← Chapters

အခန်း (၁၁၆၃)

Vol. 84 Ch. 1163

အခန်း (၁၁၆၃)

Vol. 84 Ch. 1163

“ငါတို့ရဲ့ နတ်ဘုရားရင်းမြစ်နန်းတော်မှာ ဒါဇင်ချီတဲ့ ရတနာတွေ ရှိနေတယ်။ ငါတို့က နတ်ဘုရားလောကမှာ အသန်မာဆုံးဂိုဏ်းတွေထဲက တစ်ခုပဲ။ ပြီးတော့ တာအိုဂိုဏ်းတွေကို ထိန်းချုပ်ထားတယ်”

စကားပြောလိုက်‌သောလူက အစိမ်းရောင်တာအိုဝတ်စုံနှင့် အသက်ငါးဆယ်အရွယ် လူတစ်ဦး ဖြစ်သည်။ သူက မောက်မာပုံရပြီး နတ်ဘုရားကလန်၏ နည်းစနစ်ကို ကျင့်ကြံထားသည်။ သူက ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသည်။

သူ့နာမည်က တာအိုတန်ခိုးရှင်စုယွီဖြစ်ပြီး ရွှေတောင်ထွတ်တွင် ယှဉ်ပြိုင်မည့်လူများကို လမ်းညွှန်ပေးရန်အတွက် နတ်ဘုရားရင်းမြစ်နန်းတော်က တာဝန်ပေးထားသည်။

တာအိုတန်ခိုးရှင်စုယွီက ဟန်မူယဲ့နှင့် တခြားလူများကို စာရင်းသွင်းရန် ကူညီပေးလိုက်ပြီး နတ်ဘုရားလောက၏အကြောင်းကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေသည်။

အထူးသဖြင့် နတ်ဘုရားရင်းမြစ်နန်းတော်၏ အကြောင်းကို ပြောပြနေသည်။

“မင်းတို့တွေ အရင်ဆုံး စာရင်းပေးထားလို့ရတယ်။ နတ်စွမ်းအားသလင်းကျောက် တစ်သောင်းပေးလိုက်တာနဲ့ နတ်ဘုရားရင်းမြစ်နန်းတော်ရဲ့ အရံတပည့် ဖြစ်နိုင်တယ်”

“မင်းတို့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် နန်းတော်ကို ဝင်ရောက်လိုက်တာနဲ့ သေချာပေါက် တိုးတက်လာလိမ့်မယ်။ အတွင်းစည်းဂိုဏ်းသားတွေ ဖြစ်သွားလိမ့်မယ်”

တာအိုတန်ခိုးရှင်စုယွီအပြင် နတ်ဘုရားရင်းမြစ်နန်းတော်၏ တခြားတပည့်များကလည်း အင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် အကောင်းဆုံးကြိုးစားနေကြသည်။

နတ်ဘုရားရင်းမြစ်နန်းတော်က နတ်ဘုရားလောကတွင် အသန်မာဆုံးတာအိုဂိုဏ်း ဖြစ်သည်။

သူတို့က ကမ္ဘာအနှံ့တွင်ရှိသော ကျွမ်းကျင်သူများကို စုစည်းထားသည်။

သို့သော် နတ်စွမ်းအားသလင်းကျောက် တစ်သောင်းသည် များပြားလွန်းသည်။

အင်မော်တယ်ကမ္ဘာမှ ဂိုဏ်းကြီးများ၏ တိုက်ရိုက်တပည့်များကပင် နတ်စွမ်းအားသလင်းကျောက် တစ်သောင်းကို ထုတ်ပေးနိုင်မည်မဟုတ်ပေ။

“တာအိုတန်ခိုးရှင်စုယွီ၊ နတ်ဘုရားရင်းမြစ်နန်းတော်ကို ဝင်ရောက်ဖို့ နောက်ပိုင်းမှာ ဆွေးနွေးကြည့်လိုက်ပါမယ်”

ဟန်မူယဲ့က ပြောလိုက်ပြီး နတ်စွမ်းအားသလင်းကျောက် နှစ်ခုကို ထုတ်ပေးသည်။

“တာအိုရောင်းရင်း၊ ငါတို့ အနားယူပြီး ကျင့်ကြံလို့ရမယ့်နေရာကို စီစဉ်ပေးပါ”

ဟန်မူယဲ့က စကားပြောလိုက်ပြီး အိတ်တစ်လုံးကို ထုတ်ပေးသည်။ ထိုအိတ်ထဲတွင် နတ်စွမ်းအားသလင်းကျောက်နှစ်ရာ ရှိနေသည်။

မကျေမနပ်ဖြစ်နေသော တာအိုတန်ခိုးရှင်စုယွီက နတ်စွမ်းအားသလင်းကျောက်နှစ်ရာကို မြင်လိုက်ရသောအခါတွင် ပြုံးသည်။

“တခြားအင်အားစုတွေအကြောင်းကိုလည်း စုံစမ်းပေးပါအုံး”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

သူ့စကားကြောင့် တာအိုတန်ခိုးရှင်စုယွီက ရယ်လိုက်သည်။

“စိတ်မပူပါနဲ့။ ဒါကို ငါတို့က လုပ်ပေးရမှာပေါ့”

“ပြိုင်ပွဲတိုင်းမှာ အင်အားစုတွေအကြောင်းကို စုံစမ်းလေ့ရှိတယ်”

တာအိုတန်ခိုးရှင်စုယွီက တီးတိုးပြောသည်။

“ငါတို့က လောင်းကြေးထပ်တာလည်း လုပ်သေးတယ်”

‘လောင်းကြေးထပ်တာလား’

ဟန်မူယဲ့က ထိုအကြောင်းကို သိထားသည်။ နတ်ဘုရားလောက၏ အင်အားစုများက လောင်းကြေးထပ်ရာတွင် ပါဝင်ကြသည်။ တချို့ဆိုလျှင် အလွန်များပြားသောပမာဏကို လောင်းကြေးထပ်ကြသည်။

အင်မော်တယ်ကမ္ဘာ၏ အားကောင်းသော ကျင့်ကြံသူများလည်း ပါဝင်ကြသည်။

လုံလောက်သော နတ်စွမ်းအားသလင်းကျောက်ကို အနိုင်ရခဲ့လျှင် နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်သောအခါ အသုံးချနိုင်လိမ့်မည်။

လူတိုင်းက နတ်ဘုရားကမ္ဘာသို့ မဝင်ရောက်ဘဲ သန်းထောင်ချီချမ်းသာနေသော ဟန်မူယဲ့နှင့် မတူကြပေ။

အင်မော်တယ်ကမ္ဘာ၏ သန်မာသောဂိုဏ်းအများစုအတွက် နတ်စွမ်းအားသလင်းကျောက် သောင်းချီ၊ သိန်းချီရှိနေလျှင် ကောင်းမွန်သည်ဟု ပြောနိုင်သည်။

နတ်ဘုရားကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာများသည် အဆက်အသွယ်သိပ်မရှိသောကြောင့် နတ်စွမ်းအားသလင်းကျောက်ကို ရရှိရန် ခက်ခဲသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

‘ကောင်းပါပြီ။ အဲဒါဆိုရင် တာအိုရောင်းရင်းကိုပဲ ဒုက္ခပေးရတော့မယ်။ သတင်းအချက်အလက်က ပြည့်စုံရင် ကံစမ်းကြည့်ချင်ပါတယ်”

ထိုစကားကြောင့် တာအိုတန်ခိုးရှင်စုယွီ၏ အပြုံးက ပိုမိုထင်ရှားလာသည်။

လောင်ကြေးများလျှင် ပွဲစားခ ပိုရလိမ့်မည်။

တာအိုတန်ခိုးရှင်စုယွီက ဟန်မူယဲ့နှင့် တခြားလူများကို စခန်းထဲသို့ ‌ခေါ်ဆောင်သွားခဲ့သည်။ ခရီးပန်းလာသော ဖူယွီအင်မော်တယ်ကမ္ဘာ၏ လက်ရွေးစင်များက တိတ်ဆိတ်စွာ အနားယူလိုက်ကြသည်။

ဟန်မူယဲ့က ကျယ်ဝန်းသော ခြံဝိုင်းထဲမှ ထွက်လာခဲ့သည်။

လူတိုင်းက အနားယူနေခြင်းမဟုတ်ပေ။

ခြံဝိုင်း၏အပြင်ဘက်တွင် လူအများအပြားသည် ရတနာများကို ထုတ်ယူပြီး အရောင်းအဝယ်လုပ်နေကြသည်။

သူတို့က နောက်ဆုံးအချိန်ကို အခွင့်ကောင်းယူပြီး ခွန်အားတိုးလာအောင် ကြိုးစားနေကြသည်။

လူတချို့ကတော့ မဟာမိတ်ရှာနေသည်။

ဟန်မူယဲ့၏ စာရင်းသွင်းထားသော ကတ်ပြားသည် အုပ်စုလေး၊ နံပတ် ၉၁၆ ဖြစ်သည်။ ထို့ကြောင့် သူတို့က လေးခုမြောက် စမ်းသပ်ရေးကွင်း၏ အုပ်စုကိုးရာကျော်တွင် ပါဝင်သည်။

အကယ်၍ သူက တူညီသောအုပ်စုမှ ကျင့်ကြံသူများနှင့် ဆုံတွေ့ခဲ့လျှင် တိတ်ဆိတ်စွာ ပူးပေါင်းထားနိုင်သည်။

သို့သော် ဟန်မူယဲ့က မဟာမိတ်ဖွဲ့ရန် ရောက်လာခြင်းမဟုတ်ပေ။ လူတချို့ကို လာရှာခြင်းဖြစ်သည်။

သူ့လက်ထဲတွင်ရှိသော အဆောင်လက်ဖွဲ့သည် အလင်းတန်းကို ထုတ်လွှတ်ပြီး သူ့ကို လမ်းပြနေသည်။

ဆယ့်ငါးမိနစ်အကြာတွင် သူက ခြံဝိုင်းတစ်ခုရှေ့၌ ရပ်လိုက်သည်။

“ယွင်လန်ဓားအင်မော်တယ်ကို နှုတ်ဆက်ပါတယ်”

တံခါးတွင်ရှိနေသောလူက ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး အထဲသို့ ခေါ်သွားသည်။

ခြံဝိုင်းထဲတွင်ရှိသော ဝတ်ရုံရှည်နှင့် ကျင့်ကြံသူသုံးရာက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကြပြီး ဟန်မူယဲ့ကို နှုတ်ဆက်သည်။

သူတို့က မဟာတောရိုင်းကမ္ဘာမှ ဟန်မူယဲ့နှင့်အတူပါလာသော အင်မော်တယ်သခင်သုံးရာ ဖြစ်သည်။

သူတို့က ရွှေတောင်ထွတ်ပြိုင်ပွဲတွင် ဟန်မူယဲ့ကို ကူညီပေးကြလိမ့်မည်။

သူတို့က မဟာတောရိုင်းကမ္ဘာတွင် မွေးဖွားလာကြသည်။ သူတို့က အပြင်လောကသို့ ရောက်လာသောအခါ ရွှေတောင်ထွတ်တွင် ပါဝင်ယှဉ်ပြိုင်ရန် အဆင့်မီသော အင်မော်တယ်သခင်များ ဖြစ်နေကြသည်။

ဤတစ်ကြိမ်တွင် သူတို့က အင်မော်တယ်ကမ္ဘာတစ်ခုကို ကိုယ်စားပြုပြီး ဤနေရာသို့ ရောက်လာခဲ့သည်။

အင်မော်တယ်ကမ္ဘာများတွင်ရှိသော လူဦးရေအတိအကျကို မည်သူက သိနိုင်မည်နည်း။

ခဏအကြာတွင် အဝါရောင်ချပ်ဝတ်နှင့် ဟွမ်ကျစ်ဟူ၊ အနီရောင်ချပ်ဝတ်နှင့် ရွှေမီးတောက်၊ ဓားတစ်လက်လွယ်ထား‌သော လင်းရှန်တို့က တိတ်ဆိတ်စွာ ရောက်လာကြသည်။

ဤတစ်ကြိမ်တွင် ‌ကောင်းကင်တစ်သောင်းမြို့တော်က လူသုံးထောင်ကျော်ကို စေလွှတ်ခဲ့သည်။

ရွှေတောင်ထွတ်၏စည်းမျဉ်းအရ အင်မော်တယ်ကမ္ဘာတစ်ခုသည် အများဆုံး လူငါးထောင်ကိုသာ စေလွှတ်နိုင်သည်။ ထို့ကြောင့် ကောင်းကင်တစ်သောင်းမြို့မှ လူများသည် ပျက်စီးသွားသော အင်မော်တယ်ကမ္ဘာများ၏ နာမည်အောက်တွင် အုပ်စုဆယ်စုခွဲပြီး ရောက်လာကြသည်။

အမှန်အတိုင်းပြောရလျှင် ထိုနည်းလမ်းကို အသုံးပြုပြီး ရွှေတောင်ထွတ်သို့ ရောက်လာသော လူအများအပြား ရှိနေသည်။

လူတချို့၏ အထောက်အထားက ထူးခြားသည်။ တချို့ကတော့ နောက်ခံကောင်းသည်။ တချို့ကတော့ အင်မော်တယ်ကမ္ဘာများနှင့် မပတ်သတ်ချင်ပေ။ ထို့ကြောင့် ထိုနည်းလမ်းမျိုးကို အသုံးပြုလေ့ရှိသည်။

နတ်ဘုရားကမ္ဘာတွင်ရှိသော လူအနည်းငယ်ကလည်း ထိုနည်းလမ်းကို အသုံးပြု၍ ပြိုင်ပွဲတွင် ဝင်ပါတတ်ကြသည်။

ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာတွင် မရေမတွက်နိုင်သော ကမ္ဘာများ ရှိကြသည်။ ဂိုဏ်းကြီးများမှလွဲ၍ အင်အားစုအများအပြားက အခြေအနေမကောင်းကြပေ။

ဟန်မူယဲ့သိထားသော သတင်းများအရ မဟူရာချပ်ဝတ်ဂိုဏ်းက လောင်းကြေးထပ်ရန်အတွက် ရွှေတောင်ထွတ်သို့ လူလွှတ်ထားသည်။

စည်းကမ်း‌ဟောင်းအတိုင်း ဟန်မူယဲ့၏ နာမည်အောက်တွင်ရှိသော လူတိုင်းသည် အမှတ်အသားကို လက်ခံလိုက်ကြသည်။

ရွှေကျီးကန်းမီးတောက်သည် ဝိညာဉ်နှင့်ခန္ဓာကို သန့်စင်ပေးရုံသာမက အထောက်အထားအဖြစ်လည်း အသုံးပြုနိုင်သည်။

ဟန်မူယဲ့က ခြံဝိုင်းထဲမှ ထွက်လာပြီး တခြားခြံဝိုင်းတစ်ခုဆီသို့ သွားလိုက်သည်။

မဟာတောရိုင်းကမ္ဘာ၏ အပျက်အစီးနယ်မြေတွင် ကောင်းကင်နီကမ္ဘာမှ မီးတောက်နီဓားဂိုဏ်း၏ ယန်တင်းထျန်သည် ပြန်ထွက်မလာခဲ့ပေ။

သို့သော် သူက သန့်စင်ထားသော ကောင်းကင်နေမင်းဓားကို ဟန်မူယဲ့ဆီ ပေးလိုက်ပြီး မီးတောက်နီဓားဂိုဏ်း၏ လူများဆီသို့ ယူသွားပေးရန် တောင်းဆိုခဲ့သည်။

ထိုဓားသည် ထိပ်တန်းအဆင့်ရတနာ ဖြစ်သည်။

“ဖူယွီအင်မော်တယ်ကမ္ဘာကလား”

ခြံဝိုင်း၏ရှေ့တွင် စောင့်ကြပ်နေသော ကျင့်ကြံသူက အေးစက်နေသော မျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်နေသည်။

“မင်းတို့ ဖူယွီအင်မော်တယ်ကမ္ဘာက အဆင့်နိမ့်ကမ္ဘာ မဟုတ်ဘူးလား”

“ငါတို့နဲ့ ပူးပေါင်းချင်တာလား”

“မင်းက အဆင့်မီလို့လား”

အင်မော်တယ်ကမ္ဘာ သုံးသောင်းကျော် တည်ရှိသည်။ ထိုကမ္ဘာများထဲတွင် တချို့က အင်မော်တယ်သခင် ငါးရာကျော်ကို ပိုင်ဆိုင်ထားကြသည်။

ထိုကမ္ဘာများသည် အဆင့်မြင့်အင်မော်တယ်ကမ္ဘာ ဖြစ်ပြီး အင်မော်တယ်ဘုရင်များ၏ ထောက်ပံ့မှုကို ရရှိထားသည်။

နတ်ဘုရားကမ္ဘာတွင်လည်း အဆက်အသွယ်များကို ပိုင်ဆိုင်သည်။

အင်မော်တယ်လောကတွင် ထိုကမ္ဘာမျိုး တစ်ရာခန့်သာရှိသည်။

အင်မော်တယ်သခင်တစ်ရာနှင့် သုံးရာကြား ပိုင်ဆိုင်ထားသော ကမ္ဘာများသည် အလယ်အလတ်အဆင့် ဖြစ်သည်။ ထိုကမ္ဘာမျိုး တစ်ထောင်ခန့်ရှိသည်။

ကျန်ရှိနေသော ကမ္ဘာများအားလုံးက အဆင့်နိမ့်ဖြစ်ကြသည်။

အဆင့်နိမ့်အင်မော်တယ်ကမ္ဘာများသည် ကွဲပြားကြသည်။

အင်မော်တယ်သခင် တစ်ရာခန့် ပိုင်ဆိုင်ထားလျှင် အားကောင်းသည်။

အင်မော်တယ်သခင် ငါးဆယ်အောက်ဆိုလျှင်တော့ အဆင့်အနိမ့်ဆုံး ဖြစ်သည်။

ကျန်းယွမ်အင်မော်တယ်ကမ္ဘာသည် အဆင့်နိမ့်ကမ္ဘာ ဖြစ်ခဲ့သည်။

ယခင်က ဖူယွီအင်မော်တယ်ကမ္ဘာသည်လည်း အင်မော်တယ်သခင်ငါးဆယ်ကို မပိုင်ဆိုင်ခဲ့ပေ။

“ငါက ယန်ချီလင်းနဲ့ တွေ့ချင်တယ်”

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

သူ့အသံသည် ဝိညာဉ်ကို တုန်ခါသွားစေနိုင်သည်။ မူလဝိညာဉ်ဓား၏ စွမ်းအားကြောင့် တံခါးကို စောင့်ကြပ်နေသော ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူက တုန်ခါသွားသည်။ သူက ခြံဝိုင်းထဲသို့ ဝင်သွားခဲ့သည်။

ခဏအကြာတွင် အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသော ပုံရိပ်တချို့ ရောက်လာကြသည်။

“ဘယ်သူက လာရှုပ်နေတာလဲ”

‘မင်းက ရဲတင်းတာပဲ။ ဒီလိုအပြုအမူက ပြဿနာဖြစ်စေနိုင်တာကို မသိဘူးလား”

စကားပြောလိုက်သောလူများက အင်မော်တယ်သခင်အဆင့်တွင် ရှိနေကြသည်။ သူတို့၏ ခန္ဓာကိုယ်တွင်ရှိသော အင်မော်တယ်အလင်းက သိပ်သည်းနေသည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“ကျွန်တော်က ယန်ချီလင်းပါ”

ယန်ချီလင်းက ယန်တင်းထျန်၏သား ဖြစ်ပြီး မီးတောက်နီဓားဂိုဏ်း၏ ခေါင်းဆောင်ငယ် ဖြစ်သည်။

သူက အားမနည်းပေ။ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။

သို့သော် ကောင်းကင်နီအင်မော်တယ်ကမ္ဘာတွင် မီးတောက်နီဓားဂိုဏ်း၏ အခြေအနေက ကမောက်ကမ ဖြစ်နေသည်။ ယန်တင်းထျန်နှင့် တခြားလူများက ‌ရွှေတောင်ထွတ်တွင် ယှဉ်ပြိုင်ရန် ပြန်ရောက်မလာခဲ့ပေ။

ထို့ကြောင့် ယန်ချီလင်းက အားတင်းပြီး ဤနေရာသို့ ရောက်လာခဲ့သည်။

“မင်းကို ဒါပေးဖို့ တစ်ယောက်ယောက်က ပြောလိုက်တယ်”

ဟန်မူယဲ့က လက်မြှောက်သည်။ ရွှေအလင်းတစ်ခုသည် ယန်ချီလင်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ တိုးဝင်သွားသည်။

တခြားလူများ မတုံ့ပြန်နိုင်ခင် ရွှေအလင်းက ပျောက်ကွယ်သွားသည်။

‘မင်းက ဘယ်သူလဲ”

“ရဲတင်းလိုက်တာ”

“ထူးခြားသလိုမျိုး ကြိုးစားမနေနဲ့”

အင်မော်တယ်သခင်များက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် ကောင်းကင်စု‌ပေါင်းကုန်းမြေ၏ စည်းကမ်းကြောင့် မတိုက်ခိုက်ရဲကြပေ။

ယန်ချီလင်း၏မျက်နှာက ရှုပ်ထွေးနေသည်။ ထို့နောက် မျက်လုံးပြူးသွားသည်။

သူက ထိတ်လန့်စိတ်ကို ဖိနှိပ်ထားပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ငါ့နာမည်က ဟန်မူယဲ့။ ငါက ဖူယွီအင်မော်တယ်ကမ္ဘာကပဲ”

ဟန်မူယဲ့က ထိုသို့ပြောလိုက်ပြီး လှည့်ထွက်သွားသည်။

“ဖူယွီအင်မော်တယ်ကမ္ဘာလား။ ဟမ့် ....”

“ချီလင်း၊ ဘာဖြစ်နေတာလဲ”

“အဲဒီလူက ဘာတဲ့လဲ”

တချို့က ယန်ချီလင်းကို မေးလိုက်သည်။ တချို့က ထွက်သွားသော ဟန်မူယဲ့၏ပုံရိပ်ကို ကြည့်နေကြသည်။

ယန်ချီလင်းက ခေါင်းခါလိုက်ပြီး ကိုယ်ပိုင်အခန်းဆီသို့ ဦးတည်လိုက်သည်။

“ဟမ့်၊ ယန်တင်းထျန်ရဲ့ လွှမ်းမိုးခဲ့တဲ့အချိန်တွေကို တွေးနေတုန်းပဲ”

လူတချို့က ရေရွတ်လိုက်သည်။

“ဆက်မပြောနဲ့တော့။ ဒီတစ်ကြိမ်မှာ မီးတောက်နီဓားဂိုဏ်းက တစ်ယောက်တည်းလာတာမဟုတ်ဘူး”

လူတစ်ယောက်က လျင်မြန်စွာ တားဆီးလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ။ ယန်တင်းထျန်မရှိရင် မီးတောက်နီဓားဂိုဏ်းက ကောင်းကင်နီအင်မော်တယ်ကမ္ဘာရဲ့ နံပတ်တစ်ဂိုဏ်း မဟုတ်တော့ဘူး”

လူတစ်ယောက်က လှောင်ပြောင်လိုသော မျက်နှာထားဖြင့် ပြောလိုက်သည်။

တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လူစုခွဲသွားသည်။

အခန်းထဲသို့ပြန်ရောက်လာသော ယန်ချီလင်းက တစ်ကိုယ်လုံး တုန်ခါနေသည်။

ရွှေရောင်ဓားတစ်လက်သည် သူ၏ စိတ်နယ်ပယ်ထဲတွင် တောက်ပနေသည်။

ရွှေကျီးကန်းမီးတောက်သည် လေထုထဲတွင် လွင့်မျောနေသည်။

သူက ထိုပစ္စည်းများကို လွယ်ကူစွာ သန့်စင်နိုင်ခဲ့သည်။

ထိုပစ္စည်းများနှင့်အတူ သတင်းအချက်အလက်များကိုလည်း သိလိုက်ရသည်။

ဓားရှည်သည် ကမ္ဘာတစ်ခုကို အသုံးပြု၍ သူ၏အဖေ၊ ယန်တင်းထျန် သန့်စင်ထားသော ကောင်းကင်နေမင်းဓား ဖြစ်သည်။

ဓားသည် ထိပ်တန်းအဆင့်ရတနာတစ်ပါးဖြစ်ပြီး ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

ထိုဓားမှတစ်ဆင့် အားကောင်းပြီး ပူလောင်သော နေမင်းစွမ်းအားသည် သူ၏ ဝိညာဉ်သွေးကြောထဲသို့ စီးဝင်လာသည်။ ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအပြင် နတ်စွမ်းအားများသည် သူ့ကို လွှမ်းခြုံသွားသည်။

All Chapters