← Chapters

အခန်း (၁၁၇၄)

Vol. 84 Ch. 1174

အခန်း (၁၁၇၄)

Vol. 84 Ch. 1174

“လှုပ်ရှားကြ”

အင်မော်တယ်သခင်ကျူးမင်က ပျံသန်းလာသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော နတ်ဘုရားအလင်းက ကျားဖြူတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ပေတစ်သိန်းရှည်လျားသော ဓားမော့အလင်းသည် ကျဆင်းလာပြီး အင်မော်တယ်သခင်ကျူးမင်ကို လွင့်ထွက်သွားစေသည်။

သူက မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး သူ့ရှေ့တွင် ရှိနေသော နဂါးပုံရိပ်ကို မြင်ရသည်။ သူက ကြောက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။

“ငါ .... ငါအရှုံးပေးတယ်”

သူ့ခန္ဓာကိုယ်တွင်ရှိသော ရွှေအလင်းစက်ကွင်းသည် ပြိုကွဲပြီး ဟန်မူယဲ့၏ကိုယ်ပေါ်သို့ ရောက်သွားသည်။

နတ်ဘုရားကမ္ဘာမှ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော အင်မော်တယ်သခင် အထွတ်အထိပ်အဆင့် ပါရမီရှင်ကျူးမင်သည် အညံ့ခံလိုက်သည်။ သူ၏ အညံ့ခံမှုကြောင့် အလင်းအတားအဆီးက မှိန်ဖျော့သွားသည်။

“ဘုန်း”

အဆုံးမရှိသော မီးတောက်များက ပေါက်ကွဲသွားသည်။ စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်ထားသော အင်မော်တယ်ဘုရင်ကပင် အင်မော်တယ်သခင် သုံးရာ၏ ပူးပေါင်းတိုက်ခိုက်မှုကို မခုခံနိုင်ပေ။ သူတို့က နောက်ဆုတ်သွားသော ရှန်းလျူယွင်ဆီသို့ လိုက်လာသည်။

ရှန်းလျူယွင်က တစ်ဖက်သို့လှည့်ပြီး မှိန်ဖျော့နေသော အလင်းအတားအဆီးကို ကြည့်သည်။

ထိုအတားအဆီးက အင်မော်တယ်ဘုရင်တစ်ယောက်ကို မတားနိုင်ပေ။

သူက အလင်းအတားအဆီးကို ချိုးဖျက်ပြီး တခြားကျွမ်းကျင်သူများကို စုဆောင်း၍ ဟန်မူယဲ့ကို တိုက်ခိုက်ရမည်။

“ဒီကျူးမင် ....”

နတ်ဘုရားရင်းမြစ်နန်းတော်တွင် အလင်းလွှာကိုစောင့်ကြည့်နေသော နန်းတော်သခင်က ခပ်ဟဟရယ်လိုက်သည်။

“အစကတည်းက အညံ့ခံသင့်တယ်”

ကျူးမင်က အရှုံးပေးလိုက်သောကြောင့် အလင်းအတားအဆီးက အားနည်းသွားသည်။ ထို့ကြောင့် ရှန်းလျူယွင်က ထွက်သွားနိုင်လိမ့်မည်။ အကယ်၍ ရှန်းလျူယွင်က ထွက်မသွားနိုင်ဘဲ ရှုံးနိမ့်ခဲ့လျှင် နတ်ဘုရားလောကသည် သိက္ခာကျလိမ့်မည်။

“သူက တိုက်ပွဲမှာ သေသွားသင့်တယ်”

နန်းတော်သခင်၏နောက်တွင် လူအိုကြီးတစ်ယောက်က အေးစက်စွာ နှာမှုတ်သည်။

တခြားလူများ၏ မျက်လုံးက တောက်ပလာသည်။

အမှန်ပင်ဖြစ်သည်။ အင်မော်တယ်သခင်ကျူးမင်က နတ်ဘုရားလောကကို ကိုယ်စားပြုသည်။ သူက လွယ်ကူစွာ အညံ့မခံသင့်ပေ။

သေဆုံးသည်အထိ တိုက်ခိုက်သင့်သည်။

“ဘုန်း”

ရှန်းလျူယွင်က လက်သီးချက်ဖြင့် အလင်းလွှာ အတားအဆီးကို ဖျက်ဆီးသည်။

အင်မော်တယ်ဘုရင်တစ်ယောက်သည် စွမ်းအားကြီးသည်။

ရှန်းလျူယွင်က အပြင်ဘက်သို့ ထွက်သွားသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော မီးတောက်များက ရွှေကျီးကန်းအဖြစ် စုစည်းလိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။

သူ့ကို မည်သူမှ မတားနိုင်ပေ။

သို့သော် ....

“ဘုန်း”

လူတိုင်း၏ နောင်တရနေသော အကြည့်အောက်တွင် ရွှေရောင်အလင်းလွှာ ပေါ်ထွက်လာသည်။

လက်ထဲတွင် သစ်သားဓားတစ်လက်ကိုင်ထားသော အစိမ်းရောင်ဝတ်စုံနှင့် ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူက ကြောင်အနေသော မျက်နှာထားဖြင့် တစ်ကိုယ်လုံး တုန်ခါနေသည်။

သူက မိုင်ထောင်ချီရှည်လျားသော တောင်တန်းနှင့် အဘယ်ကြောင့် ဝင်တိုက်မိသနည်း။

သူက တစ်ဖက်သို့လှည့်ကြည့်လိုက်ပြီး ဟန်မူယဲ့ကို မြင်ရသည်။ သူ၏ ပခုံးများက ပြေလျော့သွားသည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကို လွင့်ထွက်သွားစေသည်။

သူက မေ့မြောသွားသည်။

စင်မြင့်အသစ်သည် တောင်တန်းနှင့် ထိတွေ့လိုက်သောကြောင့် အလင်းလွှာက ပြန်ပေါ်လာပြီး ပျံသန်းသွားသော ရှန်းလျူယွင်ကို တားဆီးသည်။

“ဘုန်း”

မရေမတွက်နိုင်သော အလင်းတန်းများသည် ရှန်းလျူယွင်ဆီသို့ ရောက်လာကြသည်။

ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများအပါအဝင် အင်မော်တယ်သခင်များ အားလုံးက ရှန်းလျူယွင်ကို တိုက်ခိုက်လိုက်ကြသည်။

သူက အလိုရှိတိုင်း ထိုးနှက်နိုင်သော သဲအိတ်နှင့် တူနေသည်။

ထိုမြင်ကွင်းကြောင့် တိုက်ပွဲကို စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် လူများက ပြုံးလိုက်ကြသည်။

သူတို့က ဟန်မူယဲ့နှင့် ရှန်းလျူယွင်ကို အာရုံစိုက်မထားပေ။

အလင်းလွှာအတားအဆီး ပိုမိုအားကောင်းလာစေရန် ပျံသန်းလာမည့် စင်မြင့်များကိုသာ အာရုံစိုက်ထားကြသည်။

“ဘုန်း”

တစ်နာရီအကြာတွင် သတိလစ်နေသော ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူက သတိရလာပြီး လျင်မြန်စွာ အညံ့ခံလိုက်သည်။

နောက်ထပ် စင်မြင့်တစ်ခုသည် တောင်တန်းနှင့် တိုက်မိသွားသည်။

စင်မြင့်ပေါ်တွင် ရှိနေသောလူက အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသော အင်မော်တယ်သခင် ဖြစ်သည်။

သူက စိတ်ရှုပ်ထွေးနေသည်။

သူက ဤတောင်တန်း၏ စစ်ပွဲကို အချိန်အတော်ကြာအောင် အာရုံစိုက်ထားသည်။

“ယွင်လန်ဓားအင်မော်တယ်၊ ငါက ချက်ချင်းအညံ့ခံရမလား။ စောင့်နေရမလား”

သူက လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး ဟန်မူယဲ့၏ လက်အောက်တွင်ရှိသော အင်မော်တယ်သခင်များ၏ ကာကွယ်မှုကို ခံယူလိုက်သည်။ ထို့နောက် အဝေးတစ်နေရာတွင်ရှိသော ရှန်းလျူယွင်ကို လှမ်းကြည့်သည်။

ရှန်းလျူယွင်၏ ချပ်ဝတ်က ပျက်စီးနေသည်။ သူက နတ်ဘုရားအလင်းကို ထုတ်လွှတ်နေခဲ့သည်။

နတ်ဘုရားကမ္ဘာ၏ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သော အထောက်အထားကို မဖုံးကွယ်နိုင်တော့ပေ။

ရှန်းလျူယွင်က ပြိုလဲလုနီးပါး ဖြစ်နေသည်။

သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ့နောက်တွင်ရှိသော ရွှေရောင်ချပ်ဝတ်ပုံရိပ်သည် အဆုံးအထိတိုက်ခိုက်ရန် ရည်ရွယ်ထားပြီး အထီးကျန်သော တိုက်ခိုက်လိုစိတ်နှင့်အတူ ပြေးထွက်သွားသည်။

သူက ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။

ရွှေရောင်ချပ်ဝတ် စစ်သူကြီးပုံရိပ်က တုန်ခါနေသည်။

သူက ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျက်ဆီးပစ်ချင်သည်။

“ဆရာ၊ ဂိုဏ်းတူညီမ၊ နန်းတော်သခင်၊ ကျွန်တော်က သစ္စာရှိခဲ့ပါတယ်”

ရှန်းလျူယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အင်မော်တယ်သခင်များ၏ ဝိုင်းရံမှုကို ချိုး‌ဖောက်၍ ဟန်မူယဲ့နှင့် ပေတစ်သိန်းအကွာသို့ ရောက်လာသည်။

သူက ပိုင်ဆိုင်ထားသော အရာအားလုံးကို လောင်ကျွမ်းပစ်ခဲ့သည်။

ယခုအချိန်တွင် သူက အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်ဟု ထင်ရသည်။

ထိုသို့ လုပ်နိုင်သည်။

သူက အင်မော်တယ်ဘုရင် ဖြစ်သောကြောင့် မိုင်ထောင်ချီကျယ်ဝန်းသော ဤတောင်တန်းနှင့် လူတိုင်းကို တစ်ပိုင်းတစ်စစီဖြစ်သွားအောင် ဖောက်ခွဲပစ်နိုင်သည်။

“သတ္တိ”

“စတေးခြင်းလည်း ရှိတယ်”

ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။

သူက ခြေတစ်လှမ်းတိုးပြီး ရှန်းလျူယွင်၏ရှေ့သို့ ရောက်လာသည်။

အလင်းလွှာတွင် သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ဖြစ်သွားပြန်သည်။

ယခုအချိန်တွင် သူတို့နှစ်ယောက်လုံးက သေဆုံးသွားလိမ့်မည်။

ရှန်းလျူယွင်က ရယ်လိုက်ပြီး လက်ကို ဆန့်ထုတ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး သူ့လက်ဝါးကို ကိုင်ထားသည်။

“တာအိုရောင်းရင်း၊ ပြန်လည်ရှင်သန်လာဖို့ နောက်တစ်ကြိမ် အခွင့်အရေးရခဲ့ရင် ဒီလိုမျိုး လုပ်အုံးမှာလား”

“နတ်ဘုရားရင်းမြစ်နန်းတော်က မင်းရဲ့ စတေးမှုနဲ့ ထိုက်တန်ရဲ့လား”

ဟန်မူယဲ့က ညင်သာစွာ ပြောလိုက်သည်။

သူ့အသံသည် အလင်းလွှာတိုင်းတွင် ပဲ့တင်ထပ်သွားသည်။

‘ထိုက်တန်ရဲ့လား’

ထာဝရရှင်သန်ပြီး မရေမတွက်နိုင်သော ကမ္ဘာများကို လွှမ်းမိုးနိုင်သည့် အင်မော်တယ်ဘုရင်က ယခုအချိန်တွင် နိမ့်ကျစွာ သေဆုံးသွားရတော့မည်။

“အင်မော်တယ်ဘုရင်တွေကလည်း ဒီလိုမျိုးပါပဲ ....”

လူတစ်ယောက်က သက်ပြင်းချလိုက်ပြီး ပြောသည်။

“ဟားဟား၊ အင်မော်တယ်ဘုရင်ကတောင် အကူအညီမဲ့တဲ့အချိန်တွေ ရှိသေးတာပဲ”

လူတစ်ယောက်က ရယ်လိုက်သည်။

အလင်းလွှာတွင် မီးတောက်များက ပိုမိုတောက်ပလာသည်။

ဟန်မူယဲ့ကိုလည်း လွှမ်းခြုံလိုက်သည်။

အဆုံးတွင် နတ်ဘုရားရင်းမြစ်နန်းတော်က အနိုင်ရသွားခဲ့သည်။

သူတို့က အင်မော်တယ်ဘုရင်တစ်ပါးကို စတေးလိုက်ရသော်လည်း အနိုင်ရခဲ့သည်။

ထိုအရာသည် နတ်ဘုရားရင်းမြစ်နန်းတော် ဖြစ်သည်။

“ဒီလိုမျိုး ထပ်ဖြစ်လာရင် ငါက အရှုံးပေးလိုက်မယ် ....”

ရှန်းလျူယွင်က ရှေ့တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။

“အမှန်အတိုင်းပြောရရင် မင်းက ဘယ်အထိသွားနိုင်မလဲ ငါသိချင်မိတယ်”

သူက လူတိုင်း၏အတွေးကို ပြောခဲ့သည်။

ရှန်းလျူယွင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ဆက်ပြောသည်။

“နောက်ထပ် အခွင့်အရေးတစ်ခုရှိရင် မင်းနဲ့အတူ နတ်ဘုရားရင်းမြစ်နန်းတော်ကိုသွားပြီး သူတို့ရဲ့ သနားစရာကောင်းတဲ့အခြေအနေကို ကြည့်ချင်တယ်”

သူက နတ်ဘုရားရင်းမြစ်နန်းတော်၏ ဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ဘဝစ်လျှောက်လုံး ကောင်းကင်ထက် ပိုမိုကြီးမားသော ဂုဏ်ကျက်သရေကို မြင်ခဲ့ရသည်။ သူက နန်းတော်၏ ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ်ပင် စတေးခဲ့သည်။

သို့သော် နောက်ဘဝတွင် အရာအားလုံးက ကွာခြားသွားလိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

မီးတောက်များသည် သူတို့ကို လောင်ကျွမ်းသွားသည်။

ရွှေအလင်းသည် သူတို့ကို ဝါးမြိုလိုက်သည်။

ပတ်ဝန်းကျင်တွင်ရှိသော အင်မော်တယ်သခင်များက ကြောက်ရွံ့စွာ နောက်ဆုတ်ချင်သော်လည်း တည်နေရာက ပိတ်လှောင်ခံထားရသည်။

မီးတောက်များသည် နေရာအနှံ့သို့ ဖြာထွက်လာသည်။

ဤနေရာတွင်ရှိနေသော လူတိုင်းက သေဆုံးသွားလိမ့်မည်။

သို့သော် ....

ရွှေရောင်မီးတောက်များသည် တံခါးတစ်ချပ်ကို ဖွဲ့စည်းလိုက်သည်။ ဟန်မူယဲ့က တံခါးထဲမှ ထွက်လာသည်။ ထို့နောက် ကြောင်အနေသော ရှန်းလျူယွင်ကို ဆွဲထုတ်သည်။

“ဘန်း”

မီးတောက်များသည် ရွှေကျီးကန်းအဖြစ် ပြောင်းလဲသွားပြီး ရှန်းလျူယွင်၏နောက်တွင် ရစ်ဝဲနေသည်။

မီးတောက်များအားလုံး ပျောက်ကွယ်သွားသည်။

လူတိုင်းက စိတ်ရှုပ်ထွေးနေသည်။

‘ဒါက မဖြစ်နိုင်ဘူး’

‘အင်မော်တယ်ဘုရင်က ဘယ်လိုလုပ်ပြီး ပြန်ရှင်လာတာလဲ’

‘သူက ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တယ်လေ။ ဘာဖြစ်လို့ အသက်ရှင်နေသေးတာလဲ’

“စည်းမျဉ်း ....”

လူတစ်ယောက်က တီးတိုးပြောသည်။

“စည်းမျဉ်းပဲ”

လူတစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်သည်။

“ရွှေကျီးကန်းမျိုးနွယ်ရဲ့ အမွေအနှစ်မှာ စတေးခြင်းစည်းမျဉ်း ရှိတယ်မဟုတ်လား”

နတ်ဘုရားကမ္ဘာတွင် လူတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

ရှန်းလျူယွင်က ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး ရေရွတ်သည်။

“စတေးခြင်းစည်းမျဉ်းလား”

သူက ရွှေကျီးကန်းမီးတောက်ကို စုစည်းပြီး မီးစည်းမျဉ်းကို ထိန်းချုပ်ထားသည်။

ရွှေကျီးကန်းမျိုးနွယ်တွင် စတေးခြင်းစည်းမျဉ်း ပါဝင်နေကြောင်း သူသိထားသည်။

‘ဒါပေမဲ့ ငါက ဘယ်လိုလုပ်ပြီး အသက်ပြန်ရှင်လာတာလဲ’

‘ငါက စတေးခြင်းစည်းမျဉ်းကို နားမလည်ဘူးလေ ....’

သူက ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ရှေ့တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့က အသာအယာ ပြုံးလိုက်ပြီး အဝေးတစ်နေရာတွင်ရှိသော ကောင်းကင်ကို လှမ်းကြည့်သည်။

ရှန်းလျူယွင်၏ ခန္ဓာကိုယ်တွင်ရှိသော ရွှေအလင်းစက်ကွင်းက ပျောက်ကွယ်သွားသည်။

သူက တစ်ကြိမ်သေခဲ့သည်။

ဟန်မူယဲ့က ရွှေကျီးကန်းမျိုးနွယ်၏ စတေးခြင်းစည်းမျဉ်းကို အသုံးပြုပြီး သူ့ကို ပြန်လည်ရှင်သန်စေခဲ့သည်။

All Chapters