← Chapters

ကျုပ်စိတ်က ခင်ဗျားကို ကုသချင် စိတ်မရှိဘူး....

Vol. 32 Ch. 474

ကျုပ်စိတ်က ခင်ဗျားကို ကုသချင် စိတ်မရှိဘူး....

Vol. 32 Ch. 474

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် မနက်ထဲကနေ လူနာတွေ ကို ဆက်တိုက်ကုသလိုက်တာ.. ကင်ဆာ ရောဂါသည် လူနာ တစ်ယောက်အလှည့်မှ အချိန်အနည်းငယ်ကြာ နေခဲ့ပါတယ်..။ဒါပေါ့..ကင်ဆာရောဂါ ..ဆိုတာ လင်းဖန် နဲ့ လူနာ နှစ်ယောကိထဲ သိတာပါ..။

"ဟဲလို..နတ်ဆေးဆရာလေး.."

အဲ့အချိန်မှာပဲ သဘာပတိ ဘီဟာ..အနားကို လျောက်လာပြီး ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ပါတယ်..။

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ.။တစ်ခြား တစ်ဖက်မှာတော့ ကျိုးမင်ချင်း ကြောင်အသွားခဲ့ပါတယ်။

"သဘာပတိ ဘီ ..မတွေ့တာတောင် အတော်ကြာပြီ.."

"ကျွန်တော်က တရုတ်ဆေးပညာ အဖွဲ့အစည်းက ကျိုးမင်ချင်းပါ..။ကျွန်တော်တို့..တရုတ်- အနောက်တိုင်း ဆေးပညာ ဆွေးနွေးပွဲမှာ တွေ့ခဲ့ကြတာလေ.."

ကျိုးမင်ချင်း ပြုံးလိုက်တယ်..။တရုတ်- အနောက်တိုင်း ဆေးပညာ ဖလှယ်ပွဲမှာ..နှစ်ဖက်လုံးက ကျော်ကြားတဲ့ ဒေါက်တာတွေ သမားတော် တွေ လာတက်ရောက်ကြပါတယ်..။သတင်းတွေထဲမှာ ပါပါနေတဲ့ တရုတ်ဆေးပညာ နဲ့ အနောက်တိုင်း ဆေးပညာ တိုက်ခိုက် နေတယ် ဆိုတာက မမှန်ကန်ပါဘူး..။

ဆွေးနွေးပွဲတွေမှာ သူတို့ စည်းမျဥ္းတွေအရ..ဆေးပညာ နှစ်ခု ဘယ်လို ပူးပေါင်းပြီး..လူတွေကို ကူညီ အကျိုးပြုလို့ ရမလဲ ဆိုတာကို အမြဲ ဆွေးနွေးခဲ့ကြပါတယ်..။ဆွေးနွေးပွဲတိုင်းကလည်း အောင်မြင်စွာ ပြီးဆုံး စမြဲပါ..။

သဘာပတိ ဘီ ရှက်ရွံ့သွားခဲ့တယ်..။သူ ဒီလူကို စစချင်း မြင်တုန်းက မမှတ်မိပေမယ့်..ဒီလူက တော့ ချက်ချင်းမှတ်မိနေခဲ့တာပါ..။သို့ပေမယ့်..သူတို့နှစ်ယောက်က မြို့ချင်း မတူပဲ..ဆွေးနွေးပွဲ ပြီးကတည်းက မတွေ့တော့တာကြောင့် သူ မမှတ်မိတာလည်း ဖြစ်သင့်ပါတယ်..။ထပ်ပြောရရင် ဆွေးနွေးပွဲကို လူတွေ အများကြီး တက်ရောက်တာကြောင့် တစ်ယောက်ချင်းစီတိုင်းရဲ့ မျက်နှာကို မှတ်မိနေဖို့က မလွယ်ပါဘူး..။

"အကြှီးအကဲ ကျိုး ပြန်တွေ့ကြပြန်ပြီ.."

သဘာပတိ ဘီ ပြုံးပြီး ပြောလိုက်တာပါ..။ဒီလူက..သူ့ကို..မှတ်မိနေမှတော့..မသိဘူးလို့ ပြန်ပြောရင် စော်ကားရာ ကျသွားတော့မှာပါ..။

"အကြီးအကဲ ကျိုး သူက ဘယ်သူလဲ.."

သူ နဲ့ သိတဲ့လူတွေ့ပြီ ဆိုမှတော့ စကားပြောရတာ ပိုလွယ်ကူသွားပါပြီ..။

"သူက ကျွန်တော်ဆရာလေ..။ကျွန်တော် သူ့လက်အောက်မှာ ဆေးပညာ သင်ယူနေတာ.."

ကျိုးမင်ချင်း ပြုံးပြီး ပြောလိုက်တာပါ..။

သဘာပတိဘီ မတ်တတ်ရပ်နေရင်းကနေ ကြောင်အသွားခဲ့တယ်..။သူအံ့ဩသွားခဲ့ပေမယ့်လည်း ခနသာကြာပြီး ကိုယ့်ကိုကို ပြန်ထိန်းနိုင်လိုက်ပါတယ်..။ဘာပဲဖြစ်ဖြစ် အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ နတ်ဆေးဆရာ အကြောင်းက အမှန်ပါ..။

သာမန်လူတွေ မယုံကြည့်ရင်တောင့် သဘာပတိ ဘီ အခုယုံကြည်လို်က်ပါပြိီ..။ဒါက လင်းဖန် ကြောင့်မဟုတ်ပါဘူး..။ကျိုးမင်ချင်းက သူ့နယ်ပယ် မှာ ဆရာတစ်ဆူ ဖြစ်ပေမယ့်..သူတောင် ဒီလူငယ်လေးကို ဆရာတင်နေတယ် ဆိုတာက ..ဒီလူငယ်လေးက နတ်ဆေးဆရာ အမှန်တကယ်ဖြစ်နေတယ်လို့ ဆိုလိုတာပါပဲ..။

ဒါရိုက်တာ ကျိုးဟာ ဘေးနားမှာ နေပြီး အံ့ဩနေခဲ့ပါပြီ..။သို့ပေမယ့်..သူ တိတ်တဆိတ်သာ နေပြီး ဘာခံစားချက်မှ မပြပေ..။

"ရေသန့်တစ်ချို့နဲ့.ထီးတစ်ချို့ ကို ..အကြီးအကဲ ကျိုးတု့ိ အတွက်ပေးလိုက်ပါဦး.."

သဘာပတိ ဘီ..ဒါရိုက်တာ ကျိုးကို ညွှန်ကြားလိုက်တာပါ..။

"ဟုတ်ကဲ့ပါ သဘာပတိ.."

ဒါရိုက်တာ ကျိုး ပြန်ဖြေလိုက်တယ်..။

လူနာကို ဆေးညွှန်းပေးပြီးတဲ့ နောက်မှာ..လင်းဖန်..သူလုပ်နေတာကို ရပ်လိုက်ပြီး..သဘာပတိ ဘီကိုကြည့်ကာ..

"သဘာပတိ ဘီ..,ခင်ဗျားက..ဆေးရုံပြင်ပမှာ ဆေးကုသမူ လုပ်တာကို ပထမ ဆံူးထောက်ပံ့ပေးတဲ့လူပဲ.."

"ဟားဟား.."

သဘာပတိ ဘီ သဘောကျစွာ ရယ်မောလိုက်ပါတယ်..။

"နတ်ဆေးဆရာလေး..ကျွန်တော်တို့မှာ တူညီတဲ့ ရည်မှန်းချက် ရှိနေတယ်လေ..။တစ်ယောက် ကို တစ်ယောက် ကူညီဖို့က ကျွန်တော်တို့ တာဝန်ပဲ..။ဆေးခန်းကို ကျွန်တော်တို့..ဆေးရုံထဲမှာ လာဖွင့်ရင်ရော ဘယ်လိုလဲ..။အဲတာဆို အရိပ်အောက်မှာ ပိုပြီး အဆင်ပြေတာပေါ့.."

"ကျေးဇူးပါ..ကျွန်တော်တို့ အဲလို မလုပ်တော့ပါဘူး..။ထီးတွေ နဲ့တင် လုံလောက်တာထက် ပိုနေပါပြီ.."

လင်းဖန် ပြောလိုက်တာပါ..။

"နတ်ဆေးဆရာ လေး ရောက်လာတာက လူနာတွေအတွက်တော့ ဘုရားသခင် ကောင်းချီးပေးတာပဲ..။ကျွန်တော် ဆေးရုံက ကျန်တဲ့ လူနာတွေကို အကြောင်းကြားပေးရင် ရော ဘယ်လိုလဲ..။ဘယ်လိုထင်လဲ.."

လင်းဖန် သဘာပတိ ဘီ..ပြောတာကြားပြီး သဘောကျသွားခဲ့တယ်..။တစ်စုံတစ်ယောက်က သူတို့နဲ့ လိှုက်လိှုက်လှဲလှဲ ပူးပေါင်းပေးတာ ဒါပထမ ဆုံးပါ..။သို့ပေမယ့် သူ ဒီလူရဲ့..ရည်ရွယ်ချက်ကိုနားလညိပါတယ်..။ဆေးပညာ ဆိုတာ အမျိုးအစားတွေ ခွဲပြီး တစ်ကိုယ်ကောင်း ဆန်မနေသင့် ပဲ လူနာတွေ ပြန်ကောင်းဖို့ကိုသာ..အကောင်းဆုံးထားရမှာပါ..။

"ကောင်းပြီလေ..ဒီနေ့ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ရနိုင်သလောက် အရေအတွက်ကို ကုသပေးပါ့မယ်.."

ယင်းနောက် သဘာပတိ ဘီ ကပါ.. လင်းဖန် လူနာတွေကုတာကို နောက်က ရပ်ကြည့်နေခဲ့ပါတယ်..။သူ တရုတ်ဆေးပညာကို အတော်အသင့်နားလည်တော့..အရမ်းကြီး လမ်းမပျောက်ပါဘူး..။သို့ပေမယ့် လင်းဖန်ရဲ့ လုပ်ဆောင်ချက်တွေက သူ့ရဲ့နားလည်မူကို ကျော်လွန်နေခဲ့ပါတယ်..။သို့ပေမယ့် သူ့ရဲ့ ရှင်းပြမူ တွေအောက်မှာ..နားလည်ဖို့ဆိုတာ မခဲယဥ်းတော့ပါဘူး..။

ကျိုးမင်ချင်း..ကတော့ လိုအပ်တာတွေကို သေချာ မှတ်သားနေခဲ့တယ်..။သူ့ဆရာရဲ့ သင်ကြားမူ အောက်မှာ..သူ မတူညီတဲ့ ရောဂါ အခြေအနေတွေကို သိရသလို..နားမလည်ခဲ့တဲ့ နယ်ပယ်တွေကိုလည်း နားလည်ခဲ့ပါတယ်..။

"နတ်ဆေးဆရာလေး..အနောက်တိုင်း ဆေးပညာကို ဘယ်လောက်အထိ သိလဲ.."

"တရုတ်ဆေးပညာရော..အနောက်တိုင်း ဆေးပညာရောက..အားနည်းချက် အားသာချက်တွေရှိတယ်..။ဒါပေမဲ့ သေချာတော့ မခွဲခြားသင့်ဘူး..။ကျွန်တော်အနောက်တိုင်း ဆေးပညာ ကိုလည်း နည်းနည်းပါးပါး ကျွမ်းကျင်တယ်..။ဒါကြောင့် ခင်ဗျား..မဖြေရှင်းနိုင်တဲ့ ပြသနာ တစ်ချို့ရှိနေရင် ကျွန်တော်ကိုလာရှာလိုက်ပါ..ကျွန်တော် ကူပြီးဖြေရှင်းပေးပါ့မယ်.."

သဘာပတိ ဘီဟာ မတ်တတ်ရပ်နေရင်း..နတ်ဆေးဆရာလေးက..မနိမ့်ချတတ်ဘူး ဆိုတာ နားလည်လိုက်ပါတယ်..။

"နတ်ဆေးဆရာလေး.ရဲ့ကျွမ်းကျင်မူက.အတော်လေးစားဖို့ ကောင်းတာပဲ.."

"ကျုပ်ရဲ့ ဆရာက..အနောက်တိုင်း ဆေးပညာကိုလည်း တတ်ကျွမ်းတယ်လေ.."

ကျိုးမင်ချင်း ဘေးနားကနေ ဝင်ပြောလိုက်တာပါ..။

"ဘေးကိုဖယ် ..ဘေးကိုဖယ်.."

အဲ့အချိန်မှာပဲ တစ်စုံတစ်ခုဟာဖြစ်ပျက်လာခဲ့တယ်..။ကြီးထွားသန်မာတဲ့ လူတစ်စုဟာ လူနာတွေကို တွန်းပြီး လမ်းဖယ်လာခဲ့တာပါ..။

တန်းစီ နေတဲ့ လူနာတွေဟာ အစက ဒေါသထွက်သွားပေမယ့်..လူသန်ကြီးတွေကို မြင်တဲ့ အချိန်မှာ သူတို့ကို ဆန့်ကျင်ပြီး ဘာမှ မလုပ်ရဲတော့ပေ..။သူတို့ဘေးနားမှာပဲ ရပ်စောင့်နေလိုက်ပါတယ်..။

လင်းဖန် မျက်မှောင်ကျုတ်ပြီး စိတ်ရှုတ်သွားခဲ့တယ်..။ဒီလူတွေ ဘာလို ချင်မှန်း သူမသိပေမယ်လည်း ခနကြာတဲ့ အချိန်မှာ..သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ကို ဝီးချဲနဲ့ တွန်းလာတာ တွေ့လိုက်ရတယ်..။

သဘာပတိ ဘီ မျက်မှောင်ကျုတ်လိုက်ပြီး..လင်းဖန်ကို တီးတိုး ပြောလိုက်ပါတယ်..။

"နတ်ဆေးဆရာလေး..သူက..ကျောင်းနင်..ကုန်မြေ ဖွံ့ဖြိုးရေး ကုမ္ပဏီကပဲ..။သူက ..ရှားပါးတဲ့ မျိုးရိူးလိုက် ကြွက်သား..ရောဂါကို ခံစားနေရတာ..။(ကြွက်သားတွေ တဖြည်းဖြည်း သိမ်လာတဲ့ ရောဂါ..) ဆရာဝန်တွေ အများကြီးနဲ့ ပြသတာတောင် သူ အခုထိ မကုသရသေးဘူး..။နောက်ဆုံးတစ်ကြိမ် တုန်းက သူကျုပ်တို့ ဆေးရုံကိုလာတာ ကျွန်တော်တို့ဆီက ဒေါက်တာ တစ်ယောက်က ကုလို့မရဘူး လို့ပြောတာနဲ့ ဒီလူသန်ကြီးတွေ ရိုက်နှက်တာ ခံလိုက်ရတယ်.။သူက တကယ် အင်အားကြီး တဲ့ လူပဲ.."

လင်းဖန် ခေါင်းခါယမ်း လိုက်တယ်..။သူ ပရဟိတ လုပ်နေရင်း ဒီလို အခြေအနေ .. နဲ့ ကြုံရလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။

"မင်းတို့ ဘာလုပ်နေတာလဲ..။လေးစားမူ ဆိုတာ ဘာလဲ မသိဘူးလား.."

ဝူတောင် မောက်မာစွာပြောလိုက်တာပါ..။သူ့ဘေးနားမှာ ရပ်နေတဲ့ လူသန်ကြီးတွေ အကုန်လံူးဟာ..သူဝီှးချဲနဲ့ ဖြတ်သွားတဲ့အချိန်မှာ ခေါင်းတွေကို ငုံ့ထားလိုက်ကြပါတယ်..။

ဝူတောင်က..ကုန်းမြေ ဖွံ့ဖြိုးရေး ကုမ္ပဏီ ရဲ့ ရုံးအရာရှိ တစ်ယောက်ပါ..။သူ ဒီရောဂါကို ခံစားပြီးတဲ့ နောက်မှာ လှုပ်ရှားရတာ အဆင်မပြေတော့ပါဘူး..။သူ နေရာတွေ ပေါင်းစုံကို သွားပြီး..အတော်ဆုံး ဆရာဝန်တွေနဲ့..ကုသ ပေမယ့်လည်း..မပျောက်ကင်းတဲ့ အတွက်..စိုးရိမ်လာခဲ့မိပါတယ်..။

သူ ရုပ်မြင်သံကြားထဲကနေ နတ်ဆေးဆရာ သတင်းကို ကြည့်ရတဲ့ အချိန်မှာ..လာရောက်ပြီး ပြသဖို့အတွက်ဆုံးဖြတ်ခဲ့တာပါ..။

"နတ်ဆေးဆရာ..လေး..ကျွန်တော် အခြေအနေက ကုသလို့ရလား.."

ဝူတောင် ပြုံးပြီး မေးလိုက်တာပါ..။

"ခင်ဗျား ကုသချင်တယ် ဆိုရင် ကျေးဇူးပြုပြီး တန်းစီပါ.."

လင်းဖန် ပြောလိုက်တယ်..။

ဝူတောင် စက္ကန့် အနည်းငယ်လောက် အေးခဲပြီးမှ ရယ်မောလိုက်တယ်..။

"တန်းစီ ရမှာလား..။ဒါက ဖြစ်နိုင်မယ် မထင်ဘူးနော်..။ငါ့အခြေအနေကို လည်း ကြည့်ပါဦး.."

ဝူတောင် တစ်ခြား လူနာ တွေကို ကြည့်လိုက်ပြီး..

"ကျုပ် တန်းမစီနိုင်တော့..ခင်ဗျားတို့ အဆင်ပြေရဲ့လား.."

တစ်ခြား လူနာတွေဟာ ဒီလောက် အင်အားကြီးတဲ့ လူမျိုး မမြင်ဖူးပါဘူး..။ဒီလူကြီးတွေက သူတို့ကိုတစ်ခုခု လုပ်လိုက်မှာကို သူတို့ ကြောက်ရွံ့နေခဲ့တာပါ..။ဒီလူတွေ လာခဲ့တုန်းက ကားတွေလည်း အများကြီး ပါလာပါတယ်..။

လူတိုင်းဟာ တိတ်ဆိတ်နေခဲ့ပေမယ့်..အတွင်းစိတ်ထဲမှာတော့ အံကြိတ်နေခဲ့ပါတယ်..။

သူတို့ ဒေါသထွက်ကြပေမယ့်လည်း အပြင်ကို ထုတ်မပြောရဲပါဘူး..။

"နတ်ဆေးဆရာလေး..ငါ TV ထဲမှာ ကြည့်ခဲ့ရတာတော့..မင်းရဲ့ ဆေးပညာက တကယ် ထိပ်တန်းပဲတဲ့..။မင်းငါ့ရဲ့ အခြေအနေ ကို ကုသ ပေးနိုင်မလား..။ပိုက်ဆံက ပြသနာ မဟုတ်ဘူး..။မင်းလိုချင်သလောက်ကို ငါပေးပါ့မယ့်.."

ဝူတောင်ဟာ မလှုပ်ရှားနိုင်ပေမယ့်လည်း..သူ့့မှာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါတွေ ရှိနေဆဲပါ..။

"ကျုပ်က ဒီကို ပရဟိတ လာလုပ်တာ..ပိုက်ဆံလက်မခံဘူး.."

လင်းဖန် ခံစားချက်မဲ့စွာ ပြန်ပြောလိုက်တယ်..။

"ဟားဟား..မဟုတ်ဘူး..မင်းသာ ငါ့ကို ကုသနိုင်ရင် ကိစ္စ အကြီးကြီးပဲ..။ပိုက်ဆံက ပြသနာ မဟုတ်ဘူး..။ဒါကြောင့် မေးနေတာ..ငါ့ရဲ့ အခြေအနေကို ကုသနိုင်ရဲ့လား.."

ဝူတောင်ဟာ သူ့ရဲ့ ယဥ္ကျေးတဲ့ အပြုံးကို ထိန်းသိမ်းထားခဲ့တယ်..။ကျန်းမာရေးက သူ့အတွက်

အရေးကြီးဆုံးပါပဲ..။

အခု သူသိချင်တာက ဒီနတ်ဆေးဆရာလေး သူ့အခြေအနေကို ကုသနိုင်လား..မကုသနိုင်ဘူးလား ဆိုတာပါ..။

"ဒါက ကုသလို့ရတယ်.."

လင်းဖန် ပြောလိုက်တာပါ..။

ဝူတောင် လင်းဖန် ပြောတာကို ကြားပြီး ကျေိနပ်သွားခဲ့တယ်..။

"ကောင်းပြီ နတ်ဆေးဆရာလေး..မင်းသာ ငါ့ကို ကုနိုင်ရင် မင်းလိုချင်တာ အကုန်ပေးမယ်ကွာ..။ဒီပတ်ဝန်းကျင်က သိပ်မကောင်းဘူး..မင်းသာ.ငါ့နောက်လိုက်ပြီး ကုသမယ် ဆိုရင်..နောင်တ မရစေရဘူး.."

သဘာပတိ ဘီ ဘာလုပ်ရမယ်မှန်း မသိပဲ အကူညီမဲ့စြာ ခေါင်းခါယမ်း လိုက်ပါတယ်..။သူတို့က ဆရာဝန် တွေ ဖြစ်တာကြောင့်..ဒီလိူ လူဆိုးတွေကိုယှဥ္နိုင်တဲ့ အင်အားတော့ မရှိပါဘူး..။

ဒေါက်တာတွေမှာက..လူတန်းစားမခွဲခြားပဲ ကုသပေးရမယ် ဆိုတဲ့ စည်းမျဥ္းလည်းရှိပါသေးတယ်..။

သို့ပေမယ့် လင်းဖန် ပြန်ပြောလိုက်တဲ့ စကားကြောင့်သဘာပတိ ဘီ အံ့ဩသွားခဲ့တယ်..။

"ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဗျာ..။ကျုပ် ခင်ဗျားရဲ့ အခြေအနေကို ကုသပေးနိုင်တယ်..။ဒါက ရိုးရှင်းပါတယ်..။ဒါပေမဲ့..ကျုပ် ခင်ဗျားကို မကုပေးနိင်ဘူး..ဒါကြောင့် ဒီနေရာက ထွက်သွားပါတော့..။ကျုပ်တစ်ခြား လူနာတွေကို ကုသစရာ ရှိသေးတယ်.."

ဝူတောင် လင်းဖန်ကို မယုံကြည်နိုင်စွာ သူ ကြည့်နေပြီး နားကြားမှားတာလားလို့ တွေးလိုက်မိတယ်..။

"မင်းဘာပြောလိုက်တာ..."

"ကျုပ်ပြောတာ ခင်ဗျားကို မကုနိင်ဘူးလို့.ပြောတာ.။ခင်ဗျား..ရောဂါက နည်းနည်းရှုပ် ထွေးတယ် ဆိုပေမယ့်လည်း ကျုပ် ကောင်းကောင်း ကုသပေးနိုင်တယ်..။ဒါပေမဲ့ ခင်ဗျားပုံစံကို ကျုပ်မကြိုက်လို့ င်ဗျားကို မကုသပေးနိုင်ဘူး..။ဒါက ရိုးရှင်းပါတယ်.."

လင်းဖန် စကားလုံး တစ်လံူးချင်းစီ တိုင်းကို..ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဖြည်းညှင်းစွာ ပြောလိုက်ပါတယ်..။

All Chapters