← Chapters

အခန်း (၁၁၆၉)

Vol. 84 Ch. 1169

အခန်း (၁၁၆၉)

Vol. 84 Ch. 1169

လှံထိပ်ဖျားသည် ရွှေရောင်မီးတောက်ကို ထုတ်လွှတ်နေသည်။ ရွှေကျီးကန်းမီးတောက် ဖြစ်သည်။

ထိုမီးတောက်ကို မူလကမ္ဘာ၏ ရွှေကျီးကန်းများက ပိုင်ဆိုင်ခဲ့သည်။

ချန်စီယွဲ့၏မျက်နှာထားက ပြောင်းလဲသွားသည်။ သို့သော် အံကြိတ်ပြီး ဓားမော့ကို ဆွဲထုတ်သည်။

သူက မရေမတွက်နိုင်သော ဓားမော့အလင်းဖြင့် လေမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ပြန်သည်။

သူက စွမ်းအင်ကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သည်။

ထိုဓားချက်က မီးတောက်နှင့် တိုက်ရိုက်ရင်မဆိုင်ခဲ့ပေ။ လောကတွင် ရွှေကျီးကန်းမီးတောက်ကို ခုခံနိုင်သောအရာများ သိပ်မရှိပေ။ ချန်စီယွဲ့၏ နည်းစနစ်ကလည်း ရွှေကျီးကန်းမီးတောက်ကို ရင်မဆိုင်နိုင်ပေ။

“ဝီ”

လေမုန်တိုင်းက မီးတောက်ကို နှေးကွေးသွားစေရန် ကြိုးစားခဲ့သည်။ သို့သော် မီးတောက်နှင့် ထိတွေ့သွားသောအခါ မုန်တိုင်းက တစ်ခါတည်း ပြိုကွဲသွားသည်။

ချန်စီယွဲ့ကလည်း နောက်သို့ လွင့်ထွက်သွားသည်။

“ခွန်အားကွာခြားချက်က ကြီးမားလွန်းတယ်”

အလင်းလွှာတွင်ရှိသော မီးတောက်နှင့် လေမုန်တိုင်းကို ကြည့်လိုက်ပြီး လူတစ်ယောက်က ပြောသည်။

“ဟုတ်တယ်။ အင်မော်တယ်သခင်အဆင့်မှာ ကျင့်ကြံဆင့်နဲ့ နှိုင်းယှဉ်လို့မရဘူး”

အဝါရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ညင်သာစွာပြောသည်။

အစိမ်းရောင်ဝတ်စုံနှင့် လူငယ်ကျင့်ကြံသူများသည် သူ့နောက်တွင် ရှိနေကြသည်။

သူတို့က တောက်ပသော အင်မော်တယ်အလင်းကို ထုတ်လွှတ်ပြီး အနည်းဆုံး ရွှေအင်မော်တယ်အဆင့်တွင် ရှိနေကြသည်။

“ဆရာ၊ အင်မော်တယ်သခင်အဆင့်မှာ ခွန်အားကွာခြားချက်ကို ဘယ်လိုအကဲဖြတ်ရမလဲ။ ကျွန်တော်တို့က တစ်ဖက်လူရဲ့ခွန်အားကို ဘယ်လိုခံစားကြည့်နိုင်မလဲ”

သန်မာသောအငွေ့အသက်နှင့် လူငယ်တစ်ယောက်က မေးလိုက်သည်။

သူက အလင်းလွှာကို ကြည့်နေပြီး ကျယ်လောင်စွာ ဆက်ပြောသည်။

“အင်မော်တယ်သခင် ဟန်မူယဲ့က ကျူးကောချန်ကျူးနဲ့ တိုက်ရိုက် ရင်မဆိုင်ခဲ့ဘူး။ သူက လုံလောက်အောင် မသန်မာလို့လား”

သူ့စကားကြောင့် လူတိုင်းက စိတ်ဝင်စားနေပြီး အာရုံစိုက်ထားလိုက်ကြသည်။

“သာမန်အင်မော်တယ်သခင်တွေကို အရင်းအမြစ်နဲ့ ဆုံးဖြတ်နိုင်တယ်။ သူတို့ကိုင်ဆောင်ထားတဲ့ လက်နက်တွေ၊ အကာအကွယ်ရတနာတွေကို ကြည့်ရမယ်”

လူအိုကြီးက မုတ်ဆိတ်မွေးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။ အလင်းလွှာတွင် ရွှေကျီးကန်းမီးတောက်သည် ဟန်မူယဲ့ဆီသို့ ပြေးဝင်သွားသည်။

“တကယ်သန်မာတဲ့ အင်မော်တယ်သခင်တွေက ထိပ်တန်းအဆင့်ရတနာတွေကို သန့်စင်ထားလိမ့်မယ်။ လောကရဲ့ ရှားပါးတဲ့ ရွှေကျီးကန်းမီးတောက်လိုမျိုးပေါ့”

“မူလကမ္ဘာကနေ ဆင်းသက်လာတဲ့ အဲဒီလိုရတနာတွေက အင်မော်တယ်ဘုရင်ကိုတောင် ခုခံနိုင်တယ်”

အလင်းလွှာ၏အပြင်ဘက်တွင် လူတိုင်းက ဟန်မူယဲ့ဆီသို့ တိုးဝင်သွားသော ရွှေကျီးကန်းမီးတောက်ကို ကြည့်နေကြသည်။

ဟန်မူယဲ့က တည်ငြိမ်စွာ လက်မြှောက်ပြီး လက်သီးဆုပ်သည်။

“ဟားဟား၊ သူက အဆင့်နိမ့်ကမ္ဘာရဲ့ အင်မော်တယ်သခင်ပဲလေ။ ရွှေကျီးကန်းမီးတောက်ကို သိမှာမဟုတ်ဘူး”

နတ်ဘုရားကမ္ဘာ၏ အလင်းလွှာတွင် လူတစ်ယောက်က ရယ်မောလိုက်သည်။

ရွှေကျီးကန်းမီးတောက်ကို မှတ်မိနေသော လူတိုင်းက ခန္ဓာကိုယ်နှင့် ထိတွေ့ရန် ကြိုးစားမည်မဟုတ်ပေ။

“အဆင့်နိမ့်ကမ္ဘာမှာ မွေးဖွားလာပြီး အင်မော်တယ်ရတနာ၊ ထိပ်တန်းအဆင့်ရတနာတွေ မရှိတဲ့အတွက် သိုင်းပညာနည်းစနစ်ကိုပဲ အားကိုးနိုင်တယ်”

“သူက ပါရမီကောင်းပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့အရင်းအမြစ်ကို မရခဲ့ဘူး ....”

အစိမ်း‌ရောင်ဝတ်စုံနှင့် လူသန်ကြီးက နောက်တွင်ရှိနေသော လူများကို လှည့်ကြည့်သည်။

“အဲဒါကြောင့် ငါ့ရဲ့ ကျစ်လျောင်အင်မော်တယ်ကမ္ဘာက အလယ်အလတ်အဆင့်ကမ္ဘာဖြစ်တဲ့ ကျောက်စိမ်းနေမင်းအင်မော်တယ်ကမ္ဘာနဲ့ ပူးပေါင်းလိုက်တာ မှန်ကန်တယ်”

လူတိုင်းက ခေါင်းညိတ်လိုက်ပြီး အလင်းလွှာကို ကြည့်နေကြသည်။

အဆင့်နိမ့်အင်မော်တယ်ကမ္ဘာများသည် အမှန်တကယ်ပင် ဆင်းရဲကြသည်။

ဟန်မူယဲ့၏ နားလည်နိုင်စွမ်းက ကောင်းမွန်ပြီး လက်သီးနည်းစနစ်တွင် အထွတ်အထိပ်သို့ ရောက်နေသည်။

ထိုလူမျိုးက လုံလောက်သောအရင်းအမြစ်ကို ရရှိထားလျှင် လောက၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်။ အင်မော်တယ်ဘုရင်တစ်ပါးပင် ဖြစ်လာနိုင်သည်။

သို့သော် သူက ထိုအခွင့်အရေးကို မရနိုင်တော့ပေ။

လူတိုင်းက နတ်ဘုရားမီးတောက်ကြောင့် လောင်ကျွမ်းသွားမည့် ဟန်မူယဲ့ကို စောင့်ကြည့်နေကြသည်။

ဘေးတွင်ရပ်နေသော ချန်စီယွဲ့၏ မျက်နှာထားက ရှုပ်ထွေးသွားသည်။ ဟန်မူယဲ့က အလွန်အားကောင်းသည်။ သို့သော် လုံလောက်သော အခြေခံအုတ်မြစ်ကို မပိုင်ဆိုင်ခဲ့ပေ။

နတ်ဘုရားကမ္ဘာ၏ နတ်ဘုရားရင်းမြစ်နန်းတော်တွင် နန်းတော်သခင်က ပြုံးလိုက်သည်။

အလင်းလွှာတွင် ဟန်မူယဲ့၏ လက်သီးချက်က မီးတောက်နှင့် ထိတွေ့သွားသည်။

ရွှေကျီးကန်းမီးတောက်က ပေါက်ကွဲပြီး ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။

ကျူးကောချန်ကျူးက နှာမှုတ်ပြီး လက်ကို ဝှေ့ယမ်းသည်။ လှံရှည်သည် မီးတောက်များကို ထုတ်ပေးလိုက်ပြန်သည်။

ထိုအချိန်တွင် တခြားလူများက သူ၏ လှံရှည်ကိုလည်း မှတ်မိသွားကြသည်။

ထိုလှံသည် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာဖြစ်ပြီး ရွှေကျီးကန်းမီးတောက်ကိုလည်း သန့်စင်ထားသည်။

ထိုရတနာမျိုးသည် နတ်ဘုရားလောကတွင်လည်း ရှားပါးသည်။

ဒုတိယမြောက်မီးတောက်သည် ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။

ထိုအချိန်တွင် ....

“ဘုန်း”

ဟန်မူယဲ့ကို လွှမ်းခြုံထားသော မီးတောက်က ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ လက်သီးဆုပ်တွင် မှိန်ဖျော့သော အနီရောင်အလင်းကိုသာ ချန်ရစ်ခဲ့သည်။

ကျူးကောချန်ကျူး မတုံ့ပြန်နိုင်ခင် ဟန်မူယဲ့က လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ မီးတောက်သည် သူ့ဆီသို့ ပြန်ရောက်လာသည်။

‘ငါ့ရဲ့ နတ်ဘုရားမီးတောက်က ငါ့ဆီကို ပြန်ရောက်လာတာလား’

မီးတောက်နှစ်ခုသည် လေထုထဲတွင် ပေါက်ကွဲပြီး ကျူးကောချန်ကျူး၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားသည်။

ဟန်မူယဲ့က လက်သီးထိုးလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် လက်သီးပုံရိပ်သည် ရွှေကျီးကန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

“ဘုန်း”

ရွှေကျီးကန်းပုံရိပ်၏ ထောက်ပံ့မှုကြောင့် မီးတောက်သည် ကျူးကောချန်ကျူးကို လောင်ကျွမ်းသွားသည်။

သူက ချက်ချင်း ပြာကျသွားသည်။

“ခလွမ်”

လှံရှည်က စင်မြင့်ပေါ်သို့ ပြုတ်ကျလာသည်။ မီးတောက်များသည် လှံထဲသို့ ပြန်ဝင်သွားကြသည်။

ကျူးကောချန်ကျူးသည် လက်သီးတစ်ချက်ကြောင့် သေဆုံးသွားခဲ့သည်။

အလင်းလွှာကို စောင့်ကြည့်နေသော လူများက တိတ်ဆိတ်သွားသည်။

“သူ၊ သူက ဘယ်လိုလုပ်လိုက်တာလဲ”

လူတစ်ယောက်က နားမလည်နိုင်ဖြစ်နေသည်။

ရွှေကျီးကန်းမီးတောက်၏ ဖိနှိပ်မှုကို ချိုးဖျက်ပြီး လက်သီးတစ်ချက်ဖြင့် ကျူးကောချန်ကျူးကို သတ်ဖြတ်ခဲ့သည်။

“ရွှေကျီးကန်းရဲ့ စွမ်းအားပဲ”

“သူ့လက်သီးချက်က ရွှေကျီးကန်းရဲ့စွမ်းအားကို သယ်ဆောင်ထားတယ်”

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ရွှေအလင်းဖြင့် တောက်ပနေသည်။

“သူက ရွှေကျီးကန်းမီးတောက်နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ ရွှေကျီးကန်းစွမ်းအားကို နားလည်သွားတာပဲ”

“ချန်စီယွဲ့ကို အနိုင်ယူခဲ့သလိုမျိုး ပြုလုပ်လိုက်တာပဲ”

အလင်းလွှာကို စောင့်ကြည့်နေသော အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများက မြင်နိုင်ကြသည်။

“အစစ်အမှန်ပါရမီရှင်ပဲ ....”

သူက နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာကို လောင်းကြေးထပ်ခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

ထိုသို့ အံ့အားသင့်စရာကောင်း‌သော ပါရမီနှင့် အဆင့်တစ်ဖြစ်မလာလျှင်ပင် အဆင့်တစ်ရာအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်။

သို့သော် လူတချို့က စိတ်မရှည်ဖြစ်နေသည်။

“ဟန်မူယဲ့က မြင်နေရသလိုမျိုး မရိုးရှင်းလောက်ဘူး”

လူတစ်ယောက်က မျက်လုံးများ တောက်ပသွားပြီး လှံရှည်အား သန့်စင်နေသော ဟန်မူယဲ့ကို ကြည့်သည်။ သူက တခြားလက်တစ်ဖက်တွင် လေးကိုင်းကို ကိုင်ထားသည်။

ထိုရတနာနှစ်ခု၏ အကူအညီကြောင့် ဟန်မူယဲ့၏ တိုက်ခိုက်နိုင်စွမ်းသည် တိုးတက်လာလိမ့်မည်။

ချန်စီယွဲ့က လှုပ်ရှားလိုက်ပြီး ဟန်မူယဲ့ကို ကာကွယ်ပေးရန် ဘေးတွင် ရပ်နေသည်။

အဝေးတစ်နေရာတွင် လွင့်မျောနေသော စင်မြင့်တစ်ခုက သူတို့၏ စင်မြင့်နှင့် တိုက်မိသွားသည်။

နတ်ဘုရားရင်းမြစ်နန်းတော်တွင် နန်းတော်သခင်က အံကြိတ်ထားသည်။

“မြန်မြန်လေး၊ သူ့ကို ရတနာသန့်စင်ဖို့ အခွင့်အရေးမပေးနဲ့”

“ရှန်းလျူယွင်က ဘယ်ရောက်နေတာလဲ။ ပုန်းမနေနဲ့တော့ ....”

“တာအိုဂိုဏ်းရဲ့ အင်မော်တယ်သခင်ကျူးမင်လည်း ရှိသေးတယ်။ လှုပ်ရှားခိုင်းလိုက်တော့”

အလင်းလွှာ၏ရှေ့တွင် ဝင်္ကပါကို စောင့်ကြည့်နေသော တပည့်များက အစွမ်းကုန်သုံးပြီး ဝင်္ကပါ၏ လည်ပတ်မှုကို နှောင့်ယှက်နိုင်ရန် ကြိုးစားနေကြသည်။

တခြားစင်မြင့်နှစ်ခုတွင်ရှိသော အင်မော်တယ်သခင်နှစ်ယောက်က တစ်ခုခုကို အာရုံခံမိပုံရပြီး အရှိန်မြှင့်လိုက်ကြသည်။

“ဘုန်း”

စင်မြင့်နှစ်ခုသည် ဟန်မူယဲ့၏ စင်မြင့်နှင့် ထိတွေ့သွားသည်။

အလင်းလွှာတစ်ခု ပေါ်ထွက်လာပြန်သည်။

ပေ ၁၂၀,၀၀၀ ကျယ်ဝန်းသော စင်မြင့်ပေါ်တွင် အင်မော်တယ်သခင်လေးယောက် ရှိနေသည်။

သူတို့အားလုံးက ယခုတစ်ကြိမ်ပြိုင်ပွဲတွင် ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ ဖြစ်ကြသည်။

အလင်းလွှာတွင်ရှိသော မြင်ကွင်းသည် လူတိုင်း၏ နှလုံးသားကို အေးစက်သွားစေသည်။

နတ်ဘုရားရင်းမြစ်နန်းတော်သည် ဖုံးကွယ်မထားတော့ပေ။

“ချန်စီယွဲ့၊ ထွက်သွားစမ်း”

အစိမ်းရောင်ဝတ်စုံနှင့် လူငယ်က အေးစက်စွာပြောသည်။

တစ်ဖက်တွင် အဖြူရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ခပ်ဟဟရယ်လိုက်သည်။

“ဟန်သန်းတစ်ရာပဲ။ တိုက်ဆိုင်လိုက်တာ”

သူတို့နှစ်ယောက်က ဟန်မူယဲ့ဆီသို့ ပြိုင်တူပြေးဝင်လာကြသည်။

ချန်စီယွဲ့က အံကြိတ်ထားပြီး ဓားမော့ဖြင့် ခုတ်ချသည်။

လေထုသည် လှုပ်ရှားနေပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက တုန်ခါလာသည်။

ချန်စီယွဲ့က ရင်တုန်သွားပြီး ဘေးတွင်ရှိသော ဟန်မူယဲ့ကို လှဉ့်ကြည့်သည်။

စင်မြင့်၏ ပြောင်းလဲမှုသည် ဟန်မူယဲ့နှင့် သက်ဆိုင်နေသည်။

ဝင်္ကပါ၏စည်းကမ်းသည် သက်ရောက်မှုရှိနေသည်။

ဤနေရာသည် ဟန်မူယဲ့၏ပိုင်နက် ဖြစ်သွားသည်။

ချန်စီယွဲ့က ကျယ်လောင်စွာရယ်လိုက်ပြီး အစွမ်းကုန်သုံးလျက် ဓားမော့ဖြင့် ခုတ်ချသည်။ လေပြင်းများ တိုက်ခတ်လာပြီး ဓားမော့အလင်းသည် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။

တစ်ဖက်တွင်ရှိသော အင်မော်တယ်သခင်နှစ်ယောက်က မောက်မာသော်လည်း သတိထားနေသည်။

သူတို့နှစ်ယောက်လုံးက လှုပ်ရှားလိုက်သည်။ တစ်ယောက်က ဓားရှည်ကို ထုတ်ယူပြီး လေပြင်းများကို ခုတ်ပိုင်းသည်။

နောက်တစ်ယောက်က ယပ်တောင်ခတ်လိုက်ပြီး လေပြင်းများကို ချန်စီယွဲ့ဆီသို့ ပြန်သွားစေသည်။

သူကလည်း လေစွမ်းအားကို လေ့ကျင့်ထားသည်။

ထို့အပြင် ချန်စီယွဲ့ထက် ပိုမိုအားကောင်းသောကြောင့် အသာအယာ လှုပ်ရှားပြီး ချန်စီယွဲ့၏ လေပြင်းကို ‌ ဦးတည်ချက်ပြောင်းပစ်နိုင်သည်။

“လောကမှာ ထိပ်တန်းအဆင့်စွမ်းအားက စည်းမျဉ်းတွေပဲ”

အလင်းလွှာကိုစောင့်ကြည့်နေသော လူအိုကြီးတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“အဲဒီလူက လေစည်းမျဉ်းရဲ့ အရိပ်အယောင်ကို ဆုပ်ကိုင်ထားနိုင်တယ်”

‘လေစည်းမျဉ်းလား’

လူအိုကြီး၏နောက်တွင်ရှိသော တခြားလူများက မျက်လုံးပြူးသွားကြသည်။

အင်မော်တယ်ဘုရင်များကသာ စည်းမျဉ်းကို ထိန်းချုပ်နိုင်ကြသည်။

“ဟားဟား၊ သူက ချန်စီယွဲ့ထက် အဆပေါင်းထောင်ချီပြီး သန်မာတယ်”

လူအိုကြီးက ခပ်ဟဟရယ်သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြောလိုက်သည်။

“အင်မော်တယ်သခင်အဆင့်မှာ စည်းမျဉ်းစွမ်းအားအရိပ်အယောင်ကို နားလည်နိုင်တာ ရှားပါးလွန်းတယ်”

အင်မော်တယ်ဘုရင်များ ရှာဖွေနေသော စည်းမျဉ်းစွမ်းအားကို အင်မော်တယ်သခင်အဆင့်တွင် ထိန်းချုပ်ထားပြီး အဆင့်တက်သွားလျှင် မည်သို့ ဖြစ်လာမည်နည်း။

“သူ့နာမည်က ရှာခွန်းမဟုတ်လား။ တကယ်လို့ သူက ဟန်မူယဲ့ကို အနိုင်ရသွားရင် လရောင်နတ်ဘုရားဂိုဏ်းကို ဝင်ရောက်ဖို့ ဆွဲဆောင်ရမယ်”

နတ်ဘုရားကမ္ဘာတွင် အလင်းလွှာကို စောင့်ကြည့်နေသော လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။

အင်မော်တယ်သခင်အဆင့်တွင် စည်းမျဉ်းကို နားလည်ထားသောလူက အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာလိမ့်မည်။

All Chapters