← Chapters

အခန်း (၁၁၇၃)

Vol. 84 Ch. 1173

အခန်း (၁၁၇၃)

Vol. 84 Ch. 1173

ဟန်မူယဲ့က လက်မြှောက်သည်။

“ဘယ်တောင်ပံ ခုခံမယ်။ ညာတောင်ပံ တိုက်ခိုက်မယ်”

သူ၏ စကားအဆုံးတွင် ထောင်ချီသော အင်မော်တယ်သခင်များက အုပ်စုနှစ်ခုခွဲလိုက်ပြီး အင်မော်တယ်အလင်းကို ထုတ်လွှတ်သည်။

ဟန်မူယဲ့က နေရာတွင် ရပ်နေပြီး ကျယ်လောင်စွာပြောသည်။

“သူတို့ကို အညံ့ခံလာသည်အထိ ခပ်ပြင်းပြင်းရိုက်လိုက်”

ဟန်မူယဲ့က ပြုံးသည်။ ရှန်းလျူယွင်က ရင်လေးသွားသည်။

“သူတို့က အညံ့ခံဖို့ ငြင်းဆန်နေမယ်ဆိုရင် ဒီနေ့မှာ မင်းတို့က အင်မော်တယ်ဘုရင်တစ်ပါးရဲ့ သေဆုံးခြင်းကို မြင်တွေ့ရလိမ့်မယ်”

“ငါက စောင့်ကြည့်နေမယ်။ သူတို့က ပြန်ပြီး တိုက်ခိုက်နိုင်မှာမဟုတ်ဘူး”

အင်မော်တယ်ဘုရင်ကို သတ်ဖြတ်လိမ့်မည်။

အလင်းလွှာကို စောင့်ကြည့်နေသော လူများက ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ဆူပွက်သွားကြသည်။

အင်မော်တယ်လောက၏ မရေမတွက်နိုင်သော ကျင့်ကြံသူများက လက်သီးဆုပ်ထားကြသည်။

ကျင့်ကြံခြင်းလောကတွင် အင်မော်တယ်ဘုရင်သည် အထွတ်အထိပ် ဖြစ်သည်။

နတ်ဘုရားလောကသည် မရေမတွက်နိုင်သော ကမ္ဘာများကို အဘယ်ကြောင့် ဖိနှိပ်ထားနိုင်သနည်း။

အင်မော်တယ်သခင်များက နတ်ဘုရားကမ္ဘာသို့သွားရောက်ရန် အဘယ်ကြောင့် ကြိုးစားနေကြသနည်း။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားကမ္ဘာသည် လူတစ်ယောက်ကို အင်မော်တယ်ဘုရင်အဆင့်သို့ တက်ရောက်ရန် ခွင့်ပြုပေးနိုင်သည်။

အင်မော်တယ်ဘုရင်အဆင့်သည် ပြိုင်ဘက်ကင်းပြီး ကျင့်ကြံခြင်း၏ အဆုံးသတ် ဖြစ်သည်။ ဤကပ်ဘေးခေတ်၏ အဆုံးသတ်လည်း ဖြစ်သည်။

အင်မော်တယ်ဘုရင်ကသာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်ကြောင်း လူတိုင်းက သိကြသည်။

မည်သူကမှ အင်မော်တယ်ဘုရင်ကို စိန်မခေါ်ရဲပေ။

ကောင်းကင်တစ်သောင်းမြို့တွင် အင်မော်တယ်ဘုရင်ချန်ယွမ်က နှစ်ပေါင်းများစွာကြာအောင် ပျောက်ဆုံးနေခဲ့သော်လည်း မည်သူမှ အလျင်စလို မလှုပ်ရှားရဲကြပေ။

အင်မော်တယ်ဘုရင်တစ်ပါးသည် ပြိုင်ဘက်ကင်းသည်။

သို့သော် ယနေ့တွင် မရေမတွက်နိုင်သောလူများ၏ အကြည့်အောက်တွင် အင်မော်တယ်ဘုရင်တစ်ပါးက စိန်ခေါ်ခံနေရသည်။

အင်မော်တယ်သခင်က စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

“မောက်မာလိုက်တာ”

“သူက သေချင်နေတာပဲ”

နတ်ဘုရားကမ္ဘာမှ အလင်းလွှာများ၏ရှေ့တွင် လူတချို့က ခပ်အုပ်အုပ် အော်ဟစ်လိုက်ကြသည်။ တချို့က ကျိန်ဆဲနေသည်။

သို့သော် ကျိန်ဆဲပြီးသောအခါတွင် သူတို့၏ မျက်နှာထားက လေးနက်လာသည်။

နတ်ဘုရားလောကသည် ကျယ်ဝန်းသည်။

ကောင်းကင်စက်ဝန်းလောကအဖြစ် သိကြသည်။

နတ်ဘုရားကမ္ဘာတွင်ရှိသော ဂိုဏ်းတိုင်းသည် အင်မော်တယ်ဘုရင်ကို မပိုင်ဆိုင်ပေ။

အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများက ရှားပါးသည်။

တစ်ဖက်ကို ပြန်ကြည့်လိုက်လျှင် အင်မော်တယ်လောက၏ အင်မော်တယ်သခင်အရေအတွက်က နတ်ဘုရားလောကထက် ဆယ်ချီ၊ ရာချီပြီး များပြားသည်။

ခေတ်တစ်လျှောက်တွင် နတ်ဘုရားလောကသည် အင်မော်တယ်ဘုရင်များ၏ ဂုဏ်ကျက်သရေကို မှီခိုပြီး အဆင့်အတန်းမြင့်မားစွာ နေထိုင်ခဲ့ကြသည်။ သူတို့က မရေမတွက်နိုင်သော အင်မော်တယ်ကမ္ဘာများကို ထိန်းချုပ်ထားသည်။

လူတိုင်း၏အမြင်တွင် အင်မော်တယ်ဘုရင်သည် ပြိုင်ဘက်ကင်းသည်။

ထို့ကြောင့် အင်မော်တယ်ဘုရင်များရှိနေသော နတ်ဘုရားလောကသည်လည်း ပြိုင်ဘက်ကင်းသည်။

သို့သော် ယနေ့ မရေမတွက်နိုင်သော လူများ၏ရှေ့တွင် အင်မော်တယ်ဘုရင်က ရှုံးနိမ့်သွားလျှင် အကျိုးဆက်သည် အလွန်ဆိုးဝါးနေလိမ့်မည်။

အလုံးစုံစွမ်းအားမရှိလျှင် အင်မော်တယ်ဘုရင်က ကြောက်စရာမကောင်းပေ။

ထိုအတွေး ပေါ်ထွက်လာလျှင် နှစ်ပေါင်းမရေမတွက်နိုင်အောင် အံ့အားသင့်စရာကောင်းခဲ့သော နတ်ဘုရားလောက၏ အမိန့်အာဏာက ပျက်စီးသွားလိမ့်မည်။

“ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ကို ဖီဆန်ရဲတာလား”

နတ်ဘုရားရင်းမြစ်နန်းတော်၏ သခင်က အံကြိတ်ပြီး လက်သီးဆုပ်ထားသည်။ သူက အလင်းလွှာထဲသို့ ဝင်သွားနိုင်ရန် ဆုတောင်းမိသည်။

“ရှန်းလျူယွင်ရဲ့စွမ်းအားနဲ့ သူတို့ကို မနိုင်ရင်တောင် လျင်လျင်မြန်မြန် ရှုံးသွားမှာမဟုတ်ဘူး”

နန်းတော်သခင်၏နောက်တွင် နတ်ဘုရားအလင်းကို ထုတ်လွှတ်နေသော လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။

အလင်းလွှာတွင် ပြင်းထန်သောတိုက်ပွဲကို ပြသနေသည်။

ရှန်းလျူယွင်က လှံရှည်ကို ကိုင်ထားသည်။ ရွှေအလံ ၁၂ခုသည် သူ့နောက်တွင် လွင့်မျောနေသည်။ အဆုံးမရှိသော မီးတောက်များ ‌ပေါ်ထွက်လာခဲ့သည်။

သူက လက်မြှောက်လိုက်လျှင် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။

သို့သော် ရန်သူက အရေအတွက်များပြီး အလွန်သန်မာသည်။ အင်မော်တယ်သခင် သုံးရာနီးပါးသည် ပြိုင်တူတိုက်ခိုက်ပြီး တည်နေရာကို ပိတ်ဆို့ထားသည်။

နောက်ထပ် အင်မော်တယ်သခင်သုံးရာ၏ မန္တန်နှင့် လက်နက်များသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး သူ့ဦးခေါင်းကို ရိုက်ချသည်။

ထိုတိုက်ခိုက်မှုမျိုးကို မည်သူက ခုခံနိုင်မည်နည်း။

“ဘုန်း”

အင်မော်တယ်အလင်းနှင့် နတ်ဘုရားအလင်းသည် ပေါက်ကွဲထွက်သွားသည်။

ရှန်းလျူယွင်၏ မီးတောက်လှံကို အင်မော်တယ်သခင်သုံးရာက အလင်းလွှာများဖြင့် တားဆီးထားသည်။

သူက စည်းမျဉ်းစွမ်းအားကို နားလည်ထားသော်လည်း အလုံစုံခွန်အား၏ရှေ့တွင် ပျောက်ကွယ်သွားရုံသာ တတ်နိုင်သည်။

တိုက်ခိုက်မှုတစ်ခုအပြီးတွင် ရှန်းလျူယွင်က ရှုံးနိမ့်မှုနှင့်အတူ နောက်ဆုတ်ပြီး ထွက်ပြေးသွားသည်။

အင်မော်တယ်ဘုရင်သည် အင်မော်တယ်သခင်များ၏ တိုက်ခိုက်မှုအောက်တွင် ထွက်ပြေးသွားခဲ့သည်။

“ဟားဟား၊ သူထွက်ပြေးသွားပြီ”

အလင်းလွှာတစ်ခု၏ရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ရယ်မောလိုက်သည်။

“အင်မော်တယ်ဘုရင်က ပြိုင်ဘက်ကင်းတယ်လို့ ဆရာပြောခဲ့တာမဟုတ်လား။ ကျွန်တော်တို့ ရင်းမြစ်စုစည်းအင်မော်တယ်ကမ္ဘာရဲ့ အင်မော်တယ်သခင်သုံးရာက နတ်ဘုရားကမ္ဘာရဲ့ အင်မော်တယ်သခင်နဲ့ ရင်ဆိုင်ခဲ့တယ်။ အဆုံးမှာတော့ ကျွန်တော်တို့က ရှုံးနိမ့်ခဲ့ရတယ်”

“ဆရာ၊ အင်မော်တယ်ဘုရင်တွေက အဲဒီလောက်လည်း မသန်မာပါဘူး”

လူအိုကြီး၏နောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက အင်မော်တယ်အလင်းနှင့်အတူ တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေကြသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးသိန်းတွင် ရင်းမြစ်စုစည်းအင်မော်တယ်ကမ္ဘာက အလယ်အလတ်အဆင့်ကမ္ဘာ ဖြစ်သည်။

သူတို့က နတ်ဘုရားကမ္ဘာ၏ ဂိုဏ်းတစ်ဂိုဏ်းကို ကိစ္စတစ်ခုကြောင့် ရန်စမိခဲ့သည်။

ထိုအချိန်တွင် ရင်းမြစ်စုစည်းအင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်သုံးရာက ထိုဂိုဏ်းနှင့် တိုက်ခိုက်ခဲ့သည်။ အဆုံးတွင် နတ်ဘုရားကမ္ဘာ၏ အင်မော်တယ်ဘုရင်က ဝင်ပါလာသည်။

သူတို့က မတိုက်ခိုက်တော့ဘဲ အညံ့ခံလိုက်သည်။

သူတို့ကမ္ဘာ၏ ထိပ်တန်းအဆင့် အင်မော်တယ်သခင်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး သန်းဆယ်ချီ‌သော နတ်စွမ်းအားသလင်းကျောက်များကို လျော်ကြေးပေးခဲ့ရသည်။

အင်မော်တယ်ဘုရင်အဆင့်သို့ရောက်ရန် အကောင်းဆုံးအခွင့်အရေးရှိသော အင်မော်တယ်သခင်က သေဆုံးသွားပြီး အများအပြား လျော်ကြေးပေးခဲ့ရသောကြောင့် မဟုတ်လျှင် သူတို့က အဆင့်မြင့်ကမ္ဘာ ဖြစ်နေလိမ့်မည်။

“အင်မော်တယ်ဘုရင်က ဒီလောက်ပဲလား”

အလင်းလွှာများ၏ရှေ့တွင် လူတိုင်း၏ နှလုံးသားက ပြောင်းလဲသွားသည်။

“ဘုန်း ....”

အင်မော်တယ်သခင်များ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသောနဂါးသည် ရှန်းလျူယွင်ဆီသို့ ရောက်လာပြီး ရိုက်ချသည်။ သူ၏ ခန္ဓာကိုယ်တွင်ရှိသော နတ်ဘုရားအလင်းက ပျောက်ကွယ်သွားသည်။

ရှန်းလျူယွင်က ပါးစပ်တွင် သွေးစို့နေပြီး ကြောင်အနေသော အင်မော်တယ်သခင်ကျူးမင်ကို လှမ်းကြည့်သည်။

အင်မော်တယ်သခင်ကျူးမင်က မျှော်လင့်ချက်မဲ့နေသည်။

သူက ကျွမ်းကျင်သူ နှစ်ရာခန့်ကို စုဆောင်းထားသည်။ အချိန်ပိုရလျှင် ဟန်မူယဲ့နှင့် ယှဉ်နိုင်သော အင်အားစုကိုပင် စုစည်းနိုင်လိမ့်မည်။

သူက တခြားလူများကို ခွန်အားနှင့် ဖိနှိပ်ထားရုံသာမက အကျိုးအမြတ်ပေးမည်ဟုလည်း ကတိပေးခဲ့သည်။

သူ၏ အင်မော်တယ်သခင်များက ဟန်မူယဲ့၏ အင်မော်တယ်သခင်များထက် သစ္စာပိုရှိသည်။

သို့သော် ဟန်မူယဲ့နှင့် ရင်ဆိုင်ရန် အချိန်မကျသေးပေ။

ယခုတိုက်ပွဲတွင် သူ၏ အင်မော်တယ်သခင်များက သစ္စာဖောက်သွားကြသည်။

ထိုသို့မလုပ်လျှင် သူတို့က သေဆုံးရလိမ့်မည်။

တစ်ဖက်လူသည် သူတို့ထက် အဆပေါင်းများစွာ အင်အားများသည့်အပြင် အင်မော်တယ်ဘုရင်ကိုပင် တိုက်ခိုက်ခဲ့သည်။ သူတို့ကို သတ်ဖြတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

သစ္စာဖောက်ရန် တုံ့ဆိုင်းနေသော လူများက သေဆုံးသွားကြသည်။

ရှန်းလျူယွင်၏အကြည့်ကို မြင်ရသောအခါတွင် အင်မော်တယ်သခင်ကျူးမင်က ခါးသီးစွာပြုံးသည်။

သူက ဟန်မူယဲ့နှင့် တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။

သူ့မျက်နှာထားကို မြင်ရသောအခါတွင် ရှန်းလျူယွင်က နားလည်လိုက်သည်။

“မင်းက ငါ့ကို တွန်းအားပေးခဲ့တာပဲ”

ရှန်းလျူယွင်က အံကြိတ်ထားသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော သွေးအလင်းသည် မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။

“မင်းက အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ စွမ်းအားကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး”

ရှန်းလျူယွင်က ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး အလွန်ကြီးမားသော ရွှေရောင်ချပ်ဝတ် စစ်သူကြီးတစ်ယောက်၏ ပုံရိပ်ကို ဖော်ထုတ်သည်။

‘အစစ်အမှန်ဝိညာဉ် ကျင့်ကြံခြင်းလား’

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ထိုနည်းစနစ်သည် အစစ်အမှန်ဝိညာဉ် ကျင့်ကြံခြင်းမှ ဆင်းသက်လာလိမ့်မည်။ သို့သော် အစစ်အမှန်ဝိညာဉ် ကျင့်ကြံခြင်း မဟုတ်ပေ။

ထိုနည်းစနစ်သည် အတိတ်တွင် သူမြင်ထားသည့်အတိုင်း ဖြစ်သည်။

နတ်ဘုရားကမ္ဘာမှ နတ်ဘုရားမျိုးနွယ်များ၏ အမွေအနှစ်နည်းစနစ်၊ ကြယ်စင်စုစကြဝဠာမှ ဆင်းသက်လာသော အမွေအနှစ် ဖြစ်သည်။

နတ်ဘုရားမျိုးနွယ် ဖြစ်ရန်အတွက် ယဇ်ပလ္လင်၏ ဝင်္ကပါနှင့် ပြောင်းလဲမှုခံယူရကြောင်း ဟန်မူယဲ့က သတိရသွားသည်။

ထိုအရာသည် လူတစ်ယောက်ကို ကြယ်စင်စုစကြဝဠာ၏ မျိုးဆက်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးပြီး ကြယ်စင်စုစကြဝဠာက ကျဆင်းသွားသည်။

သို့သော် နတ်ဘုရားမျိုးနွယ်က စွမ်းအားကို တပ်မက်နေဆဲဖြစ်သည်။

သူတို့က မူလကမ္ဘာအား ဖျက်ဆီးခဲ့သော ကြယ်စင်စုစကြဝဠာ၏ ကျွမ်းကျင်သူများကို သန်မာသည်ဟု သတ်မှတ်ထားကြသည်။

သူတို့က ကြယ်စင်စုစကြဝဠာ၏ အမွေခံအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပြီး ဤလောကကို စောင့်ကြပ်၍ ဆရာသခင်များ ပြန်လာမည့်အချိန်ကို စောင့်နေကြသည်။

နတ်ဘုရားလောက ....

နတ်ဘုရားမျိုးနွယ် ....

သနားစရာကောင်းသော အစောင့်အကြပ်များ ဖြစ်ကြသည်။

သူတို့က အတွင်းစိတ်မှနေ၍ မူလကမ္ဘာကို သစ္စာဖောက်ခဲ့ကြသည်။

သူတို့က ကြယ်စင်စုစကြဝဠာ၏လူများ ပြန်ရောက်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေပြီး ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ကျွမ်းကျင်သူများကို သင်ခန်းစာပေးချင်ကြသည်။

ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ကျွမ်းကျင်သူများကလည်း သနားစရာကောင်းသည်။

ကြယ်စင်စုစကြဝဠာက ကျဆင်းနေပြီး ချပ်ဝတ်နှင့် ရုပ်သေးရုပ်များသည် သတ္တုအပိုင်းအစတစ်ခုသာ ဖြစ်နေကြာင်း မသိကြပေ။

သူတို့က ကြယ်စင်စုစကြဝဠာ၏ ကျွမ်းကျင်သူများကို ကြောက်ရွံ့နေပြီး မူလကမ္ဘာ၏ အစိတ်အပိုင်းများကြားတွင်သာ နေထိုင်ရဲကြသည်။

ဟန်မူယဲ့၏ စိတ်ထဲတွင် ထူးဆန်းသော ဆန္ဒတစ်ခု ပေါ်ထွက်လာသည်။

သူက ကောင်းကင်စက်ဝန်းစစ်မြေပြင်သို့ သွားချင်သည်။ ကြယ်စင်စုစကြဝဠာသို့ သွားချင်သည်။

သူက အဆုံးမရှိသော စစ်တပ်နှင့်အတူ ငကြောက်များကို အရိုးချိုးပစ်ချင်သည်။

မဟုတ်သေးပေ။ သူတို့က အရိုးမရှိသော ငပျော့များသာ ဖြစ်ကြသည်။

“ဘုန်း”

ရှန်းလျူယွင်၏ နောက်တွင်ရှိသော ပုံရိပ်က တိုက်ခိုက်မှုတစ်ခုဖြင့် အင်မော်တယ်သခင်သုံးရာကို နောက်ဆုတ်သွားစေသည်။

သို့သော် သူတို့က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သစ်ပင်များပေါ်တွင် အနားယူသည်။

အစိမ်းရောင်အလင်းသည် သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး အားဖြည့်ပေးလိုက်သည်။

အင်မော်တယ်သခင်များ၏ ဒုတိယအချီ တိုက်ခိုက်မှုသည် ရှန်းလျူယွင်၏ရှေ့သို့ ရောက်လာသည်။

“ဘုန်း”

ရှန်းလျူယွင်က နောက်ဆုတ်ပေးလိုက်ရသည်။

အင်မော်တယ်ဘုရင်ကပင် မခုခံနိုင်ပေ။

All Chapters