အခန်း (၁၁၆၈)
Vol. 84 Ch. 1168
“အဲဒီအလင်းလွှာက ဖိအားတစ်ခုကို ထုတ်လွှတ်ထားတယ်။ လူတိုင်းရဲ့ ခွန်အားက တစ်ထောင်ပုံတစ်ပုံအထိ လျော့ကျသွားလိမ့်မယ်”
“အဲဒီလိုအခြေအနေမှာတောင် ဒီလိုနည်းလမ်းမျိုးကို ထုတ်သုံးနိုင်တယ်ဆိုတော့ သူက အစစ်အမှန် ကျွမ်းကျင်သူတစ်ယောက်ပဲ”
အလင်းလွှာကို စောင့်ကြည့်နေသော လူများက တိတ်ဆိတ်သွားကြသည်။
အင်မော်တယ်လောကဖြစ်စေ၊ နတ်ဘုရားလောက ဖြစ်စေ လူတိုင်း၏ ကျင့်ကြံဆင့်သည် ခွန်အားနှင့် မတူညီကြပေ။
အင်အားစုအသီးသီး၏ အဆင့်မြင့်ပုဂ္ဂိုလ်များသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် မတိုက်ခိုက်ခဲ့ရပေ။ သူတို့က နက်နဲသောကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားသည်။ သို့သော် သူတို့၏ ခွန်အားက ကျင့်ကြံဆင့်နှင့် မကိုက်ညီပေ။
ဟန်မူယဲ့နှင့် တခြားလူများ၏တိုက်ပွဲကို မြင်လိုက်ရသောအခါ ပြတ်သားသည့် လှုပ်ရှားမှုက သူတို့ကို ထိတ်လန့်သွားစေသည်။
ထိုအကြောင်းပြချက်ကြောင့် ရွှေတောင်ထွတ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားများကို ရွေးထုတ်ချင်သည်။
နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်လာသော လူများနှင့် ပျောက်ကွယ်သွားသော လူများကိုတော့ အပြင်လူများက မသိနိုင်ကြပေ။
“ဘုန်း”
ဟန်မူယဲ့က လေထုထဲတွင် ပေါ်လာသည်။ လက်သီးပုံရိပ်က ဆင်းသက်လာခဲ့သည်။
လက်သီးပုံရိပ်ကြောင့် လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး အလင်းလွှာများအားလုံးကို မှုန်ဝါးသွားစေသည်။
ထိုလက်သီးချက်သည် အင်မော်တယ်သခင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နိုင်သည်။
“ဖိနှိပ်စမ်း”
မီးတောက်နီချပ်ဝတ်နှင့် လေးကိုင်းတစ်ခုကို ပိုင်ဆိုင်ထားသောလူက အော်ဟစ်လိုက်သည်။
သူ့ရှေ့တွင်ရှိသော လေဟာနယ်က ချက်ချင်း အေးခဲသွားသည်။
နတ်ဘုရားစွမ်းရည် ....
သူက နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံထားသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
ထို့အပြင် ထိုနတ်ဘုရားစွမ်းရည်သည် ခုခံရန် မဖြစ်နိုင်သော အားကောင်းသည့် လေဟာနယ်စွမ်းအင်နှင့် သက်ဆိုင်နေသည်။
သူက အသန်မာဆုံး အင်မော်တယ်သခင်တွေထဲက တစ်ယောက်ဖြစ်တဲ့ တုချီယုပဲ”
လူတစ်ယောက်က ကမ္ဘာများကြားတွင် နာမည်ကြီးသော ထိုအင်မော်တယ်သခင်ကို သတိထားမိသွားသည်။
“သူက စကားတစ်ခွန်းနဲ့ လေဟာနယ်ကို ဖိနှိပ်နိုင်တယ်လို့ နာမည်ကြီးတဲ့ တုချီယုပဲ။ ထိပ်တန်းအဆင့် အင်မော်တယ်သခင်တစ်ယောက်ပဲ”
အလင်းလွှာ၏ရှေ့တွင် တီးတိုးစကားသံ ပေါ်ထွက်လာသည်။
“တုချီယုနဲ့ ဟန်မူယဲ့က တိုက်ခိုက်တော့မှာလား။ ဒါက တကယ် ....”
အလင်းလွှာများပေါ်တွင် လက်သီးပုံရိပ်က ချိပ်ပိတ်ခံထားရသော လေဟာနယ်ဆီသို့ ကျဆင်းလာသည်။ လက်သီးပုံရိပ်က အနည်းငယ် ယိမ်းယိုင်သွားပုံပေါ်သည်။
စည်းမျဉ်းစွမ်းအားအနည်းငယ် ပါဝင်နေသော နတ်ဘုရားစွမ်းရည်သည် အင်မော်တယ်သခင်အဆင့်တွင် ပြိုင်ဘက်ကင်းသည်။
လက်သီးပုံရိပ်၏နောက်တွင် ဟန်မူယဲ့က စစ်နတ်ဘုရားတစ်ပါးကဲ့သို့ တည်ငြိမ်စွာ ရှိနေသည်။
သူ့ရှေ့တွင်ရှိသော လေဟာနယ်က တုန်ခါလာသည်။
ဗလာဖြစ်နေသော ကောင်းကင်နှင့် မြေကြီးသည် မှန်တစ်ချပ်သဖွယ် ကွဲထွက်သွားသည်။
“ဘန်း”
ပေတစ်ထောင်ပတ်ဝန်းကျင်သည် တောက်ပနေသော ပုလဲလုံးများအဖြစ် ပြောင်းလဲပြီး နေရာအနှံ့သို့ ဖြာထွက်သွားသည်။
ထိုပုလဲလုံးများသည် တည်နေရာကို အက်ကွဲသွားစေခဲ့သည်။
ပုလဲလုံးအများစုသည် တုချီယုဆီသို့ ရောက်သွားကြသည်။
မရေမတွက်နိုင်သော ပုလဲလုံးများသည် ပေါက်ကွဲပြီး တုချီယု၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်သည်။
လူတိုင်း၏အမြင်တွင် တုချီယု၏ ခန္ဓာကိုယ်က ဗလာဖြစ်နေသော အပေါက်များဖြင့် ပြည့်နေသည်။
သူက မျက်လုံးပြူးနေပြီး ရှေ့တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ခလွမ်”
သူ၏ တစ်ကိုယ်လုံးက ပျောက်ကွယ်သွားသည်။ လေးကိုင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
အင်မော်တယ်သခင်သည် ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်၏ တန်ပြန်သက်ရောက်မှုကို ခံလိုက်ရသည်။
အလင်းလွှာကို ကြည့်နေသော လူတိုင်းက တိတ်ဆိတ်သွားသည်။
ဤလောကတွင် အင်မော်တယ်ဘုရင်များသည် အထွတ်အထိပ်တွင် ရှိနေသည်။ အလင်းလွှာကိုကြည့်နေသော လူအများစုက အင်မော်တယ်သခင်များ ဖြစ်ကြသည်။
ဟန်မူယဲ့က လက်သီးတစ်ချက်ဖြင့် အင်မော်တယ်သခင်ကို သတ်ဖြတ်လိုက်သောအခါ သူတို့အားလုံး၏ မျက်နှာထားက ရှုပ်ထွေးနေသည်။
‘ငါတို့က အဲဒီလက်သီးချက်ကို ခုခံနိုင်မှာလား’
“ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ငှားယူပြီး နတ်ဘုရားစွမ်းရည်ကို ချိုးဖျက်လိုက်တယ်”
လူတချို့က ဟန်မူယဲ့၏ လက်သီးချက်ကို ထွင်းဖောက်မြင်နိုင်ပြီး တီးတိုးပြောလိုက်သည်။
သူက အလင်းလွှာ၏ဖိအားကို ချိန်ညှိပြီး လက်သီးချက်တွင် စုစည်းခဲ့သည်။ ထို့နောက် လေဟာနယ်အတားအဆီးကို ချိုးဖျက်လိုက်သည်။
ဤနေရာတွင်ရှိနေသော ဖိအားသည် အလွန်ပြင်းထန်လိမ့်မည်ဟု တုချီယုက ထင်မထားခဲ့ပေ။ ထို့ကြောင့် သူ၏ နတ်ဘုရားစွမ်းရည်ကို အပြည့်အဝ ထုတ်မသုံးနိုင်ခဲ့ပေ။ ထို့အပြင် ဟာကွက်ကို တိုက်ခိုက်ရန် ဟန်မူယဲ့ကို အခွင့်အရေးပေးမိပြီး သူက တစ်ချက်တည်း ပျောက်ကွယ်သွားရသည်။
သွေးရောင်အလင်းစက်ကွင်းသည် ဟန်မူယဲ့၏ ကိုယ်တွင် ပေါ်လာသည်။ သူက လက်သီးချက်ကြောင့် လွင့်ထွက်သွားသော အင်မော်တယ်သခင်ကို လှမ်းကြည့်သည်။
ထိုလူ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက အံကြိတ်ထားပြီး အသက်ရှူသွင်း၍ အဝေးသို့ ပျံသွားသည်။
သို့သော် သူက အလင်းလွှာဆီသို့ ရောက်လာပြီး ရိုက်ချလိုက်သောအခါ မျက်နှာထားပြောင်းလဲသွားသည်။
အလင်းလွှာကို မချိုးဖျက်နိုင်ခဲ့ပေ။
ထို့ကြောင့် သူက ဟန်မူယဲ့နှင့် ရင်ဆိုင်ရတော့မည်။
အလင်းလွှာကို စောင့်ကြည့်နေသော လူတိုင်း၏ မျက်နှာထားက မှုန်မှိုင်းသွားသည်။
ယခင်က အလင်းလွှာ၏ ဖိအားနှင့် ကန့်သတ်မှုမျိုး မရှိခဲ့ပေ။ လူတစ်ယောက်က မတိုက်ခိုက်တော့ဘဲ တိုက်ပွဲစင်မြင့်ကို ပြိုင်ဘက်ဆီသို့ လွှဲပေးလိုက်ပြီး လုံခြုံစွာ ထွက်လာနိုင်သည်။
သို့သော် ယခုအချိန်တွင် သူတို့က ထွက်မသွားနိုင်တော့ပေ။
စည်းကမ်းများက ပြောင်းလဲသွားသည်။
“နတ်ဘုရားရင်းမြစ်နန်းတော်က နတ်ဘုရားလောကကို နှစ်ပေါင်းမရေမတွက်နိုင်အောင် လွှမ်းမိုးထားခဲ့တယ်။ အခုတော့ သူတို့က ဂုဏ်သရေအရှိဆုံး ပြိုင်ပွဲရဲ့ စည်းကမ်းတွေကို ပြောင်းလဲပစ်လိုက်တယ်။ တကယ်ကြောက်စရာပဲ”
လူတစ်ယောက်က အလင်းလွှာကို ကြည့်နေပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က အတားအဆီးကို ကြည့်လိုက်သည်။
‘ဒါက အသေတိုက်ရမယ့် ပြိုင်ပွဲလား’
သူက တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်ကို ဖော်ထုတ်သည်။
ဤနေရာသည် ပြိုင်ပွဲဖြစ်သောကြောင့် သူက ဆုံးဖြတ်ထားသည်။
သို့သော် သူက ပြိုင်ဘက်ကို သတိထားရမည်။
အင်မော်တယ်သခင်က ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အသက်ရှူသွင်းသည်။ အင်မော်တယ်အလင်းသည် သူ့ကိုယ်ပေါ်တွင် စုစည်းလာသည်။
အစိမ်းရောင်လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူက ဓားမော့တစ်လက်ကို ထုတ်ယူသည်။ ဓားမော့အလင်းနှင့် လေဆင်နှာမောင်းသည် ပေါင်းစပ်သွားသည်။
‘မှော်စွမ်းအားနည်းစနစ်နဲ့ ဓားမော့နည်းစနစ်ကို ပေါင်းစပ်ထားတာလား’
ထိုနည်းစနစ်က ကောင်းမွန်သည်။
ရွှေတောင်ထွတ်သို့ ရောက်လာသော အင်မော်တယ်သခင်တစ်ပါး ပီသသည်။
သူက ဓားမော့ဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။ လေဆင်နှာမောင်းက ချက်ချင်းလှုပ်ရှားလာသည်။
မရေမတွက်နိုင်သော ဓားမော့အလင်းများသည် လေဆင်နှာမောင်းထဲတွင် လျင်မြန်စွာ လည်ပတ်နေကြသည်။
အင်မော်တယ်ကမ္ဘာတွင် ဖြစ်နေလျှင် ထိုဓားမော့အလင်းတိုင်းသည် တောင်တန်းနှင့်မြစ်များကို ဖျက်ဆီးနိုင်လိမ့်မည်။
ဤနေရာသည် ဖိနှိပ်ခံထားရသော်လည်း ဓားမော့အလင်းကြောင့် ဖြစ်ပေါ်လာသော လေဟာနယ်အက်ကွဲကြောင်းများကို မြင်ရသည်။
ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး လေဆင်နှာမောင်းကို စိုက်ကြည့်နေသည်။
လေဆင်နှာမောင်းက သူဆီသို့ ရောက်လာသောအခါ လက်သီးထိုးချလိုက်သည်။
ထိုလက်သီးချက်က အလွန်နှေးကွေးသည်။
သူက လက်မြှောက်ပြီး ထိုးချလိုက်သည်။ လက်သီးချက်၏ လားရာကို ထင်ရှားစွာ မြင်နိုင်သည်။
သို့သော် လေဆင်နှာမောင်းအား ထိန်းချုပ်နေသော အင်မော်တယ်သခင်၏ အမြင်အာရုံတွင် ထိုလက်သီးချက်က အလွန်လျင်မြန်သည်။
လက်သီးပုံရိပ်သည် လေဆင်နှာမောင်းကို ဖျက်ဆီးလိုက်ပြီး ကျားပျံတစ်ကောင်အဖြစ် ပြောင်းလဲ၍ သူ့ကို ခုန်အုပ်သည်။
သူက ဓားမော့ဖြင့် ခုတ်ချလိုက်သော်လည်း လွဲချော်သွားသည်။
“နဂါးရဲ့တိမ်တိုက်နဲ့ ကျားရဲ့ လေပြင်း ....”
အင်မော်တယ်သခင်က ကျားပျံပုံရိပ်ကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။
ဟန်မူယဲ့၏ လက်သီးချက်သည် သူ၏ နည်းစနစ်အတိုင်း တိုက်ခိုက်ရေးပညာရပ်နှင့် သဘာဝစွမ်းအင်ကို ပေါင်းစပ်ထားသည်။
လေဆင်နှာမောင်း၏ လည်ပတ်နေသော စွမ်းအင်ကိုပင် ငှားယူလိုက်သေးသည်။
သူက ထိုနည်းစနစ်ကို တီထွင်ထားခဲ့သည်။
‘ဒီလောကမှာ အကြည့်တစ်ချက်နဲ့ နည်းစနစ်တွေကို နားလည်နိုင်တဲ့လူ ရှိနေတာလား’
‘ကြောက်စရာပဲ’
“တာအိုရောင်းရင်း၊ ငါအရှုံးပေးပါတယ်”
အင်မော်တယ်သခင်က ဓားမော့ကို သိမ်းလိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။
သူ့စကားအဆုံးတွင် ရွှေအလင်းစက်ကွင်းသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် ပေါ်လာသည်။
ဖိအားကလည်း ပျောက်ကွယ်သွားသည်။
သို့သော် အင်မော်တယ်သခင်က ဖိအားအောက်တွင် ရှိနေဆဲဖြစ်သည်။
သူတို့နှစ်ယောက်၏ ခွန်အားနှင့် ဖိအားက ကွာခြားနေသောကြောင့် ဆက်လက်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။
ကံကောင်းစွာဖြင့် အရှုံးပေးသော စည်းကမ်းသည် ဆက်လက်တည်ရှိနေသည်။
အလင်းလွှာကို စောင့်ကြည့်နေသော လူများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
အကယ်၍ အရှုံးပေးသောစည်းမျဉ်းကို ပြောင်းလဲလိုက်လျှင် အနာဂတ်တွင် မည်သူက ပါဝင်ယှဉ်ပြိုင်ရဲမည်နည်း။
“ဟမ့်”
နတ်ဘုရားရင်းမြစ်နန်းတော်မှ အလင်းလွှာ၏ရှေ့တွင် နန်းတော်သခင်က အေးစက်စွာ နှာမှုတ်လိုက်သည်။
နတ်ဘုရားရင်းမြစ်နန်းတော်က ကောင်းကင်စုပေါင်းကုန်းမြေနှင့် နတ်ဘုရားသားရဲမှတစ်ဆင့် တည်ဆောက်ထားသော ဝင်္ကပါကို ထိန်းချုပ်ချင်သော်လည်း မတတ်နိုင်ခဲ့ပေ။ ထို့ကြောင့် စည်းကမ်းတချို့ကို ပြောင်းလဲရုံသာ တတ်နိုင်ခဲ့သည်။
အကယ်၍ သူတို့က ဝင်္ကပါကို အပြည့်အဝ ထိန်းချုပ်နိုင်လျှင် လောင်းကြေးကို ဖယ်ချလိုက်မည်ဖြစ်သည်။ ထို့အပြင် ကောင်းကင်စက်ဝန်းစစ်မြေပြင်သို့ သွားရောက်ပြီး အခွင့်အရေးရှာနေလိမ့်မည်။
ထိုဝင်္ကပါသည် ရှေးခေတ်စစ်ပွဲ၏ လျှို့ဝှက်ချက်များနှင့် ပတ်သတ်နေသည်။
ချန်စီယွဲ့ဟု အမည်ရသော အင်မော်တယ်သခင်က အရှုံးပေးခဲ့သည်။ ဟန်မူယဲ့၏ တိုက်ပွဲစင်မြင့်က အနည်းငယ် တည်ငြိမ်လာသည်။
အလင်းလွှာအတားအဆီးက ပျောက်ကွယ်သွားပြီး လွင့်မျောနေသော စင်မြင့်က အပြင်ဘက်တွင် ပြန်ပေါ်လာသည်။
တိုက်ပွဲစင်မြင့်များသည် အရွယ်အစားမတူကြပေ။ ကြီးမားသော စင်မြင့်များက ဟန်မူယဲ့နှင့် ဆင်တူပြီး ပေသိန်းချီ၍ ကျယ်ဝန်းသည်။ သေးငယ်သော စင်မြင့်များက ပေထောင်ချီသာ ကျယ်ဝန်းကြသည်။
ကျွမ်းကျင်သူများသည် စင်မြင့်တိုင်းတွင် ရှိနေကြသည်။
“ဝီ”
စင်မြင့်တစ်ခုက ဟန်မူယဲ့၏ စင်မြင့်နှင့် ထိတွေ့သွားပြီး တုန်ခါသံ ပေါ်ထွက်လာသည်။
စင်မြင့်ပေါ်တွင်ရပ်နေသော ပုံရိပ်က တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“အဲဒါက ကျူးကောချန်ကျူးပဲ”
“သူက တယန်အင်မော်တယ်ကမ္ဘာကနေ ရောက်လာတယ်။ ဒီပြိုင်ပွဲမှာ အသန်မာဆုံးလူတွေထဲက တစ်ယောက်ပဲ”
“ဘာဖြစ်လို့ သူနဲ့တွေ့ရတာလဲ”
“ငါနားလည်ပြီ။ နတ်ဘုရားရင်းမြစ်နန်းတော်က စည်းကမ်းတွေကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ စည်းကမ်းတွေကို အသုံးပြုနိုင်တယ်။ ဟန်မူယဲ့ကို ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရအောင် စီစဉ်ပေးနေတာပဲ”
နတ်ဘုရားရင်းမြစ်နန်းတော်က ပြိုင်ဘက်ကင်းပုံမရပေ။
“မင်းအရင်သွားပါ”
ဟန်မူယဲ့က ထိတွေ့သွားသော စင်မြင့်နှစ်ခုကို ကြည့်လိုက်ပြီး ပြောသည်။
အရှုံးပေးထားသော ချန်စီယွဲ့က ကြောင်အသွားပြီး ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။
သူက ကျူးကောချန်ကျူး၏ပြိုင်ဘက် မဟုတ်ပေ။ သို့သော် ဟန်မူယဲ့၏စကားကို မနာခံလျှင် သေဆုံးသွားလိမ့်မည်။
ဤနေရာသည် ရွှေတောင်ထွတ်ဖြစ်သည်။ သူက အညံ့ခံလိုက်သောကြောင့် ဖြစ်လာမည့် ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ထားရမည်။
ချန်စီယွဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အံ့အားသင့်သွားသည်။
သူ့အပေါ်တွင်ရှိနေသော ဖိအားက ပျောက်ကွယ်သွားခဲ့သည်။
ထို့အပြင် စင်မြင့်က သူ့ကို အားဖြည့်ပေးနေသည်။
‘ဒါက ဘာများလဲ’
ကျူးကောချန်ကျူးက သူ့ကို တွေးနေရန် အချိန်မပေးဘဲ ပျံသန်းလာပြီး လှံရှည်ဖြင့် တိုက်ခိုက်လိုက်သည်။