← Chapters

ကြောင်အမူ..အံ့ဩမူ...

Vol. 32 Ch. 479

ကြောင်အမူ..အံ့ဩမူ...

Vol. 32 Ch. 479

#ဘာသာပြန် = စနိုးဝှိုက်

ဝူတောင် ဖြစ်ပျက်တွေ တာ တွေကို တွေးလိုက်ပြီး..ယင်ကောင် အကောင်တစ်ရာလောက် ပါးစပ်ဝင်သွားသလို ခံစားလိုက်ရပါတယ်..။သူ အလုပ် ခေါ်ထားတဲ့ လူတွေက..အလုပ်မလုပ်တဲ့ အပြင်..နတ်ဆေးဆရာ ဆီမှာတောင် ဆေးကုနေကြပါသေးတယ်..။

"ချီးပဲ..ဘာလို့လဲ..။ဒီအစ်ကို ဟု ကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူးလေ..။နတ်ဆေးဆရာက သူ့ကိုကျတော့ ကုသပေးပြီး ငါ့ကိုကျ တော့ ဘာလို့ မကုပေးတာလဲ...။ငါ တကယ် မယုံနိင်တော့ဘူး.."

ဝူတောင် ရဲ့ မျက်နှာက ဒေါသကြောင့် ပြာနှမ်း နေခဲ့ပါပြီ..။

သူ့လူတွေ ဟာ ဘေးနားမှာ တိတ်တဆိတ် နားထောင် ပြီး သူတို့ သူဌေး ပြောတာခံစား နေရတာ တွေကို နားထောင် နေခဲ့တယ်..။

နတ်ဆေးဆရာလေး..က သူတို့ သူဌေးရဲ့ ရောဂါကို ကုသ ပေးနိုင်ပေမယ့် သူတို့ သူဌေးရဲ့ ပုံစံကို မကြိုက်လို့ မကုသပေးနိုင်ဘူးလို့ ပြောခဲ့တာပါ..။အခုချိန်မှာ သူတို့ သူဌေးလုပ်သင့်တာက ပိုကောင်းတဲ့..သဘောထားနဲ့. နတ်းဆေးဆရားလေးကို သွားပြီးတောင်းပန်ဖို့ပါပဲ..

နတ်ဆေးဆရာ ကို ..တောင်းပန် ဖို့ဆိုတာက..တကယ် စိတ်ရင်း ရှိတဲ့ လူတွေပဲ လုပ်လို့ရတဲ့ အရာပါ..။

တကယ်လို့ နတ်ဆေးဆရာ လေးရဲ့ ကုသမူကို သာ မခံရဘူး ဆိုရင် ..သူတို့ သူဌေး ဘာမှ မဆုံးရှုံးသွားပေမယ့်..သူ့ရဲ့ ကြွက်သားရောဂါ ပျောက်ကင်းနိုင်မယ့် အခွင့်အရေး ဆိုတာကတော့ ရှိတော့မှာ မဟုတ်ပါဘူး..။

ဒါဆို တကယ် ရှုံးနိမ့်တဲ့ လူက ဘယ်သူလဲ....

ဒီကမ္ဘာကြီးက..ငါတို့ သူဌေးကို ဒီလိုဦးနှောက် နဲ့ ချမ်းသာလာအောင် ဘယ်လို များ ဖန်တီးပေးလိုက်တာလဲ...

အချိန်တွေဟာ တဖြည်းဖြည်း ကုန်သွားခဲ့တယ်..။

အစ်ကို ဟု..ရဲ့ သမီးလေး..က နောက်တစ်ဆင့် မတက်ခင်မှာ အပ်တွေကို ခနလောက် စိုက်ထားဖို့ လိုအပ်ပါသေးတယ်..။

သတင်းထောက်တွေဟာ ရှေ့ကို တက်လာခဲ့ကြပြီး..

"ကျွန်တာ် တို့ နည်းနည်းလောက် မေးချင်လို့..။ခင်ဗျားကို သူဌေးလေး ဆေးကုတာကို လာတားဆီးခိုင်းတဲ့ တစ်ယောက်ယောက် ရှိနေတာလား.."

သတင်းထောက် တစ်ယောက်က မေးလိုက်တာပါ..။

အစ်ကို ဟု အစကတော့ မပြောချင်ပါဘူး..။သို့ပေမယ့် ဝူတောင်ရဲ့ အကျင့်အရ ဆိုရင် သူ မလုပ်ရင်တောင် တစ်ခြား နည်းလမ်းသုံးမှာကို.တွေးမိလိုက်ပြီး ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

"အင်း ..တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို ဒီကို လာဖို့ ပိုက်ဆံ ပေးထားတယ် ​ေလ..။သူက ကျောင်းနင် ဖွံ့ဖြိုးရေး ကုမ္ပဏီ ရဲ့..စီအီးအို..ဝူတောင်ပဲ..။သူ့မှာ..ကြွက်သားအားနည်းတဲ့ ရောဂါ ခံစားနေရလို့ ..ဒီကို လာပြီး ကုသချင်တာကို နတ်ဆေးဆရာ လေးကငြင်းလိုက်လို့ မကျေနပ် ဖြစ်နေတာလေ.."

အစ်ကို ဟု ပြောလို်က်တာပါ..။

သတင်းထောက် တွေဟာ ဒါကို ကြားပြီး စိတ်ဝင်စားသွားခဲ့ကြတယ်..။

သူတို့က..ကျောင်းနင်ရဲ့ သတင်းထောက် တွေဖြစ်တာကြောင့်..ကျောင်းနင် ကုန်းမြေ ဖွံ့ဖြိုးရေး ကုမ္ပဏီ ရဲ့ ဝူတောင်ကို ကောင်းကောင်း သိထားပြီးသားပါ..။သူက အပြင်လောက..မှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းကျောဇော မူ ရှိပြီး သူ့ရဲ့ ဆိုရွားတဲ့ သတင်းတွေဆိုတာလည်း လုံးဝ မရှိပါဘူး..။ဒါက သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ကျွမ်းကျင်အောင် ဖုန်းကွယ် ထားနိုင်လို့လည်း ဖြစ်နိုင်ပါတယ်..။

ကျောင်းနင် ရဲ့ သတင်းထောက် တွေဟာ သူတို့ ရွှေတွင်းကြီး တွေ့သလို ခံစားလိုက်ရပြီး ထပ်မေးလိုက်ကြပါတယ်..။

"နတ်ဆေးဆရာ လေး..ဘာလို့ သူ့ကို ကုသဖို့ ငြင်းဆန်ခဲ့တာလဲ သိလို့ရမလား.."

လင်းဖန် အစ်ကို ဟုကို ကြည့်လိုက်တယ်..။ဒီလူ အမှန်အတိုင်း ​ပြောလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။ယင်းနောက် သူ သတင်းထောက်တွေ ဘက်ကို လှည့်လိုက်ပြီး...

"ဒီ စီအီးအို..က လူကောင်းတစ်ယောက် မဟုတ်ဘူး..ပြီးတော့ မကောင်းတာတွေလည်း အများကြီး လုပ်ထားတယ်..။ဒါကြောင့် သူ့ကို ငြင်းလိုက်တာလေ.."

သတင်းထောက်တွေ အံ့ဩသွားခဲ့တယ်..။

"နတ်ဆေးဆရာ လေး သက်သေ ရှိလို့လား..."

အစ်ကို ဟု..တိတ်ဆိတ် နေခဲ့တယ်..။သူ ဝူတောင် အ​ေကြာင်းသိ ထားတဲ့ အရာတွေက အန္တာရာယ်များပြီး ပေါက်ကွဲ ထွက်သွားနိုင်လို့ပါ..။

သို့ပေမယ့် လင်းဖန် ပြောတာကို ထပ်ကြားလိုက်တဲ့ အချိန်မှာ ​အံ့ဩသွားခဲ့တယ်..။

"သက်သေလား..။ဘာသက်သေမှ မလိုဘူး..။လတ်တလော အဖြစ် အပျက်ကို ပဲ ပြန်ကြည့်လိုက်..။နိုင်ငံခြား အလုပ်သအမား တွေက ဝူတောင် ဆီက..လုပ်ခလစာ ပိုတောင်း ကြတာကို မှတ်မိတယ် မလား..။သူက..လုပ်ခ လစာ ပိုမပေးတဲ့ အပြင် အစိုးရကလည်း ဒီအမူကို အတင်းပိတ်ပေးထားတယ်..။ဝူတောင် က ကုမ္ပဏီ ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ဖုံးကွယ်ထားတဲ့ နေရာမှာ အရမ်းကျွမ်းကျင်တယ် ဆိုတာ ပြနေတာပဲ.."

သတင်းထောက်တွေက..ဒါကို ယုံကြည့်ရလား မသိပေမယ့် သတင်းအဖြစ် တင်လိုက်ရင် ကျိန်းသေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့မှာပါ..။

အဲ့အချိန်မှာပဲ သဘာပတိ ဘီက ဝင်ပြောလိုက်တယ်..။

"နတ်ဆေးဆရာ လေး ပြောတဲ့ အထဲမှာ အမှန်တရား တွေ ပါနေတယ်..။လတ်တလော ဆေးရုံ လာတက်တဲ့ လူတွေ ထဲမှာ..ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရတဲ့ နိုင်ငံခြား သားတွေ ရှိနေတယ်.."

"ငါသိ သလောက်တော့.. ဒီ လူတွေက တရားရုံးကို တက်ချင်ကြပေမယ့် ဘယ်ကမှန်း မသိတဲ့ လူ တစ်စု ရောက်လာပြီး သူတို့ကို ခြိမ်းခြောက်ခဲ့ကြတယ်လေ..။အဲ့နောက်မှာ ငါတို့ ရဲခေါ်လိုက်တော့..သူတို့လည်း ထွက်ပြေးသွားကြတယ်.."

ဒါရိုက်တာ ကျိုး ပြောလိုက်တာပါ..။

သတင်းထောက်တွေဟာ..လေးနက်စွာ နားထောင်နေခဲ့ကြတယ်..။သူတို့ အစက နတ်ဆေးဆရာ လေးကို အင်တာဗျူးဖို့ လာကြတာ ဖြစ်ပေမယ့်..ဒီလို ဇာတ်လမ်းမျိုး သိရလိမ့်မယ် လို့ မထင်ထားခဲ့ကြပါဘူး..။

အခု သူတို့ သိခွင့်ရပြီ ဆိုတော့ သတင်းအဖြစ် ဖန်တီးကြရတော့မှာပါ..။သို့ပေမယ့် ကျောင်းနင် သတင်းထောက် တွေ စိတ်ပူ နေတာက..ဒီအခြေအနေက..အန္တာရယ်များတာကြောင့် ကြောက်ရွံ့နေကြတာပါ..။

သို့ပေမယ့် တစ်ခြား နေရာက လာတဲ့ သတင်းထောက် တွေ အတွက်ကတော့..ဘာမှ ကြောက်စရာ မရှိကြပေ..။သူတို့အပေါ် မှာ ဝူတောင် ရဲ့ လွှမ်းမိုးမူ မရှိသလို..ကုန်းမြေဖွံ့ဖြိုးရေး ကုမ္ပဏီနဲ့လည်း ချည်နှောင်မူတွေလည်း မရှိပါဘူး..။သတင်းကြီးကတော့ သတင်းကြီးပါပဲ..။

"သဘာပတိ ဘီ..ကျွန်တော် တို့ အဲ့..နိုင်ငံခြား အလုပ်သမား တွေနဲ့ တွေ့လို့ရမလား.."

"သေချာတာပေါ့..ကျုပ်ခင်ဗျားတို့ကို လိုက်ပြပေးမယ်.."

သဘာပတိ ဘီ ပြောလိုက်တာပါ...။

လင်းဖန် ပြုံးလိုက်တယ်..။အခြေအနေကို သဘာပတိ ဘီ ကိုယ်တွယ်နေမှတော့ သူဘာမှ လုပ်စရာ မလိုတော့ပါဘူး..။

ဝူတောင်က တော့..ကားထဲမှာပဲ..ရှိနေပြီး..နတ်ဆေးဆရာ ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ စဥ္းစားနေခဲ့ပါတယ်..။

ဆေးရုံထဲတွင်...။

နိုင်ငံခြား အလုပ်သမား အနည်းငယ် ဟာ လူနာ ကုတင်ပေါ်မှာ လဲလျောင်းနေခဲ့ပါတယ်..။သူတို့ မျက်နှာတွေမှာ ဒဏ်ရာ တွေ ဒဏ်​ချက် တွေ ရှိနေပြီး ပတ်တီးတွေလည်း ရှိနေခဲ့တာပါ..။

ရုတ်တရကိ..။

တံခါးဟာ ပွင့်သွားခဲ့တယ်..။

သတင်းထောက်တွေဟာ ရိုက်ကူးပြီး ဝင်လာခဲ့ကြတာပါ..။

"ခင်ဗျားတို့က အရိုက်ခံရတဲ့..နိုင်ငံခြား အလုပ်သမား တွေလား ခင်ဗျ..."

သတင်းထောက် တွေဟာ ရောက်ရောက်ချင်း တိုက်ရိုက်ပဲ မေးလိုက်ကြပါတယ်..။သူတို့ အတွက်အရေးကြီးတဲ့ သတင်းကို တကယ် လိုချင် နေခဲ့ကြပါပြီ..။

"မင်းတို့က ဘယ်သူတွေလဲ.."

နိုင်ငံခြား အလုပ်သမား တွေဟာ ရှုပ်ထွေးတဲ့ မျက်နှာတွေနဲ့ မေးလိုက်ကြတာပါ..။

"ကျုပ်တို့က သတင်းထောက် တွေပါ.။ခင်ဗျားတို့ ခံစားခဲ့ရတာတွေ အတွက် တကယ် စိတ်မကောင်း ပါဘူး..။ဒါပေမဲ့ ခင်ဗျားတို့ တစ်ခုခု စကားပြောနိုင်တယ် ဆိုရင် ကျုပ်တို့ အတတ်နိုင်ဆုံး ကာကွယ်ပေးမှာပါ.."

နိုင်ငံခြား အလုပ်သမား တွေဟာ သတင်းထောက် တွေ ပြောတာကြားပြီး..မျှော်လင့်ချက် တွေ ပေါ်ပေါက် လာခဲ့ကြပါတယ်..။

"ကျုပ်တို့ အဖြစ်က သနားဖို့ကောင်းတယ်..။ရက်စက်တဲ့ သူဌေးဝူတောင်က ကျွန်တော်တို့ရဲ့ လစာတွေကို မပေးချေခဲ့ဘူး..။ကျုပ်တို့ သူနဲ့ တွေ့ပြီး ပိုက်ဆံ တောင်းဖို့ လုပ်တဲ့ အချိန်မှာ လူမိုက်တွေ အများကြီးက ကျုပ်တို့ကို ဆွဲထုတ်ပြီး သေလောက်အောင် ရိုက်ခဲ့ကြတယ်.."

"ကျုပ်နောက်ကျောကိုကြည့်..ဒီဒဏ်ရာတွေ အကုန်လုံးက သူတို့ကြောင့် ရထားတာ.."

"ကျုပ်ခြေထောက်တွေလည်း သူတို့ကြောင့်ပဲ ကျိုးခဲ့ရတာလေ.."

ရက်စက် တယ်..တကယ်​ရက်စက် ကြတာပဲ...

ဒီလို ဆိုရွား တဲ့ အဖြစ်အပျက်တွေက..အစိုးရ လုံခြုံရေး ကောင်းလှပါတယ် ဆိုတဲ့ ကျောင်းနင်မှာ ဖြစ်ပျက်ခဲ့တာပါ..။ဒါက တကယ်ကို ​လက်မခံနို်င်စရာပါပဲ...။

"သတင်းထောက်ကြီးတို့.ကျွန်တော်တို့ ရဲဌာန ဆီကို တိုင်ကြားချင်ကြပါတယ်..."

"ဟုတ်တယ် ကျွန်တော် တို့..အဲဒီ ဆိုးရွားတဲ့ သူဌေး ဝူတောင်ကို တိုင်ကြားချင်ပါတယ်.."

လူနာဆောင် ထဲမှ ရှိနေတဲ့ သတင်းထောက် တွေဟာတော့ တုန်လှုပ်နေကြပါပြီ..။

ဒါက တကယ် အံ့ဩဖို့ ကောင်းတာပဲ...

"ဒီအဖြစ် အပျက်တွေ ဖုန်းကွယ်ခံထားရတာ ခင်ဗျားတို့ သိကြလား.."

သတင်းထောက်တွေ သိချင်စွာ မေးလိုက်ကြတာပါ..။

"ဝူတောင် ပြောတာက ကျုုပ်တို့သာ သူ့ကို့ ဆန့်ကျင်ဖို့ တွေးနေရင် စောက်ရူးတွေ စိတ်ကူးယဥ္ နေသလိုဖြစ်နေလိမ့်မယ်တဲ့..။သူ့ဆီမှာ..ကျုပ်တို့ကို ခေါင်းပုံဖြတ်ထားတဲ့ အချက်အလက်တွေ ရှိတယိ"

နိုင်ငံခြား အလုပ်သမား တွေက ပြောလိုက်တာပါ..။

တစ်ချို့ သတင်းထောက်တွေ တွေ ဆိုဒေါသထွက်လာခဲ့ကြပါပြီ..။ဒီကုမ္ပဏီက မကောင်းမူတွေ လုပ်ရုံတင်မကပဲ လေပါကျယ်နေခဲ့တာပါ..။

မျှော်လင့်ချက်တွေ ပြည့်နေတဲ့ နိုင်ငံခြား အလုပ်သမားတွေရဲ့ မျက်လုံးတွေကို ကြည့်ပြီး သတင်းထောက်တွေဟာ သူတို့ တရား မျှတမူ ရှာပေးဖို့ လိုနေပြီ မှန်း သိလိုက်ကြပါတယ်..။

အချိန်တွေဟာ တဖြည်းဖြည်း ကုန်လာပြီး ညရောက်လာခဲ့တယ်..။

လင်းဖန် ပစ္စည်းတွေကို ထုတ်ပိုးပြီး ထွက်ခွာဖို့ ပြင်နေခဲ့ပါတယ်..။

သူ့အချိန်ကို ကြည့်လိုက်တဲ့..အချိန်မှာ အတန်းဖော် စုစည်းမူနေ့က ရောက်လာတော့မှာပါ..။

ဆရာမ ရှား ရဲ့မွေးနေ့ပွဲပြီးရင်တော့..ဒီမြို့ကထွက်သွားရမယ့် အချိန်ပါပဲ..။

သူ့ ကျောင်းနင် မြို့ ဆေးကုသမှာ ခက်ခဲမူတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်..။

နောက်တစ်ရက်..။

ဝူတောင်ကတော့ အပြင်ဘက်က အဖြစ်အပျက်တွေကို မေ့ပျောက်ပြီး ကောင်းမွန်စွာ အိပ်စက် နေခဲ့ပါတယ်..။

ကျောင်းနင် ရဲ့ သတင်းလောကဟာ ငြိမ်သက်နေပြီး ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး..။

သို့ပေမယ့်..တစ်ခုခု ကြီးမားတာကတော့ မကြာခင် ဖြစ်လာတော့မှာပါ..။

All Chapters