အရမ်း အံ့ဩဖို့ကောင်းတယ်
Vol. 32 Ch. 480
#ဘာသာပြန် = စနိုးဝှိုက်
အင်တာနက်ဆိုတာက သတင်းတွေ အစပြုတဲ့ နေရာတစ်ခုပါ..။ဘယ်လို သတင်းကြီး မျိုးမဆို..အင်တာနက်ပေါ် ရောက်သွားရင်..ပျံ့နှံ့ဖို့ ဆိုတာ အရမ်းလွယ်ကူပါတယ်..။
အထူးသဖြင့်..ဝူတောင် ဆိုတာ..ပရဟိတ ဒါန ရှင် တစ်ယောက်ဖြစ်ပြီး..လူထုရဲ့ ဆန္ဒကို အစည်းအဝေးတွေမှာ ကိုယ်စားပြုနေတဲ့ လူတစ်ယောက်ပါ..။အခုသူ့အကြောင်း သတင်းတွေမှာ တက်လာပြီ ဆိုတော့..ပြသနာ တွေ ပိုရှုပ်ကုန်တော့မှာ အသေအချာပါပဲ..။
"ချီးပဲ ဒါအမှန်ပဲလား...။ဒီလူက တကယ် မထင်ရဘူးနော်.."
"ဒီသတင်းသာ အမှန်ဆို ရင်တော့ အခြေအနေတွေ ပိုပြီး ရှုပ်ထွေးကုန်တော့မယ်..။ဒီလို ဆိုးရွားတဲ့ လူက အစည်းအဝေးတွေမှာ လူထုရဲ့.ဆန္ဒကိုကိုယ်စားပြုတဲ့ လူ တစ်ယောက်လေ.."
"ဒါ ကတကယ်ကို စိတ်မချမ်းသာစရာပဲ..။သူ့ကို နတ်ဆေးဆရာ လေးက ဖော်ထုတ်ခဲ့တာ..။တကယ်လို့..ဒီလူကိုသာ ကုသပေးခဲ့ရင်..ပိုပြီးတောင် ပြသနာ ရှာဦးမယ်..။လူနာတွေ နတ်ဆေးဆရာ လေးဆီမှာ ကုသနေတာကို ဒီခွေးသားက မဟုတ်တဲ့ နည်းလမ်းတွေ သုံးသေးတယ်.."
"ကံကောင်းချင်တော့..သတင်းထောက်တွေ လည်း..တရားမျှတမူကို လိုလားကြလို့ပဲ..."
"ဒီလူက..သူ့အလုပ်သမားတွေ ရဲ့ လခ ကို အကြွေးတင်ပြီး ပြန်မပေးနဲ့ အပြင်..ရိုက်တောင် ရိုက်နှက်လိုက်သေးတယ်..။ဘယ်လောက်တောင် ဥပဒေ မဲ့လိုက်လဲ..."
ဝိုက်ဘို..။
ဒီသတင်းဟာ..လူအများကို သွေးပူစေတဲ့ အတွက်..နတ်ဆေးဆရာ လေးရဲ့ သတင်းကိုတောင်ဖုံးလွှမ်းသွားပါသေးတယ်..။ဒါက..လူထုဟာ ဒီလို သတင်းတွေကို..ဂရုစိုက်တယ်လို့ ပြသနေတာ ပါပဲ..။
ဒီလူမှာက ပိုက်ဆံ ရှိရုံတင်မက..ပါဝါနဲ့ လွှမ်းမိုးနိုင်စွမ်းတွေပါ ရှိနေခဲ့တာပါ..။
နိုင်ငံရဲ့ သက်ဆိုင်ရာ..အေးဂျင်စီ ဌာန ဟာ..ဝိုက်ဘိုပေါ်မှာ ပိုစ့် တင်လိုက်ပါတယ်..။
"ဒီအခြေအနေက..ကျုပ်တို့ရဲ့ အာရုံစိုက်မူ အမြင့်ဆုံးကို ရောက်လာခဲ့ပါပြီ..။ကျွန်တော်တို့ အမြန်ဆုံး စုံစမ်း စစ်ဆေးပြီး တရားမျှတမူကို ယူဆောင်ပေးပါ့မယ်.."
မြို့သားတွေဟာ အံ့ဩသွားခဲ့ကြတယ်..။
"ချီးပဲ..အစိုးရ အေဂျင်စီ တောင် ဒီအခြေအနေကို ကိုင်တွယ်တော့မယ်.."
"သေချာ စစ်ဆေးကြ..။ဘာပြသနာ မှ မရှိရင် တော့ ဘာမှ မဖြစ်ဘူး..။နိုင်ငံခြား အလုပ်သမားတွေ ဆေးရုံတင်ရတဲ့ အထိ ရိုက်နှက်ခံရတယ် ဆိုတော့ တစ်ခုခုတော့ရှိရမယ်.."
"သူတို့ နိုင်ငံခြား အလုပ်သမား တွေကို လည်း စစ်ဆေးသင့်တယ်..."
"ဒီလို လူမျိုးတွေက လူကြီးလူကောင်းပုံစံ ဟန်ဆောင် နေကြတယ်။ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလဲ.."
အင်တာနက် ပေါ်က အခြေအနေတွေကို..မတူညီတဲ့ ကုမ္ပဏီတွေ က ခေါင်းဆောင် တွေဟာ အနီးကပ် စောင့်ကြည့်နေခဲ့ကြပါတယ်..။
ဝူတောင်..ကတော့ အိမ်မှာ အိပ်ပျော်နေတုန်းပါ..။ရုတ်တရက် ..သူ့ရဲ့ ဖုန်းဟာ ကျယ်လောင် စွာ ထမြည်လာခဲ့တယ်..။
"ချီးပဲ.ချီးပဲ .ဘယ်ခွေးသားက..မနက်အစောကြီး..ငါ့ကို ဖုန်းခေါ်နေတာလဲ..."
ဝူတောင် အိပ်မောကျနေတုန်း..ဆူညံလှတဲ့..ဖုန်းမြည်သံကြောင့် စိတ်တိုသွားခဲ့တာပါ..။
"ဟဲလို..ဘယ်သူလဲ.."
ရုတ်တရက်..။
တိတ်ဆိတ်သွားခဲ့တယ်..။
အဲ့အချိန်မှာတော့..ဝူတောင် ရဲ့ အိပ်ချင်နေတဲ့ စိတ်တွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါပြီ..။သူ့မျက်နှာဟာ ဖုန်းထဲက အသံကို နားထောင်ရင်း အရောင် ပြောင်းနေခဲ့ပါတယ်..
"မင်းဘာပြောလိုက်တာ.."
ဝူတောင် သူကြားလိုက်တာကို မယုံနိင်ပဲ ထပ်မေးလိုက်တာပါ..။
"အဲ့ကောင်တွေ ဘာလို ချင်တာလဲ..။ဒီကောင်တွေ သေချင်နေကြတာလား..။ကောင်းပြီ..ငါ ဒီကောင်တွေကို နောင်တ ရအောင် လုပ်ပေးလိုက်မယ်.."
တီ..
တစ်ခြား တစိဖက်က ဖုန်းပြောနေတဲ့လူဟာ..ဆက်ပြောဖို့ အတွကိ. လှမ်းခေါ်နေခဲ့ပေမယ့်လည်း ဖုန်းကတော့ ကျသွားခဲ့ပါပြီ..။
"ဟေး..ဟေး..."
သူ နောက်တစ်ကြိမ် ဖုန်း ပြန်ခေါ်ချင်ပေမယ့်လည်း သူ့မှာ လုပ်စရာ တွေ အများကြီး ရှိပါသေးတယ်..။
ဆေးရုံတွင်..။
သူတို့ရဲ့ အနိုင်ကျင့်ခံရမူတွေကို ..ဘယ်လိူကာကွယ်ရမှန်း မသိတဲ့ နိုင်ငံခြား အလုပ်သမားတွေဟာ..သတင်းထောက်တွေကို ကြောင်အပြီး ကြည့်နေခဲ့ကြပါတယ်..။သူတို့ ပြောပြီးလို့ တစ်ရက် အကြာမှာ သတင်းထောက်တွေိနဲ့ ဂျာနယ်လစ် တွေ အများကြီး ပြန်ရောက်လာခဲ့ကြတာပါ..။ထပ်ပြောရရင် ဒီလူတွေ လာတဲ့ အချိန်မှာ သူတို့အတွက် လက်ဆောင် တွေပါလာပြီး..ဝူတောင် အကြောင်းလည်း အင်တာဗျူးကြပါသေးတယ်..။
အခုအချိန်မှာတော့ အကူညီမဲ့နေတဲ့ နိုင်ငံခြား အလုပ်သမားတွေဟာ..မျှော်လင့်ချက် တွေ ပြန်ရှင်သန်လာခဲ့ပါပြီ..။သူတို့ ကြုံခဲ့ ရတဲ့ အရာမှန်သမျှကိုပြောပြပြီး..ဝူတောင် အကြောင်းလည်း အကုန် ပြောပြခဲ့ကြပါတယ်..။
ဘန်း..
ရုတ်တရက် ဆေးရုံတံခါးဟာ ပွင့်သွားခဲ့တယ်..။
လူမိုက် အုပ်စု..ဟာ နိုင်ငံခြား အလုပ်သမား တွေရှိတဲ့..လူနာဆောင် ကို ဦးတည်သွားနေခဲ့ကြတာပါ..။
"စောက်ရေးမပါတဲ့ နိုင်ငံခြားက ကောင်တွေ..."
ဟင်...
လူနာဆောင်ထဲက လူတိုင်းဟာ..အခန်းတံခါးဝမှာ ရပ်နေကြတဲ့ လူမိုက်တွေ ကို လှည့်ပြီး ကြည့်လိုက်ကြပါတယ်..။
လူမိုက် အုပ်စု ခေါင်းဆောင် ဟာ အခန်းထဲမှာ ရှိနေတဲ့ လူအုပ်ကြီးကို တစ်ချက်ကြည့်ပြီး တွန့်ဆုတ်သွားခဲ့တယ်..။
"တောင်းပန်ပါတယ်..အခန်းမှားသွားတာ.."
"မသွားနဲ့.."
အခြေအနေက..ထိလွယ်ရှလွယ် ဖြစ်နေတာကြောင့်..ဌာန တိုင်းက.. နိုင်ငံခြား အလုပ်သမားတွေကို လာပြီး..အင်တာဗျူးနေတဲ့ အချိန်ပါ..။ဒီမှာ ရဲဌာနကနေ သတင်းလာယူတဲ့ အရာရှိတွေ တောငိ ရှိနေခဲ့ပါတယ်..။အခု ဒီလူတွေက..နိုင်ငံခြား အလုပ်သမားတွေကို ပြသနာ လာရှာတာဖြစ်တဲ့ အတွက် ကြောင့် ဒီတိုင်းတော့ မလွှတ်ပေးလိုက်နိုင်ပါဘူး..။
"ငါတို့တော့ သေပြီ.."
လူမိုက် ခေါင်းဆောငိဟာ ရေရွတ်လိုက်တယ်..။ဒီလူနာဆောင် ထဲမှာ လူတွေ ဒီလောက်များ နေမယ် လို့ သူတကယ် မထင်ထားခဲ့ပါဘူး..။
.....
ဒီအခြေအနေတွေဟာ..လင်းဖန် ကို ..ဘာမှ သက်ရောက်မူ မရှိခဲ့ပဲ..သူ တစ်ခြား လူတွေနဲ့သာ လွှတ်ပေးထားခဲ့ပါတယ်..။နောက်ဆံူးရလာဒ် ဘယ်လိုပဲဖြစ်ဖြစ် လင်းဖန် မတွက်ချက်ချင် တော့ပေ..။သို့ပေမယ့် မီးထဲကို ဆီလောင်းပြီး အခြေအနေတွေ ပိုဆိုးအောင်လုပ်ရတာကိုတော့ သူတကယ် နှစ်သက်ပါတယ်..။
သို့ပေမယ့် အခြေအနေက ဒီအထိတောင် ရောက်လာပြီ ဆိုတော့ သူ့အကူညီ မလိုတော့ပါဘူး..။
ဒီကိစ္စကို သက်ဆိုင်ရာ ဌာန တွေ အများကြီးက..စောင့်ကြည့်နေကြပြီး..လူထုရဲ့..တုန့်ပြန်မူ နဲ့ဆိုရင်..ဝူတောင်ဘက်က တစ်ချက် အကွက်ရွေ့မှားတာနဲ့.. ကြီးမားတဲ့ကြီး ဖြစ်သွားမှာပါ..။
ဝူတောင်နဲ့ ဆက်နွယ်တဲ့ လူတွေ အကုန်လည်း မေးခွန်းထုတ်ခံနေကြရပါတယ်..။
"ဆရာ..လူနာတွေ အကုန်လုံးက အဆုံးမရှိလာနေကြတယ်..။တရုတ်ဆေးပညာက..ဒီလို နေ့မျိုး ရောက်လာလိမ့်မယ် လို့ မထင်ထားခဲ့ဘူး.."
ကျိုးမင်ချငိး စိတ်လှုပ်ရှားစွာတန်းစီ နေကြတဲ့ လူတွေကို ကြည့်ပြီး ပြောလိုက်တာပါ..။
ဆေးပညာ ပရဟိတ တစ်ခါမှ မလုပ်ဖူး တဲ့ ကျိုးမင် ချင်း အတွက်ကတော့..ဒါက ဆန်းကျယ်မူတစ်ခုပါပဲ..။လက်ရှိအခြေအနေက..ခြားနားမူ တကယ် ကြီးမားပါတယ်..။
ကျိုးမင်ချင်း ကိုယ်တိုင် အခမဲ့ ကုသပေးပါ့မယ် လို့ ကမ်းလှမ်းရင်တောင် ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ပါဘူး..။အများဆံူး..အဖိုးကြီး ..အဖွားကြီးတွေ..သွေးခုန်နှုန်း လာစမ်းတာလောက်ပဲ..ရှိမှာပါ..။
လင်းဖန် ကျေနပ်နေခဲ့တယ်..။
သူအတွက်ကတော့ ဒီအခြေအနေက ပုံမှန်ပါပဲ..။နတ်ဆေးဆရာ တစ်ယောက်အနေ နဲ့ ကုသမယ့် လူနာ မရှိတာကမှ ထူးဆန်းနေဦးမှာပါ..။
နတ်ဆေးဆရာ လေးရဲ့ သတင်းတွေက..အင်တာနက် ပေါ်မှာ တစ်ယောက်ချင်းစီ ရဲ့ဖြန့်ဝေမူကြောင့်ပျံ့နှံ့ လာခဲ့ပါတယ်..။
ဘေးဂျင်း..။
တရုတ်ဆေးပညာ အဖွဲ့အစည်း..။
ကျို့ချင်းချင်..အင်တာနက်ပေါ်က သတင်းတွေကို ကြည့်ပြီးနောင်တ ရသလို ခံစားလိုက်ရတယ်..။
"မင်းတို့ ကြည့်ကြပါဦး..။ဒါက တရုတ်ဆေးပညာရဲ့ ရွှေရောင် အခြေအနေပဲ..။လူတွေ အများကြီးက ကုသဖို့ တန်းစီ နေကြတာ..။မင်းတို့ ဒါမျိုး ဖြစ်လာလိမ့်မယ် လို့ မျှော်လင့်ထားခဲ့ဖူးလား..."
ကျန်တဲ့ လူတွေဟာ ခေါင်းခါယမ်း လိုက်ကြပါတယ်..။အခြေအနေတွေက..သူတို့ စိတ်ထဲမှာ ရှိတဲ့ ဖြစ်နိုင်ခြေတွေထက်..ပိုပြီး..ကျော်လွန်နေခဲ့တာပါ..။သူတို့ အကုန်လုံးက တရုတ်ဆေးပညာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်တာကြောင့်.. ဆေးပညာဆိုင်ရာ ပရဟိတ လုပ်ဖူးကြပါတယ်...။
သို့ပေမယ့် နတ်ဆေးဆရာလေးရဲ့ ဆေးဘက်ဆိုင်ရာ ပရဟိတ နဲ့ ယှဥ္လိုက်ရင် ကွာခြားမူက မိုးနဲ့မြေ လိုပါပဲ.။
"ငါ တကယ်နောင်တရ မိတယ်..။ဒီလို ဖြစ်လာမယ် မှန်း သိရင်..ငါ သူတို့ နဲ့လိုက်သွားပါတယ်.."
ကျို့ချင်းချင် ပြောလိုက်တာပါ..။
အခုလို ခံစားချက်မျိုးကို ကျို့ချင်းချင် တင်ဖြစ်နေတာ မဟုတ်ပါဘူး..။ဒုတိယ ဥက္ကဌ ..ဝမ်တန်ဖေး ပါ ..ခံစား နေရတာပါ..။ဒီလို အခြေအနေက..ရှားပါးပေမယ့်လည်း သူတို့ရဲ့ မျက်စိရှေ့မှာတင် လက်လွှတ်လိုက်ရပါပြီ..။
တကယ်လို့ သူတို့မှာသာ နောက်တစ်ခါ အခွင့်အရေးရှိရင် ကျိန်းသေ လိုက်သွားမိမှာပါ..။
ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီတွင်..။
ဆေးနွေးမူတွေဟာ ပြင်းထန်နေ ခဲ့ပါတယ်..။
"အံ့ဩစရာပဲ..ဒါရိုက်တာကျိူးနဲ့ ကျန်တဲ့ လူတွေ တကယ် အံ့ဩဖို့ ကောင်းတယ်..။ကျောင်းနင် မှာရှိတဲ့ သူတို့ရဲ့ဆေးခန်းက ကျော်ကြားနေပြီ.."
"ချီးပဲ..အံ့ဩစရာပဲ..။ငါ ချီဂျီ နဲ့ ကျန်းတုန်တုန် ကို..သိတယ်..။အင်တာနက်မှာတောင် သူတို့ တရုတ်ဆေးပညာရဲ့ အလားအလာအရှိဆုံး လူငယ်သမားတော် တွေ အဖြစ် ဖော်ပြနေပြီ.."
"ချီးပဲ..အဲလိုမှန်းသိရင်..ငါလည်းလိုက်သွားပါတယ်..။နောင်တရစရာပဲ.."
"အကုန်လုံးမှာ အခွင့်အရေး ရှိခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ နှစ်ယောက်ပဲ အခွင့်အရေး ရခဲ့တယ်လေ..။ဘယ်သူမှ မသွားချင်ခဲ့ကြဘူး.."
"တရုတ်ဆေးပညာက ဒီလောက်အထိ ဆန်းကျယ်တာလား.."
"ငါ အင်တာနက် သတင်းဖတ်ရတာတော့..ဆေးရုံက လက်လျော့ထားတဲ့ လူနာတွေတောင်..သူတို့ကုသပေးလိုက်တာ ပြန်ကောင်းသွားတယ်တဲ့.."
"ငါ အခုမသေချာ တော့ဘူး..။ငါ တရုတ်ဆေးပညာကို ဆက်လေ့လာသင့်လား..အနောက်တိုင်း ဆေးပကို ပြောင်းသင့်လား.."
"ငါရောပဲ..ဘယ်တစ်ခုကို ရွေးရမလဲ မသိတော့ဘူး
."
"တကယ်လို ငါတို့ အနောက်တို်င်းဆေးပညာကို ပြောင်းပြီးမှ တရုတ်ဆေးပညာက အရမ်းအောင်မြင်လာရင် နောက်တစ်ကြိမ် နောင်တရလိမ့်မယ်.."
"ဟုတ်တယ်..ငါဘာမှ မပြောတော့ဘူး..ဒါရိုက်တာ ကျိူးက တကယ်အံ့ဩတဲ့ လူတစ်ယောက်ပဲ..။ငါတို့ တက္ကသိုလ်က အကောင်းဆုံး..။လတ်တလောမှာတင် ငါတို့ ဆီကို ဂျာနယ်လစ်တွေ သတင်းထောက် တွေ အများကြီး လာနေကြတယ်..။ဌာနတိုင်းရဲ့ အကြီးအကဲ တွေတောင် သူတို့ကို ပြန်ဖြေရင်းနဲ့ အလုပ်ရှုပ်နေကြတာ..."
နတ်ဆေးဆရာလေးရဲ့..ဆေးခန်း ကျော်ကြားလာပြှီးနောက်မှာ လူထုဟာလည်း..တရုတ်ဆေးပညာနဲ့ အနောက်တိုင်း ဆေးပညာကို စတင်ပြီး နှိုင်းယှဥ္လာခဲ့ကြပါတယ်..။