ချီးပဲ..ဒါက ပရောဖက်ရှင်နယ်မကျဘူးလေ
Vol. 32 Ch. 478
#ဘာသာပြန် = စနိုးဝှိုက်
ကားထဲတွင်..။
ဝူတောင်..သူ့လူတွေကို သင်ခန်းစာပေးနေတုန်း ပါပဲ..။
"ကြည့်ထားကြ..။ပရော်ဖက်ရှင်နယ် ဆိုတာ ဘာလဲ မင်းတို့ သိကြလား..။ဒါမျိုးကို ပရောဖက်ရှင်နယ် လို့ခေါ်တာပဲ..။မင်းတို့ နားလည်လား..."
ဒီလူက နတ်ဆေးဆရာ ဖြစ်နေရင် တောင် သူက လည်း နောက်ဆုတ်ပေးတတ်တဲ့ လူမျိုးမဟုတ်ပါဘူး..။
နတ်ဆေးဆရာ ဆိုတော့ ဘာဖြစ်လဲ..။သူက ထမင်းစားဖို့ မလိုအပ်ဘူးလား....။သူက ပိုက်ဆံ သုံးဖို့ မလိုအပ်တော့ ဘူးလား....
ဝူတောင် မှာက ပိုက်ဆံ ရှိပါတယ်..။ပိုက်ဆံ ဆိုတာက မတူညီတဲ့ အဖြေတစ်ခုပါပဲ..။နတ်ဆေးဆရာ အရှုံးပေးပြီး သူ့ကို ကုသလာ အောင် သူလုပ်မှာပါ..။
ဝူတောင် လက်အောက်က လူမိုက်လေးတွေဟာ ဘာမှ မပြောခဲ့ကြပေ..။လူမိုက် ဖြစ်ရတယ် ဆိုတာက လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး..။သူတို့ အလုက်သမားတွေကို မျက်နှာချင်း တွေ့ပြီး ရိုက်နှက်ရတာက..သူတို့ မကောင်းတဲ့ အလုပ်တွေ လုပ်နေတယ် ဆိုတာကို ခံစား မိစေပါတယ်..။အလုပ်သမား တွေ က သူတို့ ရဲ့ ဝမ်းစာ အတွက်..သူတို့ သူဌေးဆီမှာ လုပ်ခ ပိုတောင်းကြတာပါ..။သို့ပေမယ့် သူတို့ သူဌေးက ဒါတွေကို ဘာမှ ဂရုမစိုက်ပေ..။ပိုက်ဆံ နဲ့ လွှမ်းမိုး နိုင်စွမ်း ရှိရင် ကျောင်းနင် မှာ ဘာမဆို လုပ်လို့ ရတယ်လို့ သူက ထင်နေတာပါ..။
သို့ပေမယ့်..ဒီကံတရား ..တွေက တစ်နေ့ကျ ရင် သူ့ဖင်ကို ပြန်လာကိုက် မှာ အသေအချာပါပဲ..။
"သူဌေး ကျွန်တော်တို့ အရင်ပြန်ကြမလား."
သူတို့ထဲက တစ်ယောက်က မေးလိုက်တာပါ..။
ဝူတောင် လက်ဝေ့ယမ်း လိုက်ပြီး..
"မလိုဘူး..ဒီမှာပဲ ဆက်နေမယ်..။ငါ ခနနားလိုက်ဦးမယ် ..ငါ ပြန်နိုးလာတဲ့ အချိန်ကြမှ..အဲ့ နတ်ဆေးဆရာ ဆိုတဲ့ ခွေးသား..ဘယ်လို အမူအရာ ဖြစ်နေမလဲ ကြည့်ချင်သေးတယ်.."
လူမိုက်လေး တွေဟာ..သူတို့ သူဌေးရဲ့ စိတ်နေစိတ်ကြောင့် အကူညီမဲ့သွားခဲ့ကြတယ်..။ချမ်းသာတဲ့ လူတိုင်းက ဒီလိုပုံစံ တွေချည်းပါပဲ..။
အပြင်မှာတော့..။
အစ်ကို ဟု ရဲ့ လုပ်ဖော်ကိုင်ဖက် တွေဟာ သူ့သမီးလေးကို ခေါ်လာခဲ့ကြပါတယ်..။
"အဖေ..."
သူ့သမီးလေးဟာ..အစ်ကို ဟု ကို မြင်တဲ့ အချိန်မှာ ပျော်ရွှင်စွာ အော်ဟစ်လိုက်တယ်..။သို့ပေမယ့်..သူမ ရဲ့ အော်သံက တစ်ခြား ကလေးတွေနဲ့ မတူညီခဲ့ပါဘူး..။
သူမရဲ့ မျက်နှာကလည်း အနည်းငယ် ထူးဆန်း နေပေမယ့် တစ်စုံတစ်ယောက်က..ဘာဖြစ်နေတာလဲ ဆိုတာ အတိအကျပြောဖို့ မလွယ်ကူပေ..။သူမရဲ့ မျက်လုံး တွေကလည်း..အသက်ဝင်နေတဲ့ တစ်ခြားကလေးတွေရဲ့ မျက်လုံးနဲ့ မတူညီပါဘူး..။သူမရဲ့ မျက်လုံးတွေက နှေးကွေးပြီး တုန့်ပြန်မူ မရှိပေ..။
လူနာ တွေဟာ ..ကလေးမ လေးကို မြင်တဲ့ အချိန်မှာ အချင်းချင်း တီးတိုး ရေရွတ်နေခဲ့ကြတယ်..။
အစ်ကို ဟု လင်းဖန်ကို ကြည့်လိုက်ပြီး..
"နတ်ဆေးဆရာလေး..ကျွန်တော်သမီးကို ကုသလို့ ရပါဦးမလား..."
အစ်ကို ဟု ..ရဲ့ အသံမှာ မျှော်လင့်ချက် တွေ ပါနေတာကို ခံစားရမှာပါ..။ပုံမှန်အားဖြင့် သူ လူတွေရှေ့မှာ သန်မာပြီး..အင်အားကြီးသလို နေခဲ့ပေမယ်..အခုချိန်မှာတော့ အတတ်နိုင်ဆံူး ယဥ်ကျေးအောင် ပြုမူ နေခဲ့ပါတယ်..။
"သွားတန်းစီ..အရာရာတိုင်းကို စည်းမျဥ္း အတိူင်းပဲ သွားကြမယ်.."
လင်းဖန် ပြန်ဖြေလိုက်တာပါ..။
တကယ်လို့ အရင်တုန်းက..အစ်ကို ဟု သာ ဆိုရင် ဒေါသထွက်ပြီး ရိုက်နှက်ချင်နေလောက်ပါပြီ..။တန်းစီ တယ် ဆိုတာက သူ့မှာ ထံူးစံ မရှိပါဘူး..။သို့ပေမယ့် အခုချိန်မှာတော့ သူ နာခံစွာပဲ သွားတန်းစီ လိုက်ပါတယ်..။
တစ်ချို့ လူနာ တွေဟာ..သူတို့ရဲ့ နေရာတွေကို အစ်ကို ဟုကို ပေးဖို့ ကမ်းလှမ်း လိုက်ကြတယ်..။
"လာ..ငါ့နေရာကို လာတန်းစီလိုက်..."
"ဟုတ်တယ် ကလေးကို အရင်ကုသ ခိုင်းသင့်တယ်လေ..။ဘာပဲဖြစ်ဖြစ် အခုက စောသေးတော့ ငါတို့လည်း အလျင်မလိုပါဘူး.."
အစ်ကိုဟု အရင်တုန်းက ဘယ်သူ့ကိုမှ ကျေးဇူး မတင်ဖူးပါဘူး..။အခု လူနာတွေက သူ့ကို ကြားဖြတ် နေရာပေးနေတော့..သူ ဘာပြောရမှန်း မသိပဲ..ဆွံ့အနေခဲ့တယ်..။
…
"ကျေးဇူးပါ.."
သတင်းထောက်တွေဟာ မြင်ကွင်းကို မလွတ်တမ်း ရိုက်ကူးနေခဲ့တာပါ..။
ရိုက်ကွင်းကတော့ လုံးဝကို အကောင်းဆံူးပါပဲ..။သတင်းခေါင်းစဥ္ ဘာပေးရမလဲ ဆိုတာတောင် သူတို့ စဥ္းစား ထားပြီးကြပါပြီ..။
"အပြစ်ကင်းတဲ့ သမီးလေးကြောင့် လိမ်မာသွားတဲ့ လူမိုက်ကြီး..."
အစစ်အမှန် သတင်းထောက်တွေက တိကျ သေချာတဲ့ သတင်းကိုသာ ရေးတင်လိုကြပါတယ်..။
"ဒီလူက..သူ့ရဲ့ ဘဝမှာ ဘာကောင်းတာမှ မလုပ်ခဲ့ပေမယ့်..အဖေကောင်းတစ်ယောက် တော့ဖြစ်နေသေးတယ်.."
"အင်း..ထားလိုကိတော့..သူ့ကို အားငယ်အောင် အများကြီး မပြောတာ ကောင်းမယ်.."
"ငါလည်း အဲလိုပဲ တွေးတယ်..။ဒါပေမဲ့ သူ ပထမ ဆုံး ဒီကို ဘာလို့ ပြသနာ လာရှာတာလဲ ဆိုတာကို တော့ သေချာ အောင် မေးမှ ဖြစ်မယ်.."
…
အစ်ကို ဟု..ရဲ့ လူတွေဟာ ဘေးနားက အခြေအနေကို ကြည့်နေကြတယ်..။ဒါက သူတို့ရဲ့ ပြသနာ မဟုတ်တော့ပါဘူး..။အစကတော့ သူတို့ ဒီကို ပြသနာ လာရှာကြတာ ဖြစ်ပေမယ့် အစ်ကို ဟု ကိုယ်တိုင်က..သူ့သမီး အတွက် တန်းစီနေပြီ ဆို တော့ သူတို့ ဒီနေရာကနေ ထွက်သွားသင့်ပါပြီ..။
"အစ်ကို ဟု..ကျွန်တော် တို့ သွားရတော့မလား.."
သူ့လူတစ်ယောက်က မေးလိုက်တာပါ..။
"ဘယ်ကို သွားမှာလဲ..။ဒီမှာ နေပြီး လုံခြုံရေး ယူထား..။တကယ်လို့ အဲခွေးသားသာ..မင်းတို့ ထွက်သွားတာ သိရင် ပြသနာ ရှာဖို့ လူတွေ ထပ်လွတ်လိုက်လိမ့်မယ်..။ငါတို့ ရှိနေရင် သူလုပ်ရဲ မှာမဟုတ်ဘူး.."
"သိပါပြီ.."
သူ့လူဟာ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်တာပါ..။
ခနအကြာမှာပဲ အစ်ကို ဟု အလှည့်ရောက်လာခဲ့တယ်..။
လင်းဖန် ကလေးမလေးကို သွေးခုန်နှုန်းစမ်း လိုက်ပါတယ်..။
အစ်ကို ဟု ဟာ အနည်းငယ် ကြောက်ရွံ့နေခဲ့တယ်..။သူ့ သမီးလေးက တစ်ခြား ကလေးတွေနဲ့ မတူညီဘူး ဆိုတာကို သိထားပေမယ့် သူ့ကလေးကို တစ်ခြား ကလေးတွေလိုမျိူး ပျှော်ရွှင်စေချင်ပါတယ်..။ဒီနေ့ အခွင့်အရေးက သူ့ရှေ့မှာ ရောက်နေပြီ ဆိုတော့..သူ မဆုံးရှံူး ချင်ပါဘူး..။
သူ့ကလေးအတွက် ဆို သူ့ရဲ့ ဂုဏ်သိက္ခာကိုလည်း ဘေးချိတ်ထားနိုင်ပါတယ်..။
အစ်ကို ဟု..နတ်ဆေးဆရာ နဲ့..ကလေး ကို တစ်လှည့်စီ ကြည့်ရင်း တစ်ခုခု ပြောချင်နေခဲ့တယ်..။သို့ပေမယ့် နတ်ဆေးဆရာ လေး အနှောက်အယှက်ဖြစ်မှာကြောင့် ဆက်ပြီးသာ စောင့်ကြည့်နေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ..လင်းဖန် ပါးစပ်လှုပ်လာခဲ့ပြီး
"ဒီပြသနာက..မပြင်းထန် ပါဘူး..။ဒါပေမဲ့ ကုသဖို့ကတော့ ရှုပ်ထွေးတယ်.."
ကျိူးမင်ချင်း ဘေးနားကနေ နှလံူးခုန် မြန်နေခဲ့တယ်..။သူသာ..ကိုယ်ပိုင်အရည်အချင်းနဲ့ ဒီကလေးကို ကုသရမယ် ဆိုရင် ပြောစရာ ဘာစကားမှတောင် ရှိမှာ မဟုတ်ပါဘူး.။
သူ့ ဆရာ အနားမှာ နေတာ ကြာလေလေ သူ့ဆရာ ဘယ်လောက် ထူးချွန်လဲ သိလာလေလေ ပါပဲ..။သူ့ဆရာရဲ့ အရည်အချင်း တစ်ဝက်လောက် မှီဖို့တောင် မဖြစ်နိုင်ပေ..။
အစ်ကို ဟု..စိတ်သက်သာ ရာ ရသွားခဲ့တယ်..။သူ့သမီးကို ကုသနိုင်တယ် ဆိုရင်..ဘယ်လောက်အထိ ရှုပ်ထွေးမလဲ ဆိုတာက ပြသနာ မဟုတ်တော့ပါဘူး..။
"ကျေးဇူးပါ နတ်ဆေးဆရာလေး.."
အစ်ကို ဟု ရိုးသားစွာ ပြောလိုက်တာပါ..။
"ကျေးဇူးတင်ဖို့ မလိုပါဘူး.."
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"ဒီနေ့ နတ်ဆေးဆရာ လေးရဲ့ ကြင်နာမူကို မမေ့ပါဘူး..။နတ်ဆေးဆရာလေး အကူညီလိုရင် ဘာမေးခွန်းမှ မထုတ်ပဲ အကောင်းဆုံး လုပ်ဆောင် ပေးပါ့မယ်.."
အစ်ကိုဟု ကတိပေးလိုက်တယ်..။
"အဲလို လုပ်ဖို့ မလိုပါဘူး..။ဘဝ အသစ်စတယ် ဆိုတာ ဘာလဲ ခင်ဗျားသိလား.."
"ကျွန်တော် သိပါတယ်.."
အစ်ကို ဟုပြောလိုက်တာပါ..။
ဘဝ အသစ် ပြန်စတယ် ဆိုတာ တစ်ခြား နယ်ပယ်တွေမှာ ဆို လွယ်ကူရင် လွယ်ကူမှာပါ..။သို့ပေမယ့် ဒီလို တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ တိုက်ခိုက်နေတဲ့ မာဖီးယား န
ယ်ပယ် မှာတော့..ပြန်လှည့်ဖို့ဆိုတာ ဆက်ခဲ့ပြီး..ရန်ဘက် တွေရဲ့ သတ်ဖြတ်မူကို တောင် ခံရနိုင်ပါတယ်..။
သို့ပေမယ့် အစ်ကို ဟုက တော့ ဆုံးဖြတ်ထားပြီးပါပြီ..။ဘာပဲဖြစ်ဖြစ် သူ့ နတ်ဆေးဆရာ လေးရဲ့ ကြင်နာမူကို မှတ်ထားတော့မှာပါ..။
အဝေးတစ်နေရာတွင်..။
လူမိုက်ကလေးတွေဟာ..ဆေးရုံဘက်ကို လှမ်းကြည့်ရင်း အချင်းချင်းပြောနေခဲ့ကြတယ်..။
"ဟိုကို ကြည့်ဦး..တစ်ခုခု တော့ မူမမှန် တော့ဘူး
."
"ဘာမမှန်တာလဲ..။အဲ့လူ တွေ ရှိနေသေးတာ မဟုတ်ဘူးလား.."
"မဟုတ်ဘူး..အစ်ကို ဟု ဆိုတဲ့ လူက ကလေးမလေး တစ်ယောက်ကို ချီထားပြီး တန်းစီနေတယ်..။ငါ့ကို မယုံရင် သေချာကြည့်ကြည့်.."
"မဖြစ်နိုင်တာ..အစ်ကို ဟုက မာဖီးယား ခေါင်းဆောင်ဟ..သူ့ရဲ့ ဂုဏ်သိက္ခာက ကျယ်ပြန့်တယ်.."
"အာ..သူတကယ် တန်းစီနေတာလား.."
"အမြန်..သူဌေးကို သွားပြောလိုက်.."
ဝူတောင် ကားထဲမှာ ဇိမ်ကျကျ လှဲနေရင်းကနေ..သူ့လူတွေ အတင်းနှိုးနေတာကြောင့် လန့်နိုးသွားခဲ့တယ်..။
"မင်း ဘာလုပ်တာလဲ..။ငါ အနားယူ နေတာ မင်းမမြင်ဘူးလား.။မင်းသရဲ တစ်ကောင် တွေ့ခဲ့လို့လား..။ဒါမှမဟုတ် ဟို နတ်ဆေးဆရာ သေသွားလို့လား.."
ဝူတောင် မကျေမနပ် ပြောလိုက်တာပါ..။
"မဟုတ်ဘူး..သူဌေး ဟိုကို ကြည့်လိုက်ဦး..။အဲ့ အစ်ကို ဟု ကလည်း ကုသမူ ခံယူနေတယ်.."
"ဘာ..."
ဝူတောင် ကြောင်အသွားပြီး လှမ်းကြည့်လိုက်ပါတယ်..။
"ချီးပဲ..အဲ့ကောင်ဘာလုပ် နေတာလဲ..။အနားကို သွားကြည့်ခဲ့စမ်း.."
"သိပါပြီ.."
…
အစ်ကို ဟု သူ့ လက်မောင်း ထဲမှာ ရှိနေပြီး..ငွေအပ်တွေ အများကြီး စိုက်ထားတဲ့.. သူ့သမီးလေးကို ကြည့်လိုက်ပါတယ်..။သူ့ စိတ်ထဲမှာတော့ စိုးရိမ် နေခဲ့ပါပြီ..။ဘာမှ မဖြစ် ပေမယ့်လည်း..ဒီငွေအပ်တွေကတင် အတော် ကြောက်ဖို့ ကောင်းနေခဲ့တာပါ..။
ဝူတောင် လွှတ်လိုက်တဲ့ ကောင်းလေးဟာ..ဆေးရုံထောင့် တစ်နေရာကနေ ကွယ်ပြီး ဘာတွေဖြစ်နေလဲ ဆိုတာ ချောင်းကြည့်လိုက်တယ်..။
အစ်ကို ဟောင်က..နတ်ဆေးဆရာ နဲ့ တွေ့ပြီး ဘာလုပ်နေတာလဲ
ဘာတွေဖြစ်နေလဲ ဝူတောင် သိသွားတဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။
"ဘာ..ငါက သူတို့ကို ပြသနာ ရှာဖို့ ခေါ်ထားတာကို..သူတို့က..နတ်ဆေးဆရာ နဲ့ သွားပြနေတယ်ပေါ့..။ဒါက..ပရော်ဖက်ရှင်နယ် မဆန်တော့ဘူးလေကွာ..."