← Chapters

ဒါက ရှက်ဖို့ ကောင်းတယ်..

Vol. 32 Ch. 477

ဒါက ရှက်ဖို့ ကောင်းတယ်..

Vol. 32 Ch. 477

#ဘာသာပြန် = စနိုးဝှိုက်

"မင်းတို့ ဘာလုပ်နေကြတာလဲ..."

"ဒီလူတွေ ..ဘယ်ကနေ လာကြတာလဲ.."

လူနာတွေက..သူတို့ ကြားထဲမှာ တီးတိုး ပြောနေခဲ့ကြတာပါ..။ဒီလူတွေက..စွပ်ကျယ် လက်ပြတ်ကို ဝတ်ထားပြီ.. ခန္တာကိုယ်မှာ တက်တူးတွေ..အပြည့် ရေးဆွဲထားခဲ့ပါတယ်..။သူတို့ရဲ့..အမူအရာတွေက တော့ နတ်ဆိုး ဆန်ပုံခြင်း အတူတူပါပဲ..။

သဘာပတိ ဘီ..စိတ်ရှုပ်သွားပြီး မျက်မှောင်ကျုတ်လိုက်တယ်..။

"နတ်ဆေးဆရာလေး..ကျွန်တော်တို့ ဆေးရုံကိုသွားရင် ရော ဘယ်လိုလဲ..။ကျုပ်တို့ ဆေးရုံထဲမှာ ကုသတာတောင် ဒီကောင်တွေ လိုက်နှောက်ယှက်ရဲရင်..အကုန်လုံး ထောင်ထဲရောက် စေရမယ် လို့ ကျွန်တော် အာမခံတယ်.."

"မလိုတော့ပါဘူး.."

လင်းဖန် လက်ဝေ့ယမ်း လိုက်တာပါ..။

တရားမျှတမူ ကို သဘောကျတဲ့ သတင်းထောက်တွေကတော့..ကင်မရာတွေကို..လူမိုက်တွေ ဆီ ချိန်ထားခဲ့ကြပါတယ်..။

"မင်းတို့ ဘာလိုချင်ကြတာလဲ..။မင်းတို့ ဆေးကု ချင်တယ် ဆိုရင်လဲ တန်းစီ ကြလေကွာ..။တကယ်လို့ မင်းတို့ ဒီမှာ ပြသနာ လာရှာ တယ် ဆိုရင်..ငါတို့ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်ရလိမ့်မယ်..."

အစ်ကို ဟု ဟာ ဂျာနယ်လစ်တွေကို မောက်မာစွာ ကြည့် လိုက်ပြီး။။

"လာ..ဆက်ပြီးဓာတ်ပုံရိုက်ကြ..။ငါတို့ ဒီမှာရပ်ပြီး မင်းတို့ ဆက်မကု သနိုင်အောင် မတ်တတ်ရပ်နေမယ်..။ငါ လည်း သတင်းမှာ မပါတာ ကြာပြီ ဆိုတော့..ပြောလို့ မရဘူး..အခုတစ်ခါကနေ နာမည်ကြီးရင် ကြီးသွားမှာပေါ့.."

သတင်းထောက် တွေဟာ ကြောင်အသွားခဲ့ကြတယ်..။ဒီကောင်တွေက..ပထမ တစ်ခါလာကြတဲ့ ကောင်လေးတွေနဲ့ မတူညီပါဘူး..။

ဝူတောင် ဇိမ်ခံကားထဲက ကြည့်နေရင်းကနေ.. သဘောကျစွာ ခေါင်းညိမ့်လိုက်တယ်..။ဝူတောင်..မာဖီးယား တွေကို..လက်ညိုးထိုးပြပြီး သူ့လူတွေကို ပြောလိုက်ပါတယ်..။

"ကြည့်..ဒီလူတွေ လုံးဝ မကြောက်ဘူး တွေ့တယ်မလား..။မင်းတို့ပဲ ကြောက်နေကြတာ..။မင်းတို့ရဲ့ မျက်ခွက်တွေက ရွှေနဲ့ လုပ်ထားလို့လား..."

သူ့လူတွေဟာ ခေါင်းကိုသာ ငုံ့ထားပြီး..တိတ်ဆိတ်နေခဲ့ကြပါတယ်..။သူတို့ နောင်တ မရပေမယ့်လည်း နှလုံးခုန်သံတွေတော့ မြန်နေကြပါတယ်..။

သူတို့နဲ့တော့ ဘယ်လိုလုပ်တူနိုင်မှာလဲ...။ဒီလူတွေက ဘဝကို မာဖီယား လုပ်ပြီး ဖြတ်သန်းနေကြတဲ့ လူတွေလေ....

သို့ပေမယ့် တစ်ခါတစ်လေ ကျတော့လည်း မျက်နှာအရည်ထူပြီး လုပ်ချင်တာ လုပ်တတ်တဲ့ မာဖီးယားတွေကို..သူတို့ လေးစားမိပါတယ်..။

လင်းဖန် အစ်ကို ဟုကို ကြည့်ပြီး ခေါင်းခါယမ်း လိုက်တယ်..။

အစ်ကို ဟု ဒါကို မြင်သွားကာ..အေးစက်စွာ ရယ်မောလိုက်ပြီး..

"ကောင်လေး..မင်းက ဘာကို ခေါင်းခါနေတာလဲ..။ငါပြောလိုက်မယ်..မင်းခေါင်းပြုတ်သွားတဲ့ အထိ ခါနေရင်လည်း..ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး..။နားလည်လား..."

လူနာတွေဟာ သတ္တိ မွေးလိုက်ပြီး..မာဖီးယား တွေကို အောဟစ်လိုက်ကြပါတယ်..။

"မင်းတို့ ဒီမှာ ဘာလိုချင်ကြတာလဲ..။ငါတို့ က နတ်ဆေးဆရာလေး ကုသမူကို လာခံယူကြတာ..။မင်းတို့က ကိုယ်ကျင့်တရား မရှိကြတဲ့ လူတွေပဲ.."

အစ်ကို ဟု သူတို့ဘက်လှည့်ကာ စိုက်ကြည့်လိုက်ပြီး...

"ကိုယ်ကျင့်တရားက ပိုက်ဆံ ဘယ်လောက်တန်လို့ ငါ့ကို လာပြောနေတာလဲ..။ပြီးတော့ အခုဟာက ကိုယ်ကျင့်တရား နဲ့ ဘာဆိုင်လို့တုန်း..။ငါတို့ ဒီ အများပိုင် နေရာမှာ လာပြီး ရပ်လို့ မရဘူး ဆိုတဲ့ စည်းမျဥ္းရှိလို့လား..။ဒါက မင်းအိမ်လား...."

"မင်း ဒီလိုမျိုး ငါတို့ ကြားထဲမှာတော့ ဝင်ရပ်လို့ မရဘူးလေ.."

လူနာတွေဟာ ပြန်ဖြေလိုက်တာပါ..။

"ငါတို့ ပျော်တဲ့ နေရာမှာ ငါတို့ရပ်မှာပေါ့..။မင်းကို ခွင့်တောင်းရဦးမှာလား.."

အစ်ကိုဟု ပြန်ပြောလိုက်တာပါ..။

"ဆရာ..ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ.."

ကျိုးမင်ချင်း လင်းဖန်ကို တီးတိုး ပြောလိုက်တယ်..။

"စိတ်မပူနဲ့..ကျုပ်ကိုင်တွယ်ပေးမယ်.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

ကိုယ်ခံပညာ ဆိုတာက အရှုပ်အထွေး တွေကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်း မဟုတ်ပါဘူး..။ဒါက ရန်သူကို ကြောက်လန့်အောင် လုပ်ဖို့ ယာယီ အသုံးပြုတဲ့ နည်း့့လမ်းပါ..။

သို့ပေမယ့် သူက..အခြေအနေ မကောင်းတိုင်း အင်အားသုံးပြီး ဖြေရှင်းတတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး..။

သူတကယ် ..ဒေါသထွက်နေတဲ့ အချိန်မဟုတ်ရင်..လင်းဖန် ရုပ်ပိုင်းဆိုင်ရာ အားသုံးပြီး မဖြေရှင်းပေ..။

လင်းဖန် အစ်ကို ဟု ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

"ကျုပ်ခေါင်းခါယမ်း တယ် ဆိုတာက..အကူညီမဲ့ နေလို့မဟုတ်ဘူး..။ခင်ဗျား ဘယ်လောက် သနားဖို့ ကောင်းလဲ ဆိုတာ ပြောပြချင်လို့ပဲ.."

အစ်ကိုဟု..မတ်တတ်ရပ်နေရင်းကနေ အံ့ဩသွားခဲ့တယ်..။

"ငါက..သနားဖို့ ကောင်းတယ်လား...။အိပ်မက် ဆက်မက်နေလိုက် ကောင်လေး..."

"ကျုပ်ကတော့ ခင်ဗျားကလေး ကို တကယ် သနားတယ်..။ငယ်ငယ်ရွယ်ရွယ်နဲ့ ခင်ဗျားရဲ့ လူမိုက်ပုံစံကို မြင်နေရတယ်..။ခင်ဗျား တစ်ခါတစ်လေ နောင်တရ မိပေမယ့် ဘယ်တော့မှ မရပ်တန့်နိုင်ခဲ့ဘူးလေ..။ဟုတ်တယ်မလား..ကျန်းဟု.."

အစ်ကို ဟု ဒေါသထွက် သွားပြီး ပြန်ပြောဖို့ လုပ်လိုက်ပေမယ့် တစ်ခုခု မှားနေတာကို သတိထားမိသွားခဲ့ပါတယ်..။

"ငါ ဘယ်သူလဲ ဆိုတာ မင်းသိတယ်လား...."

"ကျုပ်ခင်ဗျားကိုတော့ မသိပါဘူး...ဒါပေမဲ့..ခင်ဗျား အကြောင်းကို တော်တော်များများ သိထားတယ်..။ဥပမာ ပြောရရင် ခင်ဗျားရဲ့ သုံးနှစ် အရွယ်သမီး လေးမှာ..ချွတ်ယွင်းချက် ရှိနေတယ် ဆိုတာမျိုးပေါ့..။ဘာလို့ ဖြစ်တာလဲ ဆိုတာ တော့ ခင်ဗျား သိထားမှာပါ.."

အစ်ကို ဟု ဟာ လင်းဖန် ပြောတာကြားပြီး အေးခဲသွားခဲ့တယ်..။လင်းဖန် သူ့သမီး ​အကြောင်းကို ပြောလိုက်တဲ့ အချိန်မှာ..ဒေါသ ထွက်လာကာ ရှေ့မှာ ရှိနေတဲ့..စားပွဲကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင် လိုက်ပါတယ်..။သူ စားပွဲကို ဆွဲလှန်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ.. လင်းဖန် ရဲ့ နောက် ထပ်ပြောလိုက်တဲ့ စကားကြောင့် မလုပ်နိုင်တော့ပါဘူး..။

"ကလေးက အပြစ်ကင်းပါတယ်..။တကယ်လို့ ခင်ဗျား ရဲ့ အပြုအမူ တွေကို ကျုပ်သဘော ကျရင် ပြောလို့မရဘူး..ကုသပေးရင် ကုသ ပေးမှာပေါ့..။ခင်ဗျား အနေနဲ့ အဖေတစ်ယောက်အဖြစ် ဆုံးဖြတ်ချက် ချနိုင်လိမ့်မယ် လို့ ကျုပ်ယုံကြည်ပါတယ်.."

လင်းဖန် တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တာပါ..။

အစ်ကို ဟု ရဲ့ သမီးက ဆေးစွဲနေတဲ့ အမျိူးသမီး တစ်ယောက်ကနေ မွေးဖွားခဲ့တာပါ..။သူမ ကိုယ်ဝန် ရတဲ့ အချိန်မှာဆောင် ဆေးသုံးတာကို မရပ်တန့်နိုင်ခဲ့ပါဘူး..။ဒါကို အစ်ကို ဟု သိသွားခဲ့တဲ့ အချိန်မှာ အရမ်းဒေါသထွက်ခဲ့ပါတယ်..။ကလေး မွေးဖွားပြီးတဲ့ အချိန်မှာတော့ ဆရာဝန် တွေ အကုန်လံူးက..မူးယစ်ဆေးတွေရဲ့ အရှိန်ကြောင့်..ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် ရှိနေပြီး..သင်ယူဖို့ အခက်အခဲ ရှိနိုင်တယ်လို့ ပြောခဲ့ကြပါတယ်..။

သူမ ရဲ့ကြိီးပြင်းလာမူက..တစ်ခြား ကလေးတွေနဲ့ တူတော့မှာ မဟုတ်ပါဘူး..။သူမက ဥာဏ်ရည်ထုံထိုင်းမူ..အပြောအဆို နှေးကွေးမူ..စိတ်ပိုင်းဆိုင်ရာ ..စတဲ့ ပြသနာ တွေနဲ့ ကြုံရတော့မှာပါ..။

အစ်ကို ဟု စားပွဲကို လက်နှစ်ဖက်နဲ့ ကိုင်ထားရင်း ဘာလုပ်ရမယ် မှန်း မသိပဲ စိတ်ရှုပ်ထွေးနေခဲ့တယ်..။

သူ့ကိုယ်သူ လူကောင်းတစ်ယောက် မဟုတ်မှန်း သိပေမယ့်လည်း..သူ့သမီးလေးကို တကယ် ချစ်ပါတယ်..။သူ့သမီး လေးဒီလို ခံစားရပြီ ဆိုကတည်းက..သူ အင်အားကြီးထွားအောင် လူတိုင်းကို လွှမ်းမိုးနိုင်အောင်..လည်း အမြဲ ကြိုးစား ခဲ့တာပါ..။ဒါတွေက..သူ့သမီးကို ..မနာကျင်စေအောင်ဖြစ်ပြီး သူ့သမီး အကြောင်းကို ဘယ်သူမှ မကောင်းမပြောရဲအောင်လို့ပါ..။

လင်းဖန် ရယ်မောလိုက်တယ်..။ယင်းနောက် သူ လူနာတွေ ဖက်ကို လှည့်လိုက်ပြီး..

"သူ့ကို ကျုပ်ဘယ်သူလဲ ဆိုတာ ပြောပြလိုက်ပါဦး.."

"နတ်ဆေးဆရာလေး.."

လူနာတွေ တစ်ပြိုင်တည်း ပြောလိုက်တာပါ..။

"သူက တကယ်ကို နတ်ဆေးဆရာပဲ..။တကယ်လို့ မင်းရဲ့ ကလေး တစ်ခုခု ခံစားနေရတယ် ဆိုရင်

နတ်ဆေးဆရာလေးကို ပြတာက အကောင်းဆုံးပဲ..။မင်း ဒီအခွင့်အရေးကိုသာ လွဲချော်သွားရင် နောက်တစ်ခါ ဆိုတာ ရှိမှာ မဟုတ်တော့ဘူး.."

"မင်းက..လူကောင်းတစ်ယောက် မဟုတ်ပေမယ့်လည်း..နတ်ဆေးဆရာလေး..ပြောတာကို ငါသဘောတူတယ်..။ကလေးက အပြစ်ကင်းတယ်လေ.."

"နတ်ဆေးဆရာ လေးပြောတဲ့ အတိုင်း လုပ်တာက အကောင်းဆံူးပဲ..။ငါ့မှာ ဆေးစွဲနေတဲ့ ဝမ်းကွဲ တစ်ယောက်ရှိတယ်..သူမလည်း ကိုယ်ဝန်ကြီးနဲ့ ဆေးသံူးခဲ့တာပဲ...။အခု..မွေးလာတဲ့ ကလေးက တကယ် သနားဖို့ကောင်းနေပြီ..။သူက အသက် ၈ နှစ်ရှိနေပြီ 1 + 1 က ဘာလဲ ဆိုတာ အခုထိ မသိသေးဘူး.."

"ဟင်း.."

လူနာတွေရဲ့ ဆက်တိုက်ပြောဆိုမူတွေကြောင့်..အစ်ကိုဟု ပိုပြီးတောင် စိတ်ရှုပ်ထွေး လာခဲ့ပါတယ်..။

အစ်ကို ဟု..သူနဲ့ အတူတူ အကောင်းရော အဆိုးရော လက်တွဲလာခဲ့တဲ့ သူ့ရဲ့..ညီအစ်ကို ကောင်းကိုလှမ်းကြည့်လိုက်တယ်..။

သူ့ရဲ့ ညီအစ်ကိုဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..

"အစ်ကို ဟု ရဲ့ သမီးကို မင်းတကယ် ကုနိုင်တာလား.."

သူတို့ အစ်ကိုဟု နဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာတာကြောင့်..အစ်ကို ဟု ရဲ့ သမီး အကြောင်း သိနေတာက ပုံမှန်ပါပဲ..။သူ့သမီးက..စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းပြီး..ပျော်ဖို့သိပ်မကောင်းပေမယ့်လည်း အစ်ကိုဟု လို အဖေတာဝန် ကျေပွန်တဲ့..လူတစ်ယောက်ကို သူတို့လေးစားမိပါတယ်..။ကလေးမလေးက အခြေခံကျတဲ့ အရာတွေကိုတောင် မသိတာက..တကယ် အကူညီ်မဲ့စေခဲ့တာပါ..။

ဒီအဖြေက လင်းဖန် ဖြေဖို့တောင် မလိုပါဘူး..။လူနာတွေ အကုန်လုံးက ဝိုင်းပြောလာခဲ့ပါတယ်..။

"နတ်ဆေးဆရာလေးကို ဘယ်လိုလူ ထင်နေလို့လဲ..သူက နတ်ဆေးဆရာလေးပဲ..။ဒါက မေးနေစရာတောင် မလိုတော့ဘူး.."

လင်းဖန် ပြုံးပြီး တည်ငြိမ်စွာ ပြောလိုက်ပါတယ်...။

"ခင်ဗျား ကုချင်တယ် ဆိုရင် ခင်ဗျား သမီးကို ဒီကို ခေါ်လာခဲ့ ကျုပ်ကုပေးမယ်..။ဒီလိူမှ မဟုတ်ပဲ ပြသနာဆက်ရှာနေမယ် ဆိုရင် တော့..ခင်ဗျားနောင်တ ရသွားမယ် ဆိုတာ ကျုပ်အာမခံတယ်.."

"မင်းပြောတာ အမှန်ဆိုရင်..ငါ့သမီးကို မကုသနိုင်ခဲ့ရင်ရော.."

အစ်ကို ဟု လင်းဖန်ကို ကြည့်ပြီး မေးလိုက်တာပါ..။

လင်းဖန် စိတ်မရှည်ဖြစ်သွားခဲ့တယ်..။

"ခင်ဗျား စကားကို ဆင်ခြင်ပြောပါ..။ကျုပ် ခင်ဗျား သမီးကို ကုသ ပေးမယ် ဆိုတာက သူမ က အပြစ်ကင်းလို့ပဲ..။တကယ်လို ခင်ဗျား တို့ စည်းကျော်လာမယ် ဆိုရင်တော့ ကျုပ် ယဥ္ကျေးနေမှာ မဟုတ်တော့ဘူး.."

အစ်ကို ဟု ယဥ္ယဥ္ ကျေးကျေးမပြောတာ အချိန်အတော်ကြာခဲ့ပါပြီ..။သို့ပေမယ့် သူ့လေသံကို ပြောင်းလဲ လိုက်ပြီး...

"နတ်ဆေးဆရာလေး..ကျွန်တော့် သမီးကို တကယ်ကုသ ပေးနိုင်တာလား.."

"ခင်ဗျားသမီးကို ဒီခေါ်လာခဲ့ လို့ ပြောပြီးပြီ မလား..။ဘာတွေ ထပ်မေးနေတာလဲ.."

လင်းဖန် ပြန်ပြောလိုက်တာပါ..။

အစ်ကို .ဟု ဘာမှ ထပ်မမေးတော့ပဲ..သူ့ ညီအစ်ကို တွေဘက် လှည့်ပြီး...ညွှန်ကြားလိုက်တယ်..။

"ငါ့သမီးကို သွားခေါ်လာခဲ့..။အမြန်..."

"သိပါပြီ..အစ်ကို ဟု.."

သူ့လူတွေဟာ ချက်ချင်းထွက်သွားခဲ့တယ်..။သူ ကျန်တဲ့ ကိစ္စတွေကို အကုန်ဘေး ချိတ်လိုက်ပါပြီ..။သူ့သမီးရဲ့ ကျန်းမာရေး နဲ့ ယှဥ္လိုက်ရင်တော့ ..ကျန်တာတွေက ဘာမှ မဟုတ်တော့ပါဘူး..။

လင်းဖန် အချက်ပြလိုက်တယ်..။

"နောက်တစ်ယောက်..."

လူနာတွေဟာ ခနလေး အတွင်းမှာပဲ သေသပ်စွာ ပြန်တန်းစီလိုက်ကြပါတယ်..။အစ်ကို ဟု ကတော့ ဘေးနားမှာ ရပ်နေပြီး စိတ်ပူနေတဲ့ မျက်နှာနဲ့ ဆေးလိပ် မီးညှိလိုက်တယ်..။

"လူနာတွေ ဒီမှာ ရှိနေတာကို ခင်ဗျား ဆေးလိပ် သောက်ဖို့ လုပ်နေတာလား..။ကျေးဇူးပြုပြီး ခင်ဗျား ဆေးလိပ်ကို မီးငြိမ်း လိူက်ပါ.."

လင်းဖန် လှမ်းပြောလိုက်တာပါ..။

အစ်ကို ဟု လင်းဖန်ကို ကြည့်လိုက်ပြီး ချက်ချင်း ဆေးလိပ် မီးကို သတ်လိုက်တယ်.။ယင်းနောက် ဆေးလိပ်ကို အောက်ကို ပစ်ချလိုက်ပါတယ်..။

"ခင်ဗျားမှာ အခြေခံ ကိုယ်ကျင့်တရား လေးတောင် မရှိဘူးလား..။ဒါက..အများပိုင်နေရာလေ..အမှိုက်ပုံ မဟုတ်ဘူး..။ဟိုမှာ အမှိုက်ပုံး ရှိတယ်.."

လင်းဖန် လက်ညိုး ထိုးပြီး ထပ်ပြောလိုက်တာပါ..။

အစ်ကို ဟု..သက်ပြင်းချပြီး သူ ပစ်ချလိုက်တဲ့ ဆေးလိပ်ကို ပြန်ကောက်လိုက်ကာ အမှိုက်ပုံးထဲ သွားထည့်လိုက်ပါတယ်..။

ဒါက ဘယ်လို အခြေအနေကြီးလဲ....

ဒီအခြေအနေက အစ်ကို ဟု ကို အနည်းငယ် ရှက်ရွံ့စေပါတယ်..။

All Chapters