ပိုရှုပ်တဲ့ ပြသနာ
Vol. 32 Ch. 476
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် ပရော်ဖက်ရှင်နယ် ကျပြီး ..ကိုယ်ကျင့်တရား ..ရှိတဲ့ သတင်းထောက်တွေကို တကယ်သဘော ကျပါတယ်..။သူတို့က ..တစ်ခုခုကို ဖော်ထုတ်မယ်လို့ ပြောထားရင် တကယ်ဖော်ထုတ်ကြပြီး..တစ်ခုခုကို ဓာတ်ပုံရိုက်မယ် လို့ ပြောရင် ကျိန်းသေ ဓာတ်ပုံရိုက်ကြပါတယ်..။သူတို့ လုပ်တဲ့ အလုပ်မှာ တွေဝေတာတွေ နောက်နှေးတာတွေ မရှိပါဘူး..။
"ဓာတ်ပုံ မရိုက်ကြနဲ့တော့.."
လာနှောက်ယှက် တဲ့ လူငယ်လေးတွေဟာ သူတို့ရဲ့ မျက်နှာကို လက်နဲ့ ကာပြီး ပြောနေခဲ့ကြတာပါ..။ကင်မရာ တွေကတော့ သူတို့ ရဲ့ မျက်နှာ နားမှာ ဝဲပျံနေခံဲ့ပါတယ်..။
"ဓာတ်ပုံမရိုက် ကြနဲ့ လို့ ပြောနေတယ်လေ.."
သို့ပေမယ့် သတင်းထောက်တွေကတော့ ရပ်တန့်မယ့်ပုံစံ မရှိပေ..။ဒီကောင်းလေးက..လူနာတွေ ကုသမူကို ..လာနှောက်ယှက်ပြီး အကုန်လုံးကို ဒုက္ခရောက်အောင်လုပ်နေကြတာပါ..။ဒီနည်းလမ်းက သူတို့ရဲ့ အသက်ကို နှုတ်ယူထားထက်တောင် ပိုကောင်းပါသေးတယ်..။
"မင်းတို့က ပြသနာ လာရှာဖို့ တော့ သတ္တိရှိပြီး..ကင်မရာ ရှေ့မှာ မျက်နှာပြဖို့တော့ သတ္တိ မရှိကြဘူးပေါ့..ဟုတ်လား..."
"ဒါ အမှန်ပဲ..။ငါတို့က မင်းတို့ရဲ့ မျက်နှာ တွေကို အင်တာနက်ပေါ် တင်ပြမယ်..။အင်တာနက်ကို အသုံးပြုတဲ့ လူတိုင်း မင်းတို့ မျက်နှာကို မြင်စေရမယ်.."
"မင်းတို့ မျက်နှာကို ကာထား လို့လည်း မှ ထူးမှာမဟုတ်ဘူး. ။မင်းတို့ မျက်နှာကို ရိုက်ကူးပြီးသွားပြီ..."
သတင်းထောက်တွေဟာ..ဒီလူငယ်လေးတွေကို ရူထောင့် အမျိုးမျိုးကနေ တတ်နိုင်သလောက် ရိုက်ကူးနေခဲ့ကြပါတယ်..။
"မင်းတို့ နိုင်တယ်..."
လူငယ်လေး တွေဟာ သတင်းထောက်တွေကို မယှဥ္နိုင်တော့ပေ..။အင်တာနက် ဆိုတာက လူသတ်စက်ကြီး တစ်ခုလိုပါပဲ..။သူတို့ အင်တာနက် ပေါ်မှာ ပါလာပြီး လူတိုင်းရဲ့ ပစ်မှတ် မဖြစ်ချင်ကြပေ..။လူငယ်လေး တွေဟာ..အမြီးကုတ်ပြီး ထွက်ပြေးကြပါတော့တယ်..။
လင်းဖန် ရယ်မောလိုက်တယ်...။အခြေအနေက သူဘာမှ လုပ်ဖို့တောင် မလိုခဲ့ပဲ ဒီကောင်လေးတွေ ထွက်ပြေးသွားခဲ့တာပါ..။ဒါက သူတို့ရဲ့ ပုံရိပ်ကို သူတို့ ဂရုစိုက် ကြသေးတယ် လို့ ဆိုလိုတာပါပဲ..။တကယ်လို့ သူတို့သာ..ဘာကိုမှ ဂရုမစိုက်တတ်တဲ့ လူတွေ ဆိုရင် ဖြေရှင်းရ အတော်ခက်ခဲမှာပါ..။
"ငါတို့ ဒီကောင်လေး တွေကို အင်တာနက်ပေါ်တင်ရမယ်.."
သတင်းထောက်တွေဟာ ဒေါသထွက်စွာ ပြောလိုက်တာပါ ။
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"ကျေးဇူးပါ သတင်းထောက်ကြီးတို့..။ခင်ဗျားတို့ကြောင့်သာ မဟုတ်ရင် ဒုက္ခရောက်တော့မလို့..။ခင်ဗျားတို့က တကယ် အမှန်တရား ဘက်တော်သားတွေပဲ"
နတ်ဆေးဆရာ လေးရဲ့ ချီးကျူးမူကို ခံလိုက်ရတဲ့ အချိန်မှာ သတင်းထောက်တွေဟာ ကျေနပ်တဲ့ အပြုံးတွေနဲ့ ရယ်မောလိုက်ကြပါတယ်..။
"မင်းဘာမှ စိုးရိမ်စရာ မလိုဘူး နတ်ဆေးဆရာ လေး..။လူတိုင်း သူတို့ကို တွေ့တဲ့ အချိန်မှာ အထင်သေးနေစေရမယ်.."
လင်းဖန် သတင်းထောက်တွေရဲ့ မေးခွန်းကို လူနာတွေ ကုသရင်း ဖြေကြားပေးနေခဲ့တယ်..။သူ့အတွက်တော့.. သတင်းထောက်တွေကို ပြန်ဖြေရတာက သူ့အလုပ်ကို မပျက်စေပါဘူး..။
ကျိုးမင်ချင်း ကတော့ ခုနက အဖြစ်အပျက်ကြောက် ဒေါသထွက်နေတုန်းပါ. ။သို့ပေမယ့် သတင်းထောက် တွေရဲ့ လုပ်ရပ်က သတင်းထောက် တွေ အပေါ်သူ့ရဲ့ အထင်အမြင်ကို ပြောင်းလဲ စေခဲ့ပါတယ်..။သူတို့က တရားမျှတမူကို တကယ်လိုလားတဲ့ လူတွေပါ..။
အဝေးတစ်နေရာရှိ ..ဇိမ်ခံမှန်လုံကားထဲတွင်..။
ဝူတောင် ဒေါသထွက်နေခဲ့တယ်..။
"မင်းတို့ဘာလို့ ပြန်လာကြတာလဲ.."
"သူဌေး..သတင်းထောက်တွေ အများကြီးက.ကျွန်ေတာ်တို့ရဲ့.. မျက်နှာကို ကင်မရာ တွေနဲ့ ဝိုင်းရိုက်ခဲ့ကြတာ..။သူတို့က..ကျွန်တော်တို့ကို အင်တာနက် ပေါ်တင်မယ်တဲ့..။တစ်ခြား လူတွေ ကျွန်တော်တို့ကို သိသွားမှာ ကြောက်တာနဲ့ ကျွန်တော်တို့ ပြန်လာခဲ့ကြတာ.."
ခုနက နှောက်ယှက်တဲ့ အဖွဲ့ထဲက လူငယ်တစ်ယောက်က ပြောလိုက်တာပါ..။
"သတင်းထောက်တွေလား..။မင်းတို့က သတင်းထောက်တွေကို ကြောက်တယ်ပေါ့..။သူတို့က မင်းတို့ကို လစာ ပေးထားတာလား..ငါက မင်းတို့ကို လစာ ပေးထားတာလား..။ထပ်ပြောရရင် မင်းက ငါ့အတွက် ဘာမှ တောင် မလုပ်ပေးရသေးဘူး တစ်ခြားလူတွေ သိသွားမှာ သိပ်ကြောက်ေ နတယ်ပေါ့.."
ဝူတောင် အတော်ကို ဒေါသထွက်နေခဲ့တယ်..။သူလူတွေ ဒီလောကိ ကြောက်တတ်လိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။
ပြီးခဲ့တဲ့ အခေါက်တုန်းက ဆိုရင် သူလူတွေက စက်ရုံကြီးတစ်ခုကို သွားပြီး အကုန်လုံးကို ရိုက်နှက်ကာ အကြွေးတောင်းခဲ့ကြတာပါ..။အခု သူတို့ သတင်းထောက် တွေကို ကြောက်နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
လူငယ်လေးတွေကတော့..တိတ်ဆိတ်နေခဲ့ပြီး..ရှက်ရွံ့မူကြောင့် ခေါင်းငုံ့နေခဲ့ပါတယ် .။တကယ်လို့ ဝူတောင်သာ သူတို့ကို တစ်ယောက်ယောက်ကို ရိုက်နှက်ခိုင်းရင် သူတို့ တွေဝေခြင်းမရှိပဲ ရိုက်နှက်လိုက်မှာပါ..။သို့ပေမယ့်..သူတို့ သတင်းတွေသာ..အခုလို အင်တာနက်ပေါ် ရောက်သွားမယ် ဆိုရင် ရှက်လွန်းလို့ မိသားစု နဲ့ အပေါင်းအသင်းကြားမှာ ခေါင်းဖော်ရဲတော့မှာတောင် မဟုတ်ပါဘူး..။
"ပြန်သွား..။သူတို့ ဘာပဲလုပ်လုပ် လုပ်လို့ မရအောင် အကုန်လိုက်နှောက်ယှက်..."
လူငယ်လေးတွေဟာ သူတို့ သူဌေးကို ကြည့်ပြီး ဘာပြန်ပြောရမလဲ တောင် မသိတော့ပါဘူး..။သူတို့ရဲ့ နှလုံးခုံသံ တွေဟာ မြန်နေခဲ့တယ်..။
အဲလောက်လုပ်ချင်နေရင်..ခင်ဗျားကိုယ်တိုင်သွား လုပ်လိုက်ပါလား...။ ကျုပ်တို့မှ မလုပ်ချင်တာ....
သို့ပေမယ့် သူတို့ ဘာမှာ ထုတ်မပြောရဲပဲ..တိတ်တဆိတ်သာ ရပ်နေခဲ့ကြတယ်...။
ဝူတောင် စိတ်မကြည်လင်စွာ မျက်မှောင်ကျုတ်လိုက်ပါတယ်..။
"ဘာလဲ...မင်းတို့က.. ငါ့ ညွှန်ကြားချက်ကို လက်မခံနိုင်ဘူးလား.."
တိတ်ဆိတ်မူ..။
ဝူတောင် ရဲ့ နှလုံးသားဟာ..ဒေါသကြောင့် ပေါက်ကွဲ ထွက်လုမတတ် ဖြစ်သွားခဲ့တယ်..။
"မင်းတို့....ကောင်းပြီ..မင်းတို့က မယုံကြည်ရတဲ့ အလကား ကောင်တွေပဲ...."
ဝူတောင် သူ့ရဲ့ ဖုန်းကို ထုတ်လိုက်ပြီး..မာဖီးယား..ခေါင်းဆောင်ကို ဖုန်းခေါ်လိုက်ပါတယ်...။
"အကြီးအကဲ ဝူ ..ဘာဖြစ်လို့လဲ.."
"အစ်ကို ဟု..ကျွန်တော် ခင်ဗျားရဲ့ အကူညီ လိုနေလို့..။ဖူဘောင် ဆေးရုံရှေ့မှာ ပြသနာ ရှာပေးဖို့ လူ.. ၁၀ ယောက်လောက် လွှတ်ပေးနိုင်မလား..။ကျွန်တော် ကျသလောက် ပေးမှာပါ.."
ဖုန်းခေါ်ပြီးနောက်မှာ..ဝူတောင် သူ့လူတွေကို ကြည့်လိုက်တယ်..။သူတို့က ပုံမှန်ဆိုရင် တကယ် ယုံကြည်ရတဲ့ လူတွေပါ..။သို့ပေမယ့် အခုဒီကောင်တွေက ကြောက်ရွံ့နေကြတာကြောင့် သူ ပရိုအဆင့် လူမိုက်တွေကိုပဲ ခိုင်းရ ပါတော့မှာပါ.။
သိပ်မကြာခင်တွင်..။
အစ်ကို ဟု...သူ့လူတွေကို ဝူတောင် ရှိတဲ့ ဇိမ်ခံကားဆီ ခေါ်လာခဲ့တယ်..။
"အကြီးအကဲ ဝူ ..ဘာပြသနာ ဖြစ်လို့လဲ.."
ဝူတောင် ဆေးရုံဘက်ကို လက်ညိုးထိုးပြလိုက်ပြီး..
"အဲ့မှာ ဆေးပညာ ဆိုင်ရာ ပရဟိတ လုပ်နေတဲ့ လူတွေ ရှိတယ်...။အဲ့မှာ...ဘယ်လူနာမှ လာမကုသရဲအောင်..ကိုယ်ပိုင်နည်းလမ်း တစ်ခုကို သုံးလိုက်..။သူတို့ဘယ်ကိုပဲ သွားသွား လိုက်ပြီး ပြသနာ ရှာပေးရမယ်.."
နတ်ဆေးဆရာက ..သူ့ကို မကြည့်ချင်ဘူး ဆိုမှတော့..။ဒီ နတ်းဆေးဆရာလည်း ဘယ်လူနာကိုမှ
ကြည့်လို့မရအောင် သူလုပ်မှာပါ..။ဒီ နတ်ဆေးဆရာ ဘယ်လောက်ထိ တောင့်ခံနိင်မလဲ သူ စောင့်ကြည့်ချင်ပါသေးတယ်..။
"အကြီးအကဲ ဝူ..သတင်းထောက်တွေ အဲ့မှာ ရှိနေတာပဲ.."
အစ်ကို ဟု..အခြေအနေကို ကြည့်ပြီး ပြောလိုက်တာပါ..။
"ဘာ..ခင်ဗျားလဲ ..သတင်းထောက်တွေကို ကြောက်နေတာလား.."
ဝူတောင် အံ့ဩသွားခဲ့တာပါ..။
"ဒီလိုတော့ မဟုတ်ဘူးပေါ့..။ဒါက စျေး ပိုတက်သွားမယ် လို့ ဆိုလိုတာပါ.။ကျွန်တော် ဒီကို လူ ၁၅ ရောက် ခေါ်လာခဲ့တယ် အကုန်လုံးက သေချာ လေ့ကျင့်ထားတဲ့ လူတွေချည်းပဲ..။လမ်းဘေးက ခေါ်လာတဲ့ လူတစ်ယောက်မှ မပါဘူး..။ကျုပ်ရဲ့ လူတွေအတွက်က တစ်ယောက်ကို ဒေါ်လာ ငါးရာ..ကျုပ်အတွက်က နှစ်ထောင် ဒီတော့ စုစုပေါင်း ကိုးထောင့်ငါးရာကျမယ်..။အဆင်ပြေရဲ့လား..."
" ဒေါ်လာ တစ်သောင်းပေးမယ်.."
သူ့အတွက်က ဒေါ်လာ တစ်သောင်းဆိုတာ ဘာမှ မဟုတ်ပါဘူး..။တစ်ခါတစ်လေ သောက်စားရင်တောင် ဒီထက်မက ကုန်ကျပါတယ်..။
အစ်ကို ဟု ပြုံးလိုက်တယ်..။
"ကောင်းပြီ စိတ်မပူနဲ့တော့..ဒီကိစ္စကို သေချာ ဖြေရှင်းပေးမယ်.."
ဝူတောင် ဆေးရုံဘက်ကို ကြည့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်ပါတယ်..။
…
လူနာ တွေဟာ ကုသမူကြောင့် ပြုံးပြီး ပျော်ရွှင်နေခဲ့ကြတယ်..။
"ကျေးဇူးပါ နတ်ဆေးဆရာလေး..။မင်းက ဗုဒ္ဓ ပြန်လည် မွေးဖွားလာ သလိုပဲ..."
သဘာပတိ ဘီ ဘေးနားကနေ အံ့ဩစွာ ကြည့်နေခဲ့တယ်..။နတ်ဆေးဆရာလေးရဲ့ အသိပညာ ဗဟုသုတ တွေကို သူလုံးဝ မယှဥ္နိုင်ယုံသာမက..သူ့ရဲ့ အပ်စိုက်ကုထုံးကလည်း အရမ်းဆန်းကျယ်လှပါတယ်..။ဒါက မယုံနိုင်စရာပါပဲ..။
အံ့ဩစရာပဲ
ဆေးပညာကို ဒီအသက်အရွယ်နဲ့ မာစတာ ဖြစ်နေခဲ့တာပါ .။သူကိုယ်တိုင် မမြင်ရဖူး ဆိုရင် ယုံကြည်နိုင်မှာတောင် မဟုတ်ပေ..။
ကျိုးမင်ချင်းကတော့ အချိန်တွေ အတော်ကြာအောင် အတူတူ နေပြီးနောက်မှာ သူ့ဆရာ ရဲ့အရည်အချင်းတွေနဲ့ ကျင့်သားရနေပါပြီ..။သူ့ဆရာ ရဲ့ ကျွမ်းကျင်မူ နဲ့ အရည်အချင်းတွေက မှော်ပညာလို့တောင် တင်စားလို့ရပါတယ်..။သူက ရောဂါ တိုင်းကို ကုသနိုင်ပြီး..ဘာမှ ခက်ခဲတဲ့ ပုံလဲ မရှိပေ..။
အစကတော့ သူ့ဆရာ ဆီမှာ အချိန်ခနလောက်ပဲ သူသင်ယူဖို့ လိုမယ် လို့ ထင်ထားခဲ့တာပါ...။
သို့ပေမယ့် အခုတော့ သူ နှစ် ၂၀ လောက် သင်ယူရင်တောင် သူ့ဆရာ ဆီက အကုန်သင်ယူနိုင်မှာ မဟုတ်မှန်း နားလည်လိုက်ပါပြီ..။
"နောက်တစ်ယောက်.."
လင်းဖန် အော်လိုက်တာပါ.။
နောက်မှာ ရှိတဲ့ လူနာတွေက ..တန်းစီ နေရတာ အချိန်အတော်ကြာနေခဲ့ပါပြီ..။သို့ပေမယ့် သူတို့ အလျင်မလိုကြပေ..။သူတို့ ကြည့်ရတာ..သူတို့ ကျိန်းသေ ကုသခံရမယ် ဆိုတာကို သိနေတဲ့ ပုံပါပဲ..။
"အကုန် ဘေးကိုဖယ်.."
အဲ့အချိန်မှာပဲ..ကျယ်လောင်ပြီး စူးရှတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်..။
ရှေ့မှာ ရပ်နေတဲ့ လူနာတွေ အကုန်လုံးကို ဘေးနားကို ဖယ်ပေးလိုက်ကြပါတယ်..။
မျက်မမြင် မဟုတ်တဲ့လူတိုင်း တစ်ချက်ကြည့်ယုံနဲ့ ဒီလူက လူကောင်း မဟုတ်ဘူး ဆိုတာကို သိနိုင်မှာပါ..။
လင်းဖန် အခြေအနေကို ကြည့်ပြီး အကူညီမဲ့စွာ သက်ပြင်းချလိုက်တယ်..။ဒီလူတွေ ဘယ်လောက်အထိ ပြသနာရှာဖို့ တွေးထားသလဲ သူမသိတော့ပါဘူး..။