ နတ်ဆေးဆရာလေး ရဲ့ လှုပ်ရှားမူ တွေက..သိမ်မွေ့တယ် ..ညှင်သာတယ်..ပြီးတော့ သူလုပ်နေတာကို သူသိပါတယ်..
သူ့ရဲ့ ကူသမူ စတိုင်က တရုတ်ဆေးပညာက လာတာပါ..။
သူ လူနာတွေရဲ့ မျက်နှာ အမူအရာကို ကြည့်ပြီး ပြောနိုင်ပါတယ်..။ဆေးရုံ တစ်ခုရဲ့ သဘာပတိ တစ်ယောက်အနေနဲ့ သူ့ရဲ့ ဆေးပညာက ကျန်တဲ့ လူတွေထက် သာလွန်နေခဲ့တာပါ..။သူ သဘာပတိ မဖြစ်ခင်တုန်းက..ဆေးရုံမှာ အတော်ဆံူး ဒေါက်တာ တစ်ယောက်ပါပဲ..။
သူ့က တရုတ်ဆေးပညာ မသင်ကြားထားပေမယ့်..လူနာရဲ့ အသားအရေကို ကြည့်ပြီး အနည်းင
်ပြောနိုင်ပါသေးတယ်..။
သူ ဆေးပညာလောက မှာ ကျင်လည်ပြီးနောက်မှာ နတ်ဆေးဆရာလို့ ခေါ်ရလောက်အောင် ထူးချွန်တဲ့ ဒေါက်တာတွေ အများကြီးကို တွေ့ဖူးခဲ့ပါတယ်..။သို့ပေမယ့် သူတို့ တွေ လုပ်တဲ့ အရာတွေက..ရှင်းပြလို့ရပြီး..စည်းမျဥ္းတွေ အတွင်းမှာပဲ ရှိပါသေးတယ်..။
သို့ပေမယ့် သူအခု မြင်နေရတာကတော့ သူ့အတွက် မယုံကြည်နိုင်စရာပါပဲ..။
"သဘာပတိ ဒါက မှော်ပညာလိုတောင် ဖြစ်နေပြီ..။ဒါက တရုတ်ေဆးပညာ ဆိုရင် တောင်..ကုသမူ တစ်ခုကနေ ..ဒီလောက်အထိ အကျိုးသက်ရောက်အောင် စွမ်းဆောင်နိုင်မှာလဲ.."
ဒါရိုက်တာ ကျိုး သံသယဖြစ်စွာမေးလိုက်တာပါ..။
သဘာပတိ ဘီ ခေါင်းညိမ့်လိုက်တယ်..။
"ဒါ တကဟ်ပဲ..။ဒါပေမဲ့ ငါလည် အပြည့်အဝ နားမလည်သေးဘူး..။သူတကယ် မှော်ပညာ တတ်နေတာတောင် ဖြစ်နိုင်တယ်..။အိုး ဟုတ်သားပဲ..ဟိုလူရဲ့ မျက်နှာက ရင်းနှီးနေတယ်လို့ မထင်ဘူးလား
.."
ဒါရိုက်တာ ကျိုးဟာ ကျိုးမင်ချင်းရဲ့ မျက်နှာကို ကြည့်ပြီး ရင်းနှီးနေတဲ့ မျက်နှာကို မှတ်မိဖို့ ကြိုးစားလိုက်ပါတယ်...
"သဘာပတိ ကျွန်တော်တို့ ဒီလူကို အရင်က တရုတ်-အနောက်တိုင်း ဆေးပညာ ဆွေးနွေးပွဲမှာ တွေ့ခဲ့တာ ဖြစ်မယ်..။နာမည်တော့ မမှတ်မိတော့ဘူး.."
"ငါသူ့ကို သွားမေးလိုက်မယ်..။ငါပြောနိုင်တာတော့..ဒီနတ်ဆေးဆရာ ဆိုတဲ့ နာမည်က အလကားမဟုတ်ဘူး..ကျွမ်းကျင်မူတွေက တကယ်ကို မြင့်မားတယ်..။သူ ငွေအပ်တွေနဲ့ လုပ်နေတဲ့ အရာက..ငါတို့ ဆေးပညာ နဲ့ လိုက်လုပ်လို့ မရတဲ့ အရာပဲ.."
ဒါရိုက်တာကျိူး တိတ်ဆိတ်နေပေမယ့်လည်း သဘာပတိ ပြောတာကို သဘောတူပါတယ်..။အခု နတ်ဆေးဆရာ လုပ်နေတဲ့ ရလာဒ် အတိုင်းသူတို့ လိုက်မလုပ်နိုင်ပါဘူး..။