ဓာတ်ပုံတွေ မရိုက်ကြနဲ့..
Vol. 32 Ch. 475
#ဘာသာပြန် = စနိုးဝှိုက်
"နတ်ဆေးဆရာလေး..ဒီလူနဲ့ သွားမရှုပ်သင့်ဘူးနော်.."
သဘာပတိ ဘီ နောက်ဆက်တွဲ ဖြစ်လာမှာတွေကို စိတ်ပူပြီး လင်းဖန်ကို တီးတိုး ပြောလိုက်တာပါ..။
ဆေးရုံတစ်ခုရဲ့ သဘာပတိ တစ်ယောက် အနေနဲ့ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရမှာကို သူ မကြောက်ပါဘူး..။သို့ပေမယ့် တစ်ဖက်လူ က ညစ်ပတ်တဲ့နည်းလမ်း တွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို ကျွမ်းကျင်ပါတယ်..။
အထူးသဖြင့် သူတွေ ရှေ့မှာ ရှိနေတဲ့ လူတွေပါ..။သူတို့က ဒီလောက မှာ ကျင်လည် နေကြတာ ကြာပြီ ဖြစ်ပြီး သူတို့ရဲ့ အဆက်အသွယ်တွေနဲ့ ပြသနာ ဖြစ်အောင် လုပ်ရတာက..ထမင်းစား ရေသောက်တာထက်တောင် ပိုပြီး လွယ်ကူကြပါတယ်..။
လင်းဖန် လက်ဝေ့ယမ်း ပြီး ဒါက ဘာမှ မဟုတ်ဘူး ဆိုတာကို အချက်ပြလိုက်တယ်..။သူ ဒီလို လူမျိုးတွေကို အရင်က တိုက်ခိုက်ဖူးတဲ့ အတွက် မကြောက်ရွံ့တော့ပါဘူး..။
မကုသဘူး..ဆိုတာက..မကုသနိုင်ဘူး လို့ဆိုလိုတာပါပဲ..။ဘာမှ ထပ်ပြီး ရှင်းပြနေဖို့ မလိုအပ်တော့ပေ..။
အဲ့အချိန်မှာ ပဲ ဝူတောင် ရဲ့ မျက်နှာဟာ ပြောင်းလဲ သွားပြီး ဒေါသထွက်လာခဲ့တယ်..။
"မင်းငါ့ကို တကယ် မကုသ ဘူးလား.."
ဝူတောင် အံကြိတ်ပြီး မေးလိုက်တာပါ..။
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။သူ့ရဲ့ အဖြေက တော့ ရှင်းလင်ပါတယ်..။သူ ကုသ ပေးမှာ မာဟုတ်ပါဘူး..။
ဝူတောင် အသက်ပြင်းပြင်းရူလိုက်ပြီး..သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပါတယ်..။
"နတ်ဆေးဆရာလေး..ကျွန်တော် တောင်းပန်ပါတယ်..။အခု ပဲ တန်းစီ လိုက်ပါ့မယ်..."
သူ့ရဲ့ ကြွက်သားတွေ အမြဲတမ်း သေးငယ်ပြီး အားနည်းလာနေတဲ့ ဒီရောဂါကို တကယ် သည်းမခံနိုင်တော့ပါဘူး..။သူ့ တကယ် ကျန်းမာ တဲ့ လူတစ်ယောက် ပြန်ဖြစ်ချင်ပါတယ်.။ဒီ ကောင်လေး က သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေမှ တော့ မာနတွေ သိက္ခာတွေကို ဘေးချိတ်ထားရတော့မှာပါ..။
သို့ပေမယ့်..သူ ကုသမူ ခံပြီးတဲ့ အချိန်ကျရင်..ဒီကောင်လေး ရဲ့ အရည်ပြားကို တစ်လွှာချင်းခွာချ မှကို ကျေနပ်နိုင်မှာပါ..။
ဝူတောင် အရှုံူကို ဝန်ခံလိုက်ပါပြီ..။အခုချိန်မှာက သူတတ်နိုင်တာက အကောင်းဆုံး ကြိုးစားဖို့ပါပဲ..။
သဘာပတိ ဘီကတော့ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့တယ်..။သူတို့ရဲ့ လမ်းကြောင်းက ဝူတောင်နဲ့ မတူညီပါဘူး..။သူတို့က ဝူတောင်လောက် ဝင်ငွေ မကောင်းပေမယ့် လူ့အသက်ကို ကယ်တင်နေကြတဲ့ ဆေးပညာ ရှင်တွေပါ..။
သိူ့ပေမယ့်..ပညာရှင်တစ်ယောက်က.သေနတ်ကိုင်းတဲ့ လူတစ်ယောကိ နဲ့ ရင်ဆိုင်ရရင် အမြဲတမ်း ရှုံးပါတယ်..။
လူမူနယ် ပယ်မှာ..ပညာရှင်တွေ ..ကျွမ်းကျင်သူ တွေက သေနတ်ကိုင်ထားတဲ့ လူကို မယှဥ္နိုင်ပါဘူး..။ဒီလို မျိုး ညစ်ပတ်ပြီး သူများဒုက္ခရောက်အောင် လုပ်တတ်တဲ့ လူတွေနဲ့ ..တွေ့တဲ့ လူတွေကပဲ ကံဆိုးတာပါ..။
"ခင်ဗျား တန်းစီ လည်း ကျုပ်ကုပေးမှာ မဟုတ်ဘူး..။ခင်ဗျားက သရဲဘောကြောင် ..ကိုယ်ကျင့်တရား မရှိ..တဲ့ အလကားလူပဲ..။ခင်ဗျားလိုချင်တာ ရဖို့ဆိုရင် ဆိုးယုတ်တာတွေရော..ညစ်ပတ်တာတွေပါ လုပ်တဲ့လူ..။ခင်ဗျားရဲ့ ချမ်းသာ မူတွေဆိုတာ..ခနတာပဲ..အခု.ခင်ဗျား ဖြစ်နေတဲ့ ရောဂါကလည်း ကောင်းကင်ကနေ အပြစ်ပေးထားတာ..။ကျုပ်ခင်ဗျားကို ကုသလိုက်ရင် ကောင်းကင်ရဲ့ ဆန္ဒကို ဆန့်ကျင်သလို ဖြစ်နေလိမ့်မယ်..ဒီလိုတော့ မလုပ်နိုင်ဘူး.."
ဘေးနားမှာ ရပ်နေတဲ့ လူတိုင်းဟာ ကြောင်အသွားခဲ့တယ်..။နတ်ဆေးဆရာလေးက ဘာ မျက်နှာမှ မထောက်ပဲ ဒီလောက်အထိ တိုက်ရိုက် ပြောတတ်လိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ပါဘူး..။
ဒီစကားတွေ ကြောင့် တစ်ချို့ မျှော်လင့်ချက်မဲ့နေတဲ့ လူတွေဆို ရူးသွပ်ပြီးတောင် ထတိုက်ခိုက်ကြမှာပါ..။
ဝူတောင်လည်း ဒီလူတွေထဲမှာ ပါဝင်ပါတယ်..။သူ့မျက်လုံးဟာ ဒေါသကြောင့် နီရဲနေခဲ့တယ်..။
"မင်းငါ့ကို တကယ်..မကုသ ပေးဖူးလား.."
"ခင်ဗျား နားမှာ ပြသနာ ရှိနေတာလား..ကျုပ်ခင်ဗျားကို ပြောပြီးသွားပြီလေ.."
"မင်းက ဆရာဝန် တစ်ယောက်လေ..။မင်းငါ့ကို မကုပေးရင် ငါ မင်းကို တရားစွဲလို့ရတယ်.."
ဝူတောင် ဒေါသထွက်စွာ ပြောလိုက်တာပါ..။
"ခင်ဗျား ပျော်တယ်ဆိုရင် ကြိုက်တာသာ လုပ်.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"မင်း...မင်း..."
ဒီငနဲက သူ့ကို လုံးဝ မျက်နှာသာ မပေးပဲ နေလိမ့်မယ် လို့ ဝူတောင် မထင်ထားခဲ့ပါဘူး..။
"ငါဘယ်သူလဲ မင်းသိလား.."
ဝူတောင် သူ့ကိုသူ ထပ်ပြောလိုက်တယ်..
"ခင်ဗျားရော ကျုပ်ဘယ်သူလဲ သိလား..။ကျုပ်ခင်ဗျားကို ဘာလို့ အင်တာနက်ပေါ်မတွေ့တာလဲ..။ကျုပ်အကြောင်းကို လူတွေ အများကြီး ပြောနေကြတဲ့ အချိန်မှာ ခင်ဗျားအကြောင်းပြောနေတဲ့ လူ ဘယ်သူရှိလို့လဲ.."
ကျိုးမင်ချင်း အကူညီမဲ့သွားခဲ့တယ်..။
ဆရာ..မင်းက နတ်ဆေးဆရာ ဆိုတော့ စကားကို ဒီလို ပြောချင်တိုင်း ပြောလို့ မရဘူးလေ...
ချီဂျီ နဲ့ ကျန်းတုန်တုန်ဟာ မတတ်နိုင်စွာပဲ ရယ်မောလိုက်ပါတယ်..။ဆရာလင်းက..တကယ်အံ့ဩဖို့ ကောင်းတာပါ..။
ဘေးနားမှာရပ်ကြည့်နေတဲ့ လူနာတွေဟာ လည်း ကျေနပ်သွားခဲ့ကြတယ်..။နတ်ဆေးဆရာက..တကယ်ကို အမှန်တရား ဘက်တော်သား တစ်ယောက်ပါပဲ..။သူက ..သန်မာတဲ့ လူတစ်ယောက်ကိုတောင် မျက်နှာသာ မပေးပါဘူး..။
"သွားမယ်.."
ဝူတောင်..ဒေါသထွက်စွာ ပြောလိုက်တာပါ..။
လင်းဖန် ဝူတောင် ထွက်သွားတာကို ကြည့်ပြီး ရယ်မောလိုက်ပါတယ်..။သူက နတ်ဆေးဆရာ ဖြစ်တာကြောင့်..ဒီလို ထင်ရာစိုင်းပြီး ကိုယ်ကျင့်တရားမရှိ ရောက်လာတဲ့ လူတွေကို ကုသပေးမှာ မဟုတ်ပါဘူး..။အထူးသဖြင့် ဒီလူက..နတ်ဆိုးဆန်တဲ့ လူတစ်ယောက်ပါ..။
"နောက် လူနာ.."
လင်းဖန် ဘာမှ မဖြစ်သလို ဆက်ပြောလိုက်တယ်..။
သူ့ရဲ့ ရည်မှန်းချက် က ..စွယ်စုံကျမ်းရဲ့ မစ်ရှင်ကို ပြည့်မြောက်အောင် လုပ်ဖို့ ဖြစ်ပြီး ကျန်တာတွေကို စိတ်မဝင်စားပါဘူး။
"နတ်ဆေးဆရာလေး..ကိုယ့်နောက်ကျောကို သေချာ ဂရုစိုက်တာ ကောင်းလိမ့်မယ်နော်..။ဒီလူ တွေက ဒီမှာတင် ရပ်ကြမှာ မဟုတ်ဘူး.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"စိတ်မပူပါနဲ့. သူတို့ လာရဲရင် ကျိန်းသေ တုန့်ပြန်မှာပါ..။ကျုပ်သူတို့ကို ကြောက်နေမှာ မဟုတ်ဘူး.."
သတင်းထောက်တွေဟာ..မနေ့က လာပြီးတဲ့ အပြင် ဒီနေ့ နောက်တစ်ကြိမ် ထပ်လာခဲ့တာပါ..။
ဒီတစ်ကြိမ်တော့သူတို့ သေချာ ပြင်ဆင်ခဲ့ကြပါတယ်..။နတ်ဆေးဆရာက..ကျောင်းနင်.ဖူဘောင် ဆေးရုံ အပြင်မှာ ဖွင့်ထားတာ သိလိုက်ကြရတယ်..။
သူတို့ရောက်တဲ့ အချိန်မှာ ဆေးရုံရဲ့ သဘာပတိက နတ်ဆေးဆရာ လေးရဲ့ နောက်မှာ ရှိနေတာက ..သူတို့ အတွက် စိတ်ဝင်စားစရာပါပဲ..။
"သဘာပတိ ဘီ..နတ်ဆေးဆရာလေးကို ဘယ်လိုမြင်လဲ.."
နတ်ဆေးဆရာလေးကို ဆေးရုံက အကြီးအကဲ ကိုယ်တိုင် လာကူညီပေးတာကို သတင်းထောက် တွေ ပထမဆုံးမြင်ဖူးတာပါ..။သူတို့ နှစ်ယောက်ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ ပုံပါပဲ.."
သဘာပတိ ဘီ ရယ်မောလိုက်တယ်..။
"ကျွန်တော်မှာ ဘာထင်မြင်ချက်မှ မရှိပါဘူး..။နတ်ဆေးဆရာလေးက..တရုတ်ဆေးပညာကို အရမ်းထူးချွန်နေတာ မြင်ရတော့ တကယ်လေးစားမိပါတယ်..။အခု နတ်ဆေးဆရာ လေးက ဆေးရုံ အပြင်ဘက်မှာ အခမဲ့ ကုသပေးနေတာ ဆိုတော့ အကောင်းဆုံး ကူညီပေးရမှာက ကျွန်တော်ရဲ့တာဝန်ပါပဲ.."
"သဘာပတိ ဘီ..နတ်ဆေးဆရာလေးက ဆေးရုံနားမှာ လာပြီး အခမဲ့့ ကုသနေတာ ဆိုတော့..ဆေးရုံကို သက်ရောက်နိုင်တယ် လို့ မထင်ဘူးလား..."
"သက်ရောက်မူကတော့ အတော်ကြီးမားတယ် လို့ပြောလို့ရပါတယ်..။နတ်ဆေးဆရာလေး ရောက်လာတော့ လူနာတွေ အတွက်ပိုပြီး မျှော်လင့်ချက်ရှိလာတယ် လေ..။အထူးသဖြင့်..အခြေအနေ ဆိုးရွားနေတဲ့ လူနာတွေပေါ့..။ကျွန်တော် တို့ ဆေးရုံရဲ့ ရည်မှန်းချက်က လူနာတွေ ကို ကြိုးကြိုးစားစား ကုသပေးပြီး ကျန်းမာရေး ပြန်ကောင်းလာဖို့ပဲ..။ဒီနေ့ နတ်ဆေးဆရာလေးကို တွေ့ရတာက..ကျွန်တော်တို့နဲ့ ရည်ရွယ်ချက်ချင်း တူတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသလိုပဲ.."
သတင်းေထာက်တွေ အကုန်လုံး အံ့ဩသွားခဲ့ကြတယ်..။သဘာပတိ ဘီ မှာ..ဒီလို ကြီးမြတ်တဲ့ စိတ်ထားရှိနေလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ပါဘူး..။ဒါက ကျန်ခဲ့တဲ့ ဆေးရုံနှစ်ခုနဲ့ အတော်ကို ကွာခြား လှတာပါ..။
ကျန်ခဲ့တဲ့ ဆေးရုံတစ်ခု က..နတ်ဆေးဆရာလေး သူတို့ရဲ့ စီးပွားရေးကို ဝင်ရှုတ်လို့ မုန်းတီး နေကြတာပါ..။
သတင်းထောက် တွေဟာ တစ်ခုခု ထပ်မေးဖို့ လုပ်လိုက်ပေမယ့် သဘာပတိ ဘီက အရင်ပြောလာခဲ့ပါတယ်..။
"နတ်ဆေးဆရာ လေး ကုသမူတွေ ပြီးသွားရင်..သူ့ကို ကျွန်တော်တို့ ဆေးရုံရဲ့..ဂုဏ်ယူရတဲ့..တရုတ်ဆေးပညာ စပါယ်ရှယ်လစ် အဖြစ် ကမ်းလှမ်းချင်ပါတယ်..။မျှော်လင့်ထားတာကတော့..ဒါက. တရုတ်-အနောက်တိုင်း ဆေးပညာရဲ့ တံတား တစ်ခု ဖြစ်လာဖို့ပါ.."
သတင်းထောက်တွေဟာ ခေါင်းညိမ့်ပြီး သေချာ မှတ်သားနေခဲ့ကြတယ်..။သဘာပတိ ဘီပြောတာကို သူတို့ သဘောတူ လက်ခံကြပါတယ်..။နတ်ဆေးဆရာလေးရဲ့ ကျွမ်းကျင်မူ နဲ့ အရည်အချင်းတွေကို သဘာပတိ ဘီ သဘောကျ သွားတာက မထူးဆန်းပါဘူး..။
ကျောင်းနင် မှာ ဆေးရုံ အချို့ ရှိပေမယ့်..ဖူဘောင်ဆေးရုံက..မြင့်မားတဲ့..ဂုဏ်သတင်းရှိတဲ့ ဆေးရုံတစ်ခုပါ..။သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေက..နည်းပညာ မြင့်မားပြီး ဒေါက်တာတွေကလည်း ကျွမ်းကျင် အဆင့် ရှိကြပါတယ်..။
ခနအကြာမှာပဲ..။
ပြသနာ ရောက်လာခဲ့ပါတယ်..။
ဘယ်ကမှန်းမသိတဲ့ လူတစ်စုဟာ ရောက်ချလာပြှီး..နတ်ဆေးဆရာ နဲ့ တန်းစီနေတဲ့ လူနာ တွေကြားထဲမှာ တံတိုင်းတစ်ခုလို ရပ်နေခဲ့ကြတာပါ..။
"မင်းတို့ ဘာလုပ်နေကြတာလဲ.."
"မင်းတို့ နတ်ဆေးဆရာ လေးနဲ့ တွေ့ချင်ရင် တန်းစီကြလေ.."
သို့ပေမယ့် ဒီလူတွေကတော့ ဖယ်ပေးမယ့်ပုံ မရှိပဲ ဆက်လက်ပြီးသာ ရပ်နေခဲ့ကြပါတယ်..
"ဘာဖြစ်လို့လဲ..။ကျုပ်တို့က ဘာလုပ်နေလို့လဲ..။ဒါက..အများပိုင်နေရာလေ..ကျုပ်တို့ရပ်ချင်တဲ့ နေရာမှာ ရပ်လို့ မရဘူးလား..."
ပိတ်ရပ်နေတဲ့ လူတွေထဲက လူတစ်ယောက်က အော္လိုက်တာပါ..။
သူ့ရဲ့ ပုံစံက မောက်မာနေပြီး..သူ့ကို လာရှုပ်တဲ့ လူမှန်သမျှကို ရိုက်နှက်တော့မယ့် ပုံပါပဲ..။
သတင်းထောက်တွေဟာ အဖြစ်အပျက်ကို ကြည့်ပြီး ရှုပ်ထွေးသွားကြတယ်..။
ဘာတွေဖြစ်နေတာလဲ..
"ဒီကောင်တွေ. "
သဘာပတိ ဘီ သက်ပြင်းချလိုက်ပါတယ်..။
သဘာပတိ ဘီ ဟာ ဘာမှမသိသေးပဲ..ကင်မရာ တွေနဲ့ ရိုက်ကူးဖို့ ပြင်နေတဲ့ သတင်းထောက်တွေကို ကြညိ့ကာ ရှင်းပြလိုက်ပါတယ်..။
"ချစ်လှစွာသော သတင်းထောက်ကြီးတို့..ခင်ဗျားတို့ သူတို့မျက်နှာတွေကို သေချာ ရိုက်ကူးထားသင့်တယ်..။ဒီကောင်က..အန်ချန်းက..ဒီကောင်က..ယန်ဂျန်းက..ပြီးတော့ ဒီကောင်က......မြန်မြန် သူတို့ရဲ့ မျက်နှာတွေကို မြန်မြန်ရိုက်ပြီး တိုက်ရိုက်ထုတ်လွင့်ကြ..အဲတာမှ သူတို့မိသားစု တွေ သူတို့ ဘာလုပ်နေလဲ ဆိုတာကို သိသွားကြမှာ.."
လူအုပ်စုဟာ..သဘာပတိ ဘီ ပြောတာကို ကြားပြီး..ကြောက်လန့် သွားခဲ့ကြပါတယ်..။
သူတို့ရဲ့ မျက်နှာတွေကို..သတင်းထောက်တွေ ရိုက်နေတာ မြင်တဲ့ အချိန်မှာ ပိုပြီး ထိပ်လန့်သွားခဲ့ကြတယ်..။သူတို့ ခေါင်းတွေကို ငုံ့ပြီး မျက်နှာတွေကို ကာထားခဲ့ကြပါတယ်..။
"မင်းတို့ သူဌေး ဝူတောင် ခိုင်းတိုင်း လုပ်တဲ့အတွက်..မင်းတို့ မနက်ဖြန် အင်တာနက်ပေါ်မှာ..ပါလာကြလိမ့်မယ်..။မှတ်ချက်တွေကလည်း..ကောင်းမှာ မဟုတ်ဘူးနော် ဒါက ရှက်စရာပဲ..။မင်းတို့ တကယ်အဲလို ဖြစ်ချင်ကြတာလား.."
လင်းဖန် မေးလိုက်တာပါ..။
"ဟုတ်တယ် မင်းတို့က..အရမ်းများသွားပြီ..။နတ်ဆေးဆရာလေးက ဒီမှာ ပရိဟိတလုပ်ပြီး အခမဲ့ ကုသပေးနေတာတောင် မင်းတို့က..တစ်စုံတစ်ယောက် က အကြင်နာမဲ့ပြီး ခိုင်းတဲ့ အရာကို လုပ်နေသေးတယ်..။မင်းတို့ကို ဘယ်သူမှ လူရာသွင်းတော့မှာ မဟုတ်ဘူး.."
"ဓာတ်ပုံ မရိုက်ကြနဲ့တော့...မရိုက်ကြပါနဲ့တော့..."
ဒီမှာ လာနှောက်ယှက်နေတဲ့ လူတွေက..အသက် ၂၀ အရွယ် လူငယ်လေးတွေပါ..။သူတို့မှာ မိသားစုတွေ..သူငယ်ချင်းတွေ ရှိကြပါသေးတယ်..။သူတို့ ရဲ့ မိသားစုတွေသာ သူတို့ ဒီလိုလုပ်နေတာကို သိသွားရင် တကယ် မတွေးရဲစရာပါပဲ..။