← Chapters

အခန်း (၁၁၇၀)

Vol. 84 Ch. 1170

အခန်း (၁၁၇၀)

Vol. 84 Ch. 1170

“ဘုန်း”

ချန်စီယွဲ့၏ လေဆင်နှာမောင်းက ပေါက်ကွဲသွားသည်။

သူက နောက်တစ်ကြိမ် တိုက်ခိုက်ချင်သော်လည်း ဟန်မူယဲ့က တားဆီးလိုက်သည်။

သူက လှံကိုင်ထားပြီး ရှေ့တိုးလာသည်။

“လေမုန်တိုင်း၊ ကျိုးပျက်တိမ်တိုက်”

သူက ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြီး လှံရှည်ကို ရေပြင်ညီအတိုင်း ဝှေ့ယမ်းသည်။

လေဆင်နှာမောင်း၏ ကျန်ရှိနေသော စွမ်းအားသည် လှံရှည်တွင် စုစည်းလာပြီး ပတ်ဝန်းကျင်တွင်ရှိသော အလင်းလွှာအတားအဆီးကို တုန်ခါစေသည်။

ထိုတိုက်ခိုက်မှုသည် အတားအဆီးကို ချိုးဖောက်နိုင်လိမ့်မည်။

“ဘုန်း”

လေပြင်း၊ တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသော နဂါးတစ်ကောင် ဖြစ်တည်လာသည်။ နဂါးက အမြီးဖြင့် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ကို ရိုက်ထုတ်သည်။

လူငယ်က ဓားရှည်ဖြင့် တားဆီးချင်သော်လည်း ဓားက ကျိုးပဲ့သွားခဲ့သည်။

လူငယ်၏ ခန္ဓာကိုယ်ကလည်း တစ်လက်မချင်းစီ ပျက်စီးသွားသည်။

ဟန်မူယဲ့က တစ်ချက်တည်းဖြင့် အင်မော်တယ်သခင်တစ်ယောက်ကို သတ်ဖြတ်လိုက်ပြန်သည်။

တိမ်တိုက်နဂါးက ယပ်တောင်ကိုင်ထားသော အဖြူရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်ကို လှည့်ကြည့်သည်။

အင်မော်တယ်သခင်ရှာခွန်းက လေးနက်သောမျက်နှာထားဖြင့် လက်ထဲတွင်ရှိသော ယပ်တောင်ကို မြှောက်သည်။

တိမ်တိုက်နဂါးက ဟိန်းဟောက်လိုက်ပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။

တိမ်တိုက်များသာ ကျန်ရစ်ခဲ့သည်။

‘တိမ်တိုက်တွေလား’

‘မဟုတ်ဘူး။ အဲဒါက လှံထိပ်ဖျားပဲ’

အင်မော်တယ်သခင်ရှာခွန်း၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက လက်ထဲတွင်ရှိ‌သော ယပ်တောင်ဖြင့် ခုခံရုံသာ တတ်နိုင်ခဲ့သည်။

“ခလွမ် .... ခလွမ် ....”

အဆုံးမရှိသော လှံချက်များ ဆင်းသက်လာသည်။

အင်မော်တယ်သခင်ရှာခွန်းက ဆက်တိုက် နောက်ဆုတ်ပေးလိုက်ရသည်။

အလင်းလွှာထဲတွင် ဟန်မူယဲ့က လှံရှည်ကို ကိုင်ထားပြီး အဆက်မပြတ် တိုက်ခိုက်နေသည်။

လှံချက်သည် လက်သီးချက်နှင့် တူသည်။

ရှာခွန်းက ယပ်တောင်ဖြင့် လှံချက်များကို တားဆီးနေသော်လည်း တစ်လှမ်းချင်းစီ နောက်ဆုတ်နေရသည်။

“ဘန်း”

ခြေလှမ်းတစ်ထောင်အပြီးတွင် ရှာခွန်းက အလင်းလွှာအတားအဆီးနှင့် တိုက်မိသွားသည်။ သူက ရွှေရောင်သွေးများကို အန်ထုတ်လိုက်ရသည်။

“ခလွမ်”

လှံချက်က ကြမ်းတမ်းစွာ ကျဆင်းလာပြီး ယပ်တောင်ကို တိုက်ခိုက်လိုက်ပြန်သည်။

ရှာခွန်းက တောင့်မခံနိုင်တော့ပေ။ ယပ်တောင်က ရင်ဘတ်ကို ရိုက်ခတ်သွားသည်။

သူက သွေးအန်လိုက်ရသည်။

ဟန်မူယဲ့က လှံရှည်ဖြင့် ထပ်မံတိုက်ခိုက်သည်။

သူက သွေးအန်လိုက်ရပြန်သည်။

ဟန်မူယဲ့က လှံရှည်ကို မြှောက်လိုက်သည်။

“ငါအရှုံးပေးတယ်။ အရှုံးပေးတယ်”

ရှာခွန်းက အသည်းအသန် အော်ဟစ်လိုက်သည်။ သူက မသေချင်သေးပေ။

“ဘုန်း”

ရွှေအလင်းစက်ကွင်းတစ်ခုသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် ပေါ်လာသည်။

ပတ်ဝန်းကျင်တွင်ရှိသော ပြိုင်ပွဲစင်မြင့်များက ပေါင်းစပ်သွားကြသည်။

ဟန်မူယဲ့က ရှေ့သို့ ကြည့်လိုက်ပြီး လှံရှည်ကိုသိမ်း၍ လေးကိုင်းကို ထုတ်ယူသည်။

“ဝှစ်”

မြားရှည်က ပျံသန်းသွားသည်။

ထိုမြားချက်သည် စင်မြင့်နှစ်ခုတွင် တိုက်ခိုက်နေသော လူနှစ်ယောက်ကို လူစုခွဲပေးလိုက်သည်။

ဟန်မူယဲ့က အော်ပြောသည်။

“မင်းတို့ အညံ့ခံမှာလား၊ သေမှာလား”

လူနှစ်ယောက်၏မျက်နှာက ဖြူဖျော့သွားသည်။

အကယ်၍ မှားယွင်းပြီး ဖြေကြားမိလျှင် ချက်ချင်း သေဆုံးရလိမ့်မည်။

“ငါ .... အညံ့ခံတယ်”

လူတစ်ယောက်က တီးတိုးပြောသည်။ တခြားလူတစ်ယောက်က လှုပ်ရှားလိုက်ပြီး ရှေ့တက်လာသည်။

“ဘုန်း”

ထိုလူက ပေတစ်ရာခန့်အထိသာ လှုပ်ရှားရသေးသော်လည်း ဟန်မူယဲ့၏ မြားချက်က ပေရှစ်သောင်းကို ကျော်ဖြတ်ပြီး သူ့ကို သတ်ဖြတ်လိုက်သည်။

ပေတစ်သောင်းကျယ်ဝန်းသော စင်မြင့်နှစ်ခုသည် ဟန်မူယဲ့၏ စင်မြင့်နှင့် ပေါင်းစပ်သွားသည်။

အင်မော်တယ်သခင်သုံးယောက်က ဟန်မူယဲ့ဆီတွင် အညံ့ခံလိုက်သည်။

“ဒါက ရွှေတောင်ထွတ်ရဲ့ လေးဆင့်မြောက် အဆင့်တစ်ထောင်အတွင်း ဝင်ရောက်ဖို့ တိုက်ခိုက်တဲ့နေရာမှာ ဖြစ်ပေါ်လာတဲ့ စည်းကမ်းမဟုတ်ဘူးလား”

“ဟားဟား၊ နတ်ဘုရားရင်းမြစ်နန်းတော်က စည်းကမ်းတွေကို ပြောင်းလဲလိုက်တဲ့အတွက် စည်းကမ်းတွေက တုံ့ပြန်လာတာပဲ ဖြစ်ရမယ်”

အလင်းလွှာကိုစောင့်ကြည့်နေသော လူတစ်ယောက်က ရယ်လိုက်သည်။ ဟန်မူယဲ့က အင်မော်တယ်သခင်သုံးယောက်ကို သိမ်းသွင်းခဲ့ပြီး စင်မြင့်က ပိုမိုကြီးမားလာသည်။

“ငါ့အမြင်မှာတော့ အဲဒါက ကောင်းကင်စုပေါင်းကုန်းမြေရဲ့ တုံ့ပြန်မှုပဲ။ တခြားလူတွေမှာ အဲဒီလိုမျိုး ဖြစ်မလာဘူး”

လူတချို့က တခြားတိုက်ပွဲများကို ကြည့်လိုက်ကြသည်။

“အဲဒါက အကြောင်းပြချက်အပေါ်မှာ မူတည်နေတယ်”

“တခြားနေရာမှာ အလင်းလွှာအတားအဆီးတွေ ဖြစ်မလာဘူးလေ”

နတ်ဘုရားကမ္ဘာတွင် ကောင်းကင်ရင်းမြစ်နန်းတော်၏ လူများက အံကြိတ်ထားလိုက်ကြသည်။

“ဘုန်း”

ဟန်မူယဲ့က လေးတင်ထားသည်။ တစ်ဖက်လူများက အညံ့မခံလျှင် သေဆုံးသွားရမည်။

အသက်တစ်ရာရှုကြိမ်အတွင်း၌ ဟန်မူယဲ့၏ စင်မြင့်က ပေတစ်သန်းဖြစ်လာသည်။

အင်မော်တယ်သခင်အဆင့်နှင့် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ၅၆ယောက်က အညံ့ခံခဲ့ကြသည်။

“ဘုန်း”

စင်မြင့်က ပေတစ်သန်းသို့ ရောက်သွားသောအခါ တောင်တန်းတစ်ခု ဖြစ်လာသည်။

တောင်တန်းပေါ်တွင် သစ်ပင်များ ရှိနေသည်။

“အဲဒါက မဟာတာအိုရဲ့ ဂုဏ်ကျက်သရေကို သယ်ဆောင်ထားတဲ့ ယွင်ထန့်သစ်ပင်မဟုတ်လား”

“စည်းကမ်းတွေအရ ဟန်မူယဲ့ကို လျော်ကြေးပေးလိုက်တာဖြစ်မယ်”

“ဟားဟား၊ စိတ်ဝင်စားဖို့ကောင်းတယ်”

“ဒါက နတ်ဘုရားရင်းမြစ်နန်းတော်နဲ့ ကောင်းကင်စုပေါင်းကုန်းမြေရဲ့ ယှဉ်ပြိုင်မှုပဲ”

သစ်ပင်များသည် အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေကြသည်။

ဟန်မူယဲ့က ပျံသန်းလိုက်ပြီး သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားတွင် ရပ်နေသည်။

သစ်ပင်မှ ထွက်ပေါ်လာသော အသက်စွမ်းအားသည် သူ၏ သွေးချီကို လှုပ်ရှားစေသည်။

အရေးအကြီးဆုံးအနေဖြင့် သူက သစ်ပင်မှ ထုတ်လွှတ်လိုက်သော အတွေးကို အာရုံခံနိုင်သည်။

‘စိတ်ဝင်စားစရာပဲ’

“မင်းတို့အားလုံး သစ်ပင်ဆီကို လာခဲ့ကြ”

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။

အင်မော်တယ်သခင်နှင့် ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများက သစ်ပင်များပေါ်သို့ တက်လိုက်ကြသည်။

သူတို့က သစ်ပင်ပေါ်သို့ ရောက်လာသောအခါတွင် မျက်နှာထား ပြောင်းလဲသွားသည်။ သူတို့က သစ်ပင်ပေါ်တွင် ရပ်နေသ၍ အသက်စွမ်းအားဖြင့် ပြည့်နှက်နေလိမ့်မည်။

ဤနေရာသည် တိုက်ရိုက်ကုသပေးခြင်းနှင့် ဆင်တူသည်။

ဒဏ်ရာရထားသော အင်မော်တယ်သခင်များက ပြန်ကောင်းလာကြသည်။

အလင်းလွှာကို စောင့်ကြည့်နေသော လူများက ပြုံးလိုက်ကြသည်။

နတ်ဘုရားရင်းမြစ်နန်းတော်၏ အလင်းလွှာတွင် လူတိုင်းက တိတ်ဆိတ်နေသည်။

“ဟမ့်၊ ဝင်္ကပါက ဟန်မူယဲ့ကို မျက်နှာသာပေးနေရင်တောင် ဘာမှမလုပ်နိုင်ဘူးလို့ မယုံဘူး”

“နန်းတော်သခင်၊ နာရီဝက်အတွင်းမှာ ကောင်းကင်တာအိုဂိုဏ်းရဲ့ အင်မော်တယ်သခင်ကျူးမင်က ဟန်မူယဲ့နဲ့ တွေ့ပါလိမ့်မယ်”

ဝင်္ကပါကို ထိန်းချုပ်နေသော တာအိုတန်ခိုးရှင်က နန်းတော်သခင်ကို ကြည့်လိုက်ပြီး ပြောသည်။

“သူတို့နှစ်ယောက်ကို တိုက်ခိုက်အောင် လုပ်လိုက်ရမလား”

အင်မော်တယ်သခင်ကျူးမင်က ထိပ်တန်းအဆင့် မဟုတ်သော်လည်း အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွင် ရှိနေပြီး အားကောင်းသော အင်မော်တယ်ရတနာကို ပိုင်ဆိုင်ထားသည်။

နတ်ဘုရားရင်းမြစ်နန်းတော်၏ အစီအစဉ်ကြောင့်သာမဟုတ်လျှင် သူက ရွှေတောင်ထွတ်သို့ ရောက်လာမည်မဟုတ်ပေ။

အင်မော်တယ်လောက၏ ကျင့်ကြံသူများအတွက် ရွှေတောင်ထွတ်သည် အင်မော်တယ်ဘုရင်အဆင့်သို့ ဝင်ရောက်ပြီး နတ်ဘုရားကမ္ဘာသို့ သွားနိုင်သော အခွင့်အရေးကြီးတစ်ခု ဖြစ်သည်။

သို့သော် နတ်ဘုရားလောက၏ ကျွမ်းကျင်သူများက ရွှေတောင်ထွတ်ကို ဂရုမစိုက်ကြပေ။

သူတို့၏ ကျင့်ကြံဆင့်က မြင့်မားနေလျှင် အရင်းမြစ်တချို့ကို အသုံးပြုပြီး အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန်အတွက် နတ်ဘုရားရင်းမြစ်နန်းတော်သို့ ဝင်ရောက်နိုင်သည်။

“ကျူးမင်ကို တိုက်ခိုက်ခိုင်းလိုက်”

နန်းတော်သခင်က အော်ပြောသည်။

ဝင်္ကပါကို ထိန်းချုပ်နေသော လူများက ခေါင်းညိတ်သည်။ သူတို့က အင်မော်တယ်အလင်းကို ထုတ်လွှတ်ပြီး ဝင်္ကပါကို ပြောင်းလဲစေသည်။

အလင်းလွှာတွင် ဝေးကွာနေသော စင်မြင့်များက ဖြည်းဖြည်းချင်း နီးကပ်လာသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လေးကိုင်းကို မြှောက်သည်။

“ဝှစ်”

မြားတစ်စင်း ပျံသန်းထွက်လာပြီး စင်မြင့်တစ်ခုပေါ်တွင်ရှိနေသော ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို ထိုးစိုက်သည်။

စင်မြင့်က သူ၏ တောင်တန်းနှင့် ပေါင်းစပ်သွားသည်။

ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူက ဖြူဖျော့နေပြီး အသနားခံလိုက်သည်။

ထိုသို့မလုပ်လျှင် သူက သေဆုံးသွားလိမ့်မည်။

ဟန်မူယဲ့က လက်မြှောက်ပြီး သူ့ကို ဆွဲသွင်းသည်။ ထို့နောက် အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။

ပတ်ဝန်းကျင်က ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ သူက ရင်ဆိုင်ရမည့်လူများကို ကြိုမြင်နေသည်။

အဝေးတစ်နေရာတွင်ရှိနေသော စင်မြင့်ကို နတ်ဘုရားရင်းမြစ်နန်းတော်က စီစဉ်ထားပုံပေါ်သည်။

သူက ခပ်ဟဟရယ်လိုက်ပြီး လက်မြှောက်၍ မြားပစ်သည်။

မြားတံက သူ့ရှေ့တွင်ရှိသော စင်မြင့်ကို ကျော်ဖြတ်ပြီး ပေသိန်းချီအကွာတွင်ရှိ‌သော စင်မြင့်ကို ထိမှန်သွားသည်။

စင်မြင့်က တုန်ခါနေပြီး ဘေးတွင်ရှိသော တခြားစင်မြင့်နှင့် ထိတွေ့သွားသည်။

ဟန်မူယဲ့က ဆက်တိုက် မြားပစ်နေသည်။ ချက်ချင်းဆိုသလိုပင် မိုင်ငါးဆယ်ပတ်ဝန်းကျင်တွင်ရှိသော စင်မြင့်များက အချင်းချင်း တိုက်မိသွားကြသည်။

“သူက မြင်နိုင်ခဲ့တာပဲ ....”

ဝင်္ကပါကို ထိန်းချုပ်နေ‌သော တာအိုတန်ခိုးရှင်က ကြောင်အသွားသည်။

ဟန်မူယဲ့၏ မြားချက်သည် ပတ်ဝန်းကျင်ကို ပြောင်းလဲသွားစေသည်။

“ဟမ့်”

နန်းတော်သခင်က အေးစက်စွာ နှာမှုတ်လိုက်သော်လည်း စကားမပြောပေ။

“သူက စိတ်ဝင်စားစရာပဲ။ နတ်ဘုရားရင်းမြစ်နန်းတော်ရဲ့ အကြံအစည်ကို မြင်နိုင်တယ်”

လူတစ်ယောက်က ရယ်လိုက်သည်။

ဟန်မူယဲ့က လုပ်ရပ်က အလွန်သိသာသည်။ သူက ပတ်ဝန်းကျင်တွင်ရှိသော စင်မြင့်များကို နှောင့်ယှက်ပစ်လိုက်သည်။

စောင့်ကြည့်နေသော လူများက ထိုလုပ်ရပ်ကို နားလည်ကြသည်။

“ကြည့်လိုက်။ အဲဒီမှာရှိတဲ့ စင်မြင့်က ဟန်မူယဲ့နဲ့ တိုက်မိရမှာ။ အခုတော့ တားဆီးခံလိုက်ရပြီ”

လူတစ်ယောက်က ညွှန်ပြသည်။

ထိုစင်မြင့်တွင် တင်ပျဉ်ခွေထိုင်နေသော လူငယ်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ဓားမော့အလင်းသည် သူ့ဆီသို့ ပျံသန်းလာသော တာအိုတန်ခိုးရှင်ကို နှစ်ပိုင်းဖြတ်သွားသည်။

“အားကောင်းလိုက်တာ”

“နတ်ဘုရားရင်းမြစ်နန်းတော်က စီစဉ်ထားတာ သေချာတယ်”

လူအများအပြားက တီးတိုးပြောလိုက်ကြသည်။

ဟန်မူယဲ့က ထိုကိစ္စများကို ဂရုမစိုက်ပေ။ သူက အဝေးတစ်နေရာမှ မြားပစ်ပြီး နှောင့်ယှက်ထားသည်။

All Chapters